ကမ္ဘာ့အကြီးမားဆုံးဆည်ကြီးပေါင်း ၅၈,၇၀၀ အနက် အများစုမှာ ယိုယွင်းပျက်စီးလာနေပြီး ဆည်ကျိုးမည်ဆိုပါက ကမ္ဘာ့အကြီးမားဆုံး ချောက်ကြီးဖြစ်သော Grand Canyon ကို ၂ ကြိမ်ခန့်အထိ ရေအပြည့်ဖြည့်ပေးနိုင်မည့်ပမာဏဖြစ်ကြောင်း သတိပေး

ကမ္ဘာ့အကြီးမားဆုံးဆည်ကြီးပေါင်း ၅၈,၇၀၀ အနက် အများစုမှာ ယိုယွင်းပျက်စီးလာနေပြီး ဆည်ကျိုးမည်ဆိုပါက ကမ္ဘာ့အကြီးမားဆုံး ချောက်ကြီးဖြစ်သော Grand Canyon ကို ၂ ကြိမ်ခန့်အထိ ရေအပြည့်ဖြည့်ပေးနိုင်မည့်ပမာဏဖြစ်ကြောင်း သတိပေး - Property News in Myanmar from iMyanmarHouse.com
25 Jan 2021 11:22 am တွင် တင်ခဲ့သည်
2539 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ ဟူးဗားဆည် (Hoover Dam) မှသည် ဂျော်ဂျီယာရှိ အင်ဂူးရီဆည် (Inguri Dam) အထိသော ကမ္ဘာ့အကျော်ကြားဆုံး ဆည်ကြီးများ၏ အများစုမှာ ပြိုကျပျက်စီးတော့မည့် အန္တရာယ်ရှိနေကြောင်း အစီရင်ခံစာတစ်ခုတွင် သတိပေးထားသည်။

ကမ္ဘာတစ်ဝန်းရှိ အကြီးမားဆုံးဆည်ကြီးပေါင်း ၅၈,၇၀၀ အနက် အများစုမှာ ၁၉၃၀ မှ ၁၉၇၀ ပြည့်လွန်ကာလများအကြား တည်ဆောက်ခဲ့ခြင်းဖြစ်ရာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ မှ ၇၀ ကြားရှိနေပြီဖြစ်သည်။

အများစုမှာ နှစ် ၅၀ မှ ၁၀၀ ကြား သက်တမ်းခံနိုင်စေရန်သာ တည်ဆောက်ထားခြင်းဖြစ်ရာ ယခုအခါ ၎င်းတို့သည် သက်တမ်းကုန်ဆုံးတော့မည်အချိန် ချဉ်းကပ်လာပြီ ဖြစ်သည်။

အဆိုပါ ဆည်ကြီးများသာ ကျိုးကျမည်ဆိုပါက ရေ ၈,၃၀၀ ကုဗကီလိုမီတာ ထုတ်လွှတ်မည်ဖြစ်ရာ အမေရိကန်ရှိ ကမ္ဘာကျော် Grand Canyon ချောက်ကြီးကို ၂ ကြိမ်ခန့် ရေဖြည့်ပေးနိုင်မည့် ပမာဏလည်း ဖြစ်သည်။

(Grand Canyon ချောက်ကြီးသည် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်တွင် တည်ရှိသည်။ အလျား ၂၇၇ မိုင်၊ အနံ ပျှမ်းမျှ ၁၀ မိုင်နှင့် အနက် ပျှမ်းမျှ ၁ မိုင်ရှိသည့် ချောက်ကြီးဖြစ်ကာ ချောက်အောက်ခြေတွင် ကော်လိုရာဒိုမြစ်က စီးဆင်းနေသည်။)

ယခုတွေ့ရှိချက်သည် နိုင်ငံတကာမှ မူဝါဒချမှတ်သူများအနေဖြင့် အိုမင်းလာသော ဆည်များကို မည်သို့လုပ်ဆောင်မည်အား ဆုံးဖြတ်နိုင်ရန် အထောက်အကူပြုမည်ဟု သုတေသီတို့က မျှော်လင့်သည်။

ယခုလေ့လာမှုကို ကုလသမဂ္ဂ ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး တက္ကသိုလ်အင်စတီကျု (UNU-INWEH) မှ သုတေသနပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတဝန်းရှိ အကြီးမားဆုံး ဆည်ကြီးများ၏ သက်တမ်းနှင့် အခြေအနေများကို လေ့လာခဲ့ကြသည်။

သက်တမ်း နှစ် ၅၀ မှ ၁၀၀ ကြား ခံနိုင်ရည်ရှိအောင်သာ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ရာ ယခုအခါ သက်တမ်းအိုမင်းလာမှု လက္ခဏာများ စတင်ပြသလာဖွယ်ရှိနေကြောင်း သုတေသီတို့က ပြောသည်။

UNU-INWEH မှ အကြီးတန်း သုတေသနပညာရှင် ၊ ယခုလေ့လာမှုကို ဦးဆောင်သူ ဒူမင်ဒါ ပရဲရား (Duminda Perera) က “သက်တမ်းရင့်လာတဲ့ ဆည်တွေရဲ့ ယနေ့ပြဿနာဟာ နိုင်ငံအနည်းငယ်သာ ရင်ဆိုင်နေကြရတာလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဆည်ကြီးတွေရဲ့ ၉၃ ရာခိုင်နှုန်းဟာ နိုင်ငံ ၂၅ နိုင်ငံမှာပဲ ရှိတာဖြစ်ပါတယ်”ဟု ပြောကြားသည်။

“၂၀ ရာစုအလယ်ပိုင်းမှာ ကြီးမားတဲ့ဆည်ကြီးတွေဆောက်လုပ်မှု မြင့်တက်ခဲ့ပြီး ၁၉၆၀၊ ၇၀ ပြည့်လွန်ကာလတွေမှာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အထူးသဖြင့်က အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက်တွေမှာပါ။ အာဖရိကမှာ ဆည်ဆောက်လုပ်မှု အထွတ်အထိပ် ရောက်ခဲ့တဲ့ ကာလကတော့ ၁၉၈၀ ပြည့်လွန်ကာလတွေ ဖြစ်ပါတယ်”ဟု ပရဲရားက ဆက်လက်ပြောကြားသည်။

အဆိုပါ ကာလနောက်ပိုင်းတွင် ဆည်အသစ်ဆောက်လုပ်မှု ပမာဏ ဆက်တိုက်ကျဆင်းလာခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ဆည်များအတွင်း ရေကုဗ ကီလိုမီတာ ၇၀၀၀ မှ ၈၃၀၀ ကြား သိုလှောင်ထားသည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကလည်း ဆည်များအိုမင်းမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်မှုဖြစ်စေနိုင်ကြောင်း ၎င်းတို့အဖွဲ့က ယူဆသည်။

UNU-INWEH ၏ ဒါရိုက်တာ ဗလာဒီမီယာ စမက်ခ်တင် (Vladimir Smakhtin) က “ယခု အစီရင်ခံစာဟာ သက်တမ်းရင့် အိုမင်းနေတဲ့ ရေသိုလှောင်မှု အခြေခံအဆောက်အအုံတွေရဲ့ တစထက်တစ ဆိုးရွားလာနေတဲ့ ပြဿနာကို တစ်ကမ္ဘာလုံး အာရုံစိုက်မိစေဖို့ ရည်ရွယ်ပါတယ်။ ရေဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှု ဖြစ်ပေါ်လာနေတဲ့အပေါ် နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းရန် လှုံ့ဆော်ပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကမ္ဘာ့အကြီးမားဆုံး ဆည်ကြီးများ

1. Kariba ဆည်၊ ဇင်ဘာဘွေနိုင်ငံ - ရေသိုလှောင်မှု ၁၈၅ ဘီလီယံ ကုဗမီတာ

2. Bratsk ဆည်၊ ရုရှား - ရေသိုလှောင်မှု ၁၆၉ ဒသမ ၂၇ ဘီလီယံ ကုဗမီတာ

3. Akosombo ဆည်၊ ဂါနာ - ရေသိုလှောင်မှု ၁၄၄ ဘီလီယံ ကုဗမီတာ

4. Daniel Johnson ဆည်၊ ကနေဒါ - ရေသိုလှောင်မှု ၁၃၉ ဒသမ ၈ ဘီလီယံ ကုဗမီတာ

5. Guri ဆည်၊ ဗင်နီဇွဲလား - ရေသိုလှောင်မှု ၁၃၅ ဘီလီယံ ကုဗမီတာ

6. Aswan High ဆည်၊ အီဂျစ် - ရေသိုလှောင်မှု ၁၃၂ ဘီလီယံ ကုဗမီတာ

7. W.A.C Bennett ဆည်၊ ကနေဒါ - ရေသိုလှောင်မှု ၇၄ ဘီလီယံ ကုဗမီတာ

8. Krasnoyarsk ဆည်၊ ရုရှား - ရေသိုလှောင်မှု ၇၃ ဒသမ ၃ ဘီလီယံ ကုဗမီတာ 9. Zeya ဆည်၊ ရုရှား - ရေသိုလှောင်မှု ၆၈ ဒသမ ၄၂ ဘီလီယံ ကုဗမီတာ

10. Robert-Bourassa ဆည်၊ ကနေဒါ - ရေသိုလှောင်မှု ၆၁ ဒသမ ၇ ဘီလီယံ ကုဗမီတာ

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Most of the world's 58,700 biggest dams are crumbling and could release enough water to fill the Grand Canyon TWICE if they collapse, report warns (dailymail)

[Zawgyi]

ကမၻာ့အၾကီးမားဆံုးဆည္ၾကီးေပါင္း ၅၈,၇၀၀ အနက္ အမ်ားစုမွာ ယိုယြင္းပ်က္စီးလာေနျပီး ဆည္က်ဳိးမည္ဆိုပါက ကမၻာ့အၾကီးမားဆံုး ေခ်ာက္ၾကီးျဖစ္ေသာ Grand Canyon ကို ၂ ၾကိမ္ခန္႔အထိ ေရအျပည့္ျဖည့္ေပးႏိုင္မည့္ပမာဏျဖစ္ေၾကာင္း သတိေပး

အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္ရွိ ဟူးဗားဆည္ (Hoover Dam) မွသည္ ေဂ်ာ္ဂ်ီယာရွိ အင္ဂူးရီဆည္ (Inguri Dam) အထိေသာ ကမၻာ့အေက်ာ္ၾကားဆံုး ဆည္ၾကီးမ်ား၏ အမ်ားစုမွာ ျပိိဳက်ပ်က္စီးေတာ့မည့္ အႏၱရာယ္ရွိေနေၾကာင္း အစီရင္ခံစာတစ္ခုတြင္ သတိေပးထားသည္။

ကမၻာတစ္ဝန္းရွိ အၾကီးမားဆံုးဆည္ၾကီးေပါင္း ၅၈,၇၀၀ အနက္ အမ်ားစုမွာ ၁၉၃၀ မွ ၁၉၇၀ ျပည့္လြန္ကာလမ်ားအၾကား တည္ေဆာက္ခဲ့ျခင္းျဖစ္ရာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၅၀ မွ ၇၀ ၾကားရွိေနျပီျဖစ္သည္။

အမ်ားစုမွာ ႏွစ္ ၅၀ မွ ၁၀၀ ၾကား သက္တမ္းခံႏိုင္ေစရန္သာ တည္ေဆာက္ထားျခင္းျဖစ္ရာ ယခုအခါ ၎တို႔သည္ သက္တမ္းကုန္ဆံုးေတာ့မည္အခ်ိန္ ခ်ဥ္းကပ္လာျပီ ျဖစ္သည္။

အဆိုပါ ဆည္ၾကီးမ်ားသာ က်ဳိးက်မည္ဆိုပါက ေရ ၈,၃၀၀ ကုဗကီလိုမီတာ ထုတ္လႊတ္မည္ျဖစ္ရာ အေမရိကန္ရွိ ကမၻာေက်ာ္ Grand Canyon ေခ်ာက္ၾကီးကို ၂ ၾကိမ္ခန္႔ ေရျဖည့္ေပးႏိုင္မည့္ ပမာဏလည္း ျဖစ္သည္။

(Grand Canyon ေခ်ာက္ၾကီးသည္ အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္တြင္ တည္ရွိသည္။ အလ်ား ၂၇၇ မိုင္၊ အနံ ပွ်မ္းမွ် ၁၀ မိုင္ႏွင့္ အနက္ ပွ်မ္းမွ် ၁ မိုင္ရွိသည့္ ေခ်ာက္ၾကီးျဖစ္ကာ ေခ်ာက္ေအာက္ေျခတြင္ ေကာ္လိုရာဒိုျမစ္က စီးဆင္းေနသည္။)

ယခုေတြ႔ရွိခ်က္သည္ ႏိုင္ငံတကာမွ မူဝါဒခ်မွတ္သူမ်ားအေနျဖင့္ အိုမင္းလာေသာ ဆည္မ်ားကို မည္သို႔လုပ္ေဆာင္မည္အား ဆံုးျဖတ္ႏိုင္ရန္ အေထာက္အကူျပဳမည္ဟု သုေတသီတို႔က ေမွ်ာ္လင့္သည္။

ယခုေလ့လာမႈကို ကုလသမဂၢ ေရ၊ သဘာဝပတ္ဝန္းက်င္ႏွင့္ က်န္းမာေရး တကၠသိုလ္အင္စတီက်ဳ (UNU-INWEH) မွ သုေတသနပညာရွင္မ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ကမၻာတဝန္းရွိ အၾကီးမားဆံုး ဆည္ၾကီးမ်ား၏ သက္တမ္းႏွင့္ အေျခအေနမ်ားကို ေလ့လာခဲ့ၾကသည္။

သက္တမ္း ႏွစ္ ၅၀ မွ ၁၀၀ ၾကား ခံႏိုင္ရည္ရွိေအာင္သာ ဒီဇိုင္းထုတ္ေဆာက္လုပ္ခဲ့ၾကျခင္းျဖစ္ရာ ယခုအခါ သက္တမ္းအိုမင္းလာမႈ လကၡဏာမ်ား စတင္ျပသလာဖြယ္ရွိေနေၾကာင္း သုေတသီတို႔က ေျပာသည္။

UNU-INWEH မွ အၾကီးတန္း သုေတသနပညာရွင္ ၊ ယခုေလ့လာမႈကို ဦးေဆာင္သူ ဒူမင္ဒါ ပရဲရား (Duminda Perera) က “သက္တမ္းရင့္လာတဲ့ ဆည္ေတြရဲ႕ ယေန႔ျပႆနာဟာ ႏိုင္ငံအနည္းငယ္သာ ရင္ဆိုင္ေနၾကရတာလို႔ ဆိုႏိုင္ပါတယ္။ ကမၻာ့အၾကီးမားဆံုး ဆည္ၾကီးေတြရဲ႕ ၉၃ ရာခိုင္ႏႈန္းဟာ ႏိုင္ငံ ၂၅ ႏိုင္ငံမွာပဲ ရွိတာျဖစ္ပါတယ္”ဟု ေျပာၾကားသည္။

“၂၀ ရာစုအလယ္ပိုင္းမွာ ၾကီးမားတဲ့ဆည္ၾကီးေတြေဆာက္လုပ္မႈ ျမင့္တက္ခဲ့ျပီး ၁၉၆၀၊ ၇၀ ျပည့္လြန္ကာလေတြမွာ အထြတ္အထိပ္ကို ေရာက္ခဲ့ပါတယ္။ အထူးသျဖင့္က အာရွ၊ ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္ေတြမွာပါ။ အာဖရိကမွာ ဆည္ေဆာက္လုပ္မႈ အထြတ္အထိပ္ ေရာက္ခဲ့တဲ့ ကာလကေတာ့ ၁၉၈၀ ျပည့္လြန္ကာလေတြ ျဖစ္ပါတယ္”ဟု ပရဲရားက ဆက္လက္ေျပာၾကားသည္။

အဆိုပါ ကာလေနာက္ပိုင္းတြင္ ဆည္အသစ္ေဆာက္လုပ္မႈ ပမာဏ ဆက္တိုက္က်ဆင္းလာခဲ့သည္။

ကမၻာတစ္ဝန္းရွိ ဆည္မ်ားအတြင္း ေရကုဗ ကီလိုမီတာ ၇၀၀၀ မွ ၈၃၀၀ ၾကား သိုေလွာင္ထားသည္ဟု ခန္႔မွန္းရသည္။

ကမၻာ့ရာသီဥတုေျပာင္းလဲမႈကလည္း ဆည္မ်ားအိုမင္းမႈျဖစ္စဥ္ကို ပိုမိုျမန္ဆန္မႈျဖစ္ေစႏိုင္ေၾကာင္း ၎တို႔အဖြဲ႔က ယူဆသည္။

UNU-INWEH ၏ ဒါရိုက္တာ ဗလာဒီမီယာ စမက္ခ္တင္ (Vladimir Smakhtin) က “ယခု အစီရင္ခံစာဟာ သက္တမ္းရင့္ အိုမင္းေနတဲ့ ေရသိုေလွာင္မႈ အေျခခံအေဆာက္အအံုေတြရဲ႕ တစထက္တစ ဆိုးရြားလာေနတဲ့ ျပႆနာကို တစ္ကမၻာလံုး အာရံုစိုက္မိေစဖို႔ ရည္ရြယ္ပါတယ္။ ေရေဘးအႏၱရာယ္ရဲ႕ ျခိမ္းေျခာက္မႈ ျဖစ္ေပၚလာေနတဲ့အေပၚ ႏိုင္ငံတကာက ကိုင္တြယ္ေျဖရွင္းရန္ လံႈ႔ေဆာ္ေပးႏိုင္ဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

ကမၻာ့အၾကီးမားဆံုး ဆည္ၾကီးမ်ား

1. Kariba ဆည္၊ ဇင္ဘာေဘြႏိုင္ငံ - ေရသိုေလွာင္မႈ ၁၈၅ ဘီလီယံ ကုဗမီတာ

2. Bratsk ဆည္၊ ရုရွား - ေရသိုေလွာင္မႈ ၁၆၉ ဒသမ ၂၇ ဘီလီယံ ကုဗမီတာ

3. Akosombo ဆည္၊ ဂါနာ - ေရသိုေလွာင္မႈ ၁၄၄ ဘီလီယံ ကုဗမီတာ

4. Daniel Johnson ဆည္၊ ကေနဒါ - ေရသိုေလွာင္မႈ ၁၃၉ ဒသမ ၈ ဘီလီယံ ကုဗမီတာ

5. Guri ဆည္၊ ဗင္နီဇြဲလား - ေရသိုေလွာင္မႈ ၁၃၅ ဘီလီယံ ကုဗမီတာ

6. Aswan High ဆည္၊ အီဂ်စ္ - ေရသိုေလွာင္မႈ ၁၃၂ ဘီလီယံ ကုဗမီတာ

7. W.A.C Bennett ဆည္၊ ကေနဒါ - ေရသိုေလွာင္မႈ ၇၄ ဘီလီယံ ကုဗမီတာ

8. Krasnoyarsk ဆည္၊ ရုရွား - ေရသိုေလွာင္မႈ ၇၃ ဒသမ ၃ ဘီလီယံ ကုဗမီတာ 9. Zeya ဆည္၊ ရုရွား - ေရသိုေလွာင္မႈ ၆၈ ဒသမ ၄၂ ဘီလီယံ ကုဗမီတာ

10. Robert-Bourassa ဆည္၊ ကေနဒါ - ေရသိုေလွာင္မႈ ၆၁ ဒသမ ၇ ဘီလီယံ ကုဗမီတာ

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Most of the world's 58,700 biggest dams are crumbling and could release enough water to fill the Grand Canyon TWICE if they collapse, report warns (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service