ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းမကုန်ဆုံးမီအတွင်း ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန်ဓာတ်ခွဲခန်းမှ စတင်ခဲ့ခြင်းဖြစ်သည် ဟူသော အထောက်အထားများကို အမေရိကန်ချပြတော့မည်ဟုဆို

ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းမကုန်ဆုံးမီအတွင်း ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန်ဓာတ်ခွဲခန်းမှ စတင်ခဲ့ခြင်းဖြစ်သည် ဟူသော အထောက်အထားများကို အမေရိကန်ချပြတော့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Jan 2021 12:00 pm တွင် တင်ခဲ့သည်
2305 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျောက် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ယူဆကြသော်လည်း အမေရိကန်ကမူ အဆိုပါဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်သည်ဟူသော အယူအဆကိုသာ အမြဲပြောဆိုနေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ လွတ်ထွက်လာခြင်းဖြစ်ကြော်း သက်သေပြနိုင်သည့် အထောက်အထား မိမိတို့တွင်ရှိကြောင်း ပြောကြားသည်။

The Sun သတင်းဌာနက အမည်မဖော်သော သံတမန်ရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ရာတွင် အမေရိကန် ပြည်ထဲရေးဌာနသည် ထရမ့်အစိုးရ၏ နောက်ဆုံးနေ့ရက်များတွင် ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုရှိ ဓာတ်ခွဲခန်းတစ်ခုမှတဆင့် Covid-19 ရောဂါ စတင်ပျံ့ပွားခဲ့ပုံ အထောက်အထားများကို ထုတ်ဖော်ချပြနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

အဆိုပါ သတင်းရင်းမြစ်၏ ပြောကြားချက်အရ လာမည့်ရက်များအတွင်း တစ်စုံတစ်ခု ထူးခြားသည့်အရာ ပေါ်ပေါက်လာနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုမှ စတင်သည်ဟု ယူဆရသော အထောက်အထားများ ချပြရေးသည် အိမ်ဖြူတော်၏ နောက်ဆုံးဝှက်ဖဲတစ်ခုဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

ယင်းသတင်းရင်းမြစ်၏ ဆက်လက်ပြောကြားချက်အရ ဖော်ထုတ်ချပြမည့် အထောက်အထားများတွင် သိပ္ပံပညာရှင်များနှင့် တရုတ်စစ်တပ်အကြား ဆက်နွှယ်မှုများကိုပင် ဖော်ထုတ်လာနိုင်ကြောင်း ပြောကြားသည်။

အခြားသတင်းရင်းမြစ်တစ်ခုဖြစ်သော ဗြိတိန်အစိုးရ၏ သတင်းရင်းမြစ်မှ The Sun သို့ ပြောကြားချက်အရ ဝါရှင်တန်အစိုးရအနေဖြင့် တရုတ်ပြည်နှင့် ပတ်သက်သည့် အကြောင်း ဖော်ထုတ်ဖွယ်ရာရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ကပ်ဘေးပေါ်ပေါက်လာစဉ်တွင် ကိုင်တွယ်ခဲ့ပုံများနှင့်လည်း ဆက်နွှယ်ဖွယ်ရှိသည်ဟူသော အသံများ ကျယ်လောင်စွာကြားလာရကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ် စီ- အို ဘရိုင်ယန်က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့ရာ၌ ဝါရှင်တန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးစတင်ပေါ်ပေါက်လာမှုအတွက် တရုတ်အစိုးရအနေဖြင့် တာဝန်ယူစေမည့် နည်းလမ်းကို စမ်းစစ်နေကြောင်း ပြောကြားသည်။ တရုတ်အစိုးရကမူ အမေရိကန်အစိုးရ၏ စွပ်စွဲပြောကြားချက်များကို အမြဲငြင်းပယ်နေခဲ့သည်။

“တရုတ်အစိုးရကို တာဝန်ယူလာအောင် ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက တောင်းဆိုကြဖို့ အရေးကြီးပါတယ်။”ဟု အိုဘရိုင်ယန်က ပြောကြားသည်။ ကမ္ဘာကြီးအနေဖြင့် တရုတ်အစိုးရ၏ တာဝန်ခံမှုကင်းမဲ့ခြင်းနှင့် အန္တရာယ်ကြီးသော လုပ်ဆောင်မှုများအတွက် ဆက်လက်ပြီး တန်ဖိုးကြီးကြီး မပေးဆပ်နိုင်တော့ကြောင်းလည်း အိုဘရိုင်ယန်က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အမေရိကန်ထိပ်တန်းခေါင်းဆောင်တို့က ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုမှ ဗိုင်းရပ်စ်များ မတော်တဆ လွတ်မြောက်ခဲ့မှုအတွက် တရုတ်ကို ကြိမ်ဖန်များစွာ ရှုတ်ချပြစ်တင်ခဲ့သည်။ သို့သော် တရုတ်အစိုးရကမူ အဆိုပါ စွပ်စွဲချက်များကို အခိုင်အမာ ငြင်းပယ်နေခဲ့သည်။

အမေရိကန်အစိုးရက ၎င်းတို့၏ ပြောကြားချက်များကို သက်သေပြမည့် သက်သေအထောက်အထားရှိသည်ဟုဆိုရာတွင် ဝူဟန်ဓာတ်ခွဲခန်းတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသော ဝန်ထမ်းတစ်ဦး၏ ထွက်ဆိုချက်များလည်း ပါဝင်မည် ဖြစ်ဖွယ်ရှိသည်။ အဆိုပါ ဝန်ထမ်းသည် အမေရိကန်ထောက်လှမ်းရေးထံ ဖွင့်ဟပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိမူ အမေရိကန်အစိုးရက အများပြည်သူသို့ မည်သည့်အချက်အလက်မျှ ချပြခြင်း မရှိသေးချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US Reportedly Mulls Releasing Evidence Linking COVID-19 to Wuhan Lab Before Trump's Departure (sputnik)

[Zawgyi]

ေဒၚနယ္ထရမ့္ သမၼတသက္တမ္းမကုန္ဆံုးမီအတြင္း ကိုရိုနာဗိုင္းရပ္စ္သည္ တရုတ္ျပည္ ဝူဟန္ဓာတ္ခြဲခန္းမွ စတင္ခဲ့ျခင္းျဖစ္သည္ ဟူေသာ အေထာက္အထားမ်ားကို အေမရိကန္ခ်ျပေတာ့မည္ဟုဆို

ကမၻာတစ္ဝန္းရွိ သိပၸံပညာရွင္မ်ားက ကိုရိုနာဗိုင္းရပ္စ္သည္ သဘာဝအေလ်ာက္ ေပၚေပါက္လာျခင္းျဖစ္သည္ဟု ယူဆၾကေသာ္လည္း အေမရိကန္ကမူ အဆိုပါဗိုင္းရပ္စ္သည္ လူလုပ္ဗိုင္းရပ္စ္ျဖစ္သည္ဟူေသာ အယူအဆကိုသာ အျမဲေျပာဆိုေနခဲ့သည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ တရုတ္ႏိုင္ငံ၊ ဝူဟန္ျမိဳ႕ရွိ ဓာတ္ခြဲခန္းတစ္ခုမွ လြတ္ထြက္လာျခင္းျဖစ္ေၾကာ္း သက္ေသျပႏိုင္သည့္ အေထာက္အထား မိမိတို႔တြင္ရွိေၾကာင္း ေျပာၾကားသည္။

The Sun သတင္းဌာနက အမည္မေဖာ္ေသာ သံတမန္ရင္းျမစ္တစ္ခုကို ကိုးကားျပီး ေဖာ္ျပခဲ့ရာတြင္ အေမရိကန္ ျပည္ထဲေရးဌာနသည္ ထရမ့္အစိုးရ၏ ေနာက္ဆံုးေန႔ရက္မ်ားတြင္ ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳရွိ ဓာတ္ခြဲခန္းတစ္ခုမွတဆင့္ Covid-19 ေရာဂါ စတင္ပ်ံ႕ပြားခဲ့ပံု အေထာက္အထားမ်ားကို ထုတ္ေဖာ္ခ်ျပႏိုင္ဖြယ္ရွိသည္ဟု ဆိုသည္။

အဆိုပါ သတင္းရင္းျမစ္၏ ေျပာၾကားခ်က္အရ လာမည့္ရက္မ်ားအတြင္း တစ္စံုတစ္ခု ထူးျခားသည့္အရာ ေပၚေပါက္လာႏိုင္ေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းတစ္ခုမွ စတင္သည္ဟု ယူဆရေသာ အေထာက္အထားမ်ား ခ်ျပေရးသည္ အိမ္ျဖဴေတာ္၏ ေနာက္ဆံုးဝွက္ဖဲတစ္ခုျဖစ္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

ယင္းသတင္းရင္းျမစ္၏ ဆက္လက္ေျပာၾကားခ်က္အရ ေဖာ္ထုတ္ခ်ျပမည့္ အေထာက္အထားမ်ားတြင္ သိပၸံပညာရွင္မ်ားႏွင့္ တရုတ္စစ္တပ္အၾကား ဆက္ႏႊယ္မႈမ်ားကိုပင္ ေဖာ္ထုတ္လာႏိုင္ေၾကာင္း ေျပာၾကားသည္။

အျခားသတင္းရင္းျမစ္တစ္ခုျဖစ္ေသာ ျဗိတိန္အစိုးရ၏ သတင္းရင္းျမစ္မွ The Sun သို႔ ေျပာၾကားခ်က္အရ ဝါရွင္တန္အစိုးရအေနျဖင့္ တရုတ္ျပည္ႏွင့္ ပတ္သက္သည့္ အေၾကာင္း ေဖာ္ထုတ္ဖြယ္ရာရွိေနေၾကာင္း၊ ၂၀၁၉ ခုႏွစ္အတြင္း ကပ္ေဘးေပၚေပါက္လာစဥ္တြင္ ကိုင္တြယ္ခဲ့ပံုမ်ားႏွင့္လည္း ဆက္ႏႊယ္ဖြယ္ရွိသည္ဟူေသာ အသံမ်ား က်ယ္ေလာင္စြာၾကားလာရေၾကာင္း ေျပာၾကားခဲ့သည္။

အေမရိကန္ျပည္ေထာင္စု အမ်ဳိးသားလံုျခံဳေရးအၾကံေပးပုဂၢိဳလ္ ေရာဘတ္ စီ- အို ဘရိုင္ယန္က ဇန္နဝါရီလ ၁၁ ရက္တြင္ ေျပာၾကားခဲ့ရာ၌ ဝါရွင္တန္အစိုးရသည္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးစတင္ေပၚေပါက္လာမႈအတြက္ တရုတ္အစိုးရအေနျဖင့္ တာဝန္ယူေစမည့္ နည္းလမ္းကို စမ္းစစ္ေနေၾကာင္း ေျပာၾကားသည္။ တရုတ္အစိုးရကမူ အေမရိကန္အစိုးရ၏ စြပ္စြဲေျပာၾကားခ်က္မ်ားကို အျမဲျငင္းပယ္ေနခဲ့သည္။

“တရုတ္အစိုးရကို တာဝန္ယူလာေအာင္ ကမၻာတစ္ဝန္းက ႏိုင္ငံေတြက ေတာင္းဆိုၾကဖုိ႔ အေရးၾကီးပါတယ္။”ဟု အိုဘရိုင္ယန္က ေျပာၾကားသည္။ ကမၻာၾကီးအေနျဖင့္ တရုတ္အစိုးရ၏ တာဝန္ခံမႈကင္းမဲ့ျခင္းႏွင့္ အႏၱရာယ္ၾကီးေသာ လုပ္ေဆာင္မႈမ်ားအတြက္ ဆက္လက္ျပီး တန္ဖုိးၾကီးၾကီး မေပးဆပ္ႏိုင္ေတာ့ေၾကာင္းလည္း အိုဘရိုင္ယန္က ေျပာသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အပါအဝင္ အေမရိကန္ထိပ္တန္းေခါင္းေဆာင္တို႔က ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳမွ ဗိုင္းရပ္စ္မ်ား မေတာ္တဆ လြတ္ေျမာက္ခဲ့မႈအတြက္ တရုတ္ကို ၾကိမ္ဖန္မ်ားစြာ ရႈတ္ခ်ျပစ္တင္ခဲ့သည္။ သို႔ေသာ္ တရုတ္အစိုးရကမူ အဆိုပါ စြပ္စြဲခ်က္မ်ားကို အခိုင္အမာ ျငင္းပယ္ေနခဲ့သည္။

အေမရိကန္အစိုးရက ၎တို႔၏ ေျပာၾကားခ်က္မ်ားကို သက္ေသျပမည့္ သက္ေသအေထာက္အထားရွိသည္ဟုဆိုရာတြင္ ဝူဟန္ဓာတ္ခြဲခန္းတြင္ ယခင္က လုပ္ကိုင္ခဲ့ဖူးေသာ ဝန္ထမ္းတစ္ဦး၏ ထြက္ဆိုခ်က္မ်ားလည္း ပါဝင္မည္ ျဖစ္ဖြယ္ရွိသည္။ အဆိုပါ ဝန္ထမ္းသည္ အေမရိကန္ေထာက္လွမ္းေရးထံ ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ လက္ရွိအခ်ိန္ထိမူ အေမရိကန္အစိုးရက အမ်ားျပည္သူသို႔ မည္သည့္အခ်က္အလက္မွ် ခ်ျပျခင္း မရွိေသးေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US Reportedly Mulls Releasing Evidence Linking COVID-19 to Wuhan Lab Before Trump's Departure (sputnik)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service