ပုဇွန်တောင်မြို့နယ်

ရန်ကုန်တိုင်းဒေသကြီးတွင် အဓိကသတ်မှတ်ထားသည့်မြို့နယ်များတွင်ပါဝင်သည့် ပုဇွန်တောင်မြို့နယ်သည် ၈.၅၃၈ ကီလိုမီတာကျယ်ဝန်းသောမြို့နယ်ဖြစ်သည် ။ ရပ်ကွက်ပေါင်း ၁၀ ခုဖြင့်ဖွဲ့စည်းထားပြီး တောင်ဖက်နှင့်အနောက်ဖက်တို့တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဖက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဖက်တွင် သာကေတမြို့နယ် ၊ အရှေ့ဖက်တွင် ပုဇွန်တောင်မြစ်၊ တို့တည်ရှိသည် ။ Downtown ဧရိယာတွင်အကျယ်ဆုံးမြို့နယ်လည်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွင်အရေးပါသည့် ပုဇွန်တောင်ဘက်မှ ဒေါပုံသို့ မဟာဗန္ဓုလတံတားဖြင့် ချိတ်ဆက်ပေးထားသည် ။ မူလတန်းကျောင်း ၉ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်း နှင့် အထက်တန်းကျောင်း လေးကျောင်းတည်ရှိသည် ။ ပုဇွန်တောင်ဈေးနှင့် ရေကျော်ဈေးသည် ရန်ကုန်မြို့တွင်းနေထိုင်သူ တော်တော်များသွားရောက်သည့် လူသိများဈေးဖြစ်သည် ။ ဗြိတိသျှလက်ထက် အဆောက်အဦးများကျန်ရှိနေသေးသည့်မြို့နယ်များထဲကတစ်ခုဖြစ်သည့် ပုဇွန်တောင်မြို့နယ်တွင်လည်း ဗြိတိသျှဗိသုကာလက်ရာများကို မြင်တွေ့နိုင်သည် ။ ဘာသာခြားလူမျိုးပေါင်းစုံ စည်းလုံးစွာနေထိုင်သည့် မြို့နယ်ဖြစ်သည့်အပြင် အတော်အသင့်စည်ကားသည့်မြို့နယ်များထဲက တစ်ခုဖြစ်သည် ။ Downtown ဧရိယာတွင် အခြားမြို့နယ်နှင့်ယှဉ်လျင် လူနေတိုက်ခန်းများ ၊ ကွန်ဒိုများ ၊ လုံးချင်းအိမ်များ အတော်အတင့် မျှတစွာရှိသည့်မြို့နယ်လည်းဖြစ်သည် ။ အိမ်ခြံမြေဈေးကွက်အနေဖြင့်အချုပ်အားဖြင့် ဆိုင်ခန်းရုံးခန်း ငှားရမ်းမှုများပြားပြီး နေရာပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကြသည်။ တိုက်ခန်းငှားရမ်းမှုများရှိ ငှားရမ်းခ အနိမ့်ဆုံး ၂ သိန်းခွဲဝန်းကျင်အထိရှိတတ်သည် ။ အချုပ်အားဖြင့်ဆိုသော် ပုဇွန်တောင်မြို့နယ်သည် ဧရိယာကျယ်ဝန်း သည့်အပြင် လူနေထူထပ်ပြီး စည်ကားသွားလာကောင်းသောမြို့နယ်တစ်ခုဖြစ်သည် ။

ပုဇှနျတောငျရှိရောင်းရန်အိမ်ခြံမြေများ

ပုဇှနျတောငျရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)