COVID-19 နှင့် မိုးမုန်တိုင်းကြောင့် တွင်းပြိုမှုတို့၏ ရိုက်နှက်မှုများခံနေရသော မြန်မာနိုင်ငံသံဖြူထုတ်လုပ်မှု အခြေအနေအရပ်ရပ်အားGejiuQiandao Metal ၏ အထွေထွေမန်နေဂျာကျန်းဟွမ်ချွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

COVID-19 နှင့် မိုးမုန်တိုင်းကြောင့် တွင်းပြိုမှုတို့၏ ရိုက်နှက်မှုများခံနေရသော မြန်မာနိုင်ငံသံဖြူထုတ်လုပ်မှု အခြေအနေအရပ်ရပ်အားGejiuQiandao Metal ၏ အထွေထွေမန်နေဂျာကျန်းဟွမ်ချွင်နှင့် တွေ့ဆုံမေးမြန်းခြင်း - Property News in Myanmar from iMyanmarHouse.com
23 Nov 2020 11:35 am တွင် တင်ခဲ့သည်
529 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၀ ပြည့်နှစ် (ဒသမအကြိမ်မြောက်) သံဖြူလုပ်ငန်းထိပ်သီးအစည်းအဝေးကိုSMMမီဒီယာကုမ္ပဏီကကမကထပြု ကျင်းပခဲ့ပြီးအောက်တိုဘာလ ၂၀ ရက်မှ ၃၀ ရက်အထိကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲတွင် SMMသတင်းအဖွဲ့ကကွတ်ဂျူ ချင်းတောင် သတ္တုလုပ်ငန်း (GejiuQiandao Metal) ၏ အထွေထွေမန်နေဂျာကျန်းဟွမ်ချွင် (Zhang huanqun)အားသံဖြူလုပ်ငန်းကဏ္ဍအကြောင်းတွေ့ဆုံမေးမြန်းခဲ့သည်။

(မေး)သံဖြူဟာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတဲ့ သတ္တုဖြစ်ပြီးထုတ်ကုန်အသုံးပြုသူဈေးကွက်လည်း ကြီးကြီးမားမားရှိပါတယ်။ သံဖြူ လုပ်ငန်းနယ်မှာလူသိများကျော်ကြားတဲ့ ကုမ္ပဏီQiandao Metal မှာထုတ်ကုန်မျိုးစုံရှိတယ်ဆိုတာ ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။ Qiandaoမှာဘယ်လိုထုတ်ကုန်တွေရှိလဲဆိုတာ ကျွန်တော်တို့ကိုပြောပြနိုင်ပါမလားခင်ဗျာ။

(ဖြေ) ကျွန်တော်တို့မှာကအဓိကလုပ်ငန်း ၄ မျိုးရှိပါတယ်။ သံဖြူ ဂဟေထုတ်လုပ်ရေး၊ သံဖြူချောင်းကုန်သွယ်ရေး၊ သံဖြူစဝယ်ယူရေးနဲ့ သံဖြူရိုင်းကုန်သွယ်ရေး၊ သံဖြူထုတ်ကုန်လုပ်ငန်းတို့ဖြစ်ပါတယ်။

(မေး) COVID-19 ကပ်ဘေးဟာယခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပသံဖြူတွင်းလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော်တို့အားလုံးသိထားပါတယ်။ လက်ရှိကမ္ဘာ့သံဖြူထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်ပြီးတစ်ခုခုပြောပြနိုင်မလားခင်ဗျာ။

(ဖြေ) မြန်မာနိုင်ငံမှာသံဖြူအဓိကထုတ်လုပ်နေတဲ့ သံဖြူတွင်း ၃ နေရာရှိပါတယ်။ နာမည်တွေကတော့ မန်ရှမ်း၊ လှည်းကူးနဲ့ တူးဝါတို့ ဖြစ်ပါတယ်။

COVID-19ရောဂါပျံ့ပွားမှုတွေဖြစ်ပေါ်လာပြီးတဲ့နောက် မြန်မာအစိုးရဟာတိုင်းပြည်အတွင်းဝင်ရောက်မှုကိုတင်းကျပ်မှုတွေ ပြုလုပ်ခဲ့ပြီးတရုတ်ဘက်ကလည်းမတ်လ ၂၀ ရက်ကတည်းကစပြီး မြန်မာပြည်ဘက်ကကုန်စည်အဝင်အားလုံးကိုစတင်ပြီးထိန်းချုပ်မှုတွေ လုပ်လာခဲ့တယ်။

မြန်မာနိုင်ငံမှာကပ်ရောဂါဘေးအခြေအနေဆိုးလာတဲ့ သြဂုတ်လကစပြီးတင်းကျပ်မှုတွေ ပိုမိုပြုလုပ်လာခဲ့တယ်။ ဝန်ထမ်းအင်အားနဲ့ ပစ္စည်းပြတ်လပ်မှုတွေကြောင့် မန်ရှမ်းသံဖြူတွင်းမှာထုတ်လုပ်မှုနှုန်းဟာ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကျန်တဲ့သတ္တုတွင်း ၂ နေရာမှာလည်းထုတ်လုပ်မှုတွေအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့တယ်။

အခုနှစ် မတ်လကစတင်ပြီးတရုတ်ပြည်တွင်းမှာရှိတဲ့ နိုင်ငံပိုင် သတ္တုတွင်းတွေမှာတော့ ပုံမှန်အတိုင်းထုတ်လုပ်မှု လည်ပတ်ခဲ့ပါတယ်။

ပုဂ္ဂလိကသတ္တုတွင်းတွေကတော့ ထုတ်လုပ်မှုအားမမြှင့်တင်နိုင်ခဲ့ကြဘူး။ ဂါကျိုး(Gejiu) ၊ ကွမ်ရှီး၊ ဟူနန်နဲ့ ကျန်းရှီးပြည်နယ်တွေက နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကဏ္ဍ ၂ ရပ်ပေါင်းထုတ်လုပ်မှုပမာဏကမက်ထရစ်တန် ၂၀၀ ကနေ ၃၀၀ ကြားရှိခဲ့ပါတယ်။

ဒါပေမယ့် အတွင်းမွန်ဂိုလီးယားမှာရှိတဲ့ ယင်မန်သတ္တုတွင်းမှာတော့ သြဂုတ်လမှာထုတ်လုပ်မှုတွေ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်းတစ်လကိုမက်ထရစ်တန် ၅၀၀ ကနေ ၆၀၀ ကြားထုတ်လုပ်မှု မြှင့်တင်နိုင်ခဲ့တယ်။

(မေး) မြန်မာနိုင်ငံမှာရှိတဲ့ မန်ရှမ်းသံဖြူတွင်းဟာစိုစွတ်တဲ့ မိုးကာလဖြစ်တဲ့ သြဂုတ်လအတွင်းက ပြိုကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကသတ္တု ထုတ်လုပ်ရေးအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့တယ်။ မြန်မာနိုင်ငံမှာသံဖြူရိုင်းထုတ်လုပ်နေမှု လက်ရှိအခြေအနေကိုပြောပြနိုင်မလားခင်ဗျာ

(ဖြေ)မန်ရှမ်းသတ္တုတွင်းနေရာဟာမိုးမုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ ဒါကလွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမကြုံခဲ့ဖူးတဲ့ဖြစ်ရပ်ပါ။ အဲဒါက ၃ ရက်ကျော် ကြာခဲ့တယ်။

အမြင့်အမှတ် ၆၀၀ ကနေ ၅၅၀ မီတာကြားရှိတဲ့ သတ္တုတွင်းရဲ့ ဝင်ပေါက် ၉၀ ရာခိုင်နှုန်းဟာရေမြုပ်သွားတယ်။ အောက်ဘက် အနိမ့်ပိုင်းမှာရှိတဲ့ သတ္တုသန့်စင်စက်ရုံ ၄ ခုကနေ ၅ ခုလောက် ရေမြုပ်သွားခဲ့တယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုတွေကမေလနဲ့ ဇွန်လမှာလျော့ပါးသွားပြီးသံဖြူထုတ်လုပ်မှုကမက်ထရစ်တန် ၂၈၀၀ ကနေ ၃၀၀၀ ကြား ပြန်ရောက်လာတယ်။

ဒါပေမယ့် သြဂုတ်လမှာမိုးမုန်တိုင်းဝင်လာမှုကြောင့် ထုတ်လုပ်မှုတွေ ကျဆင်းသွားခဲ့ရပြီး သြဂုတ်နဲ့ အောက်တိုဘာကြားမှာမက်ထရစ်တန် ၁၅၀၀ ကနေ ၁၈၀၀ ကြားပဲထုတ်လုပ်နိုင်ခဲ့ပါတယ်။

သတ္တုတွင်းရဲ့ ဝင်ပေါက်တွေကရေတွေကိုဖောက်ထုတ်ပစ်ဖို့ ထိရောက်တဲ့ နည်းလမ်းမတွေ့သေးပါဘူး။ ဒေသတွင်းအစိုးရအဖွဲ့ကသတ္တုတွင်းပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီးဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်

(မေး) မြန်မာနိုင်ငံမှာCOVID-19ရောဂါ ကူးစက်ခံရသူပမာဏကနေ့စဉ်မြင့်တက်လာနေတယ်။ ဗိုင်းရပ်စ်ဟာသံဖြူတွင်းထုတ်လုပ်မှုနေရာတွေအပေါ် ထိခိုက်စေမှု တစ်ခုခုရှိလာလိမ့်မယ်လို့ လူကြီးမင်းယူဆပါသလား။

(ဖြေ) မြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းရိုက်ခတ်စဉ်ကာလကစပြီးတရုတ်အစိုးရဟာ မြန်မာပြည်ကကုန်စည်တွေ၊ လူတွေနဲ့ ယာဉ်တွေ ဝင်ရောက်မှုကိုပိုမိုတင်းကျပ်ခဲ့တယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘက်ကယာဉ် အစီးရေ ၃၀ ပဲဝင်ခွင့်ပြုထားပါတယ်။ ပုံမှန်အားဖြင့် အစီးရေ ၃၀၀ ကနေ ၅၀၀ ကြားဝင်ထွက်နေကြတာဖြစ်ပါတယ်။ ကုန်ကြမ်းနဲ့ ပစ္စည်းကိရိယာပြတ်လတ်မှုတွေက မြန်မာနိုင်ငံမှာသံဖြူထုတ်လုပ်ရေးလုပ်ငန်းအပေါ် ကြီးမားစွာထိခိုက်စေခဲ့ပါတယ်။

(မေး)သံဖြူဈေးကဧပြီလကစပြီးတက်ရိပ်ပဲအမြဲပြနေခဲ့ပြီး သြဂုတ်လမှာဈေးအမြင့်ပိုင်းမှာရှိနေခဲ့တယ်။ သံဖြူဈေးနှုန်းနဲ့ ပတ်သက်ပြီးအနာဂတ် အလားအလာကိုလူကြီးမင်းဘယ်လိုမြင်ပါသလဲ

(ဖြေ)ရေတိုအနာဂတ်ကာလအတွင်းမှာတော့ သံဖြူထုတ်လုပ်မှုနှုန်းကကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုကြောင့် ဆက်လက်ကျဆင်းနေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခြေအနေကသံဖြူဈေးအပေါ် သက်ရောက်စေမှာပါ။ ဒါ့အပြင် တရုတ်ပြည်တွင်းမှာသံဖြူချောင်းထုတ်လုပ်မှုကလည်းမက်ထရစ်တန် ၈၀၀၀ ကနေ ၄၃၀၀ ကိုကျဆင်းသွားခဲ့တယ်။

ကပ်ဘေးကြောင့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားအားနည်းနေပေမယ့် သံဖြူ ရောင်းလိုအားကျဆင်းမှုဟာဝယ်လိုအားထက် အများကြီးကျော်လွန်နေတယ်။

ဒါကြောင့် လာမယ့်ရက်တွေမှာသံဖြူဈေးဟာမက်ထရစ် ၁ တန်ကိုယွမ်ငွေ ၁၄၅,၀၀၀ (မြန်မာကျပ်ငွေ ၂၈၉ သိန်းကျော်) ကနေ ၁၅၀,၀၀၀ (မြန်မာကျပ်ငွေ ၂၉၉ သိန်းကျော်) ကြားပေါက်ဈေးရှိနေမယ်လို့ ကျွန်တော်ယူဆပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Qiandao Metal: Shortages of raw materials to underpin tin prices (SMM News)

 

[Zawgyi]

COVID-19 ႏွင့္ မိုးမုန္တိုင္းေၾကာင့္ တြင္းျပိဳမႈတို႔၏ ရိုက္ႏွက္မႈမ်ားခံေနရေသာ ျမန္မာႏိုင္ငံသံျဖဴထုတ္လုပ္မႈ အေျခအေနအရပ္ရပ္အားGejiuQiandao Metal ၏ အေထြေထြမန္ေနဂ်ာက်န္းဟြမ္ခၽြင္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း

၂၀၂၀ ျပည့္ႏွစ္ (ဒသမအၾကိမ္ေျမာက္) သံျဖဴလုပ္ငန္းထိပ္သီးအစည္းအေဝးကိုSMMမီဒီယာကုမၸဏီကကမကထျပဳ က်င္းပခဲ့ျပီးေအာက္တိုဘာလ ၂၀ ရက္မွ ၃၀ ရက္အထိက်င္းပခဲ့ျခင္း ျဖစ္သည္။

ထိပ္သီးေဆြးေႏြးပြဲတြင္ SMMသတင္းအဖြဲ႔ကကြတ္ဂ်ဴ ခ်င္းေတာင္ သတၱဳလုပ္ငန္း (GejiuQiandao Metal) ၏ အေထြေထြမန္ေနဂ်ာက်န္းဟြမ္ခၽြင္ (Zhang huanqun)အားသံျဖဴလုပ္ငန္းက႑အေၾကာင္းေတြ႔ဆံုေမးျမန္းခဲ့သည္။

(ေမး)သံျဖဴဟာက်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳၾကတဲ့ သတၱဳျဖစ္ျပီးထုတ္ကုန္အသံုးျပဳသူေစ်းကြက္လည္း ၾကီးၾကီးမားမားရွိပါတယ္။ သံျဖဴ လုပ္ငန္းနယ္မွာလူသိမ်ားေက်ာ္ၾကားတဲ့ ကုမၸဏီQiandao Metal မွာထုတ္ကုန္မ်ဳိးစံုရွိတယ္ဆိုတာ ကၽြန္ေတာ္တို႔ ေလ့လာသိရွိရပါတယ္။ Qiandaoမွာဘယ္လိုထုတ္ကုန္ေတြရွိလဲဆိုတာ ကၽြန္ေတာ္တို႔ကိုေျပာျပႏိုင္ပါမလားခင္ဗ်ာ။

(ေျဖ) ကၽြန္ေတာ္တို႔မွာကအဓိကလုပ္ငန္း ၄ မ်ဳိးရွိပါတယ္။ သံျဖဴ ဂေဟထုတ္လုပ္ေရး၊ သံျဖဴေခ်ာင္းကုန္သြယ္ေရး၊ သံျဖဴစဝယ္ယူေရးနဲ႔ သံျဖဴရိုင္းကုန္သြယ္ေရး၊ သံျဖဴထုတ္ကုန္လုပ္ငန္းတို႔ျဖစ္ပါတယ္။

(ေမး) COVID-19 ကပ္ေဘးဟာယခုႏွစ္အတြင္း ျပည္တြင္း၊ ျပည္ပသံျဖဴတြင္းလုပ္ငန္းေတြအေပၚ ၾကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တယ္ ဆိုတာ ကၽြန္ေတာ္တို႔အားလံုးသိထားပါတယ္။ လက္ရွိကမၻာ့သံျဖဴထုတ္လုပ္မႈ အေျခအေနနဲ႔ ပတ္သက္ျပီးတစ္ခုခုေျပာျပႏိုင္မလားခင္ဗ်ာ။

(ေျဖ) ျမန္မာႏိုင္ငံမွာသံျဖဴအဓိကထုတ္လုပ္ေနတဲ့ သံျဖဴတြင္း ၃ ေနရာရွိပါတယ္။ နာမည္ေတြကေတာ့ မန္ရွမ္း၊ လွည္းကူးနဲ႔ တူးဝါတို႔ ျဖစ္ပါတယ္။

COVID-19ေရာဂါပ်ံ႕ပြားမႈေတြျဖစ္ေပၚလာျပီးတဲ့ေနာက္ ျမန္မာအစိုးရဟာတိုင္းျပည္အတြင္းဝင္ေရာက္မႈကိုတင္းက်ပ္မႈေတြ ျပဳလုပ္ခဲ့ျပီးတရုတ္ဘက္ကလည္းမတ္လ ၂၀ ရက္ကတည္းကစျပီး ျမန္မာျပည္ဘက္ကကုန္စည္အဝင္အားလံုးကိုစတင္ျပီးထိန္းခ်ဳပ္မႈေတြ လုပ္လာခဲ့တယ္။

ျမန္မာႏိုင္ငံမွာကပ္ေရာဂါေဘးအေျခအေနဆိုးလာတဲ့ ၾသဂုတ္လကစျပီးတင္းက်ပ္မႈေတြ ပိုမိုျပဳလုပ္လာခဲ့တယ္။ ဝန္ထမ္းအင္အားနဲ႔ ပစၥည္းျပတ္လပ္မႈေတြေၾကာင့္ မန္ရွမ္းသံျဖဴတြင္းမွာထုတ္လုပ္မႈႏႈန္းဟာ ၇၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ က်န္တဲ့သတၱဳတြင္း ၂ ေနရာမွာလည္းထုတ္လုပ္မႈေတြအေပၚ အၾကီးအက်ယ္ ထိခိုက္ေစခဲ့တယ္။

အခုႏွစ္ မတ္လကစတင္ျပီးတရုတ္ျပည္တြင္းမွာရွိတဲ့ ႏိုင္ငံပိုင္ သတၱဳတြင္းေတြမွာေတာ့ ပံုမွန္အတိုင္းထုတ္လုပ္မႈ လည္ပတ္ခဲ့ပါတယ္။

ပုဂၢလိကသတၱဳတြင္းေတြကေတာ့ ထုတ္လုပ္မႈအားမျမွင့္တင္ႏိုင္ခဲ့ၾကဘူး။ ဂါက်ဳိး(Gejiu) ၊ ကြမ္ရွီး၊ ဟူနန္နဲ႔ က်န္းရွီးျပည္နယ္ေတြက ႏိုင္ငံပိုင္နဲ႔ ပုဂၢလိကပိုင္ က႑ ၂ ရပ္ေပါင္းထုတ္လုပ္မႈပမာဏကမက္ထရစ္တန္ ၂၀၀ ကေန ၃၀၀ ၾကားရွိခဲ့ပါတယ္။

ဒါေပမယ့္ အတြင္းမြန္ဂိုလီးယားမွာရွိတဲ့ ယင္မန္သတၱဳတြင္းမွာေတာ့ ၾသဂုတ္လမွာထုတ္လုပ္မႈေတြ ျပန္လည္စတင္ခဲ့ျပီးေနာက္ပိုင္းတစ္လကိုမက္ထရစ္တန္ ၅၀၀ ကေန ၆၀၀ ၾကားထုတ္လုပ္မႈ ျမွင့္တင္ႏိုင္ခဲ့တယ္။

(ေမး) ျမန္မာႏိုင္ငံမွာရွိတဲ့ မန္ရွမ္းသံျဖဴတြင္းဟာစိုစြတ္တဲ့ မိုးကာလျဖစ္တဲ့ ၾသဂုတ္လအတြင္းက ျပိဳက်မႈျဖစ္ေပၚခဲ့ပါတယ္။ ဒါကသတၱဳ ထုတ္လုပ္ေရးအေပၚ ဆိုးဆိုးရြားရြားထိခိုက္ေစခဲ့တယ္။ ျမန္မာႏိုင္ငံမွာသံျဖဴရိုင္းထုတ္လုပ္ေနမႈ လက္ရွိအေျခအေနကိုေျပာျပႏိုင္မလားခင္ဗ်ာ

(ေျဖ)မန္ရွမ္းသတၱဳတြင္းေနရာဟာမိုးမုန္တိုင္းဒဏ္ခံခဲ့ရပါတယ္။ ဒါကလြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္းမၾကံဳခဲ့ဖူးတဲ့ျဖစ္ရပ္ပါ။ အဲဒါက ၃ ရက္ေက်ာ္ ၾကာခဲ့တယ္။

အျမင့္အမွတ္ ၆၀၀ ကေန ၅၅၀ မီတာၾကားရွိတဲ့ သတၱဳတြင္းရဲ႕ ဝင္ေပါက္ ၉၀ ရာခိုင္ႏႈန္းဟာေရျမဳပ္သြားတယ္။ ေအာက္ဘက္ အနိမ့္ပိုင္းမွာရွိတဲ့ သတၱဳသန္႔စင္စက္ရံု ၄ ခုကေန ၅ ခုေလာက္ ေရျမဳပ္သြားခဲ့တယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္မႈေတြကေမလနဲ႔ ဇြန္လမွာေလ်ာ့ပါးသြားျပီးသံျဖဴထုတ္လုပ္မႈကမက္ထရစ္တန္ ၂၈၀၀ ကေန ၃၀၀၀ ၾကား ျပန္ေရာက္လာတယ္။

ဒါေပမယ့္ ၾသဂုတ္လမွာမိုးမုန္တိုင္းဝင္လာမႈေၾကာင့္ ထုတ္လုပ္မႈေတြ က်ဆင္းသြားခဲ့ရျပီး ၾသဂုတ္နဲ႔ ေအာက္တိုဘာၾကားမွာမက္ထရစ္တန္ ၁၅၀၀ ကေန ၁၈၀၀ ၾကားပဲထုတ္လုပ္ႏိုင္ခဲ့ပါတယ္။

သတၱဳတြင္းရဲ႕ ဝင္ေပါက္ေတြကေရေတြကိုေဖာက္ထုတ္ပစ္ဖို႔ ထိေရာက္တဲ့ နည္းလမ္းမေတြ႔ေသးပါဘူး။ ေဒသတြင္းအစိုးရအဖြဲ႔ကသတၱဳတြင္းပိုင္ရွင္ေတြနဲ႔ ပူးေပါင္းျပီးဒီျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ၾကိဳးပမ္းေနၾကပါတယ္

(ေမး) ျမန္မာႏိုင္ငံမွာCOVID-19ေရာဂါ ကူးစက္ခံရသူပမာဏကေန႔စဥ္ျမင့္တက္လာေနတယ္။ ဗိုင္းရပ္စ္ဟာသံျဖဴတြင္းထုတ္လုပ္မႈေနရာေတြအေပၚ ထိခိုက္ေစမႈ တစ္ခုခုရွိလာလိမ့္မယ္လို႔ လူၾကီးမင္းယူဆပါသလား။

(ေျဖ) ျမန္မာႏိုင္ငံမွာကိုရိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းရိုက္ခတ္စဥ္ကာလကစျပီးတရုတ္အစိုးရဟာ ျမန္မာျပည္ကကုန္စည္ေတြ၊ လူေတြနဲ႔ ယာဥ္ေတြ ဝင္ေရာက္မႈကိုပိုမိုတင္းက်ပ္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံဘက္ကယာဥ္ အစီးေရ ၃၀ ပဲဝင္ခြင့္ျပဳထားပါတယ္။ ပံုမွန္အားျဖင့္ အစီးေရ ၃၀၀ ကေန ၅၀၀ ၾကားဝင္ထြက္ေနၾကတာျဖစ္ပါတယ္။ ကုန္ၾကမ္းနဲ႔ ပစၥည္းကိရိယာျပတ္လတ္မႈေတြက ျမန္မာႏိုင္ငံမွာသံျဖဴထုတ္လုပ္ေရးလုပ္ငန္းအေပၚ ၾကီးမားစြာထိခိုက္ေစခဲ့ပါတယ္။

(ေမး)သံျဖဴေစ်းကဧျပီလကစျပီးတက္ရိပ္ပဲအျမဲျပေနခဲ့ျပီး ၾသဂုတ္လမွာေစ်းအျမင့္ပိုင္းမွာရွိေနခဲ့တယ္။ သံျဖဴေစ်းႏႈန္းနဲ႔ ပတ္သက္ျပီးအနာဂတ္ အလားအလာကိုလူၾကီးမင္းဘယ္လိုျမင္ပါသလဲ

(ေျဖ)ေရတိုအနာဂတ္ကာလအတြင္းမွာေတာ့ သံျဖဴထုတ္လုပ္မႈႏႈန္းကကုန္ၾကမ္းပစၥည္း ျပတ္လပ္မႈေၾကာင့္ ဆက္လက္က်ဆင္းေနဦးမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒီအေျခအေနကသံျဖဴေစ်းအေပၚ သက္ေရာက္ေစမွာပါ။ ဒါ့အျပင္ တရုတ္ျပည္တြင္းမွာသံျဖဴေခ်ာင္းထုတ္လုပ္မႈကလည္းမက္ထရစ္တန္ ၈၀၀၀ ကေန ၄၃၀၀ ကိုက်ဆင္းသြားခဲ့တယ္။

ကပ္ေဘးေၾကာင့္ ကမၻာလံုးဆိုင္ရာဝယ္လိုအားအားနည္းေနေပမယ့္ သံျဖဴ ေရာင္းလိုအားက်ဆင္းမႈဟာဝယ္လိုအားထက္ အမ်ားၾကီးေက်ာ္လြန္ေနတယ္။

ဒါေၾကာင့္ လာမယ့္ရက္ေတြမွာသံျဖဴေစ်းဟာမက္ထရစ္ ၁ တန္ကိုယြမ္ေငြ ၁၄၅,၀၀၀ (ျမန္မာက်ပ္ေငြ ၂၈၉ သိန္းေက်ာ္) ကေန ၁၅၀,၀၀၀ (ျမန္မာက်ပ္ေငြ ၂၉၉ သိန္းေက်ာ္) ၾကားေပါက္ေစ်းရွိေနမယ္လို႔ ကၽြန္ေတာ္ယူဆပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Qiandao Metal: Shortages of raw materials to underpin tin prices (SMM News)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service