မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ္ပဏီရပ်ဆိုင်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ္ပဏီရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
4 Feb 2021 12:51 pm တွင် တင်ခဲ့သည်
1393 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)
[Unicode]
ထိုင်းနိုင်ငံမှ အကြီးမားဆုံးစက်မှုအိမ်ခြံမြေ developer ကုမ္ပဏီကြီးဖြစ်သော Amata က မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်နေသောကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိစီမံကိန်း၏ လုပ်ငန်းများရပ်ဆိုင်းလိုက်ကြောင်း asia.nikkeiသတင်းတစ်ရပ်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်ကအာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ပေါ်ပေါက်လာနိုင်သည့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများအကြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားကြမည်ကိုရတက်မအေးဖြစ်ကာယခုကဲ့သို့ စီမံကိန်းရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
Amataကုမ္ပဏီသည် ရန်ကုန်မြို့ပြင်ရှိဧက ၂၀၀၀ ကျယ်ဝန်းသောစက်မှုဇုန်စီမံကိန်းကို ပြီးခဲ့သောဒီဇင်ဘာလကမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်အားပေးရုံသစ်တစ်ခုပါဝင်သည့် အဆိုပါစီမံကိန်းကိုရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Amataကုမ္ပဏီ၏ ဈေးကွက်အကြီးအကဲအရာရှိ ViboonKromadit က သတင်းထောက်များကိုအင်္ဂါနေ့တွင် ပြောသည်။
အဆိုပါ ကြေညာချက်သည် တပ်မတော်အာဏာသိမ်းမှု၏ ရိုက်ခတ်မှု လက္ခဏာတစ်ခုလည်း ဖြစ်သည်။
တပ်မတော်အာဏာသိမ်းမှုမှာတနင်္လာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်ဖက်ခေါင်းဆောင်များကိုဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
“အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှု ဖြစ်ပေါ်လာနိုင်မှုအပေါ် ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါကတော်တော်ဖြစ်နိုင်ချေ ရှိပါ တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ဖြစ်ပါတယ်။ အဲဒါတွေသာ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအသစ် တွေနဲ့ ပတ်သက်ပြီးဆိုးဆိုးရွားရွားထိခိုက်လိမ့်မှာအသေအချာပါပဲ” ဟု ViboonKromadit က ပြောကြားသည်။
Amata အနေဖြင့် ရွေးချယ်စရာမရှိကြောင်း၊ သို့သော် စောင့်ကြည့်သည့် နည်းလမ်းဖြင့် ယခုအခြေအနေကိုချဉ်းကပ်သွားမည် ဖြစ်ကြောင်းViboon က ပြောသည်။
“ကိုဗစ်က ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပါတယ်။ အခုအခါ အာဏာသိမ်းမှုကအခြေအနေကိုပိုမိုဆိုးရွားစေပြီးရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စောင့်ကြည့်ရမှုတွေ ဖြစ်စေပါတယ်။ မြေယာ developer တစ်ဦးဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့လည်းအခြေအနေကိုစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်” Amata ၏ ထုတ်ပြန်ချက်အရအဆိုပါဇုန်အတွင်းထုတ်လုပ်ရေးအခြေစိုက်စခန်းတည်ထောင်ရန်အတွက် မြေဝယ်ရန် ညှိနှိုင်းနေသည့် ကုမ္ပဏီ ၂၀ ဝန်းကျင်ခန့်ရှိပြီးအများစုမှာဂျပန် ကုမ္ပဏီများဖြစ်ကြောင်းဖော်ပြသည်။
ဆောက်လုပ်မှု ပထမဆင့်အတွက် ဘတ်ငွေ သန်း ၁၄၀ (ကန်ဒေါ်လာ ၄ ဒသမ ၇ သန်း) ခန့် သုံးစွဲထားခဲ့ပြီးဖြစ်ကြောင်း Amata က ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thailand's Amata halts $1bn Myanmar property project after coup (asia.nikkei)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)