အလုံမြို့နယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ အလုံမြို့နယ်သည် အကျယ်အဝန်း ၄ ကီလိုမီတာရှိပြီး ရပ်ကွက်ပေါင်း ၁၁ ခုတည်ရှိသည်။ မြို့နယ်၏ မြောက်ဖက်တွင် စမ်းချောင်းမြို့နယ် ကြည့်မြင်တိုင်မြို့နယ်၊ အနောက်ဖက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ဒဂုံမြို့နယ်နှင့် တောင်ဖက်တွင် လမ်းမတော်မြို့နယ် တိုဖြင့် ထိဆက်လျက်ရှိသည်။ အလုံမြို့နယ်တွင်း ကရင်လူမျိုးအမျာအပြား နေထိုင်သည့် ကရင်ခြံရပ်ကွက်တည်ရှိပြီး ခရစ်ယာန်ဘုရားကျောင်း လည်း အများပြားတည်ရှိသည့် မြို့နယ်ဖြစ်သည်။ ကွင်းကျောင်းလမ်းတွင်တည်ရှိသည့် ကွင်းကျောင်း ကျောင်းတိုက် သည်လည်း ဗုဒ္ဓဘာဘာဝင်များအတွက် မြို့နယ်တွင်း အထင်ကရကျောင်းတိုက် ဖြစ်သည်။ အခြားသော ဘာသာခြားလူမျိုးစု အတင့်အသင့်ထိုင်ပြီး ဗလီ ၁ ခုနှင့် ဟိန္ဒူ ဘုရားကျောင်းနှစ်ကျောင်းရှိသည်။ မြို့နယ်၏ အနောက်ဖက် ရန်ကုန်မြစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် အရေးပါသော အေးရှားဝေါလ်ဆိပ်ကမ်း နှင့် မြန်မာ့စက်မှုဆိပ်ကမ်း တည်ရှိသည့်မြို့နယ်လည်းဖြစ်သည်။ ပြည်သူများအပန်းဖြေရန်အတွက် သခင်မြပန်းခြံသည်လည်း မြို့နယ်တွင်း အထင်ကရတစ်ခုဖြစ်ပြီး ဟိုယခင်က ရန်ကုန်မြို့တစ်မြို့လုံးအတွက် ဟင်းသီးဟင်းရွက်၊ အသားငါးများကို အဓိကဖြန့်ဝေပေးခဲ့သည့် သီရိမင်္ဂလာဈေးဟောင်းကြီးရှိခဲ့သော မြို့နယ်လည်းဖြစ်သည်။ ယခုအခါမှာတော့ အဆိုပါဈေးကြီးကို လှိုင်မြို့နယ်တွင် ပြောင်းရွေ့ဖွင့်လှစ်စေခဲ့ပြီး ဖြစ်သည်။ မြို့နယ်တွင်းနေထိုင်သူများအတွက် လူနေတိုက်ခန်းများ၊ အိမ်ရာဝန်းများ၊ လုံးချင်းအိမ်နှင့် မြေကွက်လက်အချို့ကျန်ရှိနေသေးသည့်မြို့နယ်ဖြစ်သလို အသစ်ဆောက်လုပ်လျက်ရှိတဲ့ အထပ်မြင့် အဆောက်အဦးများလည်း တည်ရှိသည့်မြို့နယ်တစ်ခုဖြစ်သည်။ အိမ်ခြံမြေ များအနေနှင့် တိုက်ခန်းငှားရမ်းမှု များလည်းရှိပြီး လုံးချင်းအိမ်ငယ်များအရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြို့နယ်ဖြစ်သည်။ အလုံမြို့နယ်တွင်း ရောင်းရန်၊ ငှားရန်ရှိသော အိမ်ခြံမြေကြော်ငြာများကိုလည်းဖော်ပြပေးလိုက်ရပါသည်။

အလုံရှိရောင်းရန်အိမ်ခြံမြေများ

အလုံရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)