အဆောက်အအုံဖျက်သိမ်းခွင့် အိမ်ဟောင်းဖျက်ခြင်း

အဆောက်အအုံဖျက်သိမ်းခွင့် အိမ်ဟောင်းဖျက်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2021 10:56 am တွင် တင်ခဲ့သည်
1049 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode] အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်မရှိပါဘူး။ အဆောက်အဦ ဖြိုဖျက်ရာတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၌ အဆောက်အအုံ ဖျက်သိမ်းခွင့် ဦးစွာလျှောက်ထားရမှာဖြစ်ပါသည်။အဆောက်အအုံဖျက်သိမ်းခွင့် ခွင့်ပြုချက်ရမှသာ အဆောက်အဦကို တရားဝင် ဖျက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အဆောက်အဦဖျက်သိမ်းပြီးမှသာ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ၃ထပ်နှင့်အောက် အထပ်နိမ့်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပြီး ၄ထပ်နှင့်အထက် အထပ်မြှင့်ဆိုလျှင် မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဆက်လက်လျှောက်ထားရမှာ ဖြစ်ပါသည်။

လိုအပ်သည့်စာရွက်စာတမ်းများ

- အဆောက်အအုံဖျက်သိမ်းခြင်းအတွက် တာဝန်ယူကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်၊

- အဆောက်အအုံ ဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်၊

- အိမ်ရှင်/အိမ်ငှား ပြဿနာကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တင်ပြရန်၊

- ‌မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ၊

- ‌လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

- ဖျက်သိမ်းမည့်အဆောက်အအုံ၏ ဓာတ်ပုံနှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓာတ်ပုံ စသည့်စာရွက်စာတမ်းများဖြင့် လျှောက်ထားရမှာဖြစ်ပါသည်။

အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်အတွက် ပုံစံစစ်ဆေးခမှာ တိုက်/Steel ၁ စတုရမ်းပေ ၃၀ကျပ်၊ အုတ်ညှပ် ၁ စတုရမ်းပေ ၂၅ကျပ်၊ ပျဉ် ၁ စတုရမ်းပေ ၂၀ကျပ်ဖြင့် ပေးသွင်းရမှာဖြစ်ပါသည်။ဖျက်သိမ်းခွင့်မတင်ဘဲ ကြိုတင်ဖျက်သိမ်းတယ်ဆိုလျှင် ကြိုတင်ဖျက်သိမ်းဒဏ်ကြေးအဖြစ် တိုက်/Steel ၁စတုရမ်းပေ ၆၅ ကျပ်၊ အုတ်ညှပ် ၁ စတုရမ်းပေ ၅၅ ကျပ်၊ ပျဉ် ၁စတုရမ်းပေ ၃၅ ကျပ်ဖြင့် ဒဏ်ကြေးပေးသွင်းရမှာ ဖြစ်ပါသည်။

ထို့ကြောင့် အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားပြီးမှ အဆောက်အအုံဖျက်သိမ်းကြရန် သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာက္အအံုဖ်က္သိမ္းခြင့္ အိမ္ေဟာင္းဖ်က္ျခင္း

အေဆာက္အအုံဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမ႐ွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္မ႐ွိပါဘူး။ အေဆာက္အဦ ၿဖိဳဖ်က္ရာတြင္ သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီ၌ အေဆာက္အအုံ ဖ်က္သိမ္းခြင့္ ဦးစြာေလွ်ာက္ထားရမွာျဖစ္ပါသည္။အေဆာက္အအုံဖ်က္သိမ္းခြင့္ ခြင့္ျပဳခ်က္ရမွသာ အေဆာက္အဦကို တရားဝင္ ဖ်က္ခြင့္႐ွိမွာ ျဖစ္ပါတယ္။ အေဆာက္အဦဖ်က္သိမ္းၿပီးမွသာ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ကို ၃ထပ္ႏွင့္ေအာက္ အထပ္နိမ့္ဆိုလွ်င္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတြင္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ၄ထပ္ႏွင့္အထက္ အထပ္ျမႇင့္ဆိုလွ်င္ ၿမိဳ႕ေတာ္ခန္းမ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)တြင္ ဆက္လက္ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

လိုအပ္သည့္စာ႐ြက္စာတမ္းမ်ား

- အေဆာက္အအုံဖ်က္သိမ္းျခင္းအတြက္ တာဝန္ယူေၾကာင္း ေျမ႐ွင္မွ ခံဝန္ကတိတင္ျပရန္၊

- အေဆာက္အအုံ ဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္႐ွိေသာ အေဆာက္အအုံ ပ်က္စီးမႈမ႐ွိေစရန္ ဖ်က္သိမ္းပါမည့္အေၾကာင္း မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာႏွင့္ေျမ႐ွင္တို႔မွ ခံဝန္ကတိတင္ျပရန္၊

- အိမ္႐ွင္/အိမ္ငွား ျပႆနာကင္း႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္တင္ျပရန္၊

- ‌ေျမပိုင္ဆိုင္မႈအေထာက္အထားမိတၱဴ၊

- ‌ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ

- ဖ်က္သိမ္းမည့္အေဆာက္အအုံ၏ ဓာတ္ပုံႏွင့္ေဘးႏွစ္ဖက္႐ွိ အေဆာက္အအုံမ်ား၏ ဓာတ္ပုံ စသည့္စာ႐ြက္စာတမ္းမ်ားျဖင့္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။

အေဆာက္အအုံေဟာင္းဖ်က္သိမ္းခြင့္အတြက္ ပုံစံစစ္ေဆးခမွာ တိုက္/Steel ၁ စတုရမ္းေပ ၃၀က်ပ္၊ အုတ္ညႇပ္ ၁ စတုရမ္းေပ ၂၅က်ပ္၊ ပ်ဥ္ ၁ စတုရမ္းေပ ၂၀က်ပ္ျဖင့္ ေပးသြင္းရမွာျဖစ္ပါသည္။ဖ်က္သိမ္းခြင့္မတင္ဘဲ ႀကိဳတင္ဖ်က္သိမ္းတယ္ဆိုလွ်င္ ႀကိဳတင္ဖ်က္သိမ္းဒဏ္ေၾကးအျဖစ္ တိုက္/Steel ၁စတုရမ္းေပ ၆၅ က်ပ္၊ အုတ္ညႇပ္ ၁ စတုရမ္းေပ ၅၅ က်ပ္၊ ပ်ဥ္ ၁စတုရမ္းေပ ၃၅ က်ပ္ျဖင့္ ဒဏ္ေၾကးေပးသြင္းရမွာ ျဖစ္ပါသည္။

ထို႔ေၾကာင့္ အေဆာက္အအုံဖ်က္သိမ္းခြင့္ ေလွ်ာက္ထားၿပီးမွ အေဆာက္အအုံဖ်က္သိမ္းၾကရန္ သတိေပးအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service