သန်လျင်မြို့နယ်

သန်လျင်မြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ကမ်း နှင့် ပဲခူးမြစ်၏ လက်ဝဲဘက်ကမ်းတွင်တည်ရှိပြီး ရန်ကုန်မြစ် ၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ဆုံသည့် မြစ်ဝနှင့် သုံးမိုင်အကွာတွင် တည်ရှိသောမြို့နယ်ဖြစ်သည်။ ယခင်က ရန်ကုန်နှင့် သွားလာရန် သင်္ဘော၊ လှေ တို့ဖြင့်သွားလာရပေမယ့် ၁၉၉၃ ခုနှစ်က တရုတ်-မြန်မာ ချစ်ကြည်ရေးအဖြစ် ဆောက်လုပ်ထားသည့် သန်လျင်တံတားကြီးဖွင့်လှစ်လိုက်သည့်အတွက် သွားလာရ လွယ်ကူသော မြို့နယ်တစ်ခုဖြစ်လာသည်။ သန်လျင်မြို့နယ်၏ အကျယ်အဝန်းသည် ၃၅၀.၄၉ ကီလိုမီတာရှိပြီး အထက်တန်းကျောင်း ၄ ကျောင်းနှင့် ရန်ကုန်မြို့၏ အရေးပါသော တက္ကသိုလ်ကျောင်းများလည်းတည်ရှိသာ မြို့နယ်ဖြစ်သည်။ တက္ကသိုလ်များဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်) နှင့် သမဝါယမတက္ကသိုလ်(သန်လျင်) တို့ သန်လျင်မြို့နယ်တွင်တည်ရှိသည် ။ သီလဝါဆိပ်ကမ်း၊ သန်လျင်ရေနံချက် စက်ရုံ၊ သန်လျင်မြို့မဈေး အစရှိသည့် အရေးပါသော အဆောက်အဦးများတည်ရှိသည်။ အထင်ကရ ဘုရားစေတီများ ဖြစ်သည့် သန်လျင်ရေလယ်ဘုရားနှင့် ဆံတော်ရှင်ကျိုက်ခေါက်စေတီ အစရှိသည့် တန်ခိုးကြီးဘုရားများသည် သန်လျင်မြို့နယ်တွင်တည်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲများကျင်းပပြီး အလွန်စည်းကားသိုက်မြိုက်သော နေရာလည်းဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် သန်လျင်မြို့နယ်သည် ရန်ကုန် တစ်ဖက်ကမ်းတွေတည်ရှိပေမယ့် တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာသောမြို့နယ်တစ်ခုဖြစ်သလို မြေကွက် အလွတ်များ ပေါများစွာကျန်ရှိနေသေးသည့် မြို့နယ်တစ်ခုဖြစ်ပေသည် ။

သံလငျြရှိရောင်းရန်အိမ်ခြံမြေများ

သံလငျြရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)