ဘင်္ဂလားဒေ့ရှ်ထုတ် COVID-19 ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၂ သန်း နီပေါကုမ္ပဏီက ဝယ်ယူမည်

ဘင်္ဂလားဒေ့ရှ်ထုတ် COVID-19 ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၂ သန်း နီပေါကုမ္ပဏီက ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
24 Oct 2020 11:23 am တွင် တင်ခဲ့သည်
2657 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နီပေါနိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသည် ဘင်္ဂလားဒေ့ရှ်မှ Globe Biotech Ltd ထံမှ Covid-19 ကာကွယ်ဆေး ထိုးဆေးလုံးရေ ၂ သန်းဝယ်ယူရန် သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း Dhaka Tribune သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Globe Biotech လိမိတက်၏ ဥက္ကဌ Harunur Rashid က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး ဒေါက်တာ ဘန်ရှီဒါ မီရှရာနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအချက်အား ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

နီပေါနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ကုမ္ပဏီမှာ Anmol Healthcare ကုမ္ပဏီဖြစ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို Harunur Rashid က ပြန်လည် ဖြေကြားခဲ့သည်။

သီရိလင်္ကာ၊ မြန်မာနှင့် အခြားသောနိုင်ငံများစွာသည်လည်း Globe Biotech Ltd က ထုတ်လုပ်သည့် ကာကွယ်ဆေးကို ဝယ်ယူနိုင်ရန် ကြိုးစားနေကြကြောင်း Globe Biotech ကုမ္ပဏီဥက္ကဌက ပြောကြားသည်။

“နိုင်ငံတစ်ခုဆီကလည်း ကာကွယ်ဆေး သန်း ၂၀ အမှာစာ ရရှိထားပါတယ်။ ဒါပေမယ့် လုံခြုံရေးအတွက် မှာယူတဲ့နိုင်ငံအမည်ကိုတော့ ကျွန်တော်တို့ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပါဘူး”ဟု Globe Biotech ဥက္ကဌက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့သည်လည်း Globe Biotech က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးဖြစ်သည့် BANCOVID ကို ဝယ်ယူလာကြလိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်ထားကြောင်းလည်း Rashid က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံက ကာကွယ်ဆေး ထုတ်လုပ်နေတာနဲ့ ပတ်သက်ပြီး နီပေါ ပြည်သူတွေနဲ့ နီပေါအစိုးရက အလွန်စိတ်လှုပ်ရှား ကျေနပ်မိပါတယ်” ဟု Globe Biotech ၏ စက်ရုံသို့ လေ့လာ လည်ပတ်ကြည့်ရှုခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက ပြောကြားသည်။

နီပေါနိုင်ငံသည် ပြည်သူများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို ဘင်္ဂလားဒေ့ရှ်ထံမှ ဝယ်ယူလိမ့်မည်မှာ သေချာကြောင်းလည်း သံအမတ်ကြီးက ဖြည့်စွက်ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ခွင့်ပြုချက်ရမယ်ဆိုရင် ဒီကာကွယ်ဆေးကို နီပေါမှာ စမ်းသပ်ကြည့်ဖို့လည်း ကျွန်တော်တို့ စိတ်ဝင်စားပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။

“Globe Biotech လိမိတက်ဟာ ကာကွယ်ဆေး ပထမဆင့် စမ်းသပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ဆေးဝါးသုတေသန ကောင်စီ (BMRC) ထံ လျှောက်ထားမှုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကာကွယ်ဆေး ဝယ်ယူဖို့အတွက် နီပေါ ကုမ္ပဏီများစွာဟာ Globe Biotech နဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီလိုကုမ္ပဏီတွေထဲက တစ်ခုဆီကနေ ကျွန်တော့်ဆီကို စာရေးသားဆက်သွယ်လာတာလည်း ရှိပါတယ်။ နီပေါအစိုးရက ဒီဝယ်ယူမှုစာချုပ်တွေကို မကြာမီမှာ တိုက်ရိုက်လက်မှတ်ရေးထိုးလိမ့်မှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်တွင် Globe Biotech သည် Covid-19 ကာကွယ်ဆေးကို စတင်ထုတ်လုပ်သည့် ပထမဆုံး ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီဖြစ်ကြောင်း ယခုနှစ် ဇူလိုင်လအတွင်း Globe Biotech က ထုတ်ပြန်သည်။

Globe Biotech ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန လက်ထောက်မန်နေဂျာ ဒေါက်တာ အာဆစ်ဖ် မာမွတ်က ပြောကြားရာတွင် ကုမ္ပဏီက ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို တိရ စ္ဆာန်များနှင့် စမ်းသပ်ရာတွင် အောင်မြင်မှု ရရှိထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ပထမဆင့် စမ်းသပ်မှုများ ပြုလုပ်ရန် မကြာမီကာလအတွင်း ခွင့်ပြုချက်ရမည်ဆိုပါက လာမည့်နှစ် ဇန်နဝါရီတွင် ကာကွယ်ဆေးကို ဈေးကွက်သို့ ပို့ဆောင်လိုကြောင်း Globe Biotech က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nepali company to buy 2m doses of Bangladeshi Covid-19 vaccine (Dhakha Tribune)

[Zawgyi]

ဘဂၤလားေဒ့ရွ္ထုတ္ COVID-19 ကာကြယ္ေဆး ထိုးေဆးအလံုးေရ ၂ သန္း နီေပါကုမၸဏီက ဝယ္ယူမည္

နီေပါႏိုင္ငံမွ ပုဂၢလိက ကုမၸဏီတစ္ခုသည္ ဘဂၤလားေဒ့ရွ္မွ Globe Biotech Ltd ထံမွ Covid-19 ကာကြယ္ေဆး ထိုးေဆးလံုးေရ ၂ သန္းဝယ္ယူရန္ သေဘာတူစာခ်ဳပ္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း Dhaka Tribune သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

Globe Biotech လိမိတက္၏ ဥကၠဌ Harunur Rashid က ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ နီေပါ သံအမတ္ၾကီး ေဒါက္တာ ဘန္ရွီဒါ မီရွရာႏွင့္ ၾကာသပေတးေန႔က ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲတြင္ အဆိုပါအခ်က္အား ထုတ္ေဖာ္ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

နီေပါႏိုင္ငံမွ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ယူရန္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သည့္ ကုမၸဏီမွာ Anmol Healthcare ကုမၸဏီျဖစ္ေၾကာင္း သတင္းေထာက္မ်ား၏ ေမးျမန္းမႈကို Harunur Rashid က ျပန္လည္ ေျဖၾကားခဲ့သည္။

သီရိလကၤာ၊ ျမန္မာႏွင့္ အျခားေသာႏိုင္ငံမ်ားစြာသည္လည္း Globe Biotech Ltd က ထုတ္လုပ္သည့္ ကာကြယ္ေဆးကို ဝယ္ယူႏိုင္ရန္ ၾကိဳးစားေနၾကေၾကာင္း Globe Biotech ကုမၸဏီဥကၠဌက ေျပာၾကားသည္။

“ႏိုင္ငံတစ္ခုဆီကလည္း ကာကြယ္ေဆး သန္း ၂၀ အမွာစာ ရရွိထားပါတယ္။ ဒါေပမယ့္ လံုျခံဳေရးအတြက္ မွာယူတဲ့ႏိုင္ငံအမည္ကိုေတာ့ ကၽြန္ေတာ္တို႔ ထုတ္ေဖာ္ေျပာၾကားႏိုင္ျခင္း မရွိပါဘူး”ဟု Globe Biotech ဥကၠဌက ေျပာၾကားသည္။

အေမရိကန္ျပည္ေထာင္စုႏွင့္ ဥေရာပႏိုင္ငံအခ်ဳိ႕သည္လည္း Globe Biotech က ထုတ္လုပ္ေသာ COVID-19 ကာကြယ္ေဆးျဖစ္သည့္ BANCOVID ကို ဝယ္ယူလာၾကလိမ့္မည္ဟု မိမိအေနျဖင့္ ေမွ်ာ္လင့္ထားေၾကာင္းလည္း Rashid က သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ရဲ ႔ အနီးကပ္ဆံုး အိမ္နီးခ်င္းႏိုင္ငံက ကာကြယ္ေဆး ထုတ္လုပ္ေနတာနဲ႔ ပတ္သက္ျပီး နီေပါ ျပည္သူေတြနဲ႔ နီေပါအစိုးရက အလြန္စိတ္လႈပ္ရွား ေက်နပ္မိပါတယ္” ဟု Globe Biotech ၏ စက္ရံုသို႔ ေလ့လာ လည္ပတ္ၾကည့္ရႈခဲ့ေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ နီေပါသံအမတ္ၾကီးက ေျပာၾကားသည္။

နီေပါႏိုင္ငံသည္ ျပည္သူမ်ားအတြက္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားကို ဘဂၤလားေဒ့ရွ္ထံမွ ဝယ္ယူလိမ့္မည္မွာ ေသခ်ာေၾကာင္းလည္း သံအမတ္ၾကီးက ျဖည့္စြက္ေျပာၾကားသည္။

“ဘဂၤလားေဒ့ရွ္ဘက္က ခြင့္ျပဳခ်က္ရမယ္ဆိုရင္ ဒီကာကြယ္ေဆးကို နီေပါမွာ စမ္းသပ္ၾကည့္ဖို႔လည္း ကၽြန္ေတာ္တို႔ စိတ္ဝင္စားပါတယ္” ဟု သံအမတ္ၾကီးက ဆိုသည္။

“Globe Biotech လိမိတက္ဟာ ကာကြယ္ေဆး ပထမဆင့္ စမ္းသပ္ဖို႔အတြက္ ဘဂၤလားေဒ့ရွ္ ေဆးဝါးသုေတသန ေကာင္စီ (BMRC) ထံ ေလွ်ာက္ထားမႈလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ ကာကြယ္ေဆး ဝယ္ယူဖို႔အတြက္ နီေပါ ကုမၸဏီမ်ားစြာဟာ Globe Biotech နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။ ဒီလိုကုမၸဏီေတြထဲက တစ္ခုဆီကေန ကၽြန္ေတာ့္ဆီကို စာေရးသားဆက္သြယ္လာတာလည္း ရွိပါတယ္။ နီေပါအစိုးရက ဒီဝယ္ယူမႈစာခ်ဳပ္ေတြကို မၾကာမီမွာ တိုက္ရိုက္လက္မွတ္ေရးထိုးလိမ့္မွာ ျဖစ္ပါတယ္” ဟု သံအမတ္ၾကီးက ဆက္လက္ေျပာၾကားသည္။

ဘဂၤလားေဒ့ရွ္တြင္ Globe Biotech သည္ Covid-19 ကာကြယ္ေဆးကို စတင္ထုတ္လုပ္သည့္ ပထမဆံုး ဘဂၤလားေဒ့ရွ္ကုမၸဏီျဖစ္ေၾကာင္း ယခုႏွစ္ ဇူလိုင္လအတြင္း Globe Biotech က ထုတ္ျပန္သည္။

Globe Biotech ၏ သုေတသနႏွင့္ ဖြံ႔ျဖိဳးေရးဌာန လက္ေထာက္မန္ေနဂ်ာ ေဒါက္တာ အာဆစ္ဖ္ မာမြတ္က ေျပာၾကားရာတြင္ ကုမၸဏီက ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆးကို တိရ စၦာန္မ်ားႏွင့္ စမ္းသပ္ရာတြင္ ေအာင္ျမင္မႈ ရရွိထားျပီးျဖစ္ေၾကာင္း ေျပာၾကားသည္။

ပထမဆင့္ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္ မၾကာမီကာလအတြင္း ခြင့္ျပဳခ်က္ရမည္ဆိုပါက လာမည့္ႏွစ္ ဇန္နဝါရီတြင္ ကာကြယ္ေဆးကို ေစ်းကြက္သို႔ ပို႔ေဆာင္လိုေၾကာင္း Globe Biotech က ေအာက္တိုဘာ ၅ ရက္တြင္ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nepali company to buy 2m doses of Bangladeshi Covid-19 vaccine (Dhakha Tribune)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service