စမ်းချောင်းမြို့နယ်

ရန်ကုန်မြို့၏စည်ကားသော မြို့နယ်များထဲတွင် စမ်းချောင်းမြို့နယ်သည် တစ်ခုအပါအဝင်ဖြစ်ပြီး လူသွားလူလာ ၂၄ နာရီ မပြတ်သည့်မြို့နယ်ဟုဆိုနိုင်သည် ။ မြို့နယ်၏ မြောက်ဘက်တွင် ကမာရွတ်မြို့နယ် ၊ အရှေ့ဘက်တွင် ဗဟန်းမြို့နယ် ၊ အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် ၊ တောင်ဘက်တွင် ဒဂုံနှင့်အလုံမြို့နယ် တို့ဖြင့်ဝန်းရံလျက်ရှိသည် ။ မြို့နယ်တွင်း မြေနီကုန်းရပ်ကွက် သည် ရန်ကုန်မြို့၏ နာမည်ကြီးရပ်ကွက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည် ။ ရန်ကုန်မြို့၏ အစည်ကားဆုံးနေရာများထဲတွင် ပါဝင်သည့် မြေနီကုန်းသည် ဈေးဝယ်စင်တာ ၊ စူပါမားကတ် ၊ စီးတီးမတ် ၊ စားသောက်ဆိုင်များ နှင့် ၂၄ နာရီဖွင့်သောဆိုင်များ ရှိသဖြင့် အစည်းကားဆုံး ဖြစ်နေရခြင်းဖြစ်သည် ။ ရန်ကုန်မြို့၏ အဓိကပြည်လမ်းမကြီးနှင့်လည်း ထိဆက်နေသည့် မြေနီကုန်းသည် ဘက်စ်ကားများ ပြောင်းစီးရန်အရေးပါသော လမ်းဆုံဖြစ်သည် ။ တာမွေ ဗဟန်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း နှင့် မြို့တွင်းမှလာသည့် ကားများအဓိက ဆုံမှတ်သည် စမ်းချောင်းမြို့နယ်၏ မြေနီကုန်းပင်ဖြစ်သည် ။ မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်လမ်းကြော အလွန်ကြပ်သောနေရာတွင်ပါဝင်ပြီး ယခုအခါ မြေနီကုန်း ဂုံးကျော်တံတား တည်ဆောက်ပြီးစီးခဲ့ပြီး ယာဉ်ကြောကြပ်မှုကိုဖြေရှင်းခဲ့သည် ။ သို့သော် လူနေထူထပ်လာသည့် ရန်ကုန်သည် မော်တော်ယာဉ် နေ့စဉ်တိုးပွားလာပြီး ဂုံးတံတားရှိသော်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပဲ ယာဉ်လမ်းကြောကြပ်သည့် နေရာအဖြစ် တည်ရှိနေစဲဖြစ်သည် ။ ပြည်လမ်း၏ လမ်းသွယ်အဖြစ် ခွဲထွက်သွားသည့် စမ်းချောင်းလမ်းမကြီးသည် မြို့နယ်၏ရပ်ကွက်တွင်း ဆိုသော်လည်း အဝတ်အထည်ဆိုင်များ ၊ ဆိုင်ခန်းများ ၊ ရုံးခန်းအချို့နှင့် စားသောက်ဆိုင်များ ပေါများလွန်းသဖြင့် တိုးမပေါက်အောင် စည်ကားသော လမ်းမကြီးဖြစ်သည် ။ ညနေပိုင်း ရုံးဆင်းချိန်များတွင် မြေနီကုန်းတွင်သာမက ရပ်ကွက်တွင်းလမ်းများပင် ယာဉ်လမ်းကြောပိတ်စို့သည်အထိ စည်းကားလွန်းသည် ။ ထို့ပြင် ဗားကရာလမ်းမပေါ်တွင်တည်ရှိသည့် ကိုးထပ်ကြီးဘုရားသည်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများပြားလျက်ရှိသည့် ဘုရားဖြစ်သည် ။ ပညာရေးနှင့် ပတ်သက်လျင် စမ်းချောင်း အထက်တန်းကျောင်းများသည် လူသိများပြီး မူလတန်းကျောင်း ၁၇ ကျောင်း ၊ အလယ်တန်းကျောင်း ၂ ကျောင်းနှင့် အထက်တန်းကျောင်း ၄ ကျောင်းရှိသည် ။  လူနေထူထပ်ပြီး စည်ကားလွန်းသော စမ်းချောင်းသည် တိုက်ခန်းများ၏ ငှားရမ်းမှုဈေးနှုန်း အနိမ့်ဆုံးပင် ၂ သိန်းဝန်းကျင်ရှိသည် ။ ထို့ကြောင့် လစဉ်ငှားရမ်းခ ၂ သိန်းနှင့်အထက် မတတ်နိုင်လျင် စမ်းချောင်းတွင်နေထိုင်ရန်ပင်ခက်ခဲနိုင်သည် ။ တိုက်ခန်းများငှားရမ်းသည့်အခါ အနည်းဆုံး ၆ လ ဖြင့်ငှားရမ်းမှုများရှိပြီး အချို့တိုက်ခန်းများသည် အနိမ့်ဆုံး ၈ လငှားရမ်းမှုများလညှ်းရှိသည် ။ ယခုအခါတွင် တိုက်ခန်းများ အပြင် ကွန်ဒိုခန်းများ ပေါ်ထွက်လာပြီး တစ်နေ့ထက်တစ်နေ့ လူနေထူထပ်လာပြီဖြစ်သည် ။ စမ်းချောင်းမြို့နယ်၏ ရောင်းဝယ်ငှားရန်ရှိသော အိမ်ခြံမြေ စာရင်းများကိုလည်း iMyanmarHouse မှစု စည်းဖော်ပြ ပေးထားပါသည် ။

စမျးခြောငျးရှိရောင်းရန်အိမ်ခြံမြေများ

စမျးခြောငျးရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)