လမ်းမတော်မြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်သည် ရန်ကုန်မြို့၏ အဓိက သတ်မှတ်ခံထားရသည့် Downtown area များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည် ။ Downtown area ရဲ့ အနောက်ဘက်ပိုင်းတွင်ပါဝင်သည့် လမ်းမတော်မြို့နယ်သည် အကျယ်ဝန်းအားဖြင့် ၁.၄၁ ကီလိုမီတာရှိပြီး ဝါးတန်းလမ်းမကြီးသည် မြို့နယ်၏ လူသိများအထင်ကရ လမ်းမကြီးတစ်ခုအဖြစ် ဆိုနိုင်သည်။ လမ်းမတော်မြို့နယ်သည် အနောက်ဘက်ပိုင်းတွင် အလုံမြို့နယ်၊  အရှေ့ဘက်တွင် လသာမြို့နယ်၊ တောင်ဘက်ပိုင်းတွင် ရန်ကုန်မြစ်၊ မြောက်ဘက်ပိုင်းတွင် ဒဂုံမြို့နယ် အစရှိသည့်မြို့နယ်များ ပတ်လည်ဝန်းရံထားသည့် မြို့နယ်တစ်ခုဖြစ်သည် ။

မင်းရဲကျော်စွာ လမ်းမပေါ်ရှိ အ.ထ.က(၁) (ယခင်လူသိများစိန်ဂျွန်း အထက်တန်းကျောင်း)နှင့် လမ်းမတော်လမ်းမပေါ်ရှိ အ.မ.က(၆) တို့သည် မြို့နယ်တွင်း လူသိများကျောင်း ဖြစ်သည် ။ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် ရန်ကုန်ရှိ အမျိုးသမီးများ ကျန်မာရေးအတွက် အားထားရသည့် ဆေးရုံကြီးတစ်ခုဖြစ်သည် ။ မြန်မာနိုင်ငံတွင်း မျိုးဆက်သစ် ဆရာဝန်များကို အဓိကမွေးထုတ်ပေးလျက်ရှိသည့် ဆေးတက္ကသိုလ်များထဲတွင် လမ်းမတော်၏ ဆေး(၁) တက္ကသိုလ်သည်အဓိက အခန်းကဏ္ဍတွင်ပါဝင်သည် ။

လူမျိုးပေါင်းစုံ ၊ ဘာသာစုံ နေထိုင်သည့် မြို့နယ်အဖြစ် မင်းရဲကျော်စွာ လမ်းမပေါ်တွင် မြန်မာနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းအသင်း တည်ရှိ နေတာကိုလည်း တွေ့ရှိရမည်ဖြစ်သည် ။ လမ်းမတော်မြို့နယ်၏ အိမ်ခြံမြေ ဈေးကွက်သည် မြို့တွင်း Downtown ဧရိယာဖြစ်သည်နှင့်အညီ အရောင်းဈေး ၊ ငှားရမ်းဈေး ကြီးမြင့်သည့် နေရာများထဲက တစ်ခုအပါအဝင်ဖြစ်သည် ။

မြေညီထပ်တိုက်ခန်း အများစုသည် ဆိုင်ခန်းဖွင့်ရန်အတွက် ငှားရမ်းမှု အများဆုံး နေရာဖြစ်သလို ကိုယ်ပိုင် တိုက်ခန်းတွင်ပိုင်ဆိုင်သူများသည်လည်း  ဆိုင်ခန်း၊ရုံးခန်း ပြန်လည် ဖွင့်ထားတာမျိုးလည်းရှိတတ်သည် ။ တိုက်ခန်းနှင့်ကွန်ဒိုများလည်းရှိသလို ပြင်ဆင်မွန်းမံလျက်ရှိသည့် အဆောက်အဦးကောင်းများလည်း တည်ရှိသည် ။ အရောင်းအဝယ်ထက် ငှားရမ်းမှုအများဆုံးမြို့နယ်များထဲက တစ်ခုဖြစ်သည် ။ မြို့တွင်းဧရိယာဖြစ်သောကြောင့် နေ့ခင်းဘက်အသွားအလာရှုပ်ထွေးလွန်းပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယဉ်လိုင်းပေါင်းစုံ ဖြတ်သန်းသွားလာသည့် မြို့များထဲက တစ်ခုဖြစ်သည် ။ မြို့နယ်တည်ဆောက်ပုံအရ ဘက်စ်ကားမှတ်တိုင်များသည် တစ်ခုနှင့်တစ်ခု ဝေးကွာမှု သိပ်မရှိပဲ မြို့တွင်းသွားလာရသည့်ခရီးသည်များအတွက် သွားရေးလာရေး ချောမွေ့အဆင်ပြေသည့် နေရာကောင်းလည်းဖြစ်သည် ။

အချုပ်အားဖြင့်ဆိုရသော် လမ်းမတော်မြို့နယ်သည် ရန်ကုန်မြို့၏ အဓိကမြို့တွင်းဧရိယာနဲ့အညီ နေထိုင်ရန်ကောင်းသောမြို့နယ်တစ်ခုဖြစ်ပြီး အင်္ဂလိပ်ခေတ် လက်ကျန် အမွေအနှစ် အဆောက်အဦးအချို့နှင့် သက်ဝင်လျက်ရှိသည့် မြို့နယ်ကောင်းတစ်ခုဖြစ်ပေသည် ။ 

လမျးမတျောရှိရောင်းရန်အိမ်ခြံမြေများ

လမျးမတျောရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)