ဒဂုံမြို့နယ်

ဒဂုံမြို့နယ်သည် ရန်ကုန်မြို့၏ အထင်ကရပေါင်းများစွာနှင့် ရာဇဝင်သမိုင်းကြောင်း အများဆုံးရှိသည့် မြို့နယ် တစ်ခုဖြစ်သည် ။ ရန်ကုန်အစ ဒဂုံကဟုပင် ခေါ်ရလောက်သည်အထိ သမိုင်းတွင်သည့် မြို့နယ်တစ်ခု ဖြစ်သည် ။ ရပ်ကွက်ပေါင်း (၅) ခုဖြင့်ဖွဲ့စည်းထားသော ဒဂုံမြို့နယ်သည် အကျယ်အဝန်း ၁၂ ကီလိုမီတာရှိပြီး မြောက်ဘက်တွင် ဗဟန်းမြို့နယ်၊ အနောက်ဘက်တွင် အလုံမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်ဘက်တွင် လမ်းမတော်မြို့နယ်လသာမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တို့ တည်ရှိသည်။ ရန်ကုန်မြို့၏ အထင်ရှားဆုံးဖြစ်သော ရွှေတိဂုံစေတီတော်မဟာဝိဇယစေတီတော်အမျိုးသားပြတိုက်အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အဆောက်အဦး တို့သည် ဒဂုံမြို့နယ်တွင်တည်ရှိသည်။ မြန်မာပြည်၏ ထိပ်တန်းနာမည်ကြီး အထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂) ဒဂုံကျောင်းများလည်း တည်ရှိသည်။ မြို့နယ်တွင်း နာမည်ကြီး တော်ဝင်ဈေးဝယ်စင်တာကြီးလည်းရှိပြီး သီတဂူဆရာတော်ဖွင့်လှစ်ထားသည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ သင်တန်းကျောင်းလည်း ဒဂုံမြို့နယ်တွင်တည်ရှိသည်။ ဒဂုံမြို့နယ်သည် စည်ကားထွန်းကားသော အထင်ကရနေရာကောင်းများကြောင့် သံရုံးများ၊ ဟိုတယ်များနှင့် သံတမန်ဝန်ထမ်းအိမ်ရာများစွာလည်း တည်ရှိသည်။ အဆင့်မြင့်ကွန်ဒိုများလည်း တည်ရှိပြီး လူသိများ သက်တမ်းရင့် သမ္မတရုပ်ရှင်ရုံတည်ရှိသည့် မြို့နယ် တစ်ခုလည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ဒဂုံမြို့နယ်သည် ရန်ကုန်၏သမိုင်းကြောင်းအစမြို့နယ်တစ်ခု ဖြစ်ခဲ့ပြီး ဟိုရှေးယခင် ရွှေတိဂုံစေတီတော်အနီးတည်ရှိခဲ့သည့် ရွာငယ်လေးဖြစ်ခဲ့ပေမယ့်လည်း ယခုအခါတွင် ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသော အချက်အချာပေါင်းများစွာဖြင့် ပြည့်နှက်သည့်မြို့နယ်တစ်ခုဖြစ်သည်။

ဒဂုံရှိရောင်းရန်အိမ်ခြံမြေများ

ဒဂုံရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)