မြောက်ဥက္ကလာပမြို့နယ်

ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိသော မြောက်ဥက္ကလာပမြို့နယ်သည် ၂၈.၃ ကီလိုမီတာ ကျယ်ဝန်းသော မြို့နယ်ဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့်လှည်းကူးမြို့နယ် ၊ အရှေဘက်တွင် မြောက်ဒဂုံမြို့နယ်၊ အနောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ် နှင့်မရမ်းကုန်းမြို့နယ် ၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်မရမ်းကုန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ ဝန်းရံတည်ရှိသည်။ မြောက်ဥက္ကလာသည် ၁၉၅၉ ခုနှစ်က တည်ဆောက်ခဲ့သောမြို့သစ်စီမံကိန်းများထဲက တစ်ခုအပါအဝင်ဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၉ ခုရှိပြီး မူလတန်းကျောင်း ၃၀ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနှင့် အထက်တန်းကျောင်း ၅ ကျောင်းတို့ တည်ရှိသည်။ ထူးချွန်သော ဆရာဝန်လောင်းများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသော ရန်ကုန်ဆေးတက္ကသိုလ်(၂) တည်ရှိသောမြို့နယ်ဖြစ်သလို ဆေး(၂) ၏ တွဲဖက်သင်ကြားရေး မြောက်ဥက္ကလာပဆေးရုံသည် မြို့နယ်၏ အာထားရသော ကျန်းမာရေးစောက်ရှောက်မှု တစ်ခုဖြစ်သည်။ သုဓမ္မာလမ်းမပေါ်ရှိ မယ်လမုစေတီတော်သည် ရန်ကုန်မြို့တွင်းထင်ရှားသော စေတီပုထိုးများထဲက တစ်ခုအပါအဝင်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ယခင်က တိုးချဲ့မြို့သစ်ဖြစ်ခဲ့သော မြောက်ဥက္ကလာပသည် ယခုအခါ များစွာတိုးတက်ပြောင်းလဲလာပြီး ဈေးဆိုင်များ၊ ဆိုင်ခန်းများ ၊ တိုက်ခန်းများနှင့် လုံးချင်းအိမ် တို့ဖြင့်စည်ကားသော မြို့နယ်တစ်ခုအဖြစ် ရောက် ရှိလာပြီးဖြစ်သည် ။

မွောကျဥက်ကလာပရှိရောင်းရန်အိမ်ခြံမြေများ

မွောကျဥက်ကလာပရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)