ကွယ်လွန်သူအဘိုးအဘွားနှင့် မိဘများ၏အမွေအားရပိုင်ခွင့်
ကွယ်လွန်သူအဘိုးအဘွားနှင့် မိဘများ၏အမွေအားရပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2021 2:53 pm တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
“ရှေ့နေကြီးရယ် ၊ အကူအညီပေးပါဦးရှင့် ” ဟု ပြောလာသူမှာ ကျွန်တော်နှင့် ဂေါက်ရိုက်ဖက်မိတ်ဆွေကြီး ၊ လျှပ်စစ်မီးသုံးသည့် ဝါယာကြိုးစက်ရုံပိုင်ရှင် ဦးချစ်ဆွေ၏ သမီးကြီးဖြစ်သူ မသက်သက်ဆွေဖြစ်ပါသည် ။ သူမသည် မိခင်ကွယ်လွန်သည်မှာ ၁၀ နှစ်ခန့်ရှိပြီး မောင်နှမ ၄ယောက်အနက်မှ သြရသသမီးဖြစ်ကာမိဘထံမှ အမွေပစ္စည်း၏ လေးပုံတစ်ပုံကို ရယူလို၍ အမွေဆိုင်ပစ္စည်းလက်ရောက် တောင်းရမလား ၊ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးရန် ခွဲရမလား ၊ ပစ္စည်းလက်ရောက်ရရန် သက်သာခွင့်တောင်းရမလား ဆိုသည်ကို ကျွန်တော့်ထံ အကြံညဏ်တောင်းခြင်းဖြစ်ပါသည် ။
ကျွန်တော်က “ မိသက်ရေ ၊ သမီးပြောမှပဲ သမီးအမေဆုံးတာ ၁၀ နှစ်ပြည့်သွားမှန် သတိရတော့တယ် ။ကိုယ့်မိတ်ဆွေ ကိုချစ်ကြီးကတော့ ကျန်းမားရေကောင်းတော့ ဂေါက်ကွင်းမှာပဲ ဆုံဖြစ်ကြပေမယ့် အမွေပုံအကြောင်းကို ဘာမှမပြောဘူးကွဲ့ ” ဟုဆိုရင် “ မိသက်က အခုမှ ဘာဖြစ်လို့ အမွေပုံပစ္စည်းတောင်းချင်နေရတာလဲဆိုတာ ရှင်းပြပါဦးကွာ ” ဟု ပြောရာ သူမက
“ ဒီလိုပါ ဦးဦးရှေ့နေကြီးရယ် ၊ သမီးကမိမိရမယ့်အမွေကို မက်လို့မဟုတ်ပါဘူး ။အခုက ဖေဖေ့ဆီက အမွေစုဟာ သမီးအဒေါ်နဲ့လည်း ပတ်သက်နေလို့ပါ ။ကွယ်လွန်သွားပြီဖြစ်တဲ့ အဘိုးအဘွားဆီက တစ်ဆင့်ရမယ့် အမွေပုံဟာ ဖေဖေနဲ့ သူ့ညီမတို့ပဲ ရမှာလေ ။မခွဲစိတ်ရသေးမီမှာပဲ မေမေဆုံးသွားတော့ သမီးက သြရသသမီးအနေနဲ့ အမွေပစ္စည်းရဲ့ လေးပုံတစ်ပုံကို တောင်းခွင့်ရှိပြီး ကာလစည်းကမ်းသက်က ၁၂နှစ်မကျော်မီ တောင်းဆိုနိုင်တယ်ဆိုလို့ပါ ။ အခု ၁၀ နှစ်ရှိပြီဆိုတော့ ၁၂ နှစ်ပြည့်တော့မှာလေ ။နောက်ကျသွားရင် ရသင့်သလောက် မရဘဲ ဖြစ်နေဦးမယ် ။နောက်ပြီး ဖေဖေရဲ့ ညီမဖြစ်တဲ့ အမွေဆိုင်က အခုထပ်ပြီး ကိတ္တိမသမီးတစ်ယောက်ကို မွေးစားဖို့ ပြင်ဆင်နေတယ် ။ အဲဒါဆို ပိုပြီးတော့ စာရင်းရှုပ်သွားမယ်ထင်လို့ ဦးရယ် ။ကူညီပါဦးနော် ” ဟု ပြောပါသည် ။
ကျွန်တော်က “ အေးပါ ။ မိသက်ရယ် .သမီးအနေနဲ့က အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနဲ့ ခွဲရမယ် ။ကိုယ့်လက်ထဲကို ချက်ချင်းရရှိမှာမဟုတ်ပေမယ့် ပိုင်ရေးပိုင်ခွင့်ကိုတော့ သတ်မှတ်ချက်တစ်ခု ရလာမှာပါကွယ် ”
“ အဲ့ဒါနဲ့ပတ်သက်ပြီး စီရင်ထုံးတွေလည်းရှိပါတယ် ။ သမီးနားလည်အောင်ရှင်းပြပေးပါ့မယ်”
“ ဒေါ်ဝင်းဝင်းမေးသန်းနှင့် ဦးခင်မောင်သန်းပါ ၂ ၊ ၂၀၀၀ ပြည်နှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၃၂ ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၄၁၇ ” စီရင်ထုံးမှာ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် အဘိုးအဘွားများ ကွယ်လွန်ချိန်တွင် တရားလို၏ ဖခင်နှင့် ဖခင်၏ညီမတို့ကျန်တယ် ။တရားလို၏ မိဘများဟာ ၎င်းတို့၏ မိဘများထံမှ အမွေဆက်ခံရရှိပြီး ပစ္စည်းလက်ရောက်မရမီ မိခင်ကွယ်လွန်ပါတယ် ။ တရားလိုသည် မိခင်ကွယ်လွန်သောအခါ သြရသသမီးအနေဖြင့် အမွေရထိုက်ခွင့်ရှိ ၊ မရှိ စီရင်ဆုံးဖြတ်တာဖြစ်ပါတယ် ”
“ အမှုမှာ ရန်ကုန်တိုင်းတရားရုံး (အနောက်ပိုင်းခရိုင် ) ၁၉၉၈ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၄၆၀ တွင် ဒေါ်ဝင်းဝင်းမေသန်းက ဖခင် ဦးခင်မောင်သန်းနှင့် အဒေါ် ဒေါ်တင်တင်လှတို့ အပေါ် စာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနဲ့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုတယ် ။တိုင်းတရားရုံးက အမှုကိုရောက်ရှိသည့်အဆင့်မှ ဆက်လက်စစ်ဆေးမယ်လို့ အမိန့်ချမှတ်တာကို ဦးခင်မောင်သန်းနှင့် ဒေါ်တင်တင်လှတို့က မကျေနပ်၍ တရားရုံးချုပ်တွင် ၁၉၉၉ ခုနှစ် ၊ တရားမပြင်ဆင်မှုအမှတ် ၄၀ အရ ပြင်ဆင်မှုတက်ရောက်ရာ တရားရုံးချုပ်က ပြင်ဆင်မှုကို ခွင့်ပြုပြီး ဒေါ်ဝင်းဝင်းမေသန်းစွဲဆိုသော အဆိုလွှာကို ပယ်ခဲ့ပါတယ် ။ ဒါကြောင့် ဒေါ်ဝင်းဝင်းမေသန်းက တရားရုံးချုပ်၏ အမိန့်ကို မကျေနပ်၍ ၁၉၈၈ ခုနှစ် တရားစီရင်ရေးပုဒ်မ ၆ အရ ပြန်လည်စစ်ဆေးပေရန် လျှောက်ထား၍ တရားရုံးချုပ်အထူးခုံရုံးက ဤအထူးအယူခံအမှုကို ကြားနာ်းရန် အယူခံဝင်ခွင့်ပြုတယ် ”
“ ဖြစ်စဉ်မှာ အယူခံတရားလို ဒေါ်ဝင်းဝင်းမေးသန်း၏ အဘိုး ဦးမောင်မောင်နှင့် အဘွားဒေါ်ခင်တင့်တို့ အသီးသီးကွယ်လွန်သွားရာ ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ် ၊ မြေတိုင်းရပ်ကွက်အမှတ် ၃၂ ၊ လူနေရပ်ကွက် ၊ မြေကွက်အမှတ် ၅/၃ မြေပိုင်မြေကွက်ကြီးအား ဦးခင်မောင်သန်း၊ ဒေါ်တင်တင်လှမောင်နှမတို့က မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ အမွေဆက်ခံပိုင်ဆိုင်လာခဲ့ကြပြီးနောက် အဆိုပါ မြေကွက်၏ မူလအမည်ပေါက် ဦးမောင်မောင် ၊ ဒေါ်ခင်တင့် အမည်မှ ဦးခင်မောင်သန်း ၊ ဒေါ်တင်တင်လှ အမည်သို့ တရားဝင်ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း အယူခံတရားလိုသည် အယူခံတရားပြိုင်များအပေါ် စာချုပ်ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှုနှင့် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုအဖြစ် သက်သာခွင့်နှစ်ရပ်ကို တစ်ပြိုင်တည်း ပူးတွဲစွဲဆိုထားကြောင်း ၊ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြေးဖြစ်သူ အယူခံတရားလိုသည် ဖခင်ဖြစ်သူ အယူခံတရားပြိုင် (၁)ကို ကျော်လွန်၍ အဘိုးအဘွားများ၏ အမွေပုံပစ္စည်းများကို တိုက်ရိုက်အမွေဆက်ခံခွင့်ရှိကြောင်းကို ပြဌာန်းချက်တစ်စုံတစ်ရာလည်း မရှိကြောင်း ၊ မိခင်ကွယ်လွန်ပြီးနောက် သြရသသမီးအနေဖြင့် မိဘနှစ်ပါး၏ အမွေပစ္စည်းအပေါ်တွင် သြရသဝေစုကို တောင်းဆိုခြင်းဖြစ်ရာ အယူခံတရားပြိုင်တို့၏ အမွေဆက်ခံပ်ိုင်ဆိုင်သော စာချုပ်သည် တရားလို၏ သြရသပိုင်ဆိုင်မှုအစိတ်အပိုင်းနှင့် ပတ်သက်သရွေ့ ပျက်ပြယ်ကြောင်းစွဲဆိုခြင်းဟာ ဥပဒေပြဌာန်းချက်များ ၊ စီရင်ထုံးပြုထားချက်များအရ များစွာမှားယွင်းလျက်ရှိကြောင်း ပြင်ဆင်ဖြေဆိုလျက် တရားရုံးချုပ်က ဒေါ်ဝင်းဝင်းမေသန်း၏ စွဲဆိုသည့် အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ အမိန့် ၇နည်းဥပဒေ ၁၁ (က)အရ ပယ်လိုက်ကြောင်း အမိန့်ချမှတ်ခြင်းသည်မှားယွင်းမှုမရှိကြောင်းကို လျှောက်လဲတင်ပြပါတယ် ”
“ သို့သော် အထူးအယူခံရုံးက စီရင်ဆုံးဖြတ်ရာမှာ တရားလို ဒေါ်ဝင်းဝင်းမေသန်းဟာတရားပြိုင် (၁) ဦးခင်မောင်သန်းနှင့် ကွယ်လွန်သူ ဒေါ်ညွန့်ရီ၏ သား ၊ သမီး ၃ ဦးအနက် အကြီးဆုံးသမီးဖြစ်တယ် ။၎င်းက သြရသသမီးအဖြစ် မိဘများ၏ အမွေပစ္စည်းတွင် သြရသအမွေဝေစုကို တောင်းခံခြင်းဖြစ်ကြောင်း အမှုတွင် အငြင်းမပွားပေ ” “ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေတွင် သြရသအခွင့်အရေးနှင့် ပတ်သက်၍ မိဘနှစ်ပါးအနက် သေသူသည် အဖေဖြစ်၍ သြရသမှာ သားဖြစ်လျှင် သို့မဟုတ် သေဆုံးသူမှာ အမိဖြစ်၍ သြရသသမီးဖြစ်လျှင် မိဘ၏အမွေပစ္စည်း၏ လေးပုံတစ်ပုံကို တောင်းဆိုခွင့်ရှိကြောင်းအား “ ထွန်းသားနှင့် မသစ် ၊ အယ်ဘီအာရ် ၅၆ ပီစီ ၊ အမှု ” “ မောင်စိုးနှင့် မောင်ဖိုးသိန် ၁ ၊ ရန်ကုန် ၊ စာ-၃၆၃ အမှု” နဲ့ “ ကတ်ဝုနှင့် မောင်ဆင် ၊ ၂ ၊ ရန်ကုန် ၊ စာ - ၆၉၃ အမှု ” တို့ကို ရည်ညွန်းတွေ့ရှိနိုင်ပါတယ် ”
“ တရားလို၏ မိဘ ဦးခင်မောင်သန်းနှင့် ဒေါ်ညွန့်ရီတို့မှာ ဦးခင်မောင်သန်း၏ မိဘများထံမှ အမွေဆက်ခံခွင့်ရရှိပြီး ပစ္စည်းလက်ရောက်မရရှိမီ မိခင် ဒေါ်ညွန့်ရီမှာ ကွယ်လွန်ခဲ့တယ် ။အထက်က စီရင်ထုံးလမ်းညွန်ချက်များအရ အမွေပစ္စည်းလက်ရောက်မရမီ မိခင်ကွယ်လွန်ခဲ့သော်လည်း ယင်းပစ္စည်းအပေါ်တွင် ဒေါ်ဝင်းဝင်းမေသန်း သည် သြရသသမီး အနေဖြင့် အမွေရထိုက်ခွင့်ရှိကြောင်း ထင်ရှားပါတယ် ”
“ တရားရုံးချုပ်က အယူခံတရားပြိုင် ဦးခင်မောင်သန်းနှင့် ဒေါ်တင်တင်လှသည် မိဘများကျန်ရစ်သော အမွေပစ္စည်းတွင် မခွဲမစိတ်ရသေးသဖြင့် ဦးခင်မောင်သန်းပိုင်ဆိုင်မှုကို မသတ်မှတ်ရသေးကြောင်း ၊ ၎င်း၏ ပိုင်ရေးပိုင်ခွင့်သီးသီးသန့်သန့် မသတ်မှတ်ရသေးသည့်အတွက် ထိုပစ္စည်းအပေါ် တရားလိုသြရသဝေစုအဖြစ် မတောင်းခံနိုင်ကြောင်း ၊ တရားလိုသည် တရားစွဲဆိုရန် အကြောင်းအပေါ်ပေါက်ကြောင်း ကောက်ယူသုံးသပ်ငြင်းချက်ထုတ်ပါတယ် ”
“တရားလို၏ အဆိုလွှာအရ တရားလိုသည် သြရသသမီးအဖြစ် မိဘပိုင်ပစ္စည်းအပေါ်အမွေခွဲဝေပေးရန် စွဲဆိုခြင်းဖြစ်ရာ တရားစွဲဆိုရန် အကြောင်းမရှိ ဟု မဆိုနိုင်ပါ ။ သို့ဖြစ်၍ ဤ အထူးအယူခံခုံရုံးက ကြားနာလျက်ရှိသော ပြဿနာနှင့်စပ်လျဉ်း၍ “ သြရသ၏ အမိန့်သည်မှန်ကန်မျှတမှုမရှိကြောင်း ” ထို့ကြောင့် ဤ အထူးအယူခံမှုကို ခွင့်ပြုပြီး တရားရုံးချုုပ်၏စီရင်ချက်နှင့် ဒီဂရီကို ပယ်ဖျက်၍ တိုင်းတရားရုံးသည် မူလမှုအမှတ်အတိုင်း ပြန်လည်ဖွင့်လှစ်၍ ဥပဒေနှင့်အညီ စစ်ဆေးစီရင်ရန် ညွန်ကြားပါတယ် ”
“ ဒါကြောင့် မို့ မိသက်ရေ ၊ သမီးရဲ့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုကို စွဲဆိုနိုင်ပြီး ဥိးကပဲ လိုအပ်တဲ့ အကူအညီပေးပြီး အကျိုးဆောင်ပေးပါရစေကွယ် ” ဟု ပြောကာ နှစ်သိမ့်နှုတ်ဆက်၍ ပြန်လာခဲ့ပါတော့သည် ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ကြယ်နီလေး(တရားလွှတ်တော်ရှေ့နေ)
[Zawgyi]
“ ဖြစ်စဉ်မှာ အယူခံတရားလို ဒေါ်ဝင်းဝင်းမေးသန်း၏ အဘိုး ဦးမောင်မောင်နှင့် အဘွားဒေါ်ခင်တင့်တို့ အသီးသီးကွယ်လွန်သွားရာ ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ် ၊ မြေတိုင်းရပ်ကွက်အမှတ် ၃၂ ၊ လူနေရပ်ကွက် ၊ မြေကွက်အမှတ် ၅/၃ မြေပိုင်မြေကွက်ကြီးအား ဦးခင်မောင်သန်း၊ ဒေါ်တင်တင်လှမောင်နှမတို့က မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ အမွေဆက်ခံပိုင်ဆိုင်လာခဲ့ကြပြီးနောက် အဆိုပါ မြေကွက်၏ မူလအမည်ပေါက် ဦးမောင်မောင် ၊ ဒေါ်ခင်တင့် အမည်မှ ဦးခင်မောင်သန်း ၊ ဒေါ်တင်တင်လှ အမည်သို့ တရားဝင်ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း အယူခံတရားလိုသည် အယူခံတရားပြိုင်များအပေါ် စာချုပ်ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးစေလိုမှုနှင့် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုအဖြစ် သက်သာခွင့်နှစ်ရပ်ကို တစ်ပြိုင်တည်း ပူးတွဲစွဲဆိုထားကြောင်း ၊ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြေးဖြစ်သူ အယူခံတရားလိုသည် ဖခင်ဖြစ်သူ အယူခံတရားပြိုင် (၁)ကို ကျော်လွန်၍ အဘိုးအဘွားများ၏ အမွေပုံပစ္စည်းများကို တိုက်ရိုက်အမွေဆက်ခံခွင့်ရှိကြောင်းကို ပြဌာန်းချက်တစ်စုံတစ်ရာလည်း မရှိကြောင်း ၊ မိခင်ကွယ်လွန်ပြီးနောက် သြရသသမီးအနေဖြင့် မိဘနှစ်ပါး၏ အမွေပစ္စည်းအပေါ်တွင် သြရသဝေစုကို တောင်းဆိုခြင်းဖြစ်ရာ အယူခံတရားပြိုင်တို့၏ အမွေဆက်ခံပိုင်ဆိုင်သော စာချုပ်သည် တရားလို၏ သြရသပိုင်ဆိုင်မှုအစိတ်အပိုင်းနှင့် ပတ်သက်သရွေ့ ပျက်ပြယ်ကြောင်းစွဲဆိုခြင်းဟာ ဥပဒေပြဌာန်းချက်များ ၊ စီရင်ထုံးပြုထားချက်များအရ များစွာမှားယွင်းလျက်ရှိကြောင်း ပြင်ဆင်ဖြေဆိုလျက် တရားရုံးချုပ်က ဒေါ်ဝင်းဝင်းမေသန်း၏ စွဲဆိုသည့် အဆိုလွှာကို တရားမကျင့်ထုံးဥပဒေ အမိန့် ၇နည်းဥပဒေ ၁၁ (က)အရ ပယ်လိုက်ကြောင်း အမိန့်ချမှတ်ခြင်းသည်မှားယွင်းမှုမရှိကြောင်းကို လျှောက်လဲတင်ပြပါတယ် ”
“ တရားရုံးချုပ်က အယူခံတရားပြိုင် ဦးခင်မောင်သန်းနှင့် ဒေါ်တင်တင်လှသည် မိဘများကျန်ရစ်သော အမွေပစ္စည်းတွင် မခွဲမစိတ်ရသေးသဖြင့် ဦးခင်မောင်သန်းပိုင်ဆိုင်မှုကို မသတ်မှတ်ရသေးကြောင်း ၊ ၄င်း၏ ပိုင်ရေးပိုင်ခွင့်သီးသီးသန့်သန့် မသတ်မှတ်ရသေးသည့်အတွက် ထိုပစ္စည်းအပေါ် တရားလိုသြရသဝေစုအဖြစ် မတောင်းခံနိုင်ကြောင်း ၊ တရားလိုသည် တရားစွဲဆိုရန် အကြောင်းအပေါ်ပေါက်ကြောင်း ကောက်ယူသုံးသပ်ငြင်းချက်ထုတ်ပါတယ် ”
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
thukha-garden-residence
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service