Pinlon Village Residences (Universal Construction)

16715 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

             

Pinlon Village Residences ကို အမှတ် ၃/၁၊ ရှုခင်းသာလမ်းသွယ်၊ (၂၇) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် Universal Construction Co.,Ltd မှတည်ဆောက်ထားပါသည်။

မြောက်ဒဂုံ ပင်လုံအိမ်ရာ၊ ပင်လုံဆေးရုံ၊ City Mart၊ ပင်လုံနှင်းဆီကိုယ်ပိုင်အထက်တန်းကျောင်း တို့နှင့် အနီးတဝိုက်မှာရှိတဲ့ Project တစ်ခုဖြစ်ပါသည်။

ဒီ Residences ဟာဆိုရင် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း နှင့် သုဝဏ္ဏ မြို့နယ်တို့ကို အလွယ်တကူ သွားရောက်နိုင်သော လမ်းဆုံလမ်းခွ မှာ တည်ရှိနေတာပဲဖြစ်ပါတယ်။

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

အခန်းဖွဲ့စည်းပုံနှင့် အကျယ်အဝန်း

          အကျယ်အဝန်း ၅ ဧကရှိသည့် ဂရန်မြေပေါ်တွင် လေးခန်းတွဲ လေးထပ်တိုက်အဖြစ် စုစုပေါင်း အဆောက်အအုံ ၁၀ လုံးကို ဆောက်လုပ်ထားပြီး အခန်းအရေအတွက် စုစုပေါင်း ၁၆၀ ပါဝင်မှာဖြစ်ပါတယ်။ လေးထပ်အမြင့်သာ တည်ဆောက်ထားသော်လည်း ထူးခြားစွာ Pile Foundation နဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံများ ဖြစ်ပါတယ်။

          Phase 1  နဲ့  Phase 2 ဆိုပြီး နှစ်ပိုင်းခွဲ တည်ဆောက်ထားကာ Phase 1မှာဆိုရင်တော့ အခန်းစုစုပေါင်း (၁၁၂)ခန်း ပါဝင်မှာဖြစ်ပြီး Phase 2  မှာဆိုရင်တော့ အခန်းစုစုပေါင်း (၄၈)ခန်း ပါဝင်မှာ ဖြစ်ပါတယ်။ အခန်းအမျိုးအစားများအနေနဲ့ Unit A ၊ B ၊ C  ဆိုပြီး သုံးမျိုးရှိကာ 1710 sqft  ၊ 1820 sqft  ၊ 1900 sqft ဆိုပြီး အသီးသီး ကျယ်ဝန်းကြပါတယ်။

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

          အခန်းတိုင်းကို အဆင့်မီ မျက်နှာကျက် Ceiling  များ၊ ကြမ်းခင်းကို High Quality Granite ကျောက်ပြားများ၊ Homogeneous  ကြွေပြားများ ခင်းကျင်းပေးထားခြင်း၊ အဆင့်မြင့် မီးသတ်စနစ် Fire Fighting System ၊ မိမိအခန်းလုံခြုံရေးအတွက် Card door System နဲ့ CCTV စနစ်၊ Light access အပြင် ရိုးရိုးလှေကား စသည်ဖြင့် ထည့်သွင်းတပ်ဆင်ထားပါတယ်။

          သဘာဝပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေနိုင်ဖို့ air-con copper pipe များ တပ်ဆင် ပေးထားတာကလည်း ဒီအိမ်ရာရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။

 

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

ပါဝင်သည့် Facilities များ

         ခေတ်မီ Residence တစ်ခုဖြစ်တာနဲ့အညီ ကိုယ်ပိုင် ကားပါကင်၊ အဆင့်မြင့်ဓာတ်လှေကား၊ အပန်းဖြေအနားယူနိုင်မယ့် ရေကူးကန်၊ ကျန်းမာရေးနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်မယ့် ချွေးထုတ်ခန်းနှင့် Gym ခန်းမ၊ ကိုယ်ပိုင် Transformer ၊ လုံခြုံရေးအတွက် ၂၄ နာရီ Security System အချိန်မရွေး ဝယ်ယူနိုင်မယ့် ၂၄ နာရီဖွင့်တဲ့ Convenience Store၊ မိသားစုလိုက် အပန်းဖြေနိုင်မယ့် Family Mini Theater  နဲ့ အဆင့်မီ ကလေးကစားကွင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

Pinlon Village Residences  ၏ အားသာချက်များ

  • အေးဆေးသန့်ရှင်းပြီး သီးသန့်ဆန်တဲ့ Residence ဖြစ်တာကြောင့် နေထိုင်သူတွေအတွက် တိတ်ဆိတ်အေးချမ်းမှု အရသာကို ခံစားနိုင်မှာပါ။ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတာကြောင့် ရန်ကုန်မြို့တွင်းကိုလည်း အချိန်အနည်းငယ်အတွင်းမှာ အရောက်သွားနိုင်မှာပါ။
  • အနီးပတ်ဝန်းကျင်မှာလည်း ပင်လုံအိမ်ရာ၊ ပင်လုံဆေးရုံ၊ စီးတီးမတ်လို ဈေးဝယ်စင်တာတွေ ရှိတဲ့အပြင် ဈေး၊ ကျောင်းတွေနဲ့လည်း နီးနီးနားနားရှိတဲ့ Residence တစ်ခုဖြစ်ပါတယ်။
  • တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတနဲ့ သုဝဏ္ဏမြို့နယ်တို့ကို အလွယ်တကူ သွားရောက်နိုင်တဲ့နေရာဖြစ်တဲ့အပြင် ရန်ကုန်မြို့ပြင် လမ်းမကြီးများကိုလည်း အချိန်တိုအတွင်း ရောက်ရှိနိုင်တဲ့ အချက်အချာကျတဲ့ နေရာမှာတည်ရှိတာကြောင့် လူနေထိုင်မှုအတွက် အထူးသင့်လျော်တဲ့ Village Residence တစ်ခုဖြစ်ပါတယ်။

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

အခန်းအမျိုးအစားများမှာ Unit A ၊ B ၊ C ဆိုပြီး ၃ မျိုးရှိပြီး

1710 sqft

1820 sqft

1900 sqft အသီးသီးကျယ်ဝန်းကြပါတယ်။

 

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

Pinlon Village Residences (Universal Construction)

 

ဆိတ်ငြိမ်အေးချမ်းပြီး သန့်သန့်ပြန့်ပြန့် နေလိုသူတွေအတွက် Pinlon Village Residences ဟာဆိုရင်

ယနေ့ခေတ် မြို့ပြလူနေထိုင်မှုမှာ တိတ်ဆိတ်အေးချမ်းပြီး သီးသန့်ဆန်သည့်  Village Residences  လိုမျိုးတွေကို မျက်စိကျလာကြသည်ကို တွေ့ရသည်။ ထိုသို့ မျက်စိကျရာ တွင်လည်း လူနေထိုင်ရန်သာမက သွားရေးလာရေးအဆင်ပြေသည့် နေရာကောင်းများတွင်ရှိသော Village Residence  များက သာမန်ထက်ပိုမို အားသာသည်ကိုတွေ့ရသည်။

 

Location Map

Pinlon Village Residences (Universal Construction)

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Universal Construction Co.,Ltd

Universal Construction Co.,Ltd

လိပ်စာ