ဒဂုံအရှေ့က “ FRC ” စလစ်မြေ ဝယ်ချင်သူရေ၊ အခုတော့ဖြင့်လေ

ဒဂုံအရှေ့က “ FRC ” စလစ်မြေ ဝယ်ချင်သူရေ၊ အခုတော့ဖြင့်လေ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2021 1:38 pm တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ည(၁၀း၃၀)နာရီမှာ တစ်ရက်တာအနားယူတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်လက်စအလုပ်တွေ သိမ်းနေချိန်မှာ ဖုန်းခေါ်သံကြားလို့ဖွင့်ပြီး နားထောင်လိုက်ပါတယ်။

“ဆရာရေ ကျွန်တော် မောင်ဇာနည်ပါ။ ဆရာ့ရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါ။ အကူအညီ တစ်ခုလောက်တောင်းချင်လို့ပါ။” ဟုတ်ကဲ့ အကြောင်းကတော့ ဒဂုံအရှေ့၊ (၁၃၃)ရပ်ကွက်မှာ (၂၀x၆၀)မြေကွက်တစ်ကွက် ဝယ်ချင်လို့ပါ။ အဲ့ဒါလောတယ်လို့ မထင်ပါနဲ့ မနက်(၉)နာရီမှာ ဆရာ့အိမ်မှာ လာကြိုပါ့မယ်။ ဒဂုံအရှေ့လိုက်ပြီး ရောင်းသူထံက ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ စစ်ဆေးပေးစေလိုပါတယ်။

“စာရွက်စာတမ်းတွေက မှန်ကန်တယ်၊ ခိုင်မာတယ်၊ ဝယ်လို့ရတယ်ဆိုရင် စရံပေး စာချုပ်ချုပ်ချင်လို့ပါ။ “ အလို ညီညီက လောလှချေလား၊“ လောဆို ဆရာရေ ဝယ်သူက(၂)ဦးဆိုင်နေလို့ပါ။ ကျွန်တော်က မှန်ကန်တယ်ဆိုရင် လက်ဦးမှုယူချင်လို့ပါ။ “အေးလေ ဒါဆိုလည်း ကူညီရမှာပေါ့။” “မနက်(၉)နာရီ လာခဲ့လေ” လို့ ကျွန်ုပ်က ကတိပေးလိုက်ပါတယ်။

မောင်ဇာနည်က လူငယ်ပီပီ မနက်(၉)နာရီမှာ ရောက်လာပါတယ်။ ကျွန်ုပ်နဲ့ သမီးလည်း အဆင့်သင့်ရောက်လာတဲ့ကားနဲ့ ဒဂုံအရှေ့၊ ဒဂုံတက္ကသိုလ်အနီးက (၁၃၃)ရပ်ကွက်ကို လိုက်လာခဲ့ပါတယ်။ (၁၃၃)ဈေးရှေ့ရောက်တဲ့အခါ ဈေးဘေးကပ်လျက်လမ်းထဲ ဝင်လိုက်ပါတယ်။ ဈေးဝယ်ချိန်ဖြစ်တဲ့အတွက် ကားလမ်းထဲမှာ ဈေးဝယ်သူတွေနဲ့ ပြည့်ကျပ်နေပါတယ်။

ဈေးထိပ်ကဆင်းပြီး (၁၀)အိမ်လောက်ကျော်တာနဲ့ ရောင်းမယ့်အိမ်ရှေ့ကို ရောက်ပါတယ်။ အချိန်က မနက်(၉း၃၀)နာရီလောက်ရှိတာမို့ အိမ်ပိုင်ရှင်ထွက်လာဖို့ သူတို့ရဲ့ အိမ်ဆိုင်ရှေ့ကစောင့်နေရပါသေးတယ်။ မကြာမီမှာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ယောက်နဲ့ ဝယ်လိုသူ မောင်ဇာနည်နဲ့ ခဏတာစကားပြောပြီး ကျွန်ုပ်ထံရောက်လာပါတယ်။

“ဆရာရေ မြေပိုင်ဆိုင်မှု သိချင်တာတွေမေးလို့ရပြီ” ဆိုတာနဲ့ ရောင်းသူရဲ့ အိမ်ရှေ့ဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ “ကဲ သမီးရေ စာရွက်စာတမ်းလေးတွေ ပြပါဦး” “ လောလောဆယ် ပြဖို့မရှိသေးဘူး ဆရာ” ဖုန်းထဲမှာ ရိုက်ထားတဲ့ မြေချ ပါမစ် ဓာတ်ပုံဘဲ ကြည့်ပါဦးရှင့်၊ အရောင်းအဝယ်ဖြစ်တယ်၊ စရံငွေချမယ်ဆိုရင်တော့ ရန်ကုန်မြို့ထဲမှာနေတဲ့ ကျွန်မအစ်မကြီးကို ဖုန်းဆက်ယူခိုင်းလိုက်ပါ့မယ်။

ပြောပြောဆိုဆို ရောင်းသူအမျိုးသမီး ကမ်းပေးလာတဲ့ ဖုန်းထဲက ပုံတွေကို ကြည့်လိုက်တော့ မြေချပါမစ် မလုပ်ရသေးတဲ့ စလစ်မြေအဆင့်ဘဲရှိသေးပါတယ်။ မြေကွက်ရသူက ရောင်းသူတို့ရဲ့ အဖေနာမည်ကို “ဦးဆာမိ” ၊ အခုတော့ အဖေမရှိတော့ဘူး ကွယ်လွန်သွားရှာပြီ၊ အမေလည်း သေပြီဆိုတော့ မြေနဲ့အိမ်ပိုင်ဆိုင်မှုအမွေတွေကို မောင်နှမ(၅)ယောက် အမွေခွဲဝေယူချင်လို့ ရောင်းတာဖြစ်တယ်။

မြေအကျယ်က(၂၀x၆၀)၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးပါ၊ ရောင်းဈေးမေးကြည့်တော့ သိန်း(၄၈၀) မလျော့ဘူးတဲ့။ အလို ဈေးကောင်းလှချေလား၊ ဈေးများရခြင်းရဲ့အကြောင်း ထောက်လှမ်းကြည့်တော့ ဈေးနဲ့ကပ်လျက်ဖြစ်သလို ညနေပိုင်း ဈေးတန်းကြီးလည်းဖြစ်နေတဲ့အတွက် ဈေးကောင်းနေခြင်းဖြစ်တယ်။ ဝယ်သူ “မောင်ဇာနည်” ကလည်း ဘာကြောင့်များ ဒီလောက်အသည်းအသန် ကြိုက်နေရတာလဲလို့ မေးကြည့်လိုက်တော့ သူကလည်း ဆန်ကုန်သည် ဈေးသည် ဖြစ်နေတာကိုး၊ ဒီနေရာလေးမှာ ဆန်ဆိုင်ကြီးကြီးဖွင့်လိုက်ရရင် လက်မလည်အောင် ရောင်းရမယ့်အရေးတွေးပြီး လက်လွတ်မခံ ဝယ်ချင်နေသူ ဖြစ်နေတယ်။

အေးပေါ့လေ သူ့အတွေးနဲ့ သူကလည်း ဟုတ်နေတယ်လေ။ ဒီတော့ ဝယ်သင့် မဝယ်သင့် ရှေ့နေရဲ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာပေါ့။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ယောက်အတွက်တော့ တကယ်ဝယ်သင့်တဲ့ နေရာပါ၊ အခု ဝယ်မယ်ဆိုရင် များတဲ့သဘောရှိပေမဲ့ အရောင်းအဝယ်ကောင်းလို့ နာမည်ကြီးသွားရင် ဆန်အရောင်းအဝယ်နဲ့ “ဘောစိ” ဖြစ်သွားနိုင်ပါတယ်။

မောင်ကောင်းဖေလည်း ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ရေဝင်သူဘက်က အမွေဆက်ခံသူ (၅)ယောက်ထဲမှာ တစ်ယောက်ဘဲ FRC မှတ်ပုံတင် ကိုင်ဆောင်ထားသူရှိတယ်။ ကျန်မောင်နှမတွေမှာ ဘာမှတ်ပုံတင်မှ မရှိကြဘူး။ နိုင်ငံသားမှတ်ပုံတင်ရဖို့ လျှောက်ထားကြဆဲလို့ ပြောပါတယ်။ အဲ့ဒါကြောင့် FRC မှတ်ပုံတင်ကိုင်ထားသူကို ပါမစ်ကို အပ်ထားတယ်လို့ ဆိုပါတယ်။

သူတို့မြေကွက် ဘယ်လိုရတာလဲလို့ စူးစမ်းကြည့်တဲ့အခါ ကမ္ဘာအေးစွယ်တော် ဘုရားတည်တဲ့ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်က ပြောင်းလာတာလို့ သိရပါတယ်။ နွားမွေး ကြတဲ့ ဟိန္ဒူလူမျိုးတွေ ဖြစ်တယ်။ (၁၀၀x၁၀၀)ပေ လောက်ကျယ်တဲ့ ခြံအကျယ်နဲ့နေခဲ့ပေမယ့်၊ ဒဂုံအရှေ့ (၁၃၃)ရပ်ကွက် ရောက်တော့ အခုမြေကွက်ကို အိုးအိမ်က ပြန်ချပေးတာလို့ ရှင်းပြပါတယ်။

ခက်တာက အဖေအမေတွေရှိစဉ်ကလည်း အိုးအိမ်ချထားပေးတဲ့ မိသားစုဓတ်ပုံနဲ့ စလစ်စာရွက်ကိုင်ပြီး နေလာကြတယ်။ စလစ်ကနေ ပါမစ်ဖြစ်အောင် အိုးအိမ်မှာ သွားမလျှောက်ခဲ့ဘူး။ ပိုက်ဆံနှမျောတာလည်း ပါမှာပေါ့လေ။ အဲ့ဒီ အကျိုးဆက် အခု သားသမီးလက်ထက်မှာ စလစ်မြေကနေ ပါမစ်မြေလျှောက်တော့မယ်ဆိုတော့ (၄)ယောက်က မှတ်ပုံတင်မရှိ၊ (၁)ယောက်သာ FRC မှတ်ပုံတင်ရှိတယ်။ ဒါပေမဲ့ FRC ဆိုရင်လည်း “နိုင်ငံသား” မဟုတ်လို့ မြေပိုင်ဆိုင်မှု မရနိုင်ဘူးလေ။

ဒီလိုနဲ့ ပါမစ်လည်း မလျှောက်ဘဲ ပြန်ရောင်းလိုက်မယ်၊ ဝယ်သူ နိုင်ငံသားကဒ်ကိုင်ဆောင်သူက လာဝယ်ရင် သူ့ဘာသာသူ စလစ်ကနေ ပါမစ်လျှောက်ယူလိမ့်မယ်ဆိုပြီး မောင်နှမ(၅)ယောက်က ခြံရောင်းမည် ဆိုင်းဘုတ်တင်ပြီး ဝယ်သူကို ဖိတ်ခေါ်နေကြတာဆိုတာ သိလာရသည်။

အဲဒီတော့ မောင်ဇာနည်ရေ အခုပြောခဲ့သလို စလစ်ကနေ ပါမစ်မြေဖြစ်အောင် အဆင့်ဆင့်ဆောင်ရွက်ရမယ့် တာဝန်တွေတော့ရှိတယ်။ ဝယ်ချင်လည်း ဝယ်လို့ရတယ်၊ ဝယ်ရင်တော့ မြေကတော့ လက်ဝယ်ရမယ်။ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကတော့ နိုင်ငံခြားသား (FRC)မြေ ဖြစ်နေတယ်လို့ ရှင်းပြလိုက်တဲ့အခါ “တော်ပြီဆရာ လက်ဦးမှုလည်း မရယူချင်တော့ဘူး။ ကျွန်တော်က ရှင်းမှကြိုက်တာ အခုလို ပေရှည်မှာတော့ ရှောင်လိုက်တော့မယ် ဆရာ” လို့ ပြောပြီး ကျွန်တော်နဲ့ သမီးကို အိမ်အရောက်ပြန်လိုက်ပို့ကာ ဉာဏ်ပူဇော်ခ ပေးပြီး နှုတ်ဆက် ပြန်သွားကြပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဒဂံုအေရွ႕က “ FRC ” စလစ္ေျမ ဝယ္ခ်င္သူေရ၊ အခုေတာ့ျဖင့္ေလ

ည(၁၀း၃၀)နာရီမွာ တစ္ရက္တာအနားယူေတာ့မယ္ဆိုတဲ့ စိတ္ကူးနဲ႔ လုပ္လက္စအလုပ္ေတြ သိမ္းေနခ်ိန္မွာ ဖုန္းေခၚသံၾကားလို႔ဖြင့္ၿပီး နားေထာင္လိုက္ပါတယ္။

“ဆရာေရ ကၽြန္ေတာ္ ေမာင္ဇာနည္ပါ။ ဆရာ့ရဲ႕ စာဖတ္ပရိတ္သတ္တစ္ဦးပါ။ အကူအညီ တစ္ခုေလာက္ေတာင္းခ်င္လို႔ပါ။” ဟုတ္ကဲ့ အေၾကာင္းကေတာ့ ဒဂံုအေရွ႕၊ (၁၃၃)ရပ္ကြက္မွာ (၂၀x၆၀)ေျမကြက္တစ္ကြက္ ဝယ္ခ်င္လို႔ပါ။ အဲ့ဒါေလာတယ္လို႔ မထင္ပါနဲ႔ မနက္(၉)နာရီမွာ ဆရာ့အိမ္မွာ လာႀကိဳပါ့မယ္။ ဒဂံုအေရွ႕လိုက္ၿပီး ေရာင္းသူထံက ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြ စစ္ေဆးေပးေစလိုပါတယ္။

“စာရြက္စာတမ္းေတြက မွန္ကန္တယ္၊ ခိုင္မာတယ္၊ ဝယ္လို႔ရတယ္ဆိုရင္ စရံေပး စာခ်ဳပ္ခ်ဳပ္ခ်င္လို႔ပါ။ “ အလို ညီညီက ေလာလွေခ်လား၊“ ေလာဆို ဆရာေရ ဝယ္သူက(၂)ဦးဆိုင္ေနလို႔ပါ။ ကၽြန္ေတာ္က မွန္ကန္တယ္ဆိုရင္ လက္ဦးမႈယူခ်င္လို႔ပါ။ “ေအးေလ ဒါဆိုလည္း ကူညီရမွာေပါ့။” “မနက္(၉)နာရီ လာခဲ့ေလ” လို႔ ကၽြႏ္ုပ္က ကတိေပးလိုက္ပါတယ္။

ေမာင္ဇာနည္က လူငယ္ပီပီ မနက္(၉)နာရီမွာ ေရာက္လာပါတယ္။ ကၽြႏ္ုပ္နဲ႔ သမီးလည္း အဆင့္သင့္ေရာက္လာတဲ့ကားနဲ႔ ဒဂံုအေရွ႕၊ ဒဂံုတကၠသိုလ္အနီးက (၁၃၃)ရပ္ကြက္ကို လိုက္လာခဲ့ပါတယ္။ (၁၃၃)ေစ်းေရွ႕ေရာက္တဲ့အခါ ေစ်းေဘးကပ္လ်က္လမ္းထဲ ဝင္လိုက္ပါတယ္။ ေစ်းဝယ္ခ်ိန္ျဖစ္တဲ့အတြက္ ကားလမ္းထဲမွာ ေစ်းဝယ္သူေတြနဲ႔ ျပည့္က်ပ္ေနပါတယ္။

ေစ်းထိပ္ကဆင္းၿပီး (၁၀)အိမ္ေလာက္ေက်ာ္တာနဲ႔ ေရာင္းမယ့္အိမ္ေရွ႕ကို ေရာက္ပါတယ္။ အခ်ိန္က မနက္(၉း၃၀)နာရီေလာက္ရွိတာမို႔ အိမ္ပိုင္ရွင္ထြက္လာဖို႔ သူတို႔ရဲ႕ အိမ္ဆိုင္ေရွ႕ကေစာင့္ေနရပါေသးတယ္။ မၾကာမီမွာ အသက္(၃၀)အရြယ္ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဝယ္လိုသူ ေမာင္ဇာနည္နဲ႔ ခဏတာစကားေျပာၿပီး ကၽြႏ္ုပ္ထံေရာက္လာပါတယ္။

“ဆရာေရ ေျမပိုင္ဆိုင္မႈ သိခ်င္တာေတြေမးလို႔ရၿပီ” ဆိုတာနဲ႔ ေရာင္းသူရဲ႕ အိမ္ေရွ႕ဆိုင္မွာ ဝင္ထိုင္လိုက္ပါတယ္။ “ကဲ သမီးေရ စာရြက္စာတမ္းေလးေတြ ျပပါဦး” “ ေလာေလာဆယ္ ျပဖို႔မရွိေသးဘူး ဆရာ” ဖုန္းထဲမွာ ရိုက္ထားတဲ့ ေျမခ် ပါမစ္ ဓာတ္ပံုဘဲ ၾကည့္ပါဦးရွင့္၊ အေရာင္းအဝယ္ျဖစ္တယ္၊ စရံေငြခ်မယ္ဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕ထဲမွာေနတဲ့ ကၽြန္မအစ္မႀကီးကို ဖုန္းဆက္ယူခိုင္းလိုက္ပါ့မယ္။

ေျပာေျပာဆိုဆို ေရာင္းသူအမ်ိဳးသမီး ကမ္းေပးလာတဲ့ ဖုန္းထဲက ပံုေတြကို ၾကည့္လိုက္ေတာ့ ေျမခ်ပါမစ္ မလုပ္ရေသးတဲ့ စလစ္ေျမအဆင့္ဘဲရွိေသးပါတယ္။ ေျမကြက္ရသူက ေရာင္းသူတို႔ရဲ႕ အေဖနာမည္ကို “ဦးဆာမိ” ၊ အခုေတာ့ အေဖမရွိေတာ့ဘူး ကြယ္လြန္သြားရွာၿပီ၊ အေမလည္း ေသၿပီဆိုေတာ့ ေျမနဲ႔အိမ္ပိုင္ဆိုင္မႈအေမြေတြကို ေမာင္ႏွမ(၅)ေယာက္ အေမြခြဲေဝယူခ်င္လို႔ ေရာင္းတာျဖစ္တယ္။

ေျမအက်ယ္က(၂၀x၆၀)၊ အိမ္ကေတာ့ ပ်ဥ္ေထာင္အိမ္ေလးပါ၊ ေရာင္းေစ်းေမးၾကည့္ေတာ့ သိန္း(၄၈၀) မေလ်ာ့ဘူးတဲ့။ အလို ေစ်းေကာင္းလွေခ်လား၊ ေစ်းမ်ားရျခင္းရဲ႕အေၾကာင္း ေထာက္လွမ္းၾကည့္ေတာ့ ေစ်းနဲ႔ကပ္လ်က္ျဖစ္သလို ညေနပိုင္း ေစ်းတန္းႀကီးလည္းျဖစ္ေနတဲ့အတြက္ ေစ်းေကာင္းေနျခင္းျဖစ္တယ္။ ဝယ္သူ “ေမာင္ဇာနည္” ကလည္း ဘာေၾကာင့္မ်ား ဒီေလာက္အသည္းအသန္ ႀကိဳက္ေနရတာလဲလို႔ ေမးၾကည့္လိုက္ေတာ့ သူကလည္း ဆန္ကုန္သည္ ေစ်းသည္ ျဖစ္ေနတာကိုး၊ ဒီေနရာေလးမွာ ဆန္ဆိုင္ႀကီးႀကီးဖြင့္လိုက္ရရင္ လက္မလည္ေအာင္ ေရာင္းရမယ့္အေရးေတြးၿပီး လက္လြတ္မခံ ဝယ္ခ်င္ေနသူ ျဖစ္ေနတယ္။

ေအးေပါ့ေလ သူ႕အေတြးနဲ႔ သူကလည္း ဟုတ္ေနတယ္ေလ။ ဒီေတာ့ ဝယ္သင့္ မဝယ္သင့္ ေရွ႕ေနရဲ႕ဆံုးျဖတ္ခ်က္ေပၚမွာ မူတည္ေနတာေပါ့။ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ေယာက္အတြက္ေတာ့ တကယ္ဝယ္သင့္တဲ့ ေနရာပါ၊ အခု ဝယ္မယ္ဆိုရင္ မ်ားတဲ့သေဘာရွိေပမဲ့ အေရာင္းအဝယ္ေကာင္းလို႔ နာမည္ႀကီးသြားရင္ ဆန္အေရာင္းအဝယ္နဲ႔ “ေဘာစိ” ျဖစ္သြားႏိုင္ပါတယ္။

ေမာင္ေကာင္းေဖလည္း ဝယ္ယူဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါေပမယ့္ ေရဝင္သူဘက္က အေမြဆက္ခံသူ (၅)ေယာက္ထဲမွာ တစ္ေယာက္ဘဲ FRC မွတ္ပံုတင္ ကိုင္ေဆာင္ထားသူရွိတယ္။ က်န္ေမာင္ႏွမေတြမွာ ဘာမွတ္ပံုတင္မွ မရွိၾကဘူး။ ႏိုင္ငံသားမွတ္ပံုတင္ရဖို႔ ေလွ်ာက္ထားၾကဆဲလို႔ ေျပာပါတယ္။ အဲ့ဒါေၾကာင့္ FRC မွတ္ပံုတင္ကိုင္ထားသူကို ပါမစ္ကို အပ္ထားတယ္လို႔ ဆိုပါတယ္။

သူတို႔ေျမကြက္ ဘယ္လိုရတာလဲလို႔ စူးစမ္းၾကည့္တဲ့အခါ ကမ႓ာေအးစြယ္ေတာ္ ဘုရားတည္တဲ့ ရပ္ကြက္၊ မရမ္းကုန္းၿမိဳ႕နယ္က ေျပာင္းလာတာလို႔ သိရပါတယ္။ ႏြားေမြး ၾကတဲ့ ဟိႏၵဴလူမ်ိဳးေတြ ျဖစ္တယ္။ (၁၀၀x၁၀၀)ေပ ေလာက္က်ယ္တဲ့ ျခံအက်ယ္နဲ႔ေနခဲ့ေပမယ့္၊ ဒဂံုအေရွ႕ (၁၃၃)ရပ္ကြက္ ေရာက္ေတာ့ အခုေျမကြက္ကို အိုးအိမ္က ျပန္ခ်ေပးတာလို႔ ရွင္းျပပါတယ္။

ခက္တာက အေဖအေမေတြရွိစဥ္ကလည္း အိုးအိမ္ခ်ထားေပးတဲ့ မိသားစုဓတ္ပံုနဲ႔ စလစ္စာရြက္ကိုင္ၿပီး ေနလာၾကတယ္။ စလစ္ကေန ပါမစ္ျဖစ္ေအာင္ အိုးအိမ္မွာ သြားမေလွ်ာက္ခဲ့ဘူး။ ပိုက္ဆံႏွေမ်ာတာလည္း ပါမွာေပါ့ေလ။ အဲ့ဒီ အက်ိဳးဆက္ အခု သားသမီးလက္ထက္မွာ စလစ္ေျမကေန ပါမစ္ေျမေလွ်ာက္ေတာ့မယ္ဆိုေတာ့ (၄)ေယာက္က မွတ္ပံုတင္မရွိ၊ (၁)ေယာက္သာ FRC မွတ္ပံုတင္ရွိတယ္။ ဒါေပမဲ့ FRC ဆိုရင္လည္း “ႏိုင္ငံသား” မဟုတ္လို႔ ေျမပိုင္ဆိုင္မႈ မရႏိုင္ဘူးေလ။

ဒီလိုနဲ႔ ပါမစ္လည္း မေလွ်ာက္ဘဲ ျပန္ေရာင္းလိုက္မယ္၊ ဝယ္သူ ႏိုင္ငံသားကဒ္ကိုင္ေဆာင္သူက လာဝယ္ရင္ သူ႔ဘာသာသူ စလစ္ကေန ပါမစ္ေလွ်ာက္ယူလိမ့္မယ္ဆိုၿပီး ေမာင္ႏွမ(၅)ေယာက္က ျခံေရာင္းမည္ ဆိုင္းဘုတ္တင္ၿပီး ဝယ္သူကို ဖိတ္ေခၚေနၾကတာဆိုတာ သိလာရသည္။

အဲဒီေတာ့ ေမာင္ဇာနည္ေရ အခုေျပာခဲ့သလို စလစ္ကေန ပါမစ္ေျမျဖစ္ေအာင္ အဆင့္ဆင့္ေဆာင္ရြက္ရမယ့္ တာဝန္ေတြေတာ့ရွိတယ္။ ဝယ္ခ်င္လည္း ဝယ္လို႔ရတယ္၊ ဝယ္ရင္ေတာ့ ေျမကေတာ့ လက္ဝယ္ရမယ္။ ပိုင္ဆိုင္မႈ စာရြက္စာတမ္းေတြကေတာ့ ႏိုင္ငံျခားသား (FRC)ေျမ ျဖစ္ေနတယ္လို႔ ရွင္းျပလိုက္တဲ့အခါ “ေတာ္ၿပီဆရာ လက္ဦးမႈလည္း မရယူခ်င္ေတာ့ဘူး။ ကၽြန္ေတာ္က ရွင္းမွႀကိဳက္တာ အခုလို ေပရွည္မွာေတာ့ ေရွာင္လိုက္ေတာ့မယ္ ဆရာ” လို႔ ေျပာၿပီး ကၽြန္ေတာ္နဲ႔ သမီးကို အိမ္အေရာက္ျပန္လိုက္ပို႔ကာ ဉာဏ္ပူေဇာ္ခ ေပးၿပီး ႏႈတ္ဆက္ ျပန္သြားၾကပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service