Golden Parami Luxurious Condominium

15453 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

   ရန်ကုန်မြို့ရဲ့အလှကို ခံစားနိုင်မယ့် Golden Parami Condominium

 

    ရန်ကုန်မြို့ထဲက ကွန်ဒို ကြိုက်နှစ်သက်သူတွေအတွက် လှိုင်မြို့နယ် ၊ အောင်ဓမ္မရိပ်သာလမ်းနဲ့ ပါရမီလမ်းထောင့်မှာရှိတဲ့ Golden Parami Luxurious Condominium နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

  • ဂရန်မြေအမျိုးအစားပေါ်မှာ တည်ဆောက်ထားပါသည်။
  • Shine Construction ကနေ တာဝန်ယူ ဆောက်လုပ်ပေးထားတဲ့ Golden Parami Luxurious Condominium ဟာ ပါရမီစိန်ဂေဟာ၊ Top Royal Cinema၊ Myanmar Info Tech၊ Junction 8၊ ပါရမီဆေးရုံတွေနဲ့ အနီးအနားမှာ ရှိပြီး ရန်ကုန်မြို့ထဲက ကွန်ဒိုလူတန်းစားအတွက် စိတ်ဝင်စားစရာ နေရာတစ်ခုပါပဲ။

 

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

Tower - B

 

Golden Parami Luxurious Condominium

 

  • Tower (A) နှင့် Tower (B) စုစုပေါင်း Tower (၂) ခုရှိပြီး စုစုပေါင်းအခန်းအရေအတွက်မှာ (၁၃၂) ခန်းအထိ ပါဝင်ပါတယ်။
  • Tower (2 ) ခုလုံးတွင် မြေအောက်ထပ် (၂) ထပ်၊ လူနေခန်း အထပ် (၈) ထပ်နဲ့ Penthouse တို့ပါဝင်ကြပြီး အခန်းဈေးနှုန်းများမှာ အထပ်အမြင့် နှင့် Location အပေါ်မူတည်ပြီး ကွာခြားမှုရှိပါသည်။

 

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

  • အခန်းတိုင်းတွင် Master Bed Room (1), Double Bed Room (2),Single Bed Room (1), Kitchen & Dinning Room, Living Room၊ တို့ပါဝင်ပြီး ၊ အခန်းအမျိုးအစားအလိုက် အခန်းအကျယ်အဝန်းများ ကွာခြားမှုရှိပါသည်။
  • အခန်းအကျယ်အဝန်းများမှာ 1790.05 sqft မှ 2019.86 sqft အထိ ရှိပြီး အခန်းအကျယ်အဝန်းများ ကို အောက်ပါအတိုင်း ယူနစ် (၈) မျိုး သတ်မှတ်ထားပါသည်။

 

  • Unit (1)         :         1834.44 sqft
  • Unit (2)         :         1803.86 sqft
  • Unit (3)         :         1790.05 sqft
  • Unit (4)         :         1834.44 sqft
  • Unit (5)         :         2019.86 sqft
  • Unit (6)         :         1956.12 sqft
  • Unit (7)         :         1951.86 sqft
  • Unit (8)         :         1849.8  sqft

 

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

  • Tower တစ်ခုစီတွင် ဓာတ်လှေကား (၂) စင်းစီ ပါဝင်ကြပြီး ကွန်ဒိုမှာ နေထိုင်မယ့်သူတွေအတွက် ကိုယ်ပိုင်မီတာ၊ ထရန်စဖော်မာနဲ့ (၂၄) နာရီအသုံးပြုလို့ရမယ့် မီးစက်တွေလည်း တပ်ဆင်ပေးထားပါတယ်။

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

Penthouse

  • Golden Parami Luxurious Condominium ရဲ့ Penthouse ကတော့ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း အင်းလျားကန်နဲ့ ရန်ကုန်မြို့ရဲ့အလှကို ကြည့်ရှုခံစားနိုင်တဲ့နေရာပါ။ ညနေ နေဝင်ဆည်းဆာအလှကို အေးချမ်းစွာ ခံစားနိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် တစ်နေ့တာ ပင်ပန်းမှုတွေကို ပြေပျောက်စေနိုင်တဲ့ နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
  • ကွန်ဒိုရှေ့မှာ အထပ်မြင့်တိုက်တွေ မရှိတဲ့အတွက် ပတ်ဝန်းကျင်ကို မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ရှုနိုင်မှာကလည်း ထည့်သွင်းဖော်ပြသင့်တဲ့ အချက်တစ်ချက်ပါပဲ။
  • ညဖက်အချိန်တွေမှာ သန့်ရှင်းအေးမြတဲ့လေကို တက်ရောက်ခံစားနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ကျယ်ဝန်းတဲ့ဖွဲ့စည်းပုံကြောင့် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့နိုင်သလို၊ မိသားစုတွေ နွေးထွေးစွာ တွေ့ဆုံစကားပြောဖို့အတွက်လည်း အကောင်းဆုံးနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

 

 Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

  • Lobby တစ်ခုနဲ့ Reception ပါဝင်မှာဖြစ်ပြီး ကျန်းမာရေးအတွက် အားကစားရုံ(Gym) တစ်ခု၊ ရေကူးကန်တစ်ခု၊ ကလေးကစားကွင်းတစ်ခု တို့လည်း ပါဝင်မှာပါ။ ရေကူးကန်က လူကြီးတွေအတွက်ပဲ ထည့်သွင်းဆောက်လုပ်ထားတာမဟုတ်ပဲ ကလေးတွေအတွက် ရေကူးကန်တစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် ချွေးထုတ်ခန်း၊ အေရိုးဘစ်ခန်းမနဲ့ ၊ Pool Bar ၊ အိမ်ရှင်မတွေအတွက် အဆင်သင့်ဈေးဝယ်နိုင်မယ့် မီနီမတ်တစ်ခုတို့လည်း ပါဝင်မှာဖြစ်လို့ နေထိုင်သူတွေအတွက် ပြီးပြည့်စုံတဲ့ ကွန်ဒို တစ်ခုလို့ ပြောနိုင်ပါတယ်။
  • ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် ကလေးတွေဆော့ကစားဖို့ သီးသန့်အခန်းတစ်ခု ပါဝင်မှာဖြစ်တာကြောင့် မိခင်တွေအတွက် ကိုယ့်ရဲ့ ကလေးထိန်းချိန်ကို ပိုပြီး သက်သာသွားဖို့လည်း ရှိနေပါတယ်။
  • ဒါ့အပြင် လူငယ်တွေအတွက် စားပွဲတင်တင်းနစ် ရိုက်နိုင်မယ့်နေရာတစ်ခု ပါဝင်သလို အပန်းဖြေချင်သူတွေအတွက်လည်း Golden Parami Bar က သောက်စရာမျိုးစုံနဲ့ စောင့်ကြိုလို့နေပါတယ်။
  • ကွန်ဒို လုံခြုံရေးအတွက် (၂၄) နာရီအပြည့် လုံခြုံရေးဝန်ထမ်းများ၊ ကွန်ဒို၏ နေရာတိုင်းတွင် CCTV Camera ၊ Video Intercom ကနေ ကြည့်လို့ရတဲ့ လုံခြုံရေးစနစ် ပါရှိခြင်းတို့ကြောင့် နေထိုင်သူများ အတွက် လုံခြုံရေးမှာ အလွန်ကောင်းမွန် သည့် အတွက် အားသာချက်များထဲမှ တစ်ခုပင်ဖြစ်ပါသည်။

 

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

  • Landscape Area

    ကွန်ဒိုအတွင်းမှာ ကျယ်ဝန်းတဲ့ Landscape Area တစ်ခု ပါဝင်ပြီး သဘာဝဆန်ဆန် သာယာလှပတဲ့ ဥယျာဉ်တစ်ခုကို တည်ဆောက်ပေးထားလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ မိသားစုလိုက်အပန်းဖြေမှုတွေအတွက် အဆင်ပြေမှာဖြစ်ပြီး အေးချမ်းစွာနဲ့ အနားယူ အပန်းဖြေနိုင်မှာဖြစ်ပါတယ်။

     

Golden Parami Luxurious Condominium

Golden Parami Luxurious Condominium

 

Location Map

 

  • Golden Parami Condominium ကနေ ပါရမီစိန်ဂေဟာကို (၃) မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပြီး Top Royal ရုပ်ရှင်ရုံကို သွားချင်တယ်ဆိုရင်လည်း (၃) မိနစ်လောက် လမ်းလျှောက်ရုံနဲ့ သွားရောက်နိုင်မှာပါ။
  • တကယ်လို့သာ ကားတစ်စီးနဲ့ အပြင်ထွက်ဖို့ စဉ်းစားတယ်ဆိုရင်တော့ ဈေးဝယ်လို့ကောင်းတဲ့ Junction 8 ကို (၁၂) မိနစ်လောက် ကားမောင်းရုံနဲ့ ရောက်နိုင်သလို အင်းလျားကန်ဆီကိုလည်း (၁၂) မိနစ်လောက် ကားမောင်းရုံနဲ့ ရောက်နိုင်ပါတယ်။
  • ကျန်းမာရေးအတွက် ပါရမီဆေးရုံကို (၁၀) မိနစ်လောက် ကားမောင်းသွားရုံနဲ့ ရောက်နိုင်သလို Myanmar Info Tech ကိုတော့ (၃) မိနစ်လောက် ကားမောင်းသွားရုံပါပဲ။
  • ကွန်ဒိုအရှေ့မှာ ကားအသွားအလာနည်းတဲ့အတွက် တိတ်ဆိတ်မှုကို ခံစားရမှာဖြစ်ပြီး လူကြီးတွေအတွက် အေးချမ်းဆိတ်ငြိမ်တဲ့နေရာတစ်ခုလို့ ပြောနိုင်ပါတယ်။
  • ဖော်ပြပါ နေရာတွေအပြင် MCC ၊ MICT Park ၊ လှိုင်တက္ကသိုလ်၊ လေဆိပ်တွေနဲ့လည်း နီးတဲ့နေရာမှာ ရှိနေတာကြောင့်လည်း ကွန်ဒိုကို ဝယ်ယူသူတွေအတွက် သွားလာရ အဆင်ပြေစေပါတယ်။

 

Golden Parami Luxurious Condominium

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

Shine Construction Co., Ltd မှ ဆောက်လုပ်သော အခြား Project များ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Shine Construction Co., Ltd

Shine Construction Co., Ltd

လိပ်စာ
No.(29),Ground Floor, Gyo Phyu Condo, Gyo Phyu Street, Minglar Taung Nyunt, Township, Yangon.