Inno City

33007 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

                 တောင်ဥက္ကလာပါရမီအဝေးပြေးကားဝင်းအနီးက ရှားရှားပါးပါး နေရာကောင်းလေးမှာ တည်ဆောက်ပြီးစီးတော့မယ့် Inno City စီမံကိန်းကို ပါရမီလမ်း နဲ့ ဝေဇယန္တာလမ်းထောင့် တောင်ဥက္ကလာပ ဂေါက်ကွင်းနဲ့ မျက်စောင်းထိုး က မြေ ၇.၆၂၉ ဧကအကျယ်ပေါ်မှာ ကိုရီးယားနိုင်ငံ၏ နာမည်ကြီး Developer ဖြစ်သည့် Inno Group ကနေ တာဝန်ယူ တည်ဆောက်လျက်ရှိပါသည်။

 

Inno City

Inno City

Inno City

Inno City

 

အဆောက်အဦး၊ ဒီဇိုင်းနှင့် နည်းစနစ်များ

  • အဆောက်အအုံဒီဇိုင်းများအတွက် တောင်ကိုရီးယားမှ Posco A&C, Haean Architecture စတဲ့ကုမ္ပဏီများ က တာဝန်ယူရေးဆွဲပေးထားတဲ့ အတွက် အခန်းတွေနဲ့ အဆောက်အဦး တွေရဲ့ ဒီဇိုင်းတွေကတော့ အထူးပြောစရာမလိုပါဘူး။
  • Inno City စီမံကိန်းမှာ အဆောက်အဦးတွေအနေနဲ့ လူနေတိုက်ခန်း (၁၀၄) ခန်း ပါဝင်တဲ့ အထပ် ၂၉ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံ ၂ လုံး၊ လူနေအိမ်ခန်း ၂၁၆ ခန်းပါဝင်တဲ့ အထပ် ၂၉ ရှိ အဆောက် အအုံ ၂ လုံး စုစုပေါင်း အဆောက်အအုံ ၅ လုံးမှာ အခန်းစုစုပေါင်း ၇၄၄ ခန်း ပါဝင် မှာဖြစ်ပါတယ်။
  • ဒါ့အပြင် အဆင့်မြင့်ဘတ်စ်ကားဂိတ်တစ်ခု၊ ၅၀,၀၀၀ စတုရန်းပေကျယ် Convention Centre တစ်ခု၊ ၂ ထပ်အမြင့် ဈေးဝယ်စင်တာ တစ်ခု နဲ့ ယာဉ်ရပ်နားစခန်း အပေါ်တွင် အခန်း ၁၅ဝ ပါဝင်တဲ့ ၁၃ ထပ် အမြင့်ရှိ နိုင်ငံတကာ အဆင့်မီ ဟိုတယ် တစ်ခုပါရှိမှာ ဖြစ်ပါတယ်။
  • ဒါ့အပြင် နေထိုင်သူများအတွက် ရေကူးကန်၊ အားကစားခန်းမ၊ ကလေး ကစားကွင်း နဲ့ ပန်းခြံ တို့ကို လည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။
  • ဒါ့ကြောင့် Inno City စီမံကိန်းကြီးတစ်ခုလုံးမှာ စုစုပေါင်းလူဦးရေ ၅,၀၀၀ ခန့်နေထိုင်နိုင်မှာဖြစ် ပြီး စီမံကိန်း အဆောက်အအုံ အမြင့်မှာ ၃၅၆ ပေ ၁၀ လက်မ ရှိတဲ့ အပြင် ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် ကန့်သတ်ဇုန် အပြင်ဘက်မှာ ရှိတာကြောင့် အလွန်နေရာကောင်းတဲ့ အထပ်မြင့် အဆောက်အဦးလို့ ပြောလို့ရပါတယ်။

 Inno City

Inno City

Inno City

Inno City

 

အခန်းဖွဲ့စည်းပုံ ၊ တန်ဖိုး နှင့် ငွေပေးချေမှုပုံစံ

  • စတုရန်းပေ ၉၂၅ အကျယ် ကနေ စတုရန်းပေ ၃၀၀၀ အကျယ်အခန်းဆိုပြီး အခန်းအကျယ်အမျိုးအစား များပါ ရှိကာ ၉၂၅ စတုရန်းပေကျယ်အခန်းများတွင် အိပ်ခန်း (၂)  ခန်းပါရှိမှာဖြစ်ပြီး ၃,၀၀၀ စတုရန်း ပေကျယ်အခန်းများမှာတော့ အိပ်ခန်း (၅) ခန်းအထိ ပါရှိမှာဖြစ်ပါတယ်။

Inno City

Inno City

Inno City

Inno City

 

ပါဝင်သည့် Facility များ

  • အားကစားရုံ (Gym) ၊ကားပါကင် ၊ရေကူးကန်၊ မွေးနေ့ပါတီပွဲများကျင်းပရာနေရာ ၊ကလေးကစားကွင်း ၊၂၄နာရီ လုံခြုံရေး ၊ ဓာတ်လှေကား ၊ CCTV ကင်မရာ ၊ ဘုံရေပေးဝေရေးစနစ် စတာတွေပါဝင်ပါတယ်။
  • ဒါ့အပြင် Inno City အဆောက်အဦးကြီးတွင် နေထိုင်သူ မိသားစုများ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်၊ အဆင့်မြင့် အဝေးပြေး ယာဉ်ရပ်နားစခန်း နဲ့ ခန်းမဆောင်တို့ကို လာရောက်တဲ့ ယာဉ်များအတွက် မော်တော်ယာဉ်အစီး ၁,၁၃၄ စီးရပ်နားနိုင်မယ့် ကားပါကင်လည်းပါဝင်ပါတယ်။ ရေပေးဝေမှု ပုံစံကို လည်း စည်ပင်ရေပေးဝေမှုစနစ်အပြင် စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် Treatment ပြုလုပ်ထားတဲ့ အဝီစိတွင်း ရေသန့်စနစ်များနဲ့ စီမံကိန်း တစ်ခုလုံးအတွက် တစ်ရက်ခွဲစာ သုံးစွဲရန်လိုအပ်တဲ့ ရေဂါလံပေါင်း ၃၆၄,၆၇၂ ကို ဖြန့်ဖြူး ပေးနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။အရေးပေါ် မီးငြိမ်းသတ်ဖို့အတွက်ကိုလည်း ရေဂါလန် ၆၉,၂၉၂ ကို လှောင်ကန်ဖြင့် ထားရှိသိုလှောင်မှုလည်း ပါဝင်တဲ့အပြင် မီးဘေးလုံခြုံရေးစနစ်များနှင့် မီးစက်များ၊ ဂြိုဟ်တုနှင့်ချိတ်ဆက်ထားသော အင်တာနက်များအပြင် အခြားအဆင့်မြင့် လုံခြုံရေးစနစ်များ ပါဝင်တဲ့အတွက် မီးဘေးအန္တရယ် အတွက်လည်း စိတ်အေးရတဲ့ စီမံကိန်းတစ်ခုဖြစ်ပါသည်။
  • အိမ်ရာလုံခြုံရေးအတွက်ကိုလည်း ၂၄ နာရီ လုံခြုံရေး ကင်မရာများတပ်ဆင်ထားပြီး ကားအဝင်အထွက်များကို RF System နဲ့ စောင့်ကြည့် မှတ်တမ်းတင်နိုင်အောင် စီစဉ်ထားရှိတာကြောင့် လုံခြုံရေးပိုင်းလည်း စိုးရိမ်စရာမလိုတော့ပါ။

 

Inno City

Inno City

 

ပတ်ဝန်းကျင်

ရန်ကုန်မှာရှိတဲ့ အိမ်ရာစီမံကိန်းတွေထဲမှာ Inno City ရဲ့ အားသာချက်ကတော့ ပတ်ဝန်းကျင်ကောင်း တွေကို ပိုင်ဆိုင်ထားတဲ့ နေရာမှာ တညေ်ဆာက်ထားတာပါပဲ။ အားကစားအတွက်ဆိုလည်း South Okkalapa Golf Club လိုမျိုးရှိနေတာ ၊ ဈေးဝယ်ဖို့ဆိုရင်လည်း Gandamar Whole Sale၊ Myanmar Plaza ၊ Gamone Pwint Shopping Mall တို့နဲ့လည်း နီးနီးနားနား မှာရှိနေတာ ၊Sedona လို Hotelတွေနဲ့လည်း အလှမ်းမဝေးတာ တို့အပြင် ရန်ကုန်မြို့ထဲကိုလည်း အချိန်အနည်းငယ်နဲ့ ရောက်နိုင်သလို မြို့ ပြင်ကိုလည်း မိနစ်ပိုင်းနဲ့တင်ထွက်နိုင်တဲ့  တည်နေရာမျိုးဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အောင်မင်္ဂလာအဝေးပြေးစခန်းတွေကိုလည်း မိနစ်ပိုင်းနဲ့တင် သွားရောက်နိုင်တဲ့ နေရာမျိုးမှာ တည်ဆောက်ထားတာကြောင့် ဘက်ပေါင်းစုံကနေ အဆင်ပြေစေတဲ့ နေရာတစ်ခုလို့ပဲ ညွှန်းချင်ပါတယ်။

 

Location map

 

Inno City

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Inno Group

လိပ်စာ
Shwe Man Thu Bus Compound, Corner of Wayzayandar Road & Parami Road &, Ward No (4) , South Okkalapa Towship, Yangon, Myanmar.