ကျောက်တံတားမြို့နယ်

ကျောက်တံတားမြို့နယ်သည် ရန်ကုန်မြို့တွင်းသတ်မှတ်ထားသည့် downtown ဧရိယာတွင် အလယ်တည့်တည့်တွင်ရှိသော မြို့နယ်ဖြစ်သည် ။ ရပ်ကွက်ပေါင်း (၉) ခုဖြင့်ဖွဲ့စည်းထားပြီး အရှေ့ဖက်တွင် ဗိုလ်တထောင်မြို့နယ် ၊ တောင်ဖက်တွင် ရန်ကုန်မြစ်နှင့်ဒဂုံဆိပ်ကမ်းမြို့နယ်၊ အနောက်ဖက်တွင် ပန်းပဲတန်းမြို့နယ် ၊ မြောက်ဖက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တည်ရှိသည် ။ Downtown ဧရိယာထဲတွင် အချက်အချာအကျဆုံး မြို့နယ်ဖြစ်ပြီး ယခင်အစိုးရရုံးအများဆုံး စိုက်ခဲ့သည့်နေရာဖြစ်ခဲ့သလို ရှေးဟောင်းဗိသုကာ အဆောက်အဦးကြီးများ မပျက်စီးပဲ ယနေ့တိုင်ခန့်ညားထည်ဝါစွာရှိသည့် မြို့နယ်လည်း ဖြစ်သည် ။

ရန်ကုန်မြို့၏ အထင်ကရ ဆူးလေဘုရား ၊ ရန်ကုန်မြို့တော်ခန်းမ နှင့် မဟာဗန္ဓုလပန်းခြံတို့သည် လူသိများစည်ကားသောနေရာကောင်းတစ်ခုဖြစ်သည် ။ ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်အဦးများဖြစ်သည့် ဆူးလေရှန်ဂရီလာဟိုတယ်(ယခင်ကုန်သည်ကြီးများဟိုတယ်) ၊ ဆာကူရာတာဝါ နှင့် စင်တာပွိုင့်တာဝါတို့ တည်ရှိသည် ။ နိုင်ငံတကာသံရုံးအများအပြားလည်းတည်ရှိပြီး သြတေးလျသံရုံး ၊ အန္ဒိယသံရုံး နှင့် အင်္ဂလန်သံရုံးတို့လည်း တည်ရှိသည့်မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ အစိုးရဌာန အဆောက်အဦးများသည်လည်း ရှေးကျပြီး သမိုင်းဝင်ဗိသုကာလက်ရာ အမြောက်အများပါဝင်လျက်ရှိသည် ။ ဆိုင်ခန်း ၊ ရုံးခန်းငှားရမ်းမှု များပြားသည့်မြို့နယ် တစ်ခုဖြစ်ပြီး ဆာကူရာတာဝါ အတွင်းတွင်လည်း ရုံးခန်းများ အများအပြား ငှားရမ်းမှုရှိသော နေရာတစ်ခုဖြစ်သည် ။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများသည့် မြို့နယ်တစ်ခုဖြစ်သည်နှင့် အညီ မနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက်ရုံးဆင်း ချိန်တွင် အလွန်ရှုပ်ထွေးသည့် အပြင် ကျန်ရုံးပိတ်ရက်များလည်း စည်းကားသောမြို့နယ်ဖြစ်သည်။ ရုံးပိတ်ရက်များတွင် အခြားနေ့များနည်းတူ စည်ကားရသည့် အကြောင်းအရင်း သည် ရုပ်ရှင်ရုံများဖြစ်သည့် နေပြည်တော် ၊ အရှေ့ဆောင် ၊ သွင် အစရှိသည့် နာမည်ကြီး ရုပ်ရှင်ရုံများကြောင့် နေ့ရောညပါ စည်းကားရခြင်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးတွင် ခရီးသွားပြည်သူများအတွက် အချက်အချာကျဆုံး

စင်တာပွိုင့် ဖြစ်သောကြောင့် ဘက်စ်ကားများ အများဆုံး ဖြတ်သန်းသွားရသည့်မြို့နယ်ဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော ကျောက်တံတားမြို့နယ်သည် ယခုမှပြန်လည်ဆောက်လုပ်ထားသည့် တိုက်ခန်းအသစ်များနည်းပါးပြီး ယခင်နှစ်များစွာကတည်းက ရှိနေသည့် တိုက်ခန်းအဆောက်အဦးအများအပြား တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်ပြီး အသွားအလာထူထပ်သော အဓိကအချက်အချာကျသော နေရာကောင်းဖြစ်သည် ။

 

ကြောကျတံတားရှိရောင်းရန်အိမ်ခြံမြေများ

ကြောကျတံတားရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)