ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်

ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
27 Jan 2021 12:53 pm တွင် တင်ခဲ့သည်
1086 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် တင်ပါးတွင် ကာကွယ်ဆေးထိုးမည်ဖြစ်သောကြောင့် Covid -19 ကာကွယ်ဆေးထိုးနှံခြင်းကို သီးသန့်ထိုးနှံမှုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဟယ်ရီ ရုတ်ခ် (Harry Roque) ကပြောကြားသည်။

“သမ္မတကြီးက ဒီလိုပဲပြောခဲ့ပါတယ်။ တင်ပါးမှာ ကာကွယ်ဆေးထိုးလိမ့်မှာ ဖြစ်တာကြောင့် လူမြင်ကွင်းမှာ ဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး” ဟု ဟယ်ရီက ပြောကြားသည်။

အချို့ကဝေဖန်ကြသည်မှာ ဒူတာတေးအနေဖြင့် အခြားသော ကမ္ဘာ့ခေါင်းဆောင်များဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ကဲ့သို့အများမြင်ကွင်းတွင်ထိုးနှံရန် တိုက်တွန်းကြသည်။

ဒူတာတေးအား အဓိက ဝေဖန်သူတစ်ဦးဖြစ်သော ဒုတိယသမ္မတ လီနီ ရိုဘရီဒိုက ပြောရာတွင် နိုင်ငံအကြီးအကဲက အများမြင်ကွင်းတွင် ကာကွယ်ဆေးထိုးနှံပါက ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့်ထိရောက်မှုကို ပြည်သူတို့ ယုံကြည်လာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ပြောကြားသည်။

ဒုတိယသမ္မတ၏ အဆိုပါ ပြောကြားချက်ကို ဒူတာတေး၏ ကိုယ်ရေးအရာရှိဟောင်း ၊ အထက်လွှတ်တော်အမတ် ခရစ္စတိုဖာ ဘွန်ဂိုး က တုံ့ပြန်ရာတွင် ဒုသမ္မတ အနေဖြင့်လည်း အများမြင်ကွင်းတွင် ကာကွယ်ဆေးထိုးနှံသင့်ကြောင်း ပြောကြားသည်။

ဘွန်ဂိုး၏ ပြောကြားမှုကို ဒုသမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြန်လည်တုံ့ပြန်ရာ တွင် ဒုသမ္မတ အနေဖြင့် ထိုသို့ဆောင်ရွက်ရန် အမြဲဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်း ဒူတာတေး ပြောကြားခဲ့ဖူးသည်မှာ ရုရှားလုပ် Sputnik ကာကွယ်ဆေးရရှိလာပါက ပထမဆုံး ထိုးနှံခံရန် ဆန္ဒရှိကြောင်း ပြောခဲ့ဖူးသည်။

သို့သော် တရုတ်ထုတ် Sinovac ကာကွယ်ဆေးများကို ပထမဆုံးရရှိလာချိန်တွင် ဒူတာတေး၏ သဘောထား ပြောင်းလဲသွားခဲ့သည်။

ယခုလအစောပိုင်းတွင် ဒူတာတေးက ပြောလာသည်မှာ အစိုးရ အရာရှိများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို နောက်ဆုံးမှသာ ထိုးနှံခံရမည်ဖြစ်ကြောင်း ပြောကြားလာသည်။

ဒူတာတေးသည် မည်သည့်အချိန်တွင် ကာကွယ်ဆေးထိုးနှံခံမည်၊ မည်သည့်နိုင်ငံထုတ် ကာကွယ်ဆေးအမျိုးအစား ထိုးနှံမည်ကိုမူ မသိရသေးချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Top Secret Operation: Duterte to get COVID vax in private, will be injected ‘in the ass’ (coconuts)

 

[Zawgyi]

ဖိလစ္ပိုင္သမၼတက Covid-19 ကာကြယ္ေဆးကို တင္ပါးတြင္ ထိုးႏွံခံမည္ျဖစ္ေသာေၾကာင့္ အမ်ားျပည္သူေရွ ႔တြင္ ထိုးႏွံခံမည္မဟုတ္

ဖိလစ္ပိုင္သမၼတ ရုိဒရီဂို ဒူတာေတးသည္ တင္ပါးတြင္ ကာကြယ္ေဆးထိုးမည္ျဖစ္ေသာေၾကာင့္ Covid -19 ကာကြယ္ေဆးထုိးႏွံျခင္းကို သီးသန္႔ထိုးႏွံမႈသာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၎၏ ေျပာေရးဆိုခြင့္ရ ပုဂိၢဳလ္ ဟယ္ရီ ရုတ္ခ္ (Harry Roque) ကေျပာၾကားသည္။

“သမၼတၾကီးက ဒီလုိပဲေျပာခဲ့ပါတယ္။ တင္ပါးမွာ ကာကြယ္ေဆးထိုးလိမ့္မွာ ျဖစ္တာေၾကာင့္ လူျမင္ကြင္းမွာ ေဆာင္ရြက္ဖို ့မျဖစ္ႏိုင္ပါဘူး” ဟု ဟယ္ရီက ေျပာၾကားသည္။

အခ်ိဳ႕ကေဝဖန္ၾကသည္မွာ ဒူတာေတးအေနျဖင့္ အျခားေသာ ကမၻာ့ေခါင္းေဆာင္မ်ားျဖစ္သည့္ အင္ဒိုနီးရွားသမၼတ ဂိ်ဳကို ဝီဒိုဒိုႏွင့္ စကၤာပူဝန္ၾကီးခ်ဳပ္ လီရွန္လြန္းတုိ႔ကဲ့သို ့အမ်ားျမင္ကြင္းတြင္ထုိးႏွံရန္ တိုက္တြန္းၾကသည္။

ဒူတာေတးအား အဓိက ေဝဖန္သူတစ္ဦးျဖစ္ေသာ ဒုတိယသမၼတ လီနီ ရိုဘရီဒိုက ေျပာရာတြင္ ႏိုင္ငံအၾကီးအကဲက အမ်ားျမင္ကြင္းတြင္ ကာကြယ္ေဆးထိုးႏွံပါက ကာကြယ္ေဆး၏ ေဘးကင္းမႈႏွင့္ထိေရာက္မႈကို ျပည္သူတို႔ ယံုၾကည္လာေအာင္ လုပ္ေဆာင္ေပးႏိုင္မည္ဟု ေျပာၾကားသည္။

ဒုတိယသမၼတ၏ အဆိုပါ ေျပာၾကားခ်က္ကို ဒူတာေတး၏ ကိုယ္ေရးအရာရွိေဟာင္း ၊ အထက္လႊတ္ေတာ္အမတ္ ခရစၥတိုဖာ ဘြန္ဂိုး က တုံ႔ျပန္ရာတြင္ ဒုသမၼတ အေနျဖင့္လည္း အမ်ားျမင္ကြင္းတြင္ ကာကြယ္ေဆးထုိးႏွံသင့္ေၾကာင္း ေျပာၾကားသည္။

ဘြန္ဂိုး၏ ေျပာၾကားမႈကို ဒုသမၼတ၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ျပန္လည္တုံ႔ျပန္ရာ တြင္ ဒုသမၼတ အေနျဖင့္ ထိုသို ့ေဆာင္ရြက္ရန္ အျမဲဆႏၵရွိေၾကာင္း တုံ႔ျပန္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လအတြင္း ဒူတာေတး ေျပာၾကားခဲ့ဖူးသည္မွာ ရုရွားလုပ္ Sputnik ကာကြယ္ေဆးရရွိလာပါက ပထမဆံုး ထိုးႏွံခံရန္ ဆႏၵရွိေၾကာင္း ေျပာခဲ့ဖူးသည္။

သို႔ေသာ္ တရုတ္ထုတ္ Sinovac ကာကြယ္ေဆးမ်ားကို ပထမဆံုးရရွိလာခ်ိန္တြင္ ဒူတာေတး၏ သေဘာထား ေျပာင္းလဲသြားခဲ့သည္။

ယခုလအေစာပိုင္းတြင္ ဒူတာေတးက ေျပာလာသည္မွာ အစိုးရ အရာရွိမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ေနာက္ဆံုးမွသာ ထိုးႏွံခံရမည္ျဖစ္ေၾကာင္း ေျပာၾကားလာသည္။

ဒူတာေတးသည္ မည္သည့္အခ်ိန္တြင္ ကာကြယ္ေဆးထုိးႏွံခံမည္၊ မည္သည့္ႏိုင္ငံထုတ္ ကာကြယ္ေဆးအမ်ဳိးအစား ထုိးႏွံမည္ကိုမူ မသိရေသးေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Top Secret Operation: Duterte to get COVID vax in private, will be injected ‘in the ass’ (coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)