ဆေးခြောက်အဆီသည် ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အား ပြန်လည်တိုက်ခိုက်မှု (cytokine storm)ကို ရပ်တန့်ပေးနိုင်ပြီး Covid-19 ကြာင့် သေဆုံးရမှု အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း ကနေဒါ၏ သုတေသနတွင်တွေ့ရှိ

ဆေးခြောက်အဆီသည် ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အား ပြန်လည်တိုက်ခိုက်မှု (cytokine storm)ကို ရပ်တန့်ပေးနိုင်ပြီး Covid-19 ကြာင့် သေဆုံးရမှု အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း ကနေဒါ၏ သုတေသနတွင်တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jan 2021 12:22 pm တွင် တင်ခဲ့သည်
2619 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆေးခြောက်အဆီသည် ကိုယ်ခံအားစနစ်က လူ့ခန္ဓာကိုယ်အား ပြန်လည်တိုက်ခိုက်မှု (cytokine storm) ကို ရပ်တန့်ပေးနိုင်ပြီး Covid-19 ကြောင့် သေဆုံးရမှု အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း သုတေသနပြုလုပ်ချက်များအရ တွေ့ရှိခဲ့ကြသည်။

'cytokine storm' ဟူသည်မှာ ကိုယ်ခံအားစနစ် ဝရုန်းသုန်းကားဖြစ်သွားသည့် အခြေအနေဖြစ်ပြီး ဗိုင်းရပ်စ်ကိုသာမက ကျန်းမာသည့် တစ်သျှူးများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

Covid-19 ရောဂါပြင်းထန်သူများတွင် 'cytokine storm' သည် အသက်အန္တရာယ်ရှိစေသည်အထိ ဖြစ်နိုင်ရာ အဆိုပါဖြစ်စဉ်ကို လျော့ကျအောင် ဆောင်ရွက်နိုင်ရေးမှာ ဆရာဝန်တို့၏ ဦးစားပေးအလုပ်တစ်ခု ဖြစ်လာသည်။

ယခုအခါ ကနေဒါနိုင်ငံရှိ လက်ဘရစ်ချ် တက္ကသိုလ် (University of Lethbridge) မှ သုတေသနပညာရှင်တို့သည် ဆေးခြောက်ပင် မျိုးစိတ်တစ်မျိုးဖြစ်သော Cannabis sativa အပင်များမှ ထုတ်ယူရရှိသော အဆီမှာ 'cytokine storm' အပေါ် မည်သို့ သက်ရောက်မှု ရှိသည်ကို လေ့လာခဲ့ကြသည်။

ထိုသို့လေ့လာသောအခါ ဆေးခြောက်မျိုးစိတ် ၃ ခုသည် cytokine storm ဖြစ်ပေါ်မှုတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သော ဓာတ်ပစ္စည်း ၂ မျိုးကို ထိရောက်စွာ လျှော့ချပေးနိုင်ကြောင်း တွေ့ခဲ့ကြသည်။

သုတေသနပညာရှင်တို့တွ် ဆေးခြောက်မျိုးစိတ် ၂၀၀ ကျော် စုဆောင်းထားပြီး ယခုလေ့လာချက်တွင်မူ ဆေးခြောက်မျိုးစိတ် ၇ ခုဖြင့် စမ်းသပ်လေ့လာခဲ့ကြသည်။

“ဒီလေ့လာချက်မှာ မျိုးစိတ် ၃ ခုရဲ့ အဆီဟာ အလွန့်အလွန်ကောင်းမွန်တာ တွေ့ရပါတယ်” ဟု ယခုလေ့လာချက်တွင် ပူးတွဲဦးဆောင်သူ ဒေါက်တာ အော်လ်ဂါ ခဗာချုခ် (Dr Olga Kovalchuk)က ပြောသည်။

အဆိုပါ ဆေးခြောက်မျိုးစိတ်များကို နံပါတ် ၄၊ ၈ နှင့် ၁၄ ဟုသာ နာမည်တပ်ကာ ညွှန်းဆိုထားသည်။

cytokine storm ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအစောပိုင်းကာလများကတည်းက ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး cytokine storm ကို ရပ်တန့်နိုင်ရေးမှာ သုတေသနပညာရှင်တို့၏ ဦးစားပေးအကြောင်းရပ် ဖြစ်လာသည်။

cytokine storm သည် ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်အတွင်းမှ တိုက်ထုတ်လိုက်ပြီးနောက်တွင်ပင်လျှင် ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်သည့် အသက်ရှူခက်ခဲသောရောဂါ (ARDS) ဖြစ်လာနိုင်ပြီး သေစေနိုင်သော အန္တရာယ်ဖြစ်လာနိုင်သည်။

cytokine storm ကြောင့် အဆုပ်တစ်သျှူးများ ထိခိုက်ပျက်စီးကာ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တော့သည့် အဆုပ်တွယ်ဆက်တစ်သျှူးများ သိပ်သည်းထူပြောလာမှု (lung fibrosis) ဖြစ်စေနိုင်သည်။

အဆိုပါအခြေအနေသည် ကုသရန် ခက်ခဲသည့် အခြေအနေတစ်ခုဖြစ်ပြီး အဆုပ်အစားထိုးကုသမှုမျိုးဖြင့်သာ ကုသနိုင်တော့သည့် အခြေအနေဖြစ်သည်။ ARDS ဖြစ်စေသည့် အကြောင်းရင်းများကို ရှာဖွေရာတွင် တူညီသော မော်လီကျူးများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း ဒေါက်တာ ခဗာချုခ်က ပြောသည်။

“တစ်ခုက interleukin-6 (IL-6) လို့ခေါ်ပြီး နောက်တစ်ခုက tumour necrosis factor alpha (TNF-a) လို့ ခေါ်ပါတယ်” သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ဆေးခြောက်အဆီတို့သည် IL-6 နှင့် TNF-a ပမာဏကို ကျဆင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

သုတေသနပညာရှင်တို့က ပြောသည်မှာ ယခုတွေ့ရှိချက်မှာ ဆေးခြောက်ရှုခြင်းဖြင့် Covid-19 ကို အကာအကွယ်ရစေမည်ဟု ဆိုလိုခြင်း မဟုတ်ကြာင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cannabis extracts may reduce the risk of dying from Covid-19 by stopping the immune system attacking itself (dailymail)

[Zawgyi]

ေဆးေျခာက္အဆီသည္ ကိုယ္ခံအားစနစ္က ခႏၶာကိုယ္အား ျပန္လည္တိုက္ခိုက္မႈ (cytokine storm)ကို ရပ္တန္႔ေပးႏိုင္ျပီး Covid-19 ၾကာင့္ ေသဆံုးရမႈ အႏၱရာယ္မ်ားကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ကေနဒါ၏ သုေတသနတြင္ေတြ႔ရွိ

ေဆးေျခာက္အဆီသည္ ကိုယ္ခံအားစနစ္က လူ႔ခႏၶာကိုယ္အား ျပန္လည္တိုက္ခိုက္မႈ (cytokine storm) ကို ရပ္တန္႔ေပးႏိုင္ျပီး Covid-19 ေၾကာင့္ ေသဆံုးရမႈ အႏၱရာယ္မ်ားကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း သုေတသနျပဳလုပ္ခ်က္မ်ားအရ ေတြ႔ရွိခဲ့ၾကသည္။

'cytokine storm' ဟူသည္မွာ ကိုယ္ခံအားစနစ္ ဝရုန္းသုန္းကားျဖစ္သြားသည့္ အေျခအေနျဖစ္ျပီး ဗိုင္းရပ္စ္ကိုသာမက က်န္းမာသည့္ တစ္သွ်ဴးမ်ားကိုပါ တိုက္ခိုက္မႈမ်ား ျပဳလုပ္လာျခင္း ျဖစ္သည္။

Covid-19 ေရာဂါျပင္းထန္သူမ်ားတြင္ 'cytokine storm' သည္ အသက္အႏၱရာယ္ရွိေစသည္အထိ ျဖစ္ႏိုင္ရာ အဆိုပါျဖစ္စဥ္ကို ေလ်ာ့က်ေအာင္ ေဆာင္ရြက္ႏိုင္ေရးမွာ ဆရာဝန္တို႔၏ ဦးစားေပးအလုပ္တစ္ခု ျဖစ္လာသည္။

ယခုအခါ ကေနဒါႏိုင္ငံရွိ လက္ဘရစ္ခ်္ တကၠသိုလ္ (University of Lethbridge) မွ သုေတသနပညာရွင္တို႔သည္ ေဆးေျခာက္ပင္ မ်ဳိးစိတ္တစ္မ်ဳိးျဖစ္ေသာ Cannabis sativa အပင္မ်ားမွ ထုတ္ယူရရွိေသာ အဆီမွာ 'cytokine storm' အေပၚ မည္သို႔ သက္ေရာက္မႈ ရွိသည္ကို ေလ့လာခဲ့ၾကသည္။

ထိုသို႔ေလ့လာေသာအခါ ေဆးေျခာက္မ်ဳိးစိတ္ ၃ ခုသည္ cytokine storm ျဖစ္ေပၚမႈတြင္ အေရးၾကီးသည့္အခန္းက႑မွ ပါဝင္ေသာ ဓာတ္ပစၥည္း ၂ မ်ဳိးကို ထိေရာက္စြာ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေတြ႔ခဲ့ၾကသည္။

သုေတသနပညာရွင္တို႔တြ္ ေဆးေျခာက္မ်ဳိးစိတ္ ၂၀၀ ေက်ာ္ စုေဆာင္းထားျပီး ယခုေလ့လာခ်က္တြင္မူ ေဆးေျခာက္မ်ဳိးစိတ္ ၇ ခုျဖင့္ စမ္းသပ္ေလ့လာခဲ့ၾကသည္။

“ဒီေလ့လာခ်က္မွာ မ်ဳိးစိတ္ ၃ ခုရဲ႕ အဆီဟာ အလြန္႔အလြန္ေကာင္းမြန္တာ ေတြ႔ရပါတယ္” ဟု ယခုေလ့လာခ်က္တြင္ ပူးတြဲဦးေဆာင္သူ ေဒါက္တာ ေအာ္လ္ဂါ ခဗာခ်ဳခ္ (Dr Olga Kovalchuk)က ေျပာသည္။

အဆိုပါ ေဆးေျခာက္မ်ဳိးစိတ္မ်ားကို နံပါတ္ ၄၊ ၈ ႏွင့္ ၁၄ ဟုသာ နာမည္တပ္ကာ ညႊန္းဆိုထားသည္။

cytokine storm ကို ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးအေစာပိုင္းကာလမ်ားကတည္းက ေဖာ္ထုတ္ေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး cytokine storm ကို ရပ္တန္႔ႏိုင္ေရးမွာ သုေတသနပညာရွင္တို႔၏ ဦးစားေပးအေၾကာင္းရပ္ ျဖစ္လာသည္။

cytokine storm သည္ ဗိုင္းရပ္စ္ကို ခႏၶာကိုယ္အတြင္းမွ တိုက္ထုတ္လုိက္ျပီးေနာက္တြင္ပင္လွ်င္ ဆက္လက္ျဖစ္ေပၚႏိုင္ျပီး ျပင္းထန္သည့္ အသက္ရွဴခက္ခဲေသာေရာဂါ (ARDS) ျဖစ္လာႏိုင္ျပီး ေသေစႏိုင္ေသာ အႏၱရာယ္ျဖစ္လာႏိုင္သည္။

cytokine storm ေၾကာင့္ အဆုပ္တစ္သွ်ဴးမ်ား ထိခုိက္ပ်က္စီးကာ လုပ္ငန္းေဆာင္တာမ်ားကို ပံုမွန္အတိုင္း မလုပ္ေဆာင္ႏိုင္ေတာ့သည့္ အဆုပ္တြယ္ဆက္တစ္သွ်ဴးမ်ား သိပ္သည္းထူေျပာလာမႈ (lung fibrosis) ျဖစ္ေစႏိုင္သည္။

အဆိုပါအေျခအေနသည္ ကုသရန္ ခက္ခဲသည့္ အေျခအေနတစ္ခုျဖစ္ျပီး အဆုပ္အစားထိုးကုသမႈမ်ဳိးျဖင့္သာ ကုသႏိုင္ေတာ့သည့္ အေျခအေနျဖစ္သည္။ ARDS ျဖစ္ေစသည့္ အေၾကာင္းရင္းမ်ားကို ရွာေဖြရာတြင္ တူညီေသာ ေမာ္လီက်ဴးမ်ားေၾကာင့္ ျဖစ္သည္ကို ေတြ႔ရေၾကာင္း ေဒါက္တာ ခဗာခ်ဳခ္က ေျပာသည္။

“တစ္ခုက interleukin-6 (IL-6) လို႔ေခၚျပီး ေနာက္တစ္ခုက tumour necrosis factor alpha (TNF-a) လို႔ ေခၚပါတယ္” သုေတသနပညာရွင္တို႔၏ ေတြ႔ရွိခ်က္အရ ေဆးေျခာက္အဆီတို႔သည္ IL-6 ႏွင့္ TNF-a ပမာဏကို က်ဆင္းေစႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကျခင္း ျဖစ္သည္။

သုေတသနပညာရွင္တို႔က ေျပာသည္မွာ ယခုေတြ႔ရွိခ်က္မွာ ေဆးေျခာက္ရႈျခင္းျဖင့္ Covid-19 ကို အကာအကြယ္ရေစမည္ဟု ဆိုလိုျခင္း မဟုတ္ၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cannabis extracts may reduce the risk of dying from Covid-19 by stopping the immune system attacking itself (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service