ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

16764 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

            The Heart of Yangon & Beyond : INFINITY ကို အမှတ်(77) ၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုအရှေ့၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင်KHG Development Co., Ltd. မှတာဝန်ယူတည်ဆောက်ပါသည်။ INFINITY ကိုနိုင်ငံတကာအဆင့်မီစံချိန်၊ စံညွန်းသတ်မှတ်ချက်များဖြင့် အထူးတလည် တည်ဆောက်သွားမည်ဖြစ်ပြီး၊ မိုးပျံအထပ်မြင့်လူနေမှုစနစ်ကို ကြိုဆိုသောအားဖြင့် သမရိုးကျပုံစံများမှ ဖောက်ထွက်ပြီးအဆင့်မြင့် ဗိသုကာပညာများဖြင့် ဖန်တီးထားမှုများ ကို မြင်တွေ့နိုင်ပါသည်။ ခေတ်မီဆန်းသစ်ခြင်းနှင့် ပတ်ဝန်းကျင်အေးချမ်း ဆိတ်ငြိမ်ခြင်း အရည်အသွေးများနှင့် ပြည့်စုံနေသော INFINITY သည်မြို့ပြပတ်ဝန်းကျင်၏ ရှုပ်ထွေး ဆူညံမှုများမှကင်းလွတ်ရာ သုခဘုံတစ်ခုအလားဖြစ်ပါမည်။ KHG သည်နိုင်ငံတကာ စံချိန်စံနှုန်းများရှိပြီး အထင်ကရ အဖွဲ့အစည်း များနှင့်ပူးပေါင်းကာ ရန်ကုန်မြို့၌ အကောင်းဆုံးလူနေမှုအဆင့်အတန်းရှိသော အဆောက်အဦး INFINITY အားသင့်ဆီသို့ ယူဆောင်လာပါပြီ။ KHG ၏ဦးဆောင်မှုအောက်တွင် ဗိသုကာလုပ်ငန်းနယ်ပယ်၌ ဆုတံဆိပ်များရရှိထားသော ONG&ONG မှ စီမံကိန်းကိုစိတ်ကူးပုံဖော်ပြီး စင်္ကာပူမှ ဖွဲ့စည်းထားသောနိုင်ငံတကာ အဖွဲ့ဝင်များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်သွားမည် ဖြစ်ပါသည်။

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

  • အဆောက်အဦးအတွင်းရှိအဆင့်မြင့် ဧည့်ခန်းမ နှင့် ဧည့်ကြိုနေရာတို့ကြောင့် အပန်းဖြေစခန်းတစ်ခုအလား ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ INFINITY ၏ အလှတရားတို့စုစည်းရာ နေရာကတော့ အဆောက်အဦး၏ (၁၆)ထပ်အလွှာ Sky Terrace ဖြစ်ပါသည်။ အဆိုပါအထပ် တွင် ရေကူးကန်(၃)ခု၊ ကစားကွင်း၊ ပြင်ပအားကစား လေ့ကျင့်သည့်နေရာ၊ အခမ်းအနားများကျင်းပနိုင်သည့် ခန်းမကြီးနှင့် barbecue ပြုလုပ်ရန် နေရာများပါရှိပါသည်။ INFINITY တွင်ရောက်ရှိနေစဉ် အချိန်အတွင်း မိမိကိုယ်တိုင်အချက်အချာကျသောမြို့လယ်နေရာတွင် ရောက်ရှိနေခြင်းကိုပင် မေ့လျော့နေစေလောက်သည့် ခံစားမှုမျိုး ခံစားရနိုင်ပါမည်။
  • အဆောက်အဦးအထပ်များကို အမြင်(၂)မျိုးဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ မြင်ကွင်းများကို ထောင့်တန်းအနေအထားဖြင့် တမူထူးခြား စွာမြင်တွေ့နိုင်ရန် အထပ်တစ်ခုနှင့်တစ်ခုဒေါင်လိုက်ဆက်စပ်ဖွဲ့စည်း ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ အပေါ်ယံအမြင်အလှအပတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အဆောက်အဦးတစ်ခုလုံးကို အပိုအလိုမရှိအောင် အသေးစိတ် အလှဆင်ထားရှိခြင်း ဖြစ်ပါသည်။ လေထဲတွင် လမ်းလျှောက်နေရသည့်ခံစားမှုကဲ့သို့ လွတ်လပ်ပေါ့ပါးမှုရှိပြီး လန်းဆန်းတက်ကြွမှုကို အမှန် တကယ်ပေးစွမ်းနိုင်မည့် နေရာကတော့ Sky Terrace အထပ်တွင် တိုက်နှစ်ခုကို ဆက်သွယ်ပေးထားသည့် Sky Birdge ပဲဖြစ်ပါသည်။ အနားယူအပန်းဖြေစရာ စုံလင်လှသည့်အဆိုပါ အထပ်မှတဆင့် ရန်ကုန်မြို့၏ လှပသောမြင်ကွင်း အစုံအလင်ကိုအပြည့်အဝ မြင်တွေ့ခံစားနိုင်ပါသည်။

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

၃၆၀ ဒီဂရီမြင်ကွင်းစုံ

  • INFINITY ၏(၁၆)ထပ်အလွှာသည် ပြီးပြည့်စုံသော အပန်းဖြေအနားယူစရာစုံလင်စွာဖြင့်မိသားစုများ၏ အေးချမ်းသာယာမှုအပြည့်အဝရယူနိုင်စေရန်အတွက်
  • ရေကူးကန်စပ်
  • မီတာ(၂၀) လျှောက်လမ်းပါအဆင်မြင့်ရေကူးကန်
  • ဇိမ်ခံရေစိမ်ခံပါသော ရေကန်
  • ကလေးရေကူးကန်
  • ကလေးကစားကွင်း
  • အမျိုးသားရေနွေးပေါင်းခန်းနှင့်အဝတ်လဲခန်း
  • အမျိုးသမီးရေနွေးပေါင်းခန်းနှင့်အဝတ်လဲခန်း
  • လေကောင်းလေသန့်ရ အားကစားလေ့ကျင့်ရန်နေရာ
  • စက်ကိရိယာပြည့်စုံသော အားကစားခန်းမ
  • Barbeque လုပ်ရန်နေရာ
  • ပန်းဥယျာဉ်
  • အခမ်းအနားများပြုလုပ်ရန်ခန်းမ

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

အဆင့်မြင့် ကွန်ဒိုမီနီယံ၏ ထူးခြားသည့်အင်္ဂါရပ်များ

  • နိုင်ငံတကာအဆင့်အဆောက်အဦးဒီဇိုင်းသတ်မှတ်ချက်များ
  • သဘာဝဘေး ငလျင်ဒဏ်နှင့်ရေကြီးမှုဒဏ်ကာကွယ်နိုင်မည့် ဒီဇိုင်းပုံစံ
  • အခန်းတိုင်းတွင် လေကောင်းလေသန့်ပိုမိုရရှိစေရန် သဘာဝကျကျ လေဝင်လေထွက်ကောင်းအောင် ဖွဲ့စည်းတည်ဆောက်ပုံ
  • (၁၆) ထပ် Sky Terace တွင်အပန်းဖြေအနားယူရန်ရေကန်၊ ကလေးများအတွက် သီးသန့်ရေကူးကန်နှင့် (၂၀)မီတာပတ်လမ်းပါသည့် အဆင့်မြင့် ရေကူးကန်ပါရှိခြင်း
    Sky Terrace ၌ အဆင့်မြင့်အားကစားခန်းမပါရှိခြင်း
  • Sky Terrace ၌ ခေတ်မီကျယ်ဝန်းသော အားကစားပြုလုပ်ရန်နေရာ ပါရှိခြင်း
    Sky Terrace ၌ ပျော်ရွှင်စွာဖြင့် barbecue ပြုလုပ်စားသောက်ရန်နေရာပါရှိခြင်း
  • Sky Terrace ၌ အခြားသော သာယာနှစ်လိုဖွယ်ရာများဖြစ်သည့် လေကောင်းလေသန့်ရနိုင်သည့် အားကစား ပြုလုပ်ရန်နေရာနှင့် အခမ်းအနားကျင်းပနိုင်သည့်ခန်းမ တို့ပါရှိခြင်း
  • အိပ်ခန်းတိုင်းနှင့် ဧည့်ခန်းတိုင်းတွင် လေအေးပေးစက်ပါရှိခြင်း
  • အခန်းတိုင်းရှိအင်တာနက်၊ ဖုန်းလိုင်းနှင့်တီဗွီကြိုးများကို လွယ်ကူစွာတပ်ဆင်နိုင်ရန် ဗဟိုမှထိန်းချုပ် ပေးထားသည့်စနစ်
  • အိပ်ခန်းကြီးနှင့်ဧည်ခန်းများတွင် နိုင်ငံတကာအဆင့်မီလျှပ်စစ်ကြိုးလိုင်းပေါက်များပါရှိခြင်း
  • ရေချိုးခန်းတိုင်းတွင်ရေပူပေးစက်ပါရှိခြင်း
  • ရေအိမ်တိုင်းတွင် လေဝင်လေထွက်ကောင်းစေသည့်စနစ်ကျင့်သုံးခြင်း
  • ရေချိုးခန်းတိုင်းတွင် ပစ္စည်းထည့်ရန် ဗီရိုနှင့်ရေချိုးခန်းသုံးပစ္စည်းတင်ရန် ခေတ်မီခိုင်ခံ့သောစင်ပါရှိခြင်း
  • မီးဖိုဆောင်တိုင်းတွင် (အပေါ်နှင့်အောက်ဖက်)ကြောင်အိမ်ဗီရိုများပါရှိခြင်း
  • မီးဖိုခန်းတိုင်းတွင်မီးဖို၊ ရေပိုက်၊ ရေဇလုံများပါရှိခြင်း
  • လေအေးစက်များ၊ မီးဖိုဆောင်အသုံးအဆောင်များနှင့်ဗီရိုများအတွက် ပစ္စည်းအာမခံပါရှိခြင်း
  • အိပ်ခန်းတိုင်းတွင်အထပ်မြင့် အဝတ်ဗီရိုများပါရှိခြင်း
  • အိပ်ခန်းကြမ်းခင်းများကို မြန်မာ့ကျွန်းသစ်ဖြင့်ခင်းကျင်းထားခြင်း
  • အိမ်တွင်း Audio, Video ဆက်သွယ်ရေးစနစ်များပါရှိခြင်း
  • (၂၄)နာရီ လုံခြုံရေးစနစ်နှင့် CCTV များပါရှိခြင်း
  • (၂၄) နာရီ လုံခြုံရေးစနစ်များပါရှိခြင်း
  • ဝန်ထမ်းများဝန်ဆောင်မှုပေးမည့် ဧည့်ကြိုခန်းမနှင့် အဆင့်မြင့်ဧည့်ခန်းမဆောင်ပါရှိခြင်း
  • ဧည့်ခန်းမဆောင်တွင် ATM စက်အသုံးပြုနိုင်ရန်စီစဉ်ထားခြင်း
  • မီးဘေးလုံခြုံရေးအချက်ပြစနစ်ပါရှိခြင်း
  • အဆင့်မြင့်ဓါတ်လှေကား(၄)ခုပါရှိခြင်း(အဆောက်အဦးတစ်ခုလျှင် ၂ ခုပါဝင်)
  • အိမ်ခန်းလက်ခံရရှိချိန်မှ စ၍ (၁၂)လ အာမခံချက်ကာလအတွင်း အဆောက်အဦးချို့ယွင်းမှုရှိပါက အခမဲ့တာဝန်ယူပြင်ဆင်ပေးခြင်း

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

အစဉ်အဆက်ပိုင်ဆိုင်မှုအစစ်အမှန်

KHG Development အဖွဲ့မှ INFINITY အဆောက်အဦးတစ်ခုလုံးကို စင်္ကာပူနိုင်ငံ စံချိန်စံညွှန်းများနှင့်အညီ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ပါသည်။ ဘိုးဘွားပိုင်မြေအမျိုးအစားပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဦးဖြစ်သည့်အလျှောက် သားစဉ်မြေးဆက်နေထိုင်ရန် အိမ်ဟုအမှန် တကယ်ခေါ်နိုင်မည့် နေရာဖြစ်ပါသည်။ ယနေ့အတွက်သာမက အနာဂတ် အတွက်ပါ အစဉ်ထာဝရ ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးသောနေရာဖြစ်ပါသည်။ သင်၏ အနာဂတ်မျိုးဆက်သစ်များအတွက် အဖိုးတန်သည့် အကောင်းဆုံးအမွေအနှစ် တစ်ခုအဖြစ် လက်ဆင့်ကမ်းနိုင်မည့်နေရာလည်းဖြစ်ပါသည်။
အိမ်ခန်းဝယ်ယူနေထိုင်သော မိသားစုများ အဆင်ပြေစွာနေထိုင်နိုင်ရန်အတွက် အခန်းသော့ (၂)စုံစီ စီစဉ်ပေးထားပါသည်။ အဆင့်အတန်းရှိရှိ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး ပူးတွဲပါအခန်းများကိုလည်း မိမိလိုအပ်သလို အသုံးပြုနိုင်ပါသည်။

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

သင့်အတွက် INFINITY

  • KHG Development သည်ဝယ်ယူသူမိဘပြည်သူများအတွက် အဆောက်အဦး တစ်ခုတည်း မဟုတ်ဘဲမြေရာပိုင်ဆိုင်မှုအတွက်ပါ ရာသက်ပန် ပိုင်ဆိုင်နိုင်ခွင့်ရရှိရန်စီစဉ်ပေးနိုင်ခြင်းကြောင့် ထူးခြားသည့် အဆင့်မြင့် အိမ်ရာ လုပ်ငန်းအဖွဲ့အစည်းဖြစ်ပါသည်။

 

အဆင့်မြင့် ကျွမ်းကျင်အကြံပေးများ

  • သင့်စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်ရန်နှင့် အကောင်းဆုံးသော ဝန်ဆောင်မှု ပေးစွမ်းနိုင်ရန် အတွက် KHG Development သည် စင်ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။ KHG ၏ ဦးဆောင်ညွှန်ကြားမှုများကို ဗိသုကာလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသော ONG & ONG မှ စီမံကိန်းကို စိတ်ကူး ပုံဖော်ဆောက်လုပ် သွားမည်ဖြစ်ပါသည်။

 

 

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

 

Location Map

ကမ္ဘာအေးဘုရားလမ်းကြီးပေါ် (ဘိုးဘွားပိုင်မြေ) Infinity ကွန်ဒို

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

KHG Development Co.,Ltd

KHG Development Co.,Ltd

လိပ်စာ
အမှတ်(၂၅)၊ (အေ/၈)၊ အေးရိပ်သာ(၂)လမ်း၊ တက္ကသိုလ်လမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။