တရားဝင်ပိုင်ဆိုင်မှုကို လွှဲပြောင်းနည်း(၅)ရပ်

တရားဝင်ပိုင်ဆိုင်မှုကို လွှဲပြောင်းနည်း(၅)ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
27 Nov 2020 11:36 am တွင် တင်ခဲ့သည်
578 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မရွှေ့ပြောင်းနိုင်သောပစ္စည်းဆိုသောစကားရပ်ထဲမှာမြေပါဝင်တယ်ဆိုတာ အတိအလင်းသတ်မှတ်ထားတယ်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းမှာ ပါဝင်တဲ့မြေကို လွှဲပြောင်းမှုနည်းလမ်း(၅)ခုရှိပါတယ်။

၁။ ရောင်းချခြင်းဖြင့် လွှဲပြောင်းမှု

၂။ ပေါင်နှံခြင်းဖြင့် လွှဲပြောင်းမှု

၃။ ငှားရမ်းခြင်းဖြင့်လွှဲပြောင်းမှု

၄။ လဲလှယ်ခြင်းဖြင့်လွှဲပြောင်းမှု

၅။ ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှု

ရောင်းချခြင်းဖြင့် လွှဲပြောင်းမှုဆိုတာမြေယာတစ်ခုရဲ့ပိုင်ဆိုင်မှုတန်ဖိုးကိုအဖိုးစားနားငွေပေးချေပြီးပိုင်ဆိုင်မှုအပြည့်အဝလွှဲပြောင်းရယူခြင်းဖြစ်တယ်။အရောင်းအဝယ်ပြုလုပ်ရာမှာရောင်းချသည့် မြေကွက်ရဲ့တန်ဖိုးသည် ကျပ်၁၀၀နဲ့ ၁၀၀အထက်ဖြစ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့်တရားဝင်ချုပ်ဆိုရပါမည်။

၁၉၈၇ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၁)အရမရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေအရမြေပိုင်ဆိုင်မှုကို နိုင်ငံခြားသားများအားအပြီးအပိုင်လွှဲပြောင်းခြင်းကိုတားမြစ်ကန့်သတ်ထားပါတယ်။

ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများအလွှဲအပြောင်းစာချုပ်များကိုစာချုပ်စာတမ်းမှတ်ပုံတင်ဌာနက တရားဝင်မှတ်ပုံတင်ခွင့်ပြုပါတယ်။

ပေါင်နှံခြင်းဖြင့်လွှဲပြောင်းမှုတွင် အိမ်ခြံမြေပေါင်နှံရာမှာစာချုပ်စာတမ်းရုံးတွင် တရားဝင်မှတ်ပုံတင်ဖို့လည်းလိုအပ်တယ်လို့သိရပါတယ်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းရောင်းဝယ်၊ပေါင်နှံ၊ပေးကမ်းလှူဒါန်း၊စွန့်လွှတ်တာတွေစတဲ့အရာတွေကို ပြုလုပ်တဲ့အခါအိမ်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေရဲ့ တန်ဖိုးတစ်ရပ်ကိုအခွန်ဦးစီးဌာနကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ဆုံးဖြတ်ချက်များအရ ကျပ်၁၀၀အထက်ဖြစ်လျှင် မှတ်ပုံတင်ရန် စာချုပ်စာတမ်းရုံးမှာ ပြဌာန်းထားတာရှိပါတယ်။

အိမ်ခြံမြေဝယ်ရန်အလို့ငှာ ဘဏ်ကနေငွေချေးတဲ့အခါ မြေပုံ၊မြေရာဇဝင်က အရေးပါတဲ့အချက် တစ်ခုဖြစ်ပါတယ်။ မရွှေ့ပြောင်းနိုင်သောအိမ်ခြံမြေကိုတရားဝင် မှတ်ပုံတင်ပြီးပေါင်နှံမယ်ဆိုလျှင် ရန်ကုန်၊မန္တလေး၊နေပြည်တော်မြို့နယ်များမှအပတခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာဘဏ်ငွေချေးရန် သက်ဆိုင်ရာဦးစီးဌာနတွေမှာ မြေပုံ၊မြေရာဇဝင် ထုတ်ပေးဖို့ လျှောက်ထားရပါမယ်။

ထိုသို့ လျှောက်ထားမှသာဘဏ်တခုခုတွင် ငွေချေးခြင်းဖြစ်စေ၊ ပေါင်နှံခြင်းဖြစ်စေမြေပိုင်ဆိုင်မှုအထောက်အထားခိုင်မာမှသာချေးငွေရရှိပါမယ်။

ငှားရမ်းခြင်းဖြင့် လွှဲပြောင်းမှုတွင် အိမ်ခြံမြေတိုက်ခန်းအဆောက်အဦးတို့ကိုပိုင်ဆိုင်သူကအခြားတစ်ဦးတစ်ယောက်ကိုအဖိုးစားနားတစ်ခုဖြင့် ကတိခံဝန်ချက်များလိုက်နာစေပြီး ဌားရမ်းခြင်းဖြင့်လည်းလွှဲပြောင်းထားနိုင်ပါသည်။ ထိုလွဲပြောင်းမှုသည် စာချုပ်စာတမ်းပေါ်ရှိကာလအကန့်အသတ်တစ်ခုအထိသာအကျုံးဝင်ပါသည်။ ထိုလွှဲပြောင်းမှုသည် ပိုင်ဆိုင်မှုအပြီးသတ်မဟုတ်ပါ။ ပိုင်ဆိုင်မှုရှိသူ၏ ယာယီခွင့်ပြုချက်အရနေထိုင်ခွင့်မျှသာ ဖြစ်သည်။

ပေးကမ်းခြင်းဖြင့် လွှဲပြောင်းမှုတွင်မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းသာမကရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကိုပါ မေတ္တာဖြင့်ပေးကမ်းခြင်းပြုနိုင်သည်။ အရာဝတ္တု ဒြပ်ရှိသည့်ပစ္စည်းကိုသာပေးနိုင်သည်။

ထို့ပြင် ပေးကမ်းချိန်၌ ထိုပစ္စည်းသည် တည်ရှိပြီးဖြစ်နေရမည်။ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် သို့မဟုတ် ရရှိလာမည့်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်။ အလားတူပင် အတိအကျဖော်ပြခြင်းမပြုနိုင်သည့် ပစ္စည်းသည်လည်းမေတ္တာဖြင့် ပေး နိုင်သောပစ္စည်းတစ်ရပ်မဖြစ်နိုင်။ (ပုဒ်မ ၁၂၂ နှင့် ၁၂၄အရ) မေတ္တာဖြင့်ပေးခြင်းတွင် လိုအပ်သောအချက်များမှာ-

ပေးသူနှင့် လက်ခံသူရှိရမည်။ ပေးကမ်းသောပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရန်လိုသည်။

ပေးသူကမိမိအလိုအလျောက် အဖိုးစားနားမရှိဘဲပေးခြင်းဖြစ်ရမည်။

ပေးသူကမိမိပိုင်ပစ္စည်းကိုလွှဲပြောင်းပေးရမည်။ ပေးသောပစ္စည်းကိုလက်ခံသူကပေးသူအသက်ရှင်ဆဲပေးနိုင်သည့် အခြေအနေရှိစဉ် လက်ခံရမည်။ (၂ဝဝ၁ ခုနှစ်၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုနှစ်၊ မတစ၊ ၅၂)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

တရား၀င္ပိုင္ဆိုင္မႈကို လဲႊေျပာင္းနည္း(၅)ရပ္

မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းဆိုေသာစကားရပ္ထဲမွာေျမပါ၀င္တယ္ဆိုတာ အတိအလင္းသတ္မွတ္ထားတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းမွာ ပါ၀င္တဲ့ေျမကို လႊဲေျပာင္းမႈနည္းလမ္း(၅)ခုရွိပါတယ္။

၁။ ေရာင္းခ်ျခင္းျဖင့္ လႊဲေျပာင္းမႈ

၂။ ေပါင္ႏွံျခင္းျဖင့္ လႊဲေျပာင္းမႈ

၃။ ငွားရမ္းျခင္းျဖင့္လႊဲေျပာင္းမႈ

၄။ လဲလွယ္ျခင္းျဖင့္လႊဲေျပာင္းမႈ

၅။ ေပးကမ္းျခင္းျဖင့္ လႊဲေျပာင္းမႈ

ေရာင္းခ်ျခင္းျဖင့္ လႊဲေျပာင္းမႈဆိုတာေျမယာတစ္ခုရဲ႕ပိုင္ဆိုင္မႈတန္ဖိုးကိုအဖိုးစားနားေငြေပးေခ်ၿပီးပိုင္ဆိုင္မႈအျပည့္အ၀လႊဲေျပာင္းရယူျခင္းျဖစ္တယ္။အေရာင္းအ၀ယ္ျပဳလုပ္ရာမွာေရာင္းခ်သည့္ ေျမကြက္ရဲ႕တန္ဖိုးသည္ က်ပ္၁၀၀နဲ႕ ၁၀၀အထက္ျဖစ္လွ်င္ မွတ္ပုံတင္စာခ်ဳပ္ျဖင့္တရား၀င္ခ်ဳပ္ဆိုရပါမည္။

၁၉၈၇ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ ဥပေဒအမွတ္(၁)အရမေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းလႊဲေျပာင္းျခင္းကိုကန္႔သတ္သည့္ဥပေဒအရေျမပိုင္ဆိုင္မႈကို ႏိုင္ငံျခားသားမ်ားအားအၿပီးအပိုင္လႊဲေျပာင္းျခင္းကိုတားျမစ္ကန္႔သတ္ထားပါတယ္။

ဘိုးဘြားပိုင္ေျမ၊ ဂရန္ေျမမ်ားအလႊဲအေျပာင္းစာခ်ဳပ္မ်ားကိုစာခ်ဳပ္စာတမ္းမွတ္ပုံတင္ဌာနက တရား၀င္မွတ္ပုံတင္ခြင့္ျပဳပါတယ္။

ေပါင္ႏွံျခင္းျဖင့္လႊဲေျပာင္းမႈတြင္ အိမ္ျခံေျမေပါင္ႏွံရာမွာစာခ်ဳပ္စာတမ္း႐ုံးတြင္ တရား၀င္မွတ္ပုံတင္ဖို႔လည္းလိုအပ္တယ္လို႔သိရပါတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းေရာင္း၀ယ္၊ေပါင္ႏွံ၊ေပးကမ္းလွဴဒါန္း၊စြန္႔လႊတ္တာေတြစတဲ့အရာေတြကို ျပဳလုပ္တဲ့အခါအိမ္ေျမ၊ ဥယ်ာဥ္ျခံေျမ၊ လယ္ေျမေတြရဲ႕ တန္ဖိုးတစ္ရပ္ကိုအခြန္ဦးစီးဌာနကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႔ဆုံးျဖတ္ခ်က္မ်ားအရ က်ပ္၁၀၀အထက္ျဖစ္လွ်င္ မွတ္ပုံတင္ရန္ စာခ်ဳပ္စာတမ္း႐ုံးမွာ ျပဌာန္းထားတာရွိပါတယ္။

အိမ္ျခံေျမ၀ယ္ရန္အလို႔ငွာ ဘဏ္ကေနေငြေခ်းတဲ့အခါ ေျမပုံ၊ေျမရာဇ၀င္က အေရးပါတဲ့အခ်က္ တစ္ခုျဖစ္ပါတယ္။ မေရႊ႕ေျပာင္းႏိုင္ေသာအိမ္ျခံေျမကိုတရား၀င္ မွတ္ပုံတင္ၿပီးေပါင္ႏွံမယ္ဆိုလွ်င္ ရန္ကုန္၊မႏၲေလး၊ေနျပည္ေတာ္ၿမိဳ႕နယ္မ်ားမွအပတျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးေတြမွာဘဏ္ေငြေခ်းရန္ သက္ဆိုင္ရာဦးစီးဌာနေတြမွာ ေျမပုံ၊ေျမရာဇ၀င္ ထုတ္ေပးဖို႔ ေလွ်ာက္ထားရပါမယ္။

ထိုသို႔ ေလွ်ာက္ထားမွသာဘဏ္တခုခုတြင္ ေငြေခ်းျခင္းျဖစ္ေစ၊ ေပါင္ႏွံျခင္းျဖစ္ေစေျမပိုင္ဆိုင္မႈအေထာက္အထားခိုင္မာမွသာေခ်းေငြရရွိပါမယ္။

ငွားရမ္းျခင္းျဖင့္ လႊဲေျပာင္းမႈတြင္ အိမ္ျခံေျမတိုက္ခန္းအေဆာက္အဦးတို႕ကိုပိုင္ဆိုင္သူကအျခားတစ္ဦးတစ္ေယာက္ကိုအဖိုးစားနားတစ္ခုျဖင့္ ကတိခံ၀န္ခ်က္မ်ားလိုက္နာေစၿပီး ဌားရမ္းျခင္းျဖင့္လည္းလဲႊေျပာင္းထားႏိုင္ပါသည္။ ထိုလြဲေျပာင္းမႈသည္ စာခ်ဳပ္စာတမ္းေပၚရွိကာလအကန္႔အသတ္တစ္ခုအထိသာအက်ဳံး၀င္ပါသည္။ ထိုလႊဲေျပာင္းမႈသည္ ပိုင္ဆိုင္မႈအၿပီးသတ္မဟုတ္ပါ။ ပိုင္ဆိုင္မႈရွိသူ၏ ယာယီခြင့္ျပဳခ်က္အရေနထိုင္ခြင္႔မွ်သာ ျဖစ္သည္။

ေပးကမ္းျခင္းျဖင့္ လႊဲေျပာင္းမႈတြင္မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းသာမကေရႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းကိုပါ ေမတၱာျဖင့္ေပးကမ္းျခင္းျပဳႏိုင္သည္။ အရာ၀တၱဳ ျဒပ္ရွိသည့္ပစၥည္းကိုသာေပးႏိုင္သည္။

ထို႔ျပင္ ေပးကမ္းခ်ိန္၌ ထိုပစၥည္းသည္ တည္ရွိၿပီးျဖစ္ေနရမည္။ ေနာင္တစ္ခ်ိန္တြင္ ေပၚေပါက္လာမည့္ သို႔မဟုတ္ ရရွိလာမည့္ပစၥည္းကိုေပးကမ္းျခင္းမျပဳႏိုင္။ အလားတူပင္ အတိအက်ေဖာ္ျပျခင္းမျပဳႏိုင္သည့္ ပစၥည္းသည္လည္းေမတၱာျဖင့္ ေပး ႏိုင္ေသာပစၥည္းတစ္ရပ္မျဖစ္ႏိုင္။ (ပုဒ္မ ၁၂၂ ႏွင့္ ၁၂၄အရ) ေမတၱာျဖင့္ေပးျခင္းတြင္ လိုအပ္ေသာအခ်က္မ်ားမွာ-

ေပးသူႏွင့္ လက္ခံသူရွိရမည္။ ေပးကမ္းေသာပစၥည္းသည္ လက္ရွိပစၥည္းျဖစ္ရန္လိုသည္။

ေပးသူကမိမိအလိုအေလ်ာက္ အဖိုးစားနားမရွိဘဲေပးျခင္းျဖစ္ရမည္။

ေပးသူကမိမိပိုင္ပစၥည္းကိုလႊဲေျပာင္းေပးရမည္။ ေပးေသာပစၥည္းကိုလက္ခံသူကေပးသူအသက္ရွင္ဆဲေပးႏိုင္သည့္ အေျခအေနရွိစဥ္ လက္ခံရမည္။ (၂ဝဝ၁ ခုႏွစ္၊ မတစ၊ ၃၉၂)(၂ဝဝ၇ ခုႏွစ္၊ မတစ၊ ၅၂)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service