အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက် တတိယသုံးလပတ်တွင် ၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး ပြန်လည်နာလန်ထူလာ

အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက် တတိယသုံးလပတ်တွင် ၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး ပြန်လည်နာလန်ထူလာ - Property News in Myanmar from iMyanmarHouse.com
24 Nov 2020 11:21 am တွင် တင်ခဲ့သည်
666 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှ စက်တင်ဘာအကြား အာရှပစိဖိတ်အိမ်ခြေမြေသို့ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခဲ့ကြသည်ဖြစ်ရာ COVID-19 ကြောင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့ခြင်းကို ပြန်ထေမိသည်ကို ညွှန်ပြနေသည်။

ထိုရင်းနှီးမြှုပ်နှံမှုပမာဏသည် ၎င်းတတိယသုံးလပတ်အတွက် အခြားနှစ်များနှင့်ယှဉ်လျှင် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဒုတိယသုံးလပတ်ထက်နာလန်ထူလာမှုမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း နိုင်ငံအများအပြားတွင် ရုံးခွဲများဖွင့်လှစ်ထားရှိသည့် အမေရိကန်အိမ်ခြံမြေလုပ်ငန်း JLL ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုယုံကြည်ချက်မှာ ၂၀၂၀ ပြည့်နှစ်နှစ်စနောက်ပိုင်း အမြင့်မားဆုံးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး အာရှပစိဖိတ်အဓိကဈေးကွက်များတွင် ငွေရင်းနှီးမှုကို တိုးတက်စေခဲ့သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အတွင်း ကျယ်ပြန့်သော စက်မှုလုပ်ငန်းဆိုင်ရာ ဈေးကွက် အထူးသဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေတာစင်တာ က အားကောင်းစွာ တုံ့ပြန်လာခဲ့သည်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအများဆုံးပါဝင်သော အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲသူများမှာလည်း ၂၀၂၀ ပြည့်နှစ်နှစ်စနှင့်ယှဉ်လျှင် တိုးလာခဲ့သည်။ မတည်ငွေစရိတ်မှာလည်း ကြောက်ခမန်းလိလိကျဆင်းလာခဲ့ပြီး ဝယ်လက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲသူများကို ဆွဲဆောင်ခဲ့ပေသည်။

စီးပွားရေးပြန်လည်ဖွံ့ဖြိုးရန် ဈေးကွက်များပြန်လည်ဖွင့်လှစ်လာကြသည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က အဆိုပါရင်းနှီးမြှုပ်နှံမှုပြန်လည်နာလန်ထူလာခဲ့မှုကို ပဲ့ကိုင်မောင်းနှင်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတကာမှသူဌေးများက ခရီးသွားလာခြင်းမှ ရှောင်ကြဉ်နေကြပြီး ဒေသခံများကလည်း စောင့်ကြည့်ဝါဒကိုင်စွဲထားကြသည်ဖြစ်ရာ ထိုင်းအပါအဝင် ဟောင်ကောင်နှင့် ဩစတြေးလျတို့၏ အရောင်းအဝယ်လှုပ်ရှားမှုများမှာမူ သိမ်မွေ့ညံ့သက်ဆဲဖြစ်သည်။

အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချရေးလုပ်ငန်း) များနှင့် ပိုင်ရှင်များက သူတို့၏ အရောင်းမဟာဗျူဟာကို ပြောင်းလဲလာကြသည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ ပေါထွက်လာနေပြီဖြစ်ကြောင်း JLL Thailand ၏ အရောင်းအဝယ်လုပ်ငန်းခေါင်းဆောင် မိုက်ကယ်ဂလန်စီက ပြောကြားထားသည်။

“တချို့ developer တွေက သူတို့ရဲ့ ဆောက်လုပ်ရေးအဆိုပြုစီမံကိန်းတွေကို ဖျက်သိမ်းလိုက်ပြီး မြေကွက်တွေ ရောင်းချနေကြပါတယ်။ လက်ဝယ်ရှိရောင်းလိုအားရော ဝယ်လိုအားရော မြင့်တက်လာတာမို့ ထိုင်းမှာ လာမယ့် ၁၂ လအတွင်း အရောင်းအဝယ်လှုပ်ရှားမှု မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်” ဟုလည်း သူက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သေးသည်။

အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်သို့ရင်းနှီးမြှုပ်နှံသူဦး‌ရေမည်မည်ရရ ပြန်လည်ရောက်ရှိလာကြခြင်းက အာရှပစိဖိတ်အိမ်ခြံမြေများအား လိုလားကြမှုကို သေချာစေလိုက်သည်။ ကျွမ်းကျင်သူများကလည်း အာရှပစိဖိတ်ဒေသတစ်လွှား ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်တွင် အခွင့်အလမ်းအများအပြား ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Asia Pacific’s property market bounces back in third quarter of 2020, records up to 35% increase (propertyreport)

[Zawgyi]

အာ႐ွပစိဖိတ္အိမ္ျခံေျမေဈးကြက္ တတိယသုံးလပတ္တြင္ ၃၅ ရာခိုင္ႏႈန္းျမင့္တက္ၿပီး ျပန္လည္နာလန္ထူလာ

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္မွ စက္တင္ဘာအၾကား အာ႐ွပစိဖိတ္အိမ္ေျခေျမသို႔ အေမရိကန္ေဒၚလာ ၃၅ ဘီလ်ံ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကသည္ျဖစ္ရာ COVID-19 ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ က်ဆင္းခဲ့ျခင္းကို ျပန္ေထမိသည္ကို ၫႊန္ျပေနသည္။

ထိုရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ ၎တတိယသုံးလပတ္အတြက္ အျခားႏွစ္မ်ားႏွင့္ယွဥ္လွ်င္ ၁၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေသာ္လည္း ဒုတိယသုံးလပတ္ထက္နာလန္ထူလာမႈမွာ ၃၅ ရာခိုင္ႏႈန္း႐ွိေၾကာင္း ႏိုင္ငံအမ်ားအျပားတြင္ ႐ုံးခြဲမ်ားဖြင့္လွစ္ထား႐ွိသည့္ အေမရိကန္အိမ္ျခံေျမလုပ္ငန္း JLL ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈယုံၾကည္ခ်က္မွာ ၂၀၂၀ ျပည့္ႏွစ္ႏွစ္စေနာက္ပိုင္း အျမင့္မားဆုံးျမင့္တက္လာခဲ့ျခင္းျဖစ္ၿပီး အာ႐ွပစိဖိတ္အဓိကေဈးကြက္မ်ားတြင္ ေငြရင္းႏွီးမႈကို တိုးတက္ေစခဲ့သည္။

အဆိုပါ ၂၀၂၀ ျပည့္ႏွစ္ တတိယသုံးလပတ္အတြင္း က်ယ္ျပန္႔ေသာ စက္မႈလုပ္ငန္းဆိုင္ရာ ေဈးကြက္ အထူးသျဖင့္ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ ေဒတာစင္တာ က အားေကာင္းစြာ တုံ႔ျပန္လာခဲ့သည္။

ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံသူမ်ားအမ်ားဆုံးပါဝင္ေသာ အဖြဲ႕အစည္းဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန္႔ခြဲသူမ်ားမွာလည္း ၂၀၂၀ ျပည့္ႏွစ္ႏွစ္စႏွင့္ယွဥ္လွ်င္ တိုးလာခဲ့သည္။ မတည္ေငြစရိတ္မွာလည္း ေၾကာက္ခမန္းလိလိက်ဆင္းလာခဲ့ၿပီး ဝယ္လက္မ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန္႔ခြဲသူမ်ားကို ဆြဲေဆာင္ခဲ့ေပသည္။

စီးပြားေရးျပန္လည္ဖြံ႕ၿဖိဳးရန္ ေဈးကြက္မ်ားျပန္လည္ဖြင့္လွစ္လာၾကသည့္ တ႐ုတ္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔က အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈျပန္လည္နာလန္ထူလာခဲ့မႈကို ပဲ့ကိုင္ေမာင္းႏွင္ခဲ့ၾကျခင္းျဖစ္သည္။

ႏိုင္ငံတကာမွသူေဌးမ်ားက ခရီးသြားလာျခင္းမွ ေ႐ွာင္ၾကဥ္ေနၾကၿပီး ေဒသခံမ်ားကလည္း ေစာင့္ၾကည့္ဝါဒကိုင္စြဲထားၾကသည္ျဖစ္ရာ ထိုင္းအပါအဝင္ ေဟာင္ေကာင္ႏွင့္ ဩစေၾတးလ်တို႔၏ အေရာင္းအဝယ္လႈပ္႐ွားမႈမ်ားမွာမူ သိမ္ေမြ႕ညံ့သက္ဆဲျဖစ္သည္။

အိမ္ျခံေျမ developer (ေျမယာဝယ္ယူ၍အေဆာက္အအုံေဆာက္လုပ္ေရာင္းခ်ေရးလုပ္ငန္း) မ်ားႏွင့္ ပိုင္႐ွင္မ်ားက သူတို႔၏ အေရာင္းမဟာဗ်ဴဟာကို ေျပာင္းလဲလာၾကသည္ျဖစ္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းသစ္မ်ား ေပါထြက္လာေနၿပီျဖစ္ေၾကာင္း JLL Thailand ၏ အေရာင္းအဝယ္လုပ္ငန္းေခါင္းေဆာင္ မိုက္ကယ္ဂလန္စီက ေျပာၾကားထားသည္။

“တခ်ိဳ႕ developer ေတြက သူတို႔ရဲ႕ ေဆာက္လုပ္ေရးအဆိုျပဳစီမံကိန္းေတြကို ဖ်က္သိမ္းလိုက္ၿပီး ေျမကြက္ေတြ ေရာင္းခ်ေနၾကပါတယ္။ လက္ဝယ္႐ွိေရာင္းလိုအားေရာ ဝယ္လိုအားေရာ ျမင့္တက္လာတာမို႔ ထိုင္းမွာ လာမယ့္ ၁၂ လအတြင္း အေရာင္းအဝယ္လႈပ္႐ွားမႈ ျမင့္တက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ယူဆပါတယ္” ဟုလည္း သူက ျဖည့္စြက္႐ွင္းလင္းေျပာၾကားခဲ့ေသးသည္။

အာ႐ွပစိဖိတ္အိမ္ျခံေျမေဈးကြက္သို႔ရင္းႏွီးျမႇဳပ္ႏွံသူဦး‌ေရမည္မည္ရရ ျပန္လည္ေရာက္႐ွိလာၾကျခင္းက အာ႐ွပစိဖိတ္အိမ္ျခံေျမမ်ားအား လိုလားၾကမႈကို ေသခ်ာေစလိုက္သည္။ ကြၽမ္းက်င္သူမ်ားကလည္း အာ႐ွပစိဖိတ္ေဒသတစ္လႊား ၂၀၂၀ ျပည့္ႏွစ္ စတုတၳသုံးလပတ္တြင္ အခြင့္အလမ္းအမ်ားအျပား ေပၚထြက္လာမည္ဟု ခန္႔မွန္းထားၾကေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Asia Pacific’s property market bounces back in third quarter of 2020, records up to 35% increase (propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service