တရုတ်ပြည်၊ ဟေးလုံကျန်းပြည်နယ်တွင် ဒေသတွင်း Covid-19 ကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့လာမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

တရုတ်ပြည်၊ ဟေးလုံကျန်းပြည်နယ်တွင် ဒေသတွင်း Covid-19 ကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့လာမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ - Property News in Myanmar from iMyanmarHouse.com
14 Jan 2021 11:57 am တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

[Unicode]

တရုတ်ပြည် အရှေ့မြောက်ပိုင်း၊ ရုရှားနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ဟေးလုံကျန်းပြည်နယ် (Heilongjiang) တွင် ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၆ ခု တွေ့ရှိပြီးနောက် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

အင်္ဂါနေ့တွင် တရုတ်ပြည်တစ်ဝန်းလုံး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၅ ဦးရှိခဲ့ပြီး ၈ ဦးမှာ ပြည်ပမှ ကူးစက်ခံလာရသူများဖြစ်ကာ ကျန်သူများမှာ ဒေသတွင်း ကူးစက်မှုများ ဖြစ်ကြသည်။

ပြည်တွင်းကူးစက်မှုများအနက် ၉၀ ဦးမှာ ဟီဘေ့ပြည်နယ် (Hebei) နှင့် ရှန်းစီးပြည်နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။

ဆောင်းကာလအတွင်း ရောဂါကူးစက်မှုများ တသမတ်တည်းမြင့်တက်လာနေရာ တရုတ်ကျန်းမာရေးအာဏာပိုင်တို့က ရောဂါစစ်ဆေးမှု များ အလုံးအရင်းပြုလုပ်ခြင်း၊ လော့ဒေါင်းချခြင်းများဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြသည်။

ဟီဘေ့ပြည်နယ်နှင့် ဟေးလုံကျန်းပြည်နယ်များမှ ရောဂါကူးစက်မှုများသည် အခြားပြည်နယ်များသို့ လျင်မြန်စွာ ပျံ့နှံ့လာလျက် ရှိနေသည်။

တရားဝင်အချက်အလက်များအရ ယခုချိန်ထိ တရုတ်ပြည်မကြီးတွင် အတည်ပြုထားသည့် ရောဂါကူးစက်ခံထားရသူ ၇၈၄ ဦး ရှိသည်။

အဆိုပါ စာရင်းတွင် ရောဂါလက္ခဏာမပြသူ ၅၅၆ ဦး မပါဝင်သေးချေ။ ၎င်းတို့ကိုမူ ကျီးလီန်(Jilin) ၊ ရှန်ထုံး(Shandong)နှင့် ကျဲ့ကျန်း (Zhejiang) ပြည်နယ်များတွင် ကျန်းမာရေးစောင့်ကြည့်မှုများအောက်တွင် ထားရှိသည်။

ကျန်းမာရေးအာဏာပိုင်တို့က ပြောရာတွင် အဆိုပါရောဂါကူးစက်မှုအများစုမှာ ဟီဘေ့နှင့် ဟေးလုံကျန်းပြည်နယ်များမှ ကူးစက်မှုများနှင့် ဆက်နွှယ်နေသည်ကို ခြေရာခံရရှိထားကြောင်း ပြောကြားသည်။

ပြီးခဲ့သော တနင်္လာနေ့ကလည်း ဟေးလုံကျန်းပြည်နယ်၊ ဝမ်းကွေခရိုင်တွင် ရောဂါလက္ခဏာမပြသူ ၂၀ ဦး တွေ့ရှိပြီးနောက် လော့ဒေါင်းချမှတ်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော ရက်သတ္တပတ်က ဟီဘေ့ပြည်နယ်၏ မြို့များဖြစ်သော ရှိကျားကျွမ် (Shijiazhuang) နှင့် ရှီးန်ထိုင် (Xingtai) တို့တွင် ရောဂါကူးစက်မှုများ ပေါ်ပေါက်မှုကြောင့် လော့ဒေါင်းချမှုများ ပြုလုပ်ခဲ့သည်။

ပေကျင်းမြို့တော်နှင့် ထိစပ်နေသော ဟီဘေ့ပြည်နယ်၊ လန်းဖန်မြို့တွင် ပေကျင်း၌ သွားရောက်အလုပ်လုပ်ကိုင်ရသော ဒေသခံတစ်ဦးသည် ရှိကျားကျွမ်မြို့သို့ သွားရောက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသဖြင့် လော့ဒေါင်းချမှု ပြုလုပ်ခဲ့သည်။

ထိုသို့ လော့ဒေါင်းချခဲ့သော်လည်း ဟေးလုံကျန်းနှင့် အနီးရှိ ကျီးလီန် ပြည်နယ်တို့သို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဟေးလုံကျန်းပြည်နယ်မှ ပါတီအတွင်းရေးမှူး ကျန်းချင်းဝေ (Zhang Qingwei) သည် ပေကျင်းတွင် အစည်းအဝေးတက်ပြီး အလျင်စလိုပြန်လာကာ ပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus in China: Heilongjiang declares state of emergency as outbreak spreads (scmp)

 

[Zawgyi]

တရုတ္ျပည္၊ ေဟးလံုက်န္းျပည္နယ္တြင္ ေဒသတြင္း Covid-19 ကူးစက္မႈမ်ား လ်င္ျမန္စြာ ပ်ံ႕ႏွံ႔လာမႈေၾကာင့္ အေရးေပၚအေျခအေန ေၾကညာ

တရုတ္ျပည္ အေရွ႕ေျမာက္ပိုင္း၊ ရုရွားႏိုင္ငံႏွင့္ နယ္နိမိတ္ထိစပ္ေနေသာ ေဟးလံုက်န္းျပည္နယ္ (Heilongjiang) တြင္ ေဒသတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁၆ ခု ေတြ႔ရွိျပီးေနာက္ အေရးေပၚအေျခအေန ေၾကညာလိုက္သည္။

အဂၤါေန႔တြင္ တရုတ္ျပည္တစ္ဝန္းလံုး၌ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၁၅ ဦးရွိခဲ့ျပီး ၈ ဦးမွာ ျပည္ပမွ ကူးစက္ခံလာရသူမ်ားျဖစ္ကာ က်န္သူမ်ားမွာ ေဒသတြင္း ကူးစက္မႈမ်ား ျဖစ္ၾကသည္။

ျပည္တြင္းကူးစက္မႈမ်ားအနက္ ၉၀ ဦးမွာ ဟီေဘ့ျပည္နယ္ (Hebei) ႏွင့္ ရွန္းစီးျပည္နယ္မွ ၁ ဦးတို႔ျဖစ္ေၾကာင္း အမ်ဳိးသား က်န္းမာေရး ေကာ္မရွင္က ဗုဒၶဟူးေန႔တြင္ ထုတ္ျပန္သည္။

ေဆာင္းကာလအတြင္း ေရာဂါကူးစက္မႈမ်ား တသမတ္တည္းျမင့္တက္လာေနရာ တရုတ္က်န္းမာေရးအာဏာပိုင္တို႔က ေရာဂါစစ္ေဆးမႈ မ်ား အလံုးအရင္းျပဳလုပ္ျခင္း၊ ေလာ့ေဒါင္းခ်ျခင္းမ်ားျဖင့္ ထိန္းခ်ဳပ္ႏိုင္ရန္ ၾကိဳးပမ္းေနၾကသည္။

ဟီေဘ့ျပည္နယ္ႏွင့္ ေဟးလံုက်န္းျပည္နယ္မ်ားမွ ေရာဂါကူးစက္မႈမ်ားသည္ အျခားျပည္နယ္မ်ားသို႔ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔လာလ်က္ ရွိေနသည္။

တရားဝင္အခ်က္အလက္မ်ားအရ ယခုခ်ိန္ထိ တရုတ္ျပည္မၾကီးတြင္ အတည္ျပဳထားသည့္ ေရာဂါကူးစက္ခံထားရသူ ၇၈၄ ဦး ရွိသည္။

အဆိုပါ စာရင္းတြင္ ေရာဂါလကၡဏာမျပသူ ၅၅၆ ဦး မပါဝင္ေသးေခ်။ ၎တို႔ကိုမူ က်ီးလီန္(Jilin) ၊ ရွန္ထံုး(Shandong)ႏွင့္ က်ဲ႕က်န္း (Zhejiang) ျပည္နယ္မ်ားတြင္ က်န္းမာေရးေစာင့္ၾကည့္မႈမ်ားေအာက္တြင္ ထားရွိသည္။

က်န္းမာေရးအာဏာပိုင္တို႔က ေျပာရာတြင္ အဆိုပါေရာဂါကူးစက္မႈအမ်ားစုမွာ ဟီေဘ့ႏွင့္ ေဟးလံုက်န္းျပည္နယ္မ်ားမွ ကူးစက္မႈမ်ားႏွင့္ ဆက္ႏႊယ္ေနသည္ကို ေျခရာခံရရွိထားေၾကာင္း ေျပာၾကားသည္။

ျပီးခဲ့ေသာ တနလၤာေန႔ကလည္း ေဟးလံုက်န္းျပည္နယ္၊ ဝမ္းေကြခရိုင္တြင္ ေရာဂါလကၡဏာမျပသူ ၂၀ ဦး ေတြ႔ရွိျပီးေနာက္ ေလာ့ေဒါင္းခ်မွတ္မႈမ်ား ျပဳလုပ္ခဲ့သည္။ ျပီးခဲ့ေသာ ရက္သတၱပတ္က ဟီေဘ့ျပည္နယ္၏ ျမိဳ႕မ်ားျဖစ္ေသာ ရွိက်ားကၽြမ္ (Shijiazhuang) ႏွင့္ ရွီးန္ထိုင္ (Xingtai) တို႔တြင္ ေရာဂါကူးစက္မႈမ်ား ေပၚေပါက္မႈေၾကာင့္ ေလာ့ေဒါင္းခ်မႈမ်ား ျပဳလုပ္ခဲ့သည္။

ေပက်င္းျမိဳ႕ေတာ္ႏွင့္ ထိစပ္ေနေသာ ဟီေဘ့ျပည္နယ္၊ လန္းဖန္ျမိဳ႕တြင္ ေပက်င္း၌ သြားေရာက္အလုပ္လုပ္ကိုင္ရေသာ ေဒသခံတစ္ဦးသည္ ရွိက်ားကၽြမ္ျမိဳ႕သို႔ သြားေရာက္ခဲ့ျပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရသျဖင့္ ေလာ့ေဒါင္းခ်မႈ ျပဳလုပ္ခဲ့သည္။

ထိုသို႔ ေလာ့ေဒါင္းခ်ခဲ့ေသာ္လည္း ေဟးလံုက်န္းႏွင့္ အနီးရွိ က်ီးလီန္ ျပည္နယ္တို႔သို႔ ကူးစက္ပ်ံ႕ႏွံ႔သြားခဲ့သည္။

အဆိုပါ အေျခအေနမ်ားေၾကာင့္ ေဟးလံုက်န္းျပည္နယ္မွ ပါတီအတြင္းေရးမွဴး က်န္းခ်င္းေဝ (Zhang Qingwei) သည္ ေပက်င္းတြင္ အစည္းအေဝးတက္ျပီး အလ်င္စလိုျပန္လာကာ ျပည္နယ္၌ အေရးေပၚ အေျခအေနေၾကညာခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus in China: Heilongjiang declares state of emergency as outbreak spreads (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
တစ်ရက်လျှင် ၅ နာရီအချိန်ယူ အိမ်ရှင်းသည့် သြစတေးလျအမျိုးသမီး၊ မှန်ကို အကြိမ် ၅၀ တိုက်ချွတ်ပြီး ရေပန်းခန်းကို အလှပြရန်သာထားကာ အိမ်သားများအား အသုံးပြုခွင့်မပေး...
တစ်ရက်လျှင် ၅ နာရီအချိန်ယူ အိမ်ရှင်းသည့် သြစတေးလျအမျိုးသမီး၊ မှန်ကို အကြိမ် ၅၀ တိုက်ချွတ်ပြီး ရေပန်းခန်းကို အလှပြရန်သာထားကာ အိမ်သားများအား အသုံးပြုခွင့်မပေး...
ကိုဗစ်ကာလတွင်း ကျပ် သိန်းတစ်ထောင်ဝန်းကျင် တိုက်ခန်းများ အရောင်းအဝယ်ဖြစ်
ကိုဗစ်ကာလတွင်း ကျပ် သိန်းတစ်ထောင်ဝန်းကျင် တိုက်ခန်းများ အရောင်းအဝယ်ဖြစ်
ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီး...
ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းများ၏ (၂၅) ရာခိုင်နှုန်းအထိ ပြီးစီး...
ကိုဗစ်မကူးစေရန် ၂ ရက်နှင့်အထက် ကာကွယ်ပေးနိုင်သော နှာခေါင်းဖြန်းဆေး လာမည့်နွေတွင် စတင်ရောင်းချဖွယ်ရှိ...
ကိုဗစ်မကူးစေရန် ၂ ရက်နှင့်အထက် ကာကွယ်ပေးနိုင်သော နှာခေါင်းဖြန်းဆေး လာမည့်နွေတွင် စတင်ရောင်းချဖွယ်ရှိ...
COVID-19 ကာကွယ်ဆေးထိုးပြီးရင် လိင်ဆက်ဆံလို့ရသလား၊ Covishield (မြန်မာနိုင်ငံမှ ရရှိထားသောကာကွယ်ဆေး) ထိုးနှံထားသူများသည် အနည်းဆုံး ၃ လ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်လား...
COVID-19 ကာကွယ်ဆေးထိုးပြီးရင် လိင်ဆက်ဆံလို့ရသလား၊ Covishield (မြန်မာနိုင်ငံမှ ရရှိထားသောကာကွယ်ဆေး) ထိုးနှံထားသူများသည် အနည်းဆုံး ၃ လ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမည်လား...
သဘာဝကျောက်စက်ပန်းဆွဲများနှင့် မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူ ခရီးသွားများအတွက် ခရီးစဉ်သစ် ဖော်ဆောင်မည်...
သဘာဝကျောက်စက်ပန်းဆွဲများနှင့် မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူ ခရီးသွားများအတွက် ခရီးစဉ်သစ် ဖော်ဆောင်မည်...
ဆောက်လုပ်ရေးတင်ဒါတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကုမ္ပဏီလိုင်စင် အရေအတွက်ထပ်ထိုး
ဆောက်လုပ်ရေးတင်ဒါတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကုမ္ပဏီလိုင်စင် အရေအတွက်ထပ်ထိုး
အကွက်ရိုက်ရောင်းချထားတဲ့ သစ်တောမြေဧက ၃၀၀ ကျော်ကို ပြင်ဦးလွင်မှာ ပြန်လည်သိမ်းဆည်း
အကွက်ရိုက်ရောင်းချထားတဲ့ သစ်တောမြေဧက ၃၀၀ ကျော်ကို ပြင်ဦးလွင်မှာ ပြန်လည်သိမ်းဆည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)