အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်

အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
22 Nov 2020 2:05 pm တွင် တင်ခဲ့သည်
1072 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“ကျွန်မက အခုနေတဲ့ နေအိမ်မှာ အနှစ် ၄၀ နီးပါးနေလာခဲ့တာ ဆရာ။ အိမ်အသစ်ဆောက်မယ်လုပ်ခါမှ ကန့်ကွက်တယ်ဆိုပြီး ပေါ်လာတယ်။ သက်ဆိုင်ရာ စည်ပင်ကော်မတီက ကန့်ကွက်သူရှိလို့ ဆက်မဆောက်ဖို့ တားမြစ်ထားပါတယ် ဆရာ။ ဒီကိစ္စကို ကျွန်မဘယ်လိုဆက် လက်ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့ပါ”

“နေအိမ်ကို အသစ်ပြန်ဆောက်တယ်ဆိုတော့ မြေနဲ့ အိမ်နှစ်မျိုးလုံးနဲ့ သက်ဆိုင်လာပါတယ်။ မြေကွက်က ဘယ်သူ့အမည်ပေါက်လဲ”

“မြေကွက်ကတော့ ပါမစ်မြေပါ ဆရာ။ အမေက အစိုးရဝန်ထမ်းဆိုတော့ မြေကွက်ရထားတာပါ။ အမေ့ အမည်ပေါက်လို့ ဆိုရမှာပေါ့။ ဆရာလည်း သိမှာပါ၊ အဲဒီခေတ်ကာလက အိမ်ဆောက်ရင်လည်း ဘဏ်ချေးငွေနဲ့ ဆောက်ခွင့်ချပေးခဲ့တာတွေ ဖြစ်ပါတယ်”

“အဲဒီတုန်းက သမီးငယ်ဦးမယ် ထင်တယ်”

“ဟုတ်ပါတယ်။ သမီးအသက် ခုနစ်နှစ်ခန့်ရှိမယ်ထင်တယ်။ ဒါကြောင့် နှစ်ပေါင်း ၄၀ နီးပါးရှိနေပြီ ဆရာ”

“သမီးအမေရဲ့ မြေပါမစ်စာရွက်ထဲမှာ မြေကွက်မြေပုံနဲ့အတူ မိသားစု ဓာတ်ပုံပါတယ် မဟုတ်လား”

“ဓာတ်ပုံပါရှိပါတယ် ဆရာ။ မိသားစု လေးဦး ဓာတ်ပုံပါ”

“ခုနကပြောတော့ မိဘနှစ်ဦးနဲ့ သမီးတို့ သားအမိ သုံးဦးပဲရှိတယ်လို့ ပြောမိသလား၊ နောက်တစ်ယောက်က ဘယ်လိုဆွေမျိုးတော်စပ်သလဲ”

“သူပေါ့ ဆရာရယ်။ သူရှုပ်နေတာပဲ။ ကျွန်မရဲ့ ညီမတစ်ဝမ်းကွဲ တော်ပါတယ်။ အမေ့ရဲ့ အစ်မတော် စပ်သူက မွေးတဲ့တူမပါ ဆရာ”

“ဒါဆိုသူကလည်း အသက်အတော်ငယ်စဉ်က ရိုက်ထားတဲ့ မိသားစု ဓာတ်ပုံဖြစ်နေတာပေါ့”

“အဲဒီအချိန်က ကျွန်မအနေနဲ့ ရှစ်နှစ်သမီးခန့်ဆိုတော့ သူက အသက် ငါးနှစ်လောက်ရှိမယ်ထင်တယ်”

“မိခင်ဖြစ်သူက သူ့ရဲ့ တူမတော် သူကို တရားဝင် မွေးစားတာမျိုးရှိပါ သလား”

“ကျွန်မသိရသလောက်တော့ အမေနဲ့ အဖေက သူ့ကို မွေးစားထားတဲ့ ကိစ္စမရှိပါဘူး ဆရာ။ အိမ်ထောင် စုစာရင်းမှာလည်း တူမလို့ ဖော်ပြထားပါတယ်”

“အမွေစား အမွေခံအဖြစ် မွေးစားခဲ့တယ်ဆိုရင်တော့ အမွေပစ္စည်းနဲ့ ပတ်သက်ပြီး ဆက်စပ်ခံစားခွင့်ရှိ လာနိုင်တာပေါ့”

“သူကတော့ မွေးစားသမီးပါဆိုပြီး ကန့်ကွက်တာပေါ့ ဆရာ၊ ဒါပေမယ့် မွေးစားစာချုပ်ဘာတစ်ခုမှ မရှိပါဘူး ဆရာ”

“မွေးစားသမီးပါလို့ ပြောလာပြီဆိုတော့၊ သူက မိဘရင်းဆီ အသွား အလာ မရှိဘူးလား”

“မရှိဘူး ဆရာ။ မိဘတွေက သူငယ်စဉ်မှာပဲ ကားအက်ဆီးဒင့် တစ်ခုနဲ့ ကွယ်လွန်သွားခဲ့တာ ဆရာ”

“သြော် ... ဒါကြောင့်မို့ သမီးရဲ့ မိခင်က ခေါ်ယူထားလိုက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ် ဆရာ။ ဒါပေမယ့် မွေးစားသမီးအဖြစ် တရားဝင် မွေးစားခဲ့တာ မရှိပါဘူး”

“သူက အခုဘယ်မှာနေသလဲ။ အိမ်ထောင်ကျသွားပြီလား”

“အိမ်ထောင်ကျသွားတာ အနှစ် ၂၀ လောက်ရှိတော့မယ် ဆရာရယ်။အဲဒီကတည်းက အိမ်ခွဲဆင်းသွားပါတယ်”

“တရားဝင်ကိတ္တ်ိမမွေးစားသမီး မဟုတ်ရင်တော့ အမွေဆက်ခံခွင့်ရှိမှာ မဟုတ်ပါဘူး”

“ဒါနဲ့ဆရာ၊ ပါမစ်မြေဆိုတာ ဥပဒေအရ အမွေဆက်ခံခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလား”

“ဂရန်မြေ ဘိုးဘပိုင်မြေတွေကတော့ ရှင်းတယ်။ အမည်ပေါက်ကွယ်လွန်ရင် အမွေဆက်ခံသူ သားသမီးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ချုပ်ဆိုခွင့်ရှိကြောင်း ဥပဒေအရ ခွင့်ပြုထားပါတယ်။ ပါမစ်မြေက တော့ အမွေဆက်ခံသူအဖြစ် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ် မြွက်ဟကြေညာပြုလုပ်ခွင့်မရှိပါဘူး”

“ဒါဆိုရင် မိသားစုဓာတ်ပုံမှာ ပါဝင်သူတွေက ပါမစ်မြေမှာ အမွေဆက်ခံခွင့် မရှိဘူးလား ဆရာ”

“သက်ဆိုင်ရာမြို့တော်စည်ပင် သာယာရေး ကော်မတီက ထုတ်ပေးထားတဲ့ ပါမစ်စာရွက်နဲ့ အိုးအိမ်ဦးစီး ဌာနက ထုတ်ပေးထားတဲ့ မြေချပါမစ်ဆိုတာမျိုးရှိတယ်။ တချို့ ပါမစ်တွေမှာ အမည်ပေါက်သူက မိသားစုထဲမှ မည်သူ့ကို ဆက်ခံခွင့်ပေးကြောင်း ဖော်ပြပါရှိတာတွေလည်း တွေ့ရတယ်။ ပါမစ်မြေဆိုတာ အဆောက်အအုံဆောက်လုပ် နေထိုင်ခွင့်ပြုခြင်းသာဖြစ်ပါတယ်။ မြေပိုင်ဆိုင်မှုကို အဓိက ပေးအပ်ခြင်းမဟုတ်ပါ။ မြေပိုင်ဆိုင်မှုအတွက် မြေငှား ဂရန် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ ပါမစ်စာရွက်ကို ကျွန်မသေချာကြည့်လိုက်ပါမယ်။ အမေက အမွေဆက်ခံသူအဖြစ်မည်သူ့ကို ပေးခဲ့ကြောင်း ပါရင်တော့ အဆင်ပြေတာပေါ့ ဆရာ”

“ရှင်းအောင်ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမျိုးမင်းသိန်း (ကွယ်လွန်သူ ဦးခင် မောင်ရင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ ခြောက်ဦး၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၈၇ အမှုတွင် အစိုးရက ဂရန်ထုတ်ပေးထားခြင်းမရှိသော အစိုးရပိုင်မြေပေါ်တွင် နေထိုင်သူသည် အမွေဆက်ခံ ခွင့် လွှဲပြောင်းခွင့်မရှိပေ။ အစိုးရက ဂရန် ထုတ်ပေးမှသာလျှင် ထိုမြေနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့် လွှဲပြောင်း ခွင့် ရရှိသည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပါမစ်မြေတွေဟာ အမွေဆက်ခံခွင့်မရှိပါဘူး။ ဂရန် ဆက်လက်လျှောက်ယူရန် ဖြစ်ပါတယ်”

“တချို့က ပြောတော့ ကိတ္တ်ိမမွေးစားခြင်းမဟုတ်ပေမယ့် သာမန်မွေးစားရင်လည်း အမွေဆက်ခံခွင့်ရှိတယ်လို့ ပြောကြတယ် ဟုတ်ပါသလား”

“အဲဒီလိုတော့ မဟုတ်ပါဘူး။ သားရင်းသမီးရင်းနဲ့ တန်းတူအမွေ ဆက်ခံခွင့်ရှိတဲ့ မွေးစားသားသမီးဆိုတာ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ကိတ္တ်ိမသားသမီးအဖြစ် မွေးစားတဲ့ သူကို ဆိုလိုတာဖြစ်တယ်။ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ မွေးစားခြင်းမဟုတ် ရင်တော့ အမွေဆက်ခံခွင့်ကို သားရင်းသမီးရင်းကဲ့သို့ အမွေရခွင့်မရှိပါ ဘူး။ အဲဒီလိုမွေစားသားသမီးကို အပတိဋ္ဌသားသမီးလို့ ခေါ်ပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ ညီမဖြစ် သူက မွေးစားသမီးလို့ ပြောရင်လည်း အပတိဌသားသမီးမျိုးပဲ ဖြစ်မှာပေါ့။ ဒီလိုလား ဆရာ”

“မှန်ပါတယ်။ ဥပဒေအရ အပတိဌသားသမီးသည် မွေးစားမိဘ၌ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မြေး၊ မြစ်၊ ကိတ္တ်ိမသားသမီး မကျန်မှသာ အမွေရခွင့်ရှိသည်လို့ မစောမြနှင့် မချိုချိုပါ နှစ်ဦး ၁၉၈၁ မြန်မာနိုင်ငံ တရားစီးရင်ထုံး စာမျက်နှာ - ၂၅ မှာ လမ်းညွှန်ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း မွေးစားသား သမီးပါလို့ ပြောဆိုသည့်တိုင် ကိတ္တ်ိမမွေးစားသမီးမဟုတ်တဲ့အတွက် သမီးရင်းကသာ အမွေဆက်ခံခွင့်ရှိ မှာဖြစ်လို့ သေချာ ရေးသားပြီး မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ တင်ပြရင် ဆောက် လုပ်ခွင့်ရမှာ ဖြစ်ပါတယ်”

“ကျွန်မက အိမ်ဟောင်းကိုပြင်တာမဟုတ်ဘဲ နှစ်ထပ်တိုက်ဆောက်မှာမို့ သိသာသွားတာဆရာ”

“ဘယ်လိုပဲဖြစ်ဖြစ် သမီးရင်းလည်း ဖြစ်တယ်။ နေလာတာလည်း နှစ်ပေါင်း ၄၀ နီးပါးဆိုတော့ ဥပဒေ နှင့်အညီရပိုင်ခွင့်ရှိပါတယ်။ ပြီးတော့ ဂရန်လျှောက်လိုက်ပါ”ဟု အကြံပေး ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အေမြဆုိင္ေျမေပၚတြင္ အေဆာက္အအုံ ေဆာက္မိလွ်င္

“ကၽြန္မက အခုေနတဲ့ ေနအိမ္မွာ အႏွစ္ ၄၀ နီးပါးေနလာခဲ့တာ ဆရာ။ အိမ္အသစ္ေဆာက္မယ္လုပ္ခါမွ ကန္႔ကြက္တယ္ဆုိၿပီး ေပၚလာတယ္။ သက္ဆုိင္ရာ စည္ပင္ေကာ္မတီက ကန္႔ကြက္သူရွိလုိ႔ ဆက္မေဆာက္ဖုိ႔ တားျမစ္ထားပါတယ္ ဆရာ။ ဒီကိစၥကုိ ကၽြန္မဘယ္လုိဆက္ လက္ေဆာင္ရြက္ရမယ္ဆုိတာ သိခ်င္လုိ႔ပါ”

“ေနအိမ္ကုိ အသစ္ျပန္ေဆာက္တယ္ဆုိေတာ့ ေျမနဲ႔ အိမ္ႏွစ္မ်ဳိးလုံးနဲ႔ သက္ဆုိင္လာပါတယ္။ ေျမကြက္က ဘယ္သူ႔အမည္ေပါက္လဲ”

“ေျမကြက္ကေတာ့ ပါမစ္ေျမပါ ဆရာ။ အေမက အစုိးရ၀န္ထမ္းဆုိေတာ့ ေျမကြက္ရထားတာပါ။ အေမ့ အမည္ေပါက္လုိ႔ ဆုိရမွာေပါ့။ ဆရာလည္း သိမွာပါ၊ အဲဒီေခတ္ကာလက အိမ္ေဆာက္ရင္လည္း ဘဏ္ေခ်းေငြနဲ႔ ေဆာက္ခြင့္ခ်ေပးခဲ့တာေတြ ျဖစ္ပါတယ္”

“အဲဒီတုန္းက သမီးငယ္ဦးမယ္ ထင္တယ္”

“ဟုတ္ပါတယ္။ သမီးအသက္ ခုနစ္ႏွစ္ခန္႔ရွိမယ္ထင္တယ္။ ဒါေၾကာင့္ ႏွစ္ေပါင္း ၄၀ နီးပါးရွိေနၿပီ ဆရာ”

“သမီးအေမရဲ႕ ေျမပါမစ္စာရြက္ထဲမွာ ေျမကြက္ေျမပုံနဲ႔အတူ မိသားစု ဓာတ္ပုံပါတယ္ မဟုတ္လား”

“ဓာတ္ပုံပါရွိပါတယ္ ဆရာ။ မိသားစု ေလးဦး ဓာတ္ပုံပါ”

“ခုနကေျပာေတာ့ မိဘႏွစ္ဦးနဲ႔ သမီးတုိ႔ သားအမိ သုံးဦးပဲရွိတယ္လုိ႔ ေျပာမိသလား၊ ေနာက္တစ္ေယာက္က ဘယ္လုိေဆြမ်ဳိးေတာ္စပ္သလဲ”

“သူေပါ့ ဆရာရယ္။ သူ႐ႈပ္ေနတာပဲ။ ကၽြန္မရဲ႕ ညီမတစ္၀မ္းကြဲ ေတာ္ပါတယ္။ အေမ့ရဲ႕ အစ္မေတာ္ စပ္သူက ေမြးတဲ့တူမပါ ဆရာ”

“ဒါဆုိသူကလည္း အသက္အေတာ္ငယ္စဥ္က ႐ုိက္ထားတဲ့ မိသားစု ဓာတ္ပုံျဖစ္ေနတာေပါ့”

“အဲဒီအခ်ိန္က ကၽြန္မအေနနဲ႔ ရွစ္ႏွစ္သမီးခန္႔ဆုိေတာ့ သူက အသက္ ငါးႏွစ္ေလာက္ရွိမယ္ထင္တယ္”

“မိခင္ျဖစ္သူက သူ႔ရဲ႕ တူမေတာ္ သူကို တရား၀င္ ေမြးစားတာမ်ဳိးရွိပါ သလား”

“ကၽြန္မသိရသေလာက္ေတာ့ အေမနဲ႔ အေဖက သူ႔ကို ေမြးစားထားတဲ့ ကိစၥမရွိပါဘူး ဆရာ။ အိမ္ေထာင္ စုစာရင္းမွာလည္း တူမလုိ႔ ေဖာ္ျပထားပါတယ္”

“အေမြစား အေမြခံအျဖစ္ ေမြးစားခဲ့တယ္ဆုိရင္ေတာ့ အေမြပစၥည္းနဲ႔ ပတ္သက္ၿပီး ဆက္စပ္ခံစားခြင့္ရွိ လာႏုိင္တာေပါ့”

“သူကေတာ့ ေမြးစားသမီးပါဆုိၿပီး ကန္႔ကြက္တာေပါ့ ဆရာ၊ ဒါေပမယ့္ ေမြးစားစာခ်ဳပ္ဘာတစ္ခုမွ မရွိပါဘူး ဆရာ”

“ေမြးစားသမီးပါလုိ႔ ေျပာလာၿပီဆုိေတာ့၊ သူက မိဘရင္းဆီ အသြား အလာ မရွိဘူးလား”

“မရွိဘူး ဆရာ။ မိဘေတြက သူငယ္စဥ္မွာပဲ ကားအက္ဆီးဒင့္ တစ္ခုနဲ႔ ကြယ္လြန္သြားခဲ့တာ ဆရာ”

“ေၾသာ္ ... ဒါေၾကာင့္မုိ႔ သမီးရဲ႕ မိခင္က ေခၚယူထားလုိက္တဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္ ဆရာ။ ဒါေပမယ့္ ေမြးစားသမီးအျဖစ္ တရား၀င္ ေမြးစားခဲ့တာ မရွိပါဘူး”

“သူက အခုဘယ္မွာေနသလဲ။ အိမ္ေထာင္က်သြားၿပီလား”

“အိမ္ေထာင္က်သြားတာ အႏွစ္ ၂၀ ေလာက္ရွိေတာ့မယ္ ဆရာရယ္။အဲဒီကတည္းက အိမ္ခြဲဆင္းသြားပါတယ္”

“တရား၀င္ကိတိ္ၱမေမြးစားသမီး မဟုတ္ရင္ေတာ့ အေမြဆက္ခံခြင့္ရွိမွာ မဟုတ္ပါဘူး”

“ဒါနဲ႔ဆရာ၊ ပါမစ္ေျမဆုိတာ ဥပေဒအရ အေမြဆက္ခံခြင့္မရွိဘူးဆုိတာ ဟုတ္ပါသလား”

“ဂရန္ေျမ ဘုိးဘပုိင္ေျမေတြကေတာ့ ရွင္းတယ္။ အမည္ေပါက္ကြယ္လြန္ရင္ အေမြဆက္ခံသူ သားသမီးက အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း ေၾကညာစာခ်ဳပ္ ခ်ဳပ္ဆုိခြင့္ရွိေၾကာင္း ဥပေဒအရ ခြင့္ျပဳထားပါတယ္။ ပါမစ္ေျမက ေတာ့ အေမြဆက္ခံသူအျဖစ္ အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း စာခ်ဳပ္ ႁမြက္ဟေၾကညာျပဳလုပ္ခြင့္မရွိပါဘူး”

“ဒါဆုိရင္ မိသားစုဓာတ္ပုံမွာ ပါ၀င္သူေတြက ပါမစ္ေျမမွာ အေမြဆက္ခံခြင့္ မရွိဘူးလား ဆရာ”

“သက္ဆုိင္ရာၿမိဳ႕ေတာ္စည္ပင္ သာယာေရး ေကာ္မတီက ထုတ္ေပးထားတဲ့ ပါမစ္စာရြက္နဲ႔ အုိးအိမ္ဦးစီး ဌာနက ထုတ္ေပးထားတဲ့ ေျမခ်ပါမစ္ဆုိတာမ်ဳိးရွိတယ္။ တခ်ဳိ႕ ပါမစ္ေတြမွာ အမည္ေပါက္သူက မိသားစုထဲမွ မည္သူ႔ကုိ ဆက္ခံခြင့္ေပးေၾကာင္း ေဖာ္ျပပါရွိတာေတြလည္း ေတြ႕ရတယ္။ ပါမစ္ေျမဆုိတာ အေဆာက္အအုံေဆာက္လုပ္ ေနထုိင္ခြင့္ျပဳျခင္းသာျဖစ္ပါတယ္။ ေျမပုိင္ဆုိင္မႈကို အဓိက ေပးအပ္ျခင္းမဟုတ္ပါ။ ေျမပိုင္ဆုိင္မႈအတြက္ ေျမငွား ဂရန္ ေလွ်ာက္ထားရယူရမွာ ျဖစ္ပါတယ္”

“ဟုတ္ကဲ့ ဆရာ၊ ပါမစ္စာရြက္ကုိ ကၽြန္မေသခ်ာၾကည့္လုိက္ပါမယ္။ အေမက အေမြဆက္ခံသူအျဖစ္မည္သူ႔ကို ေပးခဲ့ေၾကာင္း ပါရင္ေတာ့ အဆင္ေျပတာေပါ့ ဆရာ”

“ရွင္းေအာင္ေျပာရမယ္ဆုိရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးမ်ဳိးမင္းသိန္း (ကြယ္လြန္သူ ဦးခင္ ေမာင္ရင္၏ တရား၀င္ကုိယ္စားလွယ္) ႏွင့္ ေဒၚခင္ေဌးျမင့္ပါ ေျခာက္ဦး၊ ၂၀၁၃ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ - ၈၇ အမႈတြင္ အစုိးရက ဂရန္ထုတ္ေပးထားျခင္းမရွိေသာ အစုိးရပုိင္ေျမေပၚတြင္ ေနထုိင္သူသည္ အေမြဆက္ခံ ခြင့္ လႊဲေျပာင္းခြင့္မရွိေပ။ အစုိးရက ဂရန္ ထုတ္ေပးမွသာလွ်င္ ထုိေျမႏွင့္ စပ္လ်ဥ္း၍ အေမြဆက္ခံခြင့္ လႊဲေျပာင္း ခြင့္ ရရွိသည္လုိ႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ပါမစ္ေျမေတြဟာ အေမြဆက္ခံခြင့္မရွိပါဘူး။ ဂရန္ ဆက္လက္ေလွ်ာက္ယူရန္ ျဖစ္ပါတယ္”

“တခ်ဳိ႕က ေျပာေတာ့ ကိတိ္ၱမေမြးစားျခင္းမဟုတ္ေပမယ့္ သာမန္ေမြးစားရင္လည္း အေမြဆက္ခံခြင့္ရွိတယ္လုိ႔ ေျပာၾကတယ္ ဟုတ္ပါသလား”

“အဲဒီလုိေတာ့ မဟုတ္ပါဘူး။ သားရင္းသမီးရင္းနဲ႔ တန္းတူအေမြ ဆက္ခံခြင့္ရွိတဲ့ ေမြးစားသားသမီးဆုိတာ မွတ္ပုံတင္စာခ်ဳပ္စာတမ္းနဲ႔ ကိတိ္ၱမသားသမီးအျဖစ္ ေမြးစားတဲ့ သူကို ဆုိလုိတာျဖစ္တယ္။ မွတ္ပုံတင္ စာခ်ဳပ္စာတမ္းနဲ႔ ေမြးစားျခင္းမဟုတ္ ရင္ေတာ့ အေမြဆက္ခံခြင့္ကို သားရင္းသမီးရင္းကဲ့သုိ႔ အေမြရခြင့္မရွိပါ ဘူး။ အဲဒီလုိေမြစားသားသမီးကုိ အပတိ႒သားသမီးလုိ႔ ေခၚပါတယ္”

“ဒါဆုိရင္ အခုကိစၥမွာ ညီမျဖစ္ သူက ေမြးစားသမီးလုိ႔ ေျပာရင္လည္း အပတိဌသားသမီးမ်ဳိးပဲ ျဖစ္မွာေပါ့။ ဒီလုိလား ဆရာ”

“မွန္ပါတယ္။ ဥပေဒအရ အပတိဌသားသမီးသည္ ေမြးစားမိဘ၌ က်န္ရစ္သူ ဇနီး၊ ခင္ပြန္း၊ သား၊ သမီး၊ ေျမး၊ ျမစ္၊ ကိတိ္ၱမသားသမီး မက်န္မွသာ အေမြရခြင့္ရွိသည္လုိ႔ မေစာျမႏွင့္ မခ်ဳိခ်ဳိပါ ႏွစ္ဦး ၁၉၈၁ ျမန္မာႏုိင္ငံ တရားစီးရင္ထုံး စာမ်က္ႏွာ - ၂၅ မွာ လမ္းၫႊန္ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ယခုကိစၥမွာလည္း ေမြးစားသား သမီးပါလုိ႔ ေျပာဆုိသည့္တုိင္ ကိတိ္ၱမေမြးစားသမီးမဟုတ္တဲ့အတြက္ သမီးရင္းကသာ အေမြဆက္ခံခြင့္ရွိ မွာျဖစ္လုိ႔ ေသခ်ာ ေရးသားၿပီး ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီထံ တင္ျပရင္ ေဆာက္ လုပ္ခြင့္ရမွာ ျဖစ္ပါတယ္”

“ကၽြန္မက အိမ္ေဟာင္းကိုျပင္တာမဟုတ္ဘဲ ႏွစ္ထပ္တုိက္ေဆာက္မွာမုိ႔ သိသာသြားတာဆရာ”

“ဘယ္လုိပဲျဖစ္ျဖစ္ သမီးရင္းလည္း ျဖစ္တယ္။ ေနလာတာလည္း ႏွစ္ေပါင္း ၄၀ နီးပါးဆုိေတာ့ ဥပေဒ ႏွင့္အညီရပုိင္ခြင့္ရွိပါတယ္။ ၿပီးေတာ့ ဂရန္ေလွ်ာက္လုိက္ပါ”ဟု အႀကံေပး ေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service