ပန်းပဲတန်းမြို့နယ်

ရန်ကုန်မြို့၏ downtown ၆ မြို့နယ်တွင် ပန်းပဲတန်းမြို့နယ်သည် အလယ်တည့်တည်တွင်ရှိပြီး အကျယ်အဝန်းအားဖြင့် 0.76 ကီလိုမီတာကျယ်ဝန်းသည် ။ မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး အရှေ့ဖက်တွင် ကျောက်တံတားမြို့နယ်၊ တောင်ဖက်တွင် ရန်ကုန်မြစ်နှင့်ဆိပ်ကမ်းမြို့နယ် ၊  အနောက်ဖက်တွင် လသာမြို့နယ်၊ မြောက်ဖက်တွင် ဒဂုံမြို့နယ်တို့ ဝန်းရံတည်ရှိသည် ။

မူလတန်းကျောင်း ၃ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်း ၃ ကျောင်းတည်ရှိသည့် မြို့နယ်ဖြစ်သည် ။ ပန်းပဲတန်း အ.ထ.က(၂)သည် ရန်ကုန်မြို့နယ်တွင်းလူသိများသည့် အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည် ။ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦး အချို့ကျန်ရှိသည့် မြို့နယ်များထဲတွင် ပန်းပဲတန်းမြို့နယ်သည်လည်း ပါအဝင်ဖြစ်သည်။ ရန်ကုန်မြို့၏ အထင်ကရဟု ဆိုနိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ရန်ကုန်မြို့တွင်ဈေးဝယ်ရန် အကြီးဆုံးကုန်တိုက်ဟုဆိုနိုင်သည့် သိမ်ကြီးဈေး တည်ရှိသည့် မြို့နယ်ဖြစ်သည်။ သွားလာရလွယ်ကူအဆင်ပြေသည့်နေရာကောင်းမြို့နယ် ဖြစ်ပြီး ရန်ကုန်မြို့၏အလွန်စည်ကားသောမြို့နယ်တစ်ခုတွင်ပါဝင်သည်။ လူနေထူထပ်မှုနဲ့အတူ ကုန်သည်များ၊ ဈေးဝယ်သူများအလွန်ပေါများပြီး မြို့နယ်တွင်းနေထိုင်သူများသည် တိုက်ခန်းနှင့်ကွန်ဒိုတွင်အများဆုံးနေထိုင်ပြီး လုံးချင်းအိမ်ဖြင့်နေထိုင်သူမှာ မရှိသလောက်ရှားသည်။ အကြောင်းရင်းမှာမြို့တွင်းဧရိယာဖြစ်ပြီး အင်္ဂလိပ်ခေတ်လက်ထပ် ကတည်းက မြို့နယ်ကို စနစ်တကျ တိုက်ခန်းများဖြင့် အကွက်ကျကျ တည်ဆောက်ခဲ့ပြီး မြေကွက်အလွတ်များလည်းအလွန်ရှားပါးသည့်မြို့နယ်ဖြစ်သည် ။ ရှိခဲ့လျင်လည်း ယခုခေတ်ကလာဈေးဖြင့်ယှဉ်လျင် အလွန်ဈေးနှုန်းမြင့်သည့် နေရာတစ်ခုဖြစ်နေလိမ့်မည်။ အိမ်ခြံမြေ အရောင်းအဝယ်များအနေနှင့် နောက်ပိုင်းဆောက်လုပ်ထားသည့် တိုက်ခန်းများ အရောင်းအဝယ် အနည်းငယ်ရှိပြီး ဆိုင်ခန်း၊ ရုံးခန်းများအတွက် ငှားရမ်းမှုများလည်းရှိသည်။ အချုပ်အားဖြင့်ဆိုသော် ပန်းပဲတန်းသည် ရန်ကုန်မြို့တွင်သတ်မှတ်ထားသော အဓိကမြို့နယ်များဖြစ်သည့် လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်များနည်းတူ ရှေးကျပြီးတန်းဖိုးရှိ သည့် လက်ကျန်ဗိသုကာအဆောက်အဦးများနှင့်အင်္ဂလိပ်ခေတ်ယဉ်ကျေးမှုများကိုမြင်တွေ့နိုင်သောမြို့နယ်များ ဖြစ်ပေသည်။

ပနျးပဲတနျးရှိရောင်းရန်အိမ်ခြံမြေများ

ပနျးပဲတနျးရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)