ထိုင်ဝမ်တွင် ကွာရန်တင်းစည်းမျဉ်း ၈ စက္ကန့်ချိုးဖောက်သည့် အမျိုးသားကို ဒေါ်လာ ၃၅၀၀ (မြန်မာကျပ်ငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက်

ထိုင်ဝမ်တွင် ကွာရန်တင်းစည်းမျဉ်း ၈ စက္ကန့်ချိုးဖောက်သည့် အမျိုးသားကို ဒေါ်လာ ၃၅၀၀ (မြန်မာကျပ်ငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက် - Property News in Myanmar from iMyanmarHouse.com
9 Dec 2020 4:05 pm တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်ဝမ် အာဏာပိုင်တို့သည် ကွာရန်တင်းစည်းမျဉ်းများကို ၈ စက္ကန့် ချိုးဖောက်ခဲ့သည့် အမျိုးသားတစ်ဦးအား ကန်ဒေါ်လာ ၃၅၀၀ (မြန်မာကျပ်ငွေ ၄၆ သိန်းကျော်) ဒဏ်ငွေပေးဆောင်စေခဲ့သည်။

အဆိုပါ အမျိုးသားသည် ဖိလစ်ဖိုင်မှ လာရောက်အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ကောက်ရှုံ (Kaohsiung) မြို့ရှိ ဟိုတယ်တစ်ခုတွင် ကွာရန်တင်းဝင်နေရခြင်း ဖြစ်သည်။

သူသည် အခန်းတွင်းမှ အပြင်သို့ ၈ စက္ကန့်ခန့် ခေတ္တထွက်သွားခြင်းဖြစ်ကြောင်း ကောက်ရှုံမြို့ ကျန်းမာရေးဌာနက Central News Agency (CNA) သတင်းဌာနသို့ ပြောကြားသည်။

ဟိုတယ်ဝန်ထမ်းက အဆိုပါအမျိုးသားကို CCTV မှတဆင့် တွေ့မြင်ကာ ကျန်းမာရေးဌာနထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာနက ၎င်းအား ထိုင်ဝမ်ဒေါ်လာ ၁၀၀၀၀၀ (ကန်ဒေါ်လာ ၃၅၀၀ ခန့်၊ မြန်မာကျပ်ငွေအားဖြင့် ၄,၆၁၈,၀၀၀) ဒဏ်ကြေး ပေးဆောင်စေခဲ့ခြင်းဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြသည်။ ထိုင်ဝမ်၏ ကွာရန်တင်းစည်းမျဉ်းများအရ ကွာရန်တင်းဝင်နေသူများသည် အချိန်မည်မျှဖြစ်စေ အခန်းတွင်းမှ ထွက်ခွင့်မရှိချေ။

ကွာရန်တင်းဝင်နေသူများအနေဖြင့် ဟိုတယ်ခန်းတွင်းမှ အပြင်ထွက်လျှင် ဒဏ်ရိုက်ခံရမည်မဟုတ်ဟု မတွေးသင့်ကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။

ကောက်ရှုံမြို့တွင် ကွာရန်တင်းဟိုတယ်ပေါင်း ၅၆ ခုရှိပြီး အခန်းစုစုပေါင်း ၃၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း ကျန်းမာရေးဌာနက CNA သတင်းဌာနသို့ ပြောသည်။

ထိုင်ဝမ်သည် Covid-19 ရောဂါထိန်းချုပ်မှု ကိုင်တွယ်ပုံများအတွက် ကမ္ဘာတစ်ဝန်း ချီးကျုးခံရသည့် နိုင်ငံလည်း ဖြစ်သည်။

သို့သော် ထိုင်ဝမ်သည် တရုတ်ပြည်မကြီးကဲ့သို့ တင်းကျပ်သည့် လော့ဒေါင်းချမှတ်မှုများ လုံးဝမပြုလုပ်ခဲ့။

ထိုင်ဝမ်က အဓိကဦးတည်သည်မှာ ကိုင်တွယ်ပုံ လျင်မြန်မှုအပေါ်တွင်သာ ဦးတည်သည်။

ထိုင်ဝမ်အာဏာပိုင်တို့သည် ဝူဟန်မြို့မှ တိုက်ရိုက်ရောက်ရှိလာသည့် လေကြောင်းခရီးစဉ်များမှ ခရီးသည်များကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ကတည်းက စတင်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

လူဦးရေ ၂၃ သန်းရှိသော ထိုင်ဝမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၁၆ ဦးသာရှိပြီး သေဆုံးသူ ၇ ဦးသာရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man fined $3,500 for breaking Taiwan coronavirus quarantine for 8 seconds (CNN)

 

[Zawgyi]

ထိုင္ဝမ္တြင္ ကြာရန္တင္းစည္းမ်ဥ္း ၈ စကၠန္႔ခ်ဳိးေဖာက္သည့္ အမ်ဳိးသားကို ေဒၚလာ ၃၅၀၀ (ျမန္မာက်ပ္ေငြ ၄၆ သိန္းေက်ာ္) ဒဏ္ရိုက္

ထိုင္ဝမ္ အာဏာပိုင္တို႔သည္ ကြာရန္တင္းစည္းမ်ဥ္းမ်ားကို ၈ စကၠန္႔ ခ်ဳိးေဖာက္ခဲ့သည့္ အမ်ဳိးသားတစ္ဦးအား ကန္ေဒၚလာ ၃၅၀၀ (ျမန္မာက်ပ္ေငြ ၄၆ သိန္းေက်ာ္) ဒဏ္ေငြေပးေဆာင္ေစခဲ့သည္။

အဆိုပါ အမ်ဳိးသားသည္ ဖိလစ္ဖိုင္မွ လာေရာက္အလုပ္လုပ္ကိုင္ေသာ ေရႊ႕ေျပာင္းအလုပ္သမားတစ္ဦးျဖစ္ျပီး ေကာက္ရံႈ (Kaohsiung) ျမိဳ႕ရွိ ဟုိတယ္တစ္ခုတြင္ ကြာရန္တင္းဝင္ေနရျခင္း ျဖစ္သည္။

သူသည္ အခန္းတြင္းမွ အျပင္သို႔ ၈ စကၠန္႔ခန္႔ ေခတၱထြက္သြားျခင္းျဖစ္ေၾကာင္း ေကာက္ရံႈျမိဳ႕ က်န္းမာေရးဌာနက Central News Agency (CNA) သတင္းဌာနသုိ႔ ေျပာၾကားသည္။

ဟိုတယ္ဝန္ထမ္းက အဆိုပါအမ်ဳိးသားကို CCTV မွတဆင့္ ေတြ႔ျမင္ကာ က်န္းမာေရးဌာနထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ျပီး က်န္းမာေရးဌာနက ၎အား ထိုင္ဝမ္ေဒၚလာ ၁၀၀၀၀၀ (ကန္ေဒၚလာ ၃၅၀၀ ခန္႔၊ ျမန္မာက်ပ္ေငြအားျဖင့္ ၄,၆၁၈,၀၀၀) ဒဏ္ေၾကး ေပးေဆာင္ေစခဲ့ျခင္းျဖစ္ေၾကာင္း CNA သတင္းတြင္ ေဖာ္ျပသည္။ ထိုင္ဝမ္၏ ကြာရန္တင္းစည္းမ်ဥ္းမ်ားအရ ကြာရန္တင္းဝင္ေနသူမ်ားသည္ အခ်ိန္မည္မွ်ျဖစ္ေစ အခန္းတြင္းမွ ထြက္ခြင့္မရွိေခ်။

ကြာရန္တင္းဝင္ေနသူမ်ားအေနျဖင့္ ဟိုတယ္ခန္းတြင္းမွ အျပင္ထြက္လွ်င္ ဒဏ္ရိုက္ခံရမည္မဟုတ္ဟု မေတြးသင့္ေၾကာင္း က်န္းမာေရးဌာနက ေျပာၾကားသည္။

ေကာက္ရံႈျမိဳ႕တြင္ ကြာရန္တင္းဟိုတယ္ေပါင္း ၅၆ ခုရွိျပီး အခန္းစုစုေပါင္း ၃၀၀၀ ဝန္းက်င္ခန္႔ရွိေၾကာင္း က်န္းမာေရးဌာနက CNA သတင္းဌာနသုိ႔ ေျပာသည္။

ထိုင္ဝမ္သည္ Covid-19 ေရာဂါထိန္းခ်ဳပ္မႈ ကိုင္တြယ္ပံုမ်ားအတြက္ ကမၻာတစ္ဝန္း ခ်ီးက်ဳးခံရသည့္ ႏိုင္ငံလည္း ျဖစ္သည္။

သို႔ေသာ္ ထိုင္ဝမ္သည္ တရုတ္ျပည္မၾကီးကဲ့သို႔ တင္းက်ပ္သည့္ ေလာ့ေဒါင္းခ်မွတ္မႈမ်ား လံုးဝမျပဳလုပ္ခဲ့။

ထိုင္ဝမ္က အဓိကဦးတည္သည္မွာ ကိုင္တြယ္ပံု လ်င္ျမန္မႈအေပၚတြင္သာ ဦးတည္သည္။

ထိုင္ဝမ္အာဏာပိုင္တို႔သည္ ဝူဟန္ျမိဳ႕မွ တိုက္ရိုက္ေရာက္ရွိလာသည့္ ေလေၾကာင္းခရီးစဥ္မ်ားမွ ခရီးသည္မ်ားကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ကတည္းက စတင္ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခဲ့သည္။

လူဦးေရ ၂၃ သန္းရွိေသာ ထိုင္ဝမ္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၁၆ ဦးသာရွိျပီး ေသဆံုးသူ ၇ ဦးသာရွိေၾကာင္း ဂၽြန္ေဟာ့ပ္ကင္းစ္ တကၠသိုလ္က ထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man fined $3,500 for breaking Taiwan coronavirus quarantine for 8 seconds (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service