အကွက်ရိုက်ရောင်းချထားတဲ့ သစ်တောမြေဧက ၃၀၀ ကျော်ကို ပြင်ဦးလွင်မှာ ပြန်လည်သိမ်းဆည်း

အကွက်ရိုက်ရောင်းချထားတဲ့ သစ်တောမြေဧက ၃၀၀ ကျော်ကို ပြင်ဦးလွင်မှာ ပြန်လည်သိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com
26 Jan 2021 11:15 am တွင် တင်ခဲ့သည်
495 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

[Unicode]

သစ်တောမြေတွေကို တရားမဝင်အကွက်ရိုက်ရောင်းချထားတဲ့မြေဧက ၃၀၀ ကျော်လောက်ရှိတာကို ပြန်လည်သိမ်းယူထားပြီလို့ သစ်တောဦးစီးဌာနထံကသိရပါတယ်။

ပြင်ဦးလွင်ခရိုင်မှာ သစ်တောဦးစီးဌာနရဲ့ တရားဝင်လုပ်ကိုင်ခွင့်ရသူတွေက အကွက်ရိုက်ရောင်းထားလို့ ပြန်လည်သိမ်းယူထားတဲ့ မြေဧက ၃၂၅ ဧက ရှိတယ်လို့ မန္တလေးတိုင်းသစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်ကပြောပါတယ်။

စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူတွေက စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ အကွက်ရိုက်ပြီး ရောင်းချထားလို့ စစ်ဆေးပြီး သိမ်းဆည်းထားတာလို့ သိရပါတယ်။

၂၀၁၂ - ၂၀၁၃ ကစတင်ပြီး ဒီနေ့အထိ သစ်တောနယ်မြေ ကျူးကျော်မှု ၂၈၂ မှုရှိပြီး လူဦးရေ ၄၆၁ ဦးကို အရေးယူထားတယ်လို့ တိုင်းသစ်တောဦးစီးဌာနရုံးမှတ်တမ်းအရ သိရပါတယ်။

ယခုနောက်ပိုင်း ကျူးကျော်မှုတွေကို ၂၀၁၈ သစ်တောဥပေဒအရ အရေးယူတဲ့အခါ ကျူးလွန်သူကို ငွေဒဏ် (သို့မဟုတ်)ထောင်ဒဏ်ပါချမှတ်နိုင်တဲ့အပြင် ကျူးကျော်တဲ့သစ်တောမြေကို ဝန်ကြီးဌာနကိုလက်ရောက်ပေးရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြင်ဦးလွင်မြို့နယ်မှာ သစ်တောမြေကို ကျူးကျော်အဆောက်အအုံဆောက်လုပ်ထားတာတွေ တွေ့ရတဲ့အတွက် ဆိုင်းဘုတ်တင်ပြီး သတိပေးတားမြစ်တာတွေလည်း ပြုလုပ်ထားတာ တွေ့ရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ခွင့်ပြုချက်မရဘဲ မြေဧက ခြောက်ရာကျော်မှာ အကွက်ရိုက်တာ၊ အဆောက်အအုံဆောက်တာ၊ လမ်းဖောက်တာနဲ့ မြေဖို့ တာတွေ လုပ်ကိုင်တဲ့ လူ ၃၆၀ ကို တားမြစ်သတိပေးစာ ထုတ်လိုက်တယ်လို့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောပါတယ်။

ဒီလို ခွင့်ပြုချက်မရဘဲ ဆောင်ရွက်တာဟာ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည် နဲ့မြင်းခြံခရိုင်အတွင်း ရှိနေတာပါ။

ဒီလ ဩဂုတ်လ ၅ ရက်အထိ စာရင်းတွေအရတော့ ပြင်ဦးခရိုင်မှာ ဧကပေါင်း ၄၈၀ ကျော်၊ မန္တလေး ခရိုင်အတွင်းမှာ ဧက ၁၆၀ ကျော် နဲ့အများဆုံးရှိနေတာလို့သိရပါတယ်။

ခွင့်ပြုချက် မရှိဘဲ လယ်ယာမြေပေါ်မှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို သုံးကြိမ် တားမြစ်စာထုတ်ကာသတိပေး ခဲ့ရတာလို့ ဝန်ကြီး ဒေါက်တာစိုးသန်း က ဆိုပါတယ်။

ဒါအပြင် လယ်ယာမြေဥပဒေ နဲ့အရေးယူထားတာကတော့ ၁၀ ဦးကျော်ရှိတယ်လို့သိရပါတယ်။

လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ပြီး လူမှုကွန်ယက်မှာ ရောင်းချနေတာတွေကိုလည်း စိစစ်ပြီး အရေးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အကြက္႐ိုက္ေရာင္းခ်ထားတဲ့ သစ္ေတာေျမဧက ၃၀၀ ေက်ာ္ကို ျပင္ဦးလြင္မွာ ျပန္လည္သိမ္းဆည္း

သစ္ေတာေျမေတြကို တရားမဝင္အကြက္႐ိုက္ေရာင္းခ်ထားတဲ့ေျမဧက ၃၀၀ ေက်ာ္ေလာက္႐ွိတာကို ျပန္လည္သိမ္းယူထားၿပီလို႔ သစ္ေတာဦးစီးဌာနထံကသိရပါတယ္။

ျပင္ဦးလြင္ခ႐ိုင္မွာ သစ္ေတာဦးစီးဌာနရဲ႕ တရားဝင္လုပ္ကိုင္ခြင့္ရသူေတြက အကြက္႐ိုက္ေရာင္းထားလို႔ ျပန္လည္သိမ္းယူထားတဲ့ ေျမဧက ၃၂၅ ဧက ႐ွိတယ္လို႔ မႏၲေလးတိုင္းသစ္ေတာဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးေဇာ္ဝင္းျမင့္ကေျပာပါတယ္။

စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ရ႐ွိသူေတြက စိုက္ပ်ိဳးလုပ္ကိုင္ျခင္းမ႐ွိဘဲ အကြက္႐ိုက္ၿပီး ေရာင္းခ်ထားလို႔ စစ္ေဆးၿပီး သိမ္းဆည္းထားတာလို႔ သိရပါတယ္။

၂၀၁၂ - ၂၀၁၃ ကစတင္ၿပီး ဒီေန႔အထိ သစ္ေတာနယ္ေျမ က်ဴးေက်ာ္မႈ ၂၈၂ မႈ႐ွိၿပီး လူဦးေရ ၄၆၁ ဦးကို အေရးယူထားတယ္လို႔ တိုင္းသစ္ေတာဦးစီးဌာန႐ုံးမွတ္တမ္းအရ သိရပါတယ္။

ယခုေနာက္ပိုင္း က်ဴးေက်ာ္မႈေတြကို ၂၀၁၈ သစ္ေတာဥေပဒအရ အေရးယူတဲ့အခါ က်ဴးလြန္သူကို ေငြဒဏ္ (သို႔မဟုတ္)ေထာင္ဒဏ္ပါခ်မွတ္ႏိုင္တဲ့အျပင္ က်ဴးေက်ာ္တဲ့သစ္ေတာေျမကို ဝန္ႀကီးဌာနကိုလက္ေရာက္ေပးရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ျပင္ဦးလြင္ၿမိဳ႕နယ္မွာ သစ္ေတာေျမကို က်ဴးေက်ာ္အေဆာက္အအုံေဆာက္လုပ္ထားတာေတြ ေတြ႕ရတဲ့အတြက္ ဆိုင္းဘုတ္တင္ၿပီး သတိေပးတားျမစ္တာေတြလည္း ျပဳလုပ္ထားတာ ေတြ႕ရပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ခြင့္ျပဳခ်က္မရဘဲ ေျမဧက ေျခာက္ရာေက်ာ္မွာ အကြက္႐ိုက္တာ၊ အေဆာက္အအုံေဆာက္တာ၊ လမ္းေဖာက္တာနဲ႔ ေျမဖို႔ တာေတြ လုပ္ကိုင္တဲ့ လူ ၃၆၀ ကို တားျမစ္သတိေပးစာ ထုတ္လိုက္တယ္လို႔ မႏၲေလးတိုင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီး ေဒါက္တာစိုးသန္းက ေျပာပါတယ္။

ဒီလို ခြင့္ျပဳခ်က္မရဘဲ ေဆာင္႐ြက္တာဟာ မႏၲေလး၊ ျပင္ဦးလြင္၊ ေက်ာက္ဆည္ နဲ႔ျမင္းျခံခ႐ိုင္အတြင္း ႐ွိေနတာပါ။

ဒီလ ဩဂုတ္လ ၅ ရက္အထိ စာရင္းေတြအရေတာ့ ျပင္ဦးခ႐ိုင္မွာ ဧကေပါင္း ၄၈၀ ေက်ာ္၊ မႏၲေလး ခ႐ိုင္အတြင္းမွာ ဧက ၁၆၀ ေက်ာ္ နဲ႔အမ်ားဆုံး႐ွိေနတာလို႔သိရပါတယ္။

ခြင့္ျပဳခ်က္ မ႐ွိဘဲ လယ္ယာေျမေပၚမွာ လုပ္ကိုင္ေဆာင္႐ြက္ေနသူေတြကို သုံးႀကိမ္ တားျမစ္စာထုတ္ကာသတိေပး ခဲ့ရတာလို႔ ဝန္ႀကီး ေဒါက္တာစိုးသန္း က ဆိုပါတယ္။

ဒါအျပင္ လယ္ယာေျမဥပေဒ နဲ႔အေရးယူထားတာကေတာ့ ၁၀ ဦးေက်ာ္႐ွိတယ္လို႔သိရပါတယ္။

လယ္ယာေျမေတြေပၚမွာ ခြင့္ျပဳခ်က္မ႐ွိဘဲ အကြက္႐ိုက္ၿပီး လူမႈကြန္ယက္မွာ ေရာင္းခ်ေနတာေတြကိုလည္း စိစစ္ၿပီး အေရးယူတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)