Grand Myakanthar Condominium

58877 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

         

တည်နေရာ ၊ ဆောက်လုပ်မှုပုံစံ နှင့် မြေအမျိုးအစား

          Ta Gaung Bwar Co.,Ltd  ကနေ တာဝန်ယူ တည်ဆောက်နေတဲ့   Grand Myakanthar Condominium  ဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မြကန်သာလမ်းမှာ တည်ရှိပါတယ်။ မြေဧရိယာအကျယ်အဝန်း တစ်ဧကပေါ်မှာ Tower  နှစ်လုံးကို (၁၈)ထပ်အမြင့်အဖြစ် Bored Pile Foundation ၊ Malaysia Architecture M & E Consultant ၊ Structure Consultant   စတဲ့ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ဆန်းသစ် ခမ်းနားသော ဒီဇိုင်းပုံစံများဖြင့် တည်ဆောက်နေတဲ့  Condominium  တစ်ခုဖြစ်ပါတယ်။

          စုပေါင်းမြေပိုင်ဆိုင်မှုဥပဒေအရ ရာသက်ပန် အခန်း ပိုင်ဆိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားပေါ်မှာ တည်ဆောက်ထား တာကြောင့် ဝယ်ယူသူတွေအတွက်ကို သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် သေချာစေတဲ့ Condominium  တစ်ခုဖြစ်ပါတယ်။

 

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

 

အခန်းအကျယ်အဝန်းနှင့် အမျိုးအစား

          အခန်းဧရိယာကို (၉၈၀) sqft  ကနေ (၂၂၉၅)sqft  အထိ စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး အခန်းတိုင်းတွင် အိပ်ခန်း (၂)ခန်းမှ (၃) ခန်းအထိပါဝင်မှာလည်း ဖြစ်ပါတယ်။

အခန်းတိုင်းကို ဘုရားခန်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ အိမ်အကူနေခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ စတိုခန်း၊ အဝတ်လျှော်၊ အဝတ် လှမ်းခန်းစသည်တို့ကို အဆင့်မြင့်ဖွဲ့စည်း ထည့်သွင်းတည်ဆောက် ပေးထားကာလိုအပ်တဲ့ ပါကေး Polish Homogeneous tiles ၊ Quality Laminate floor ၊ ကြွေပြားနဲ့ Aircon  တွေကိုလည်း ဂျပန်နိုင်ငံထုတ် မစ်ဆူဘီရှီအမျိုးအစားများနှင့်သာ တပ်ဆင် ပေးထားပြီးဖြစ်ပါတယ်။ မီးဖိုခန်းမှာဆိုရင်လည်း မီးဖိုခုံကို Cabinet  နဲ့တကွ ပြင်ဆင်ပေးထားတာကြောင့် အိမ်ရှင်မတို့ အကြိုက်ဖြစ်စေမယ့်အပြင် လိုအပ်တဲ့ အဆင့်မီပရိဘောဂတွေ ကို ပြီးပြည့်စုံအောင် တပ်ဆင်ပေးထားတာကြောင့် အဆင်သင့် နေထိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

ကွန်ဒိုပေါ်မှ မြင်ကွင်း

         

Tower မှာ နေထိုင်သူတွေအနေနဲ့ Tower အနောက်ဖက်နှင့် မြောက်ဖက်က ရှုခင်းအလှကို ကြည့်မယ်ဆိုရင် မြစ်ပြင်ရဲ့ အလှအပကို မြင်တွေ့နိုင်ပြီး မြစ်ပြင်က တိုက်ခတ်လာတဲ့ လေ ပြေလေညင်းလေးတွေကိုလည်း ခံစားထိတွေ့နိုင်မှာလည်း ဖြစ် ပါတယ်။

အရှေ့ဘက်နှင့် တောင်ဘက်က မဟာမြင်ကွင်းကျယ် အနေနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း ဖူးတွေ့ကြည်ညို နိုင်မှာဖြစ်ပြီး အင်းလျားကန်ရဲ့ အလှကိုလည်း မြင်တွေ့နိုင် မှာပဲဖြစ်ပါတယ်။

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Facilities

  • နိုင်ငံတကာ အဆင့်မီ ကွန်ဒိုတစ်ခုဖြစ်တာနဲ့အညီ Infinity Swimming Pool ၊ Children Pool ၊ Coffee Shop ၊ အားကစားရုံ (Gym) ၊ Recreation Facilities အနေနဲ့ Relax area ၊ Function room ၊ mini mart ၊ အသားကင်လုပ်စား ရန်နေရာ၊ မွေးနေ့ပါတီပွဲများ ကျင်းပရာနေရာ ၊ ကလေးကစား ကွင်း စတာတွေကိုလည်း အဆင့်မီ ထည့်သွင်းတည်ဆောက် ထားပါတယ်။
  • ဓာတ်လှေကား(၅)စီးပါရှိပြီး လူစီးအနေနဲ့ ဓာတ်လှေ ကား (၄)စီးနဲ့ အသုံးပြုမှာဖြစ်ပြီး၊ ကျန်(၁)စီးကတော့ Facilities ဧရိယာအတွက်သာ သီးခြားအသုံးပြုမှာ ဖြစ်ပါတယ်။ ကား ပါကင် (၄)ထပ်ပါဝင်တာကြောင့် နေထိုင်သူများအတွက် လုံ လောက်တဲ့ ကားပါကင်ရရှိနိုင်ပြီး ဧည့်သည်ကားများ ရပ်နား ရန်အတွက်လည်း သီးသန့်ကားပါကင် ပါရှိပါတယ်။
  • ဒါအပြင်၂၄ နာရီလုံခြုံရေး၊ CCTV ကင်မရာ၊ အရေး ပေါ် မီးသတ်စနစ်တွေလည်းပါရှိတာကြောင့် နေထိုင်သူတွေ အဖို့ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်မှာလည်းဖြစ်ပါတယ်။

 Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

Grand Myakanthar Condominium

 ပတ်ဝန်းကျင်

       

သွားရေးလာရေးလွယ်ကူအဆင်ပြေပြီး ပါရမီ စိန် ဂေဟာ၊ KBZ ဘဏ်၊ သီရိမင်္ဂလာဈေး၊ ဘုရင့်နောင်လေ့ကျင့် ရေး Golf ကွင်းတို့နဲ့ နီးကပ်စွာ တည်ရှိတဲ့အပြင်၊ ISM ကျောင်းသို့လည်း တစ်မိနစ်လမ်းလျှောက်သွားရုံဖြင့် ရောက် ရှိနိုင်တဲ့ နေရာဖြစ်တာကြောင့် မိမိကလေးပညာရေးအတွက် အဆင်ပြေဆုံး၊ အသင့်တော်ဆုံးနေရာမှာ တည်ရှိတဲ့ ကွန်ဒို ဖြစ်ပါတယ်။

အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဘုရင့်နောင်လမ်းမကြီး၊ ဗဟိုလမ်းမကြီး ၊ အင်းစိန်လမ်းမကြီးတို့ကို လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်တဲ့ နေရာကောင်းတစ်ခုလည်း ဖြစ်တာ ကြောင့် စီးပွားရေးအရ သွားရလာရအဆင်ပြေစေတဲ့ နေရာ တစ်ခုလည်းဖြစ်ပါတယ်။

Electrical Supply & Water Supply

          ဒီကွန်ဒိုမှာရှိတဲ့ အခန်းတိုင်းအတွက် Electrical Supply အတွက် Lighting point ၊ 2 pin, 3pin switch & Socket Outlet ၊ Additional System ၊ Satellite system ၊ Audio/ Video intercom ၊ Generator system ၊ Backup electricity to each units (5KVA) ၊ Fully backup electricity (to Elevators facilities  Areas ၊ Security Common Area, Walkway, Car Park) စတာတွေကို ထည့်သွင်းတပ်ဆင် ပေးထားသလို  Water Supply  အနေနဲ့လည်း 24hr water supply system ၊ Common Overhead elevated tank system ၊ 30000 Gal ground tank system  တွေကို ထည့်သွင်း တည် ဆောက် တပ်ဆင်ပေးထားပါတယ်။

 

Location Map

Grand Myakanthar Condominium

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

Ta Gaung Bwar Co.,Ltd မှ ဆောက်လုပ်သော အခြား Project များ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Ta Gaung Bwar Co.,Ltd

Ta Gaung Bwar Co.,Ltd

လိပ်စာ
ဗိုလ်တထောင်မြို့နယ်။