ရန်ကုန်မြို့သစ်စီမံကိန်းအဆိုပြုလွှာ ပြင်သစ်ကုမ္ပဏီများအများဆုံးရ

ရန်ကုန်မြို့သစ်စီမံကိန်းအဆိုပြုလွှာ ပြင်သစ်ကုမ္ပဏီများအများဆုံးရ - Property News in Myanmar from iMyanmarHouse.com
23 Nov 2020 12:02 pm တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီနှင့်အဆိုပြုလွှာအပြိုင်တင်သွင်းခွင့်ကိုပြင်သစ်ကုမ္ပဏီများကအများဆုံးရရှိသည်ဟု သိရသည်။

Swiss Challenge တင်ဒါကော်မတီက နိုဝင်ဘာ၂၀ ရက်ရက်စွဲဖြင့်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်စိတ်ဝင်စားကြောင်းဖော်ပြလွှာတင်သွင်းခဲ့သည့် ဂျပန်၊အီတလီနှင့်စပိန်ကုမ္ပဏီကအဆိုပြုလွှာတင်သွင်းခြင်းမရှိတော့ကြောင်းလည်း ‌ဖော်ပြပါရှိသည်။

ထို့ကြောင့် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံမည့်ပြင်သစ်ကုမ္ပဏီသုံးခု၊ပြည်တွင်းကုမ္ပဏီသုံးခု၊အိန္ဒိယ၊စင်ကာပူ၊တိုင်ပေကုမ္ပဏီတစ်ခုစီကိုသာအဆိုပြုဖိတ်ခေါ်လွှာများ ထုတ်ပေးခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ပါဝင်စားကြောင်းဖော်ပြလွှာ (Expression of Interest - EOI) ကိုပြီးခဲ့သည့်အောက်တိုဘာ၂၂ ရက်က နိုင်ငံပေါင်းကိုးခုမှစီးပွားရေးအဖွဲ့အစည်း ၁၆ ခုကတင်သွင်းခဲ့သည်။

လက်ရှိတွင် အဆိုပါ အဖွဲ့အစည်း ၁၆ခုအနက် ၁၅ခုကိုစီမံကိန်းအဆိုပြုလွှာတင်ပြရန်ဖိတ်ခေါ်ခဲ့ရာ အထက်ပါကုမ္ပဏီကိုးခုကသာလျှောက်လွှာများလာရောက်ဝယ်ယူခဲ့သည်ဟု တင်ဒါကော်မတီကဆိုသည်။

ပြင်သစ် Bouygues Construction Group မှလက်အောက်ခံကုမ္ပဏီ BYMA (မြန်မာ)၊ပြင်သစ်အခြေစိုက် EDF HQ Singapore Pte Ltd နှင့်ပြင်သစ်အခြေစိုက်SUEZ Group,တိုင်ပေအခြေစိုက် BES Engineering Corporation, အိန္ဒိယအခြေစိုက် NTPC ကုမ္ပဏီတို့ပါဝင်သည်။

ပြည်တွင်းကုမ္ပဏီများအနေဖြင့် Dragon Power Company, Myanmar National Brotherhood Consortium ၊ Southern Metal Industry ကုမ္ပဏီ၊နှင့်စင်ကာပူအခြေစိုက်Nylect Technology (မြန်မာ) ကုမ္ပဏီတို့ပါဝင်ကြောင်းတင်ဒါကော်မတီကထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းကုမ္ပဏီကိုးခုသည် လက်ရှိဖွဲ့စည်းထားသည့်အတိုင်းဖြစ်စေ၊နည်းပညာနှင့်ငွေကြေးလိုအပ်ချက်အရဖြစ်စေအခြားအဖွဲ့အစည်းများနှင့်ပူးပေါင်း၍တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်သည် ဟု သိရသည်။

အဆိုပြုလွှာများနှင့် ပတ်သက်ပြီးဒီဇင်ဘာအထိလိုအပ်သည့်အချက်အလက်များကိုဖြေကြားပေးမည်ဖြစ်ပြီး၂၀၂၁ ဇန်နဝါရီတွင်နောက်ဆုံးထားတင်ရမှာလည်းဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ပထမအဆင့်ဖြစ်သည့်စီးပွားရေးအရဖြစ်နိုင်ခြေရှိသည့်စက်မှုဇုန်နှင့်အခြေခံအဆောက်အအုံများကို (Swiss Challenge) တင်ဒါကော်မတီကဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းအတွက်ယှဉ်ပြိုင်တင်ဒါစတင်တင်သွင်းခွင့်ကိုတရုတ် CCCC ကုမ္ပဏီကရရှိထားပြီး ယခုကုမ္ပဏီများကတရုတ်ကုမ္ပဏီကတင်သွင်းသည့်တင်ဒါကိုယှဉ်ပြိုင်တင်ဒါတင်သွင်းရခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ်၏စက်မှုဇုန်နှင့်အခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက်တရုတ် CCCC ကုမ္ပဏီ၏ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမှုကိုကြီးကြပ်ရန်ဂျာမနီအခြေစိုက် Roland Berger ကုမ္ပဏီကိုအကြံပေးအဖြစ်မြန်မာအစိုးရက၂၀၂၀ စက်တင်ဘာတွင်ငှားရမ်းခဲ့သည်။

တရုတ်ကုမ္ပဏီဖြစ်သည့် CCCC ကုမ္ပဏီမှာမကြာသေးမီကကမ္ဘာ့ဘဏ်မှ အမည်ပျက်စာရင်းတင်သွင်းထားသောကုမ္ပဏီလည်းဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအဆိုျပဳလႊာ ျပင္သစ္ကုမၸဏီမ်ားအမ်ားဆုံးရ

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတည္ေဆာက္ေရးအတြက္ တ႐ုတ္ကုမၸဏီႏွင့္အဆိုျပဳလႊာအၿပိဳင္တင္သြင္းခြင့္ကိုျပင္သစ္ကုမၸဏီမ်ားကအမ်ားဆုံးရ႐ွိသည္ဟု သိရသည္။

Swiss Challenge တင္ဒါေကာ္မတီက ႏိုဝင္ဘာ၂၀ ရက္ရက္စြဲျဖင့္သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္စိတ္ဝင္စားေၾကာင္းေဖာ္ျပလႊာတင္သြင္းခဲ့သည့္ ဂ်ပန္၊အီတလီႏွင့္စပိန္ကုမၸဏီကအဆိုျပဳလႊာတင္သြင္းျခင္းမ႐ွိေတာ့ေၾကာင္းလည္း ‌ေဖာ္ျပပါ႐ွိသည္။

ထို႔ေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းသစ္ပထမအဆင့္တြင္ ရင္းႏွီးျမႇဳပ္ႏွံမည့္ျပင္သစ္ကုမၸဏီသုံးခု၊ျပည္တြင္းကုမၸဏီသုံးခု၊အိႏၵိယ၊စင္ကာပူ၊တိုင္ေပကုမၸဏီတစ္ခုစီကိုသာအဆိုျပဳဖိတ္ေခၚလႊာမ်ား ထုတ္ေပးခဲ့သည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္စိတ္ပါဝင္စားေၾကာင္းေဖာ္ျပလႊာ (Expression of Interest - EOI) ကိုၿပီးခဲ့သည့္ေအာက္တိုဘာ၂၂ ရက္က ႏိုင္ငံေပါင္းကိုးခုမွစီးပြားေရးအဖြဲ႕အစည္း ၁၆ ခုကတင္သြင္းခဲ့သည္။

လက္႐ွိတြင္ အဆိုပါ အဖြဲ႕အစည္း ၁၆ခုအနက္ ၁၅ခုကိုစီမံကိန္းအဆိုျပဳလႊာတင္ျပရန္ဖိတ္ေခၚခဲ့ရာ အထက္ပါကုမၸဏီကိုးခုကသာေလွ်ာက္လႊာမ်ားလာေရာက္ဝယ္ယူခဲ့သည္ဟု တင္ဒါေကာ္မတီကဆိုသည္။

ျပင္သစ္ Bouygues Construction Group မွလက္ေအာက္ခံကုမၸဏီ BYMA (ျမန္မာ)၊ျပင္သစ္အေျခစိုက္ EDF HQ Singapore Pte Ltd ႏွင့္ျပင္သစ္အေျခစိုက္SUEZ Group,တိုင္ေပအေျခစိုက္ BES Engineering Corporation, အိႏၵိယအေျခစိုက္ NTPC ကုမၸဏီတို႔ပါဝင္သည္။

ျပည္တြင္းကုမၸဏီမ်ားအေနျဖင့္ Dragon Power Company, Myanmar National Brotherhood Consortium ၊ Southern Metal Industry ကုမၸဏီ၊ႏွင့္စင္ကာပူအေျခစိုက္Nylect Technology (ျမန္မာ) ကုမၸဏီတို႔ပါဝင္ေၾကာင္းတင္ဒါေကာ္မတီကထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေဖာ္ျပထားသည္။

ယင္းကုမၸဏီကိုးခုသည္ လက္႐ွိဖြဲ႕စည္းထားသည့္အတိုင္းျဖစ္ေစ၊နည္းပညာႏွင့္ေငြေၾကးလိုအပ္ခ်က္အရျဖစ္ေစအျခားအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍တင္ဒါအဆိုျပဳလႊာတင္သြင္းႏိုင္သည္ ဟု သိရသည္။

အဆိုျပဳလႊာမ်ားႏွင့္ ပတ္သက္ၿပီးဒီဇင္ဘာအထိလိုအပ္သည့္အခ်က္အလက္မ်ားကိုေျဖၾကားေပးမည္ျဖစ္ၿပီး၂၀၂၁ ဇန္နဝါရီတြင္ေနာက္ဆုံးထားတင္ရမွာလည္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၏ပထမအဆင့္ျဖစ္သည့္စီးပြားေရးအရျဖစ္ႏိုင္ေျခ႐ွိသည့္စက္မႈဇုန္ႏွင့္အေျခခံအေဆာက္အအုံမ်ားကို (Swiss Challenge) တင္ဒါေကာ္မတီကဆြစ္ယွဥ္ၿပိဳင္တင္ဒါ (Swiss Challenge) ေခၚယူခဲ့ျခင္းျဖစ္သည္။

ထိုစီမံကိန္းအတြက္ယွဥ္ၿပိဳင္တင္ဒါစတင္တင္သြင္းခြင့္ကိုတ႐ုတ္ CCCC ကုမၸဏီကရ႐ွိထားၿပီး ယခုကုမၸဏီမ်ားကတ႐ုတ္ကုမၸဏီကတင္သြင္းသည့္တင္ဒါကိုယွဥ္ၿပိဳင္တင္ဒါတင္သြင္းရျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္၏စက္မႈဇုန္ႏွင့္အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္ေရးအတြက္တ႐ုတ္ CCCC ကုမၸဏီ၏ဆြစ္ယွဥ္ၿပိဳင္တင္ဒါ (Swiss Challenge) တင္သြင္းမႈကိုႀကီးၾကပ္ရန္ဂ်ာမနီအေျခစိုက္ Roland Berger ကုမၸဏီကိုအၾကံေပးအျဖစ္ျမန္မာအစိုးရက၂၀၂၀ စက္တင္ဘာတြင္ငွားရမ္းခဲ့သည္။

တ႐ုတ္ကုမၸဏီျဖစ္သည့္ CCCC ကုမၸဏီမွာမၾကာေသးမီကကမ႓ာ့ဘဏ္မွ အမည္ပ်က္စာရင္းတင္သြင္းထားေသာကုမၸဏီလည္းျဖစ္သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service