မလေးရှားဘုရင်က အရေးပေါ်အခြေအနေကြေညာရန် လက်မခံသောကြောင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူ
မလေးရှားဘုရင်က အရေးပေါ်အခြေအနေကြေညာရန် လက်မခံသောကြောင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
27 Oct 2020 12:39 pm တွင် တင်ခဲ့သည်
1233 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မလေးရှားဘုရင်မင်းမြတ်က အရေးပေါ် အခြေအနေကြေညာရန် လက်မခံသောကြောင့် ဝန်ကြီးချုပ် Muhyiddin Yassin က အရေးပေါ်အထူးအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၁း ၃၀ တွင် ခေါ်ယူလိုက်ရသည်။
ဝန်ကြီးများ၊ ပါတီခေါင်းဆောင်များနှင့် ပြည်နယ်အကြီးအကဲများ ပါဝင်သော ၃၂ ဦးသည် မလေးရှား ဘုရင်မင်းမြတ် အဗ္ဗဒူလာ ဘီလာ ရှားက အရေးပေါ်အခြေအနေ မကြေညာရန် ဆုံးဖြတ်ခဲ့သောကြောင့် မလေးရှား၏ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ရခြင်း ဖြစ်သည်။
အရေးပေါ် အခြေအနေကြေညာခွင့် ရရှိခဲ့မည်ဆိုပါက ဝန်ကြီးချုပ် Muhyiddin ၏ အစိုးရအဖွဲ့သည် လွှတ်တော်၏ အတည်ပြုချက်မလိုဘဲ ဥပဒေပြဌာန်းခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ပူထရာဂျာယာရှိ ဝန်ကြီးချုပ်ရုံးသို့ မလေးရှား ဆက်သွယ်ရေးနှင့် multimedia ဝန်ကြီး Saifuddin Abdullah လည်း လာရောက်ခဲ့ကြောင်း အစိုးရသတင်းဌာနဖြစ်သော Bernama သတင်းဌာနက ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် တွေ့ရသည်။
မျက်မြင်တွေ့ရှိသူတို့၏ ပြောကြားချက်အရ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုရေးရာဝန်ကြီး Khairy Jamaluddin နှင့် နိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein တို့လည်း ဝန်ကြီးချုပ်ရုံးသို့ လာရောက်ခဲ့ကြသည်ဟု ဆိုသည်။
မလေးရှားဘုရင်က Muhyiddin ၏ အစိုးရအဖွဲ့သည် အရေးပေါ်အာဏာမရှိဘဲ မလေးရှား၏ COVID-19 အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဘုရင့်နန်းတော်၏ ထုတ်ပြန်ချက်အရ တိုင်းပြည်၏ မည်သည့်နေရာတွင်မဆို အရေးပေါ် အခြေအနေ ကြေညာရန် မလိုအပ်ကြောင်း ဘုရင်မင်းမြတ်က ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြသည်။ နိုင်ငံရေးသမားများအနေဖြင့် နိုင်ငံရေးကစားနေခြင်းများ ရပ်တန့်ရန်၊ ထိုသို့လုပ်ဆောင်ခြင်းသည် တိုင်းပြည်၏ အုပ်ချုပ်ရေးကို မတည်မငြိမ် ဖြစ်စေနိုင်ကြောင်း မလေးရှားဘုရင်က သတိပေးသည်ဟုလည်း နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုအကြိမ် အစိုးရအဖွဲ့ အထူးအစည်းအဝေးသည် သောကြာနေ့ နောက်ပိုင်း ဒုတိယ အကြိမ်မြောက်လည်း ဖြစ်သည်။ ပြီးခဲ့သော သောကြာနေ့က အစိုးရအဖွဲ့အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အရေးပေါ် အခြေအနေကြေညာရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။ အစိုးရ အဖွဲ့ဝင်များက သဘောတူပြီးနောက် ဝန်ကြီးချုပ်သည် မလေးရှားဘုရင်၏ ခွင့်ပြုချက်ကို သွားရောက်တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။
ဘုရင်မင်းမြတ်၏ ငြင်းပယ်မှုနှင့် စပ်လျဉ်းပြီး ဝန်ကြီးချုပ်က ပြောကြားရာတွင် “အရေးပေါ် အခြေအနေကြေညာဖို့ ဘုရင်မင်းမြတ်က ငြင်းပယ်လိုက်တာကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက အသိအမှတ် ပြုကြပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Malaysia PM chairs cabinet meeting after King rejects bid to declare emergency (coconuts)
  [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
pan-swal-taw
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service