တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ (Apartment Law) အတည်ပြုပြဌာန်းနိုင်ရေး လာမည့် အစိုးရသက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည်

တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ (Apartment Law) အတည်ပြုပြဌာန်းနိုင်ရေး လာမည့် အစိုးရသက်တမ်းတွင် ဆက်လက်ကြိုးပမ်းမည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2021 12:32 pm တွင် တင်ခဲ့သည်
334 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

[Unicode]

အိမ်ရှင်၊ အိမ်ဌား ၊ မြေယာပိုင်ရှင်မှု ပြဿနာများနှင့် ဆောက်လုပ်ရေးဈေးကွက်နှေးကွေးမှုများအား ဖြေ ရှင်းပေးနိုင်မည့် တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေ(Apartment Law) အား အတည်ပြု ပြဌာန်းနိုင် ရေးအတွက် လာမည့်အစိုးရ သက်တမ်းတွင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဥပဒေက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ဆွေးနွေးနိုင်ခြင်းမရှိဘဲ လွှတ်တော်သက်တမ်း ကုန်ဆုံး သွားတယ်၊ အခုလာမယ့် နောက်အစိုးရသက်တမ်းမှာတော့ Apartment Law အတည်ပြုနိုင်ရေးအတွက် ဆက်လက်ပြီး ကြိုးစားပြီးတော့ အကောင် အထည်ဖော်သွားမှာပါ “ဟု မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့် ကပြောဆိုသည်။

အိမ်ရာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် တိုက်ခန်းဆိုင်ရာအဆောက်အအုံဥပဒေ (Apartment Law ) ထွက်ရှိခြင်းဖြင့် အခန်းပိုင်ဆိုင်သူများမှ တရားဝင်စာချုပ်စာတမ်းဖြင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး အခန်း ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ အခန်းအား တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံခွင့်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်လှေကားပါရုံဖြင့် ကွန်ဒိုဟု သတ်မှတ်နိုင်မည်မဟုတ်ဘဲ တိုက်ခန်း၊ ကွန်ဒို သီးခြားစီ စံနှုန်းသတ်မှတ်ချက်ဖြင့် ထွက်ပေါ်လာဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက် ရေးအသင်းမှ သိရသည်။

ယင်း ဥပဒေထွက် ပေါ်လာပါ က ရပ်တန့်နေသည့် ဆောက်လုပ်ရေးဈေးကွက် ပြန်လည်ကောင်းမွန်လာဖွယ်ရှိနေပြီး အခန်းပိုင်ရှင်များ၏ ပိုင်ဆိုင်မှု ဥပဒေ ကြောင်း အရ ခိုင်မာစေရေး၊ စနစ်တကျဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရသစ်အား ဖေဖော်ဝါရီလတွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး တတိယအကြိမ် ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးကိုမှု ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌတို့မှ ခေါ်ယူထားကြောင်း သိရ သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုက္ခန္းဆိုင္ရာ အေဆာက္အအုံဥပေဒ (Apartment Law) အတည္ျပဳျပဌာန္းႏိုင္ေရး လာမည့္ အစိုးရသက္တမ္းတြင္ ဆက္လက္ႀကိဳးပမ္းမည္

အိမ္႐ွင္၊ အိမ္ဌား ၊ ေျမယာပိုင္႐ွင္မႈ ျပႆနာမ်ားႏွင့္ ေဆာက္လုပ္ေရးေဈးကြက္ေႏွးေကြးမႈမ်ားအား ေျဖ ႐ွင္းေပးႏိုင္မည့္ တိုက္ခန္းဆိုင္ရာ အေဆာက္အအုံဥပေဒ(Apartment Law) အား အတည္ျပဳ ျပဌာန္းႏိုင္ ေရးအတြက္ လာမည့္အစိုးရ သက္တမ္းတြင္ ဆက္လက္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီဥပေဒက ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းမွာ ေဆြးေႏြးႏိုင္ျခင္းမ႐ွိဘဲ လႊတ္ေတာ္သက္တမ္း ကုန္ဆုံး သြားတယ္၊ အခုလာမယ့္ ေနာက္အစိုးရသက္တမ္းမွာေတာ့ Apartment Law အတည္ျပဳႏိုင္ေရးအတြက္ ဆက္လက္ၿပီး ႀကိဳးစားၿပီးေတာ့ အေကာင္ အထည္ေဖာ္သြားမွာပါ “ဟု ျမန္မာႏိုင္ငံ ေဆာက္ လုပ္ေရးဆိုင္ရာလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးမ်ိဳးျမင့္ ကေျပာဆိုသည္။

အိမ္ရာက႑ဖြံၿဖိဳးတိုးတက္ေရးအတြက္ တိုက္ခန္းဆိုင္ရာအေဆာက္အအုံဥပေဒ (Apartment Law ) ထြက္႐ွိျခင္းျဖင့္ အခန္းပိုင္ဆိုင္သူမ်ားမွ တရားဝင္စာခ်ဳပ္စာတမ္းျဖင့္ မွတ္ပုံတင္ႏိုင္မည္ျဖစ္ၿပီး အခန္း ပိုင္႐ွင္မ်ားအေနျဖင့္လည္း မိမိတို႔ အခန္းအား တရားဝင္လႊဲေျပာင္း၊ ေရာင္းခ်၊ ေပါင္ႏွံခြင့္႐ွိလာမည္ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ေလွကားပါ႐ုံျဖင့္ ကြန္ဒိုဟု သတ္မွတ္ႏိုင္မည္မဟုတ္ဘဲ တိုက္ခန္း၊ ကြန္ဒို သီးျခားစီ စံႏႈန္းသတ္မွတ္ခ်က္ျဖင့္ ထြက္ေပၚလာဖြယ္႐ွိေနေၾကာင္း ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံၿဖိဳးတိုးတက္ ေရးအသင္းမွ သိရသည္။

ယင္း ဥပေဒထြက္ ေပၚလာပါ က ရပ္တန္႔ေနသည့္ ေဆာက္လုပ္ေရးေဈးကြက္ ျပန္လည္ေကာင္းမြန္လာဖြယ္႐ွိေနၿပီး အခန္းပိုင္႐ွင္မ်ား၏ ပိုင္ဆိုင္မႈ ဥပေဒ ေၾကာင္း အရ ခိုင္မာေစေရး၊ စနစ္တက်ျဖစ္ေပၚလာေစမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အစိုးရသစ္အား ေဖေဖာ္ဝါရီလတြင္း ဖြဲ႕စည္းသြားမည္ျဖစ္ၿပီး တတိယအႀကိမ္ ျပည္သူ႕လႊတ္ ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တို႔၏ ပထမပုံမွန္အစည္းအေဝးကိုမႈ ေဖေဖာ္ဝါရီ ၁ ရက္တြင္ စတင္ က်င္းပရန္ ျပည္သူ႕လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌတို႔မွ ေခၚယူထားေၾကာင္း သိရ သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)