နောင်ချိုမြို့နယ်အတွင်းက ရေပြန်ကြီးရေတံခွန်ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မည်

နောင်ချိုမြို့နယ်အတွင်းက ရေပြန်ကြီးရေတံခွန်ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2021 11:39 am တွင် တင်ခဲ့သည်
356 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

နောင်ချိုမြို့နယ်အတွင်းက ရေပြန်ကြီးရေတံခွန်အား ခရီးသွားလုပ်ငန်းခရီးစဉ်သစ်အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၅ ရက်ကသိရသည်။

ရေပြန်ကြီးရေတံခွန်သည် နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်(တောင်ပိုင်း)ကို ဆက်သွယ်ထားသော ဒုဌဝတီတံတားအနီးတွင် တည်ရှိပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသည် ဇန်နဝါရီ ၂၂ ရက်က အဆိုပါ နေရာအား ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရေပြန်ကြီးရေတံခွန်အားသွားရောက်စစ်ဆေးကြည့်ရှုကြသည့်အဖွဲ့တွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မ တီ (အတွင်းရေးမှူး)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင် တတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ရှမ်းမြောက်ဇုန်)ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဇော်၊ မြို့နယ်ခရီး စဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများပါဝင်ခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]







နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)