Covid-19 ကာကွယ်ဆေးရရန် အခြားနိုင်ငံများကိုအသနားခံနေမည်မဟုတ်ကြောင်းဒူတာတေးပြော
Covid-19 ကာကွယ်ဆေးရရန် အခြားနိုင်ငံများကိုအသနားခံနေမည်မဟုတ်ကြောင်းဒူတာတေးပြော - Property News in Myanmar from iMyanmarHouse.com
28 Oct 2020 11:57 am တွင် တင်ခဲ့သည်
1977 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဖိလစ်ပိုင်သမ္မတဒူတာတေးကကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဝယ်ယူရေးတွင် အကျင့်ပျက်ခြစားမှု အန္တရာယ်ကြိုတင် ကာကွယ်ရန်အတွက် အစိုးရချင်းသဘောတူညီမှုဖြင့် ဝယ်ယူခြင်းကိုသာအားပေးလိမ့်မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည့် အခြားနိုင်ငံများကိုကာကွယ်ဆေးအသနားခံကာတောင်းနေမည် မဟုတ်ကြောင်းပြောကြားလိုက်သည်။
လူဦးရေ ၁၀၈ သန်းကျော်ရှိပြီးအာရှတွင် COVID-19 ကူးစက်မှု အများပြားဆုံးနိုင်ငံများတွင် ပါဝင်သောဖိလစ်ပိုင်သည် ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် သင့်လျော်သည့် နေရာကောင်းတစ်ခုဖြစ်ပြီးကမ္ဘာတစ်ဝန်းမှ ကာကွယ်ဆေးထုတ်လုပ်သူများအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်းသုံးသပ်ကြသည်။
“အားလုံးကိုပြောပါရစေ။ ကျွန်တော်တို့ဟာအသနားခံတောင်းလိမ့်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာငွေပေးပြီးဝယ်ယူသွားမှာ ဖြစ်ပါတယ်။ တရုတ်အစိုးရကိုပြောချင်တာကခင်ဗျားတို့အနေနဲ့ မိတ်ဖက်ကုမ္ပဏီရှာဖို့ မလိုပါဘူး။ ဒါကိုအစိုးရချင်းလုပ်ဆောင်လို့ ရပါတယ်”ဟုဒူတာတေးကအပတ်စဉ် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နှင့် ရုရှားတို့သည် ကာကွယ်ဆေးပြိုင်ပွဲတွင် ဦးဆောင်နေဟန်ရသော်လည်းအကောင်းဆုံးကမ်းလှမ်းမှုပြုလုပ်သည့် နိုင်ငံကိုရွေးချယ်သွားမည်ဖြစ်ကြောင်းလည်းဒူတာတေးကပြောကြားသည်။
တရုတ်နိုင်ငံမှ Sinovac Biotech ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ထားသောကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုဖိလစ်ပိုင်နိုင်ငံတွင် လာမည့်လ အစောပိုင်း၌ ကြီးမားကျယ်ပြန့်စွာစမ်းသပ်မှုများ ပြုလုပ်သွားဖွယ်ရာရှိနေသည်။
ဖိလစ်ပိုင် အာဏာပိုင်တို့သည် ရုရှား၏ Gamaleyaသုတေသနအင်စတီကျုနှင့် အမေရိကန်မှ Johnson & Johnson’sတို့၏ Covid-19 ကာကွယ်ဆေးများကိုကျယ်ပြန့်စွာလက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရေးကိုသုံးသပ်နေပြီးဆေးကုမ္ပဏီများဖြစ်သော Pfizer ၊ ModernaIncတို့နှင့်လည်းဆွေးနွေးလျက်ရှိသည်။ သြစတေးလျနိုင်ငံမှ Vaxineသည်လည်းဖိလစ်ပိုင်တွင် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စိတ်ဝင်စားနေသည်။
ဖိလစ်ပိုင် ပြည်သူအားလုံးကိုကာကွယ်ဆေးထိုးပေးရေးဟူသောဒူတာတေး၏ စီမံကိန်း၏ တစိတ်တပိုင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသားသန်း ၂၀ အတွက် ကာကွယ်ဆေးထိုးဆေးအလုံးရေသန်း ၄၀ ဝယ်ယူရန် ကန်ဒေါ်လာသန်း ၄၀၀ လျာထားခဲ့သည်။
ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အတည်ပြုလူနာ ၃၇၁၆၃၀ ဦးရှိပြီးသေဆုံးသူ ၇၀၃၉ ဦးရှိပြီဖြစ်ရာအရှေ့တောင်အာရှတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအများဆုံးကူးစက်ခံရသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Duterte wants deal with Chinese government to provide Covid-19 vaccines to Philippines (SCMP)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
bkk-projects
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service