ဘရာဇီးတွင် COVID-19 ကာကွယ်ဆေးစမ်းသပ်ခံသူတစ်ဦး သေဆုံး

ဘရာဇီးတွင် COVID-19 ကာကွယ်ဆေးစမ်းသပ်ခံသူတစ်ဦး သေဆုံး - Property News in Myanmar from iMyanmarHouse.com
23 Oct 2020 12:45 pm တွင် တင်ခဲ့သည်
1112 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

ဗြိတိန်မှ သုတေသနအခြေပြု ဇီဝဆေးဝါးကုမ္ပဏီ AstraZeneca ၏ ဆေးဝါးကို ဘရာဇီးနိုင်ငံတွင် မိမိဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘရာဇီးကျန်းမာရေးအေဂျင်စီ Anvisa က ကြေညာခဲ့သည်။

သို့သော် ကာကွယ်ဆေးစမ်းသပ်မှု စီစဉ်သူများကမူ စမ်းသပ်မှုများကို ရပ်ဆိုင်းရန် အကြောင်းမရှိကြောင်း၊ ယခုသေဆုံးမှုသည် ကာကွယ်ဆေးနှင့် ဆက်နွှယ်ခြင်းမရှိကြောင်း ပြောကြားကြသည်။

ယခုသေဆုံးမှုဖြစ်ရပ်ကို Anvisa သို့ တနင်္လာနေ့က အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးစမ်းသပ်မှုကို ကြီးကြပ်နေသည့် နိုင်ငံတကာ တန်ဖိုးဖြတ်တွက်ချက်ခြင်းနှင့် လုံခြုံရေး ကော်မတီ (IESC) ကမူ ကာကွယ်ဆေးစမ်းသပ်မှု ဆက်လက်ပြုလုပ်ရန် ထောက်ခံခဲ့ကြောင်း Anvisa က ထုတ်ပြန်သည်။

သေဆုံးသွားသူသည် ယခုကာကွယ်ဆေး စမ်းသပ်မှုတွင် ကာကွယ်ဆေးအစစ် ပေးခံသူဖြစ်သလော (သို့မဟုတ်) အာနိသင်မရှိသော placebo ဆေး ပေးခံရသူလောဆိုသည်ကိုမူ မသိရချေ။

ဆေးဝါးစမ်းသပ်မှု အတွင်းရေးဖြစ်သောကြောင့် အသေးစိတ်အချက်အလက်များကိုမူ မထုတ်ပြန်ကြောင်း Anvisa က ပြောကြားသည်။

Placebo ဆေးပေးထားသော အုပ်စုနှင့် COVID-19 ကာကွယ်ဆေးပေးထားသော အုပ်စုတို့၏ ကာကွယ်ဆေးစမ်းသပ်မှုအတွင်း ထူးခြားသည့် ဖြစ်ရပ်များကို လွတ်လပ်စွာသုံးသပ်စစ်ဆေးကြောင်း၊ ဘရာဇီးနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ယခုဖြစ်ရပ်ကို ဂရုထားစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် လက်တွေ့စမ်းသပ်မှုများနှင့် စပ်လျဉ်းပြီး ဘေးကင်းမှုအတွက် ရတက်မအေးဖြစ်ဖွယ်ရာ မတွေ့ရကြောင်း၊ ဘရာဇီးကြီးကြပ်သူတို့ကလည်း ဆက်လက်စမ်းသပ်သင့်သည်ဟု ထောက်ခံထားကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်က CNN သတင်းဌာနသို့ ပြောကြားသည်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုကို ကွပ်ကဲနေသော D’OR အင်စတီကျုက ထုတ်ပြန်ရာတွင် လက်ရှိအချိန်ထိ မိမိဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၈၀၀၀ ဦးရှိပြီး ၎င်းတို့အနက် အချို့သည် ကာကွယ်ဆေး ပေးခံရပြီး အချို့ကိုမူ အာနိသင်မရှိသော placebo ဆေးများ ပေးထားကြောင်း ထုတ်ပြန်သည်။

“အခုချိန်ထိ ရရှိထားတဲ့အချက်အလက်တွေကို အသေးစိတ်စစ်ဆေးတွေ့ရှိရချက်အရ အခုလေ့လာစမ်းသပ်မှုရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မတွေ့သေးပါဘူး။ ဒါကြောင့် စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်ဖို့ ထောက်ခံခဲ့ပါတယ်” ဟု D’OR အင်စတီကျုက ထုတ်ပြန်ထားသည်။

ကာကွယ်ဆေးထုတ်လုပ်သည့် AstraZeneca ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမူ ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်ခံသူတစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကို သီးခြားမှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။ သို့သော် ၎င်းက ပြောကြားရာတွင် ကာကွယ်ဆေး စမ်းသပ်မှုကို ရပ်ဆိုင်းရန် (သို့မဟုတ်) ခေတ္တရပ်နားရန် အကြောင်းရင်း ဖြစ်ပေါ်မှု မရှိခဲ့ကြောင်း ပြောကြားသည်။

“ဆေးဘက်ဆိုင်ရာ လျှို့ဝှက်ထားဖို့ ကျင့်ဝတ်နဲ့ စမ်းသပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တင်းကျပ်စွာ လိုက်နာရတာ ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်စမ်းသပ်နေတဲ့ အောက်စ်ဖို့ဒ်ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုက အဖြစ်အပျက်တစ်ခုချင်းအပေါ်မှာ မှတ်ချက်ပေးချင်း မပြုနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတည်ပြုပေးနိုင်တာကတော့ လိုအပ်တဲ့ သုံးသပ်မှုတွေ လုပ်ဆောင်ပြီး ဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်” ဟု ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus vaccine volunteer in Brazil's AstraZeneca trial dies -- but authorities say trial to continue (CNN)

[Zawgyi]

ဘရာဇီးတြင္ COVID-19 ကာကြယ္ေဆးစမ္းသပ္ခံသူတစ္ဦး ေသဆံုး

ျဗိတိန္မွ သုေတသနအေျချပဳ ဇီဝေဆးဝါးကုမၸဏီ AstraZeneca ၏ ေဆးဝါးကို ဘရာဇီးႏိုင္ငံတြင္ မိမိဆႏၵအေလ်ာက္ ပါဝင္စမ္းသပ္ခံသူ တစ္ဦး ေသဆံုးသြားခဲ့ေၾကာင္း ဘရာဇီးက်န္းမာေရးေအဂ်င္စီ Anvisa က ေၾကညာခဲ့သည္။

သို႔ေသာ္ ကာကြယ္ေဆးစမ္းသပ္မႈ စီစဥ္သူမ်ားကမူ စမ္းသပ္မႈမ်ားကို ရပ္ဆိုင္းရန္ အေၾကာင္းမရွိေၾကာင္း၊ ယခုေသဆံုးမႈသည္ ကာကြယ္ေဆးႏွင့္ ဆက္ႏႊယ္ျခင္းမရွိေၾကာင္း ေျပာၾကားၾကသည္။

ယခုေသဆံုးမႈျဖစ္ရပ္ကို Anvisa သို႔ တနလၤာေန႔က အေၾကာင္းၾကားလာခဲ့ျခင္းျဖစ္ေၾကာင္း၊ ကာကြယ္ေဆးစမ္းသပ္မႈကို ၾကီးၾကပ္ေနသည့္ ႏိုင္ငံတကာ တန္ဖိုးျဖတ္တြက္ခ်က္ျခင္းႏွင့္ လံုျခံဳေရး ေကာ္မတီ (IESC) ကမူ ကာကြယ္ေဆးစမ္းသပ္မႈ ဆက္လက္ျပဳလုပ္ရန္ ေထာက္ခံခဲ့ေၾကာင္း Anvisa က ထုတ္ျပန္သည္။

ေသဆံုးသြားသူသည္ ယခုကာကြယ္ေဆး စမ္းသပ္မႈတြင္ ကာကြယ္ေဆးအစစ္ ေပးခံသူျဖစ္သေလာ (သို႔မဟုတ္) အာနိသင္မရွိေသာ placebo ေဆး ေပးခံရသူေလာဆိုသည္ကိုမူ မသိရေခ်။

ေဆးဝါးစမ္းသပ္မႈ အတြင္းေရးျဖစ္ေသာေၾကာင့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ မထုတ္ျပန္ေၾကာင္း Anvisa က ေျပာၾကားသည္။

Placebo ေဆးေပးထားေသာ အုပ္စုႏွင့္ COVID-19 ကာကြယ္ေဆးေပးထားေသာ အုပ္စုတို႔၏ ကာကြယ္ေဆးစမ္းသပ္မႈအတြင္း ထူးျခားသည့္ ျဖစ္ရပ္မ်ားကို လြတ္လပ္စြာသံုးသပ္စစ္ေဆးေၾကာင္း၊ ဘရာဇီးႏိုင္ငံတြင္ ျဖစ္ေပၚခဲ့သည့္ ယခုျဖစ္ရပ္ကို ဂရုထားစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ လက္ေတြ႔စမ္းသပ္မႈမ်ားႏွင့္ စပ္လ်ဥ္းျပီး ေဘးကင္းမႈအတြက္ ရတက္မေအးျဖစ္ဖြယ္ရာ မေတြ႔ရေၾကာင္း၊ ဘရာဇီးၾကီးၾကပ္သူတို႔ကလည္း ဆက္လက္စမ္းသပ္သင့္သည္ဟု ေထာက္ခံထားေၾကာင္း ေအာက္စ္ဖို႔ဒ္ တကၠသိုလ္က CNN သတင္းဌာနသို႔ ေျပာၾကားသည္။

ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ေနးရိုးျမိဳ ႔ေတာ္တြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈကို ကြပ္ကဲေနေသာ D’OR အင္စတီက်ဳက ထုတ္ျပန္ရာတြင္ လက္ရွိအခ်ိန္ထိ မိမိဆႏၵအေလ်ာက္ ပါဝင္စမ္းသပ္ခံသူ ၈၀၀၀ ဦးရွိျပီး ၎တို႔အနက္ အခ်ဳိ ႔သည္ ကာကြယ္ေဆး ေပးခံရျပီး အခ်ဳိ ႔ကိုမူ အာနိသင္မရွိေသာ placebo ေဆးမ်ား ေပးထားေၾကာင္း ထုတ္ျပန္သည္။

“အခုခ်ိန္ထိ ရရွိထားတဲ့အခ်က္အလက္ေတြကို အေသးစိတ္စစ္ေဆးေတြ႔ရွိရခ်က္အရ အခုေလ့လာစမ္းသပ္မႈရဲ ႔ ေဘးကင္းမႈနဲ႔ ပတ္သက္ျပီး သံသယျဖစ္စရာ မေတြ႔ေသးပါဘူး။ ဒါေၾကာင့္ စမ္းသပ္မႈေတြ ဆက္လက္ျပဳလုပ္ဖုိ႔ ေထာက္ခံခဲ့ပါတယ္” ဟု D’OR အင္စတီက်ဳက ထုတ္ျပန္ထားသည္။

ကာကြယ္ေဆးထုတ္လုပ္သည့္ AstraZeneca ၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကမူ ဘရာဇီးတြင္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္ခံသူတစ္ဦး ေသဆံုးခဲ့သည့္ျဖစ္ရပ္ကို သီးျခားမွတ္ခ်က္ျပဳရန္ ျငင္းဆိုခဲ့သည္။ သို႔ေသာ္ ၎က ေျပာၾကားရာတြင္ ကာကြယ္ေဆး စမ္းသပ္မႈကို ရပ္ဆိုင္းရန္ (သို႔မဟုတ္) ေခတၱရပ္နားရန္ အေၾကာင္းရင္း ျဖစ္ေပၚမႈ မရွိခဲ့ေၾကာင္း ေျပာၾကားသည္။

“ေဆးဘက္ဆိုင္ရာ လွ်ိဳ ႔ဝွက္ထားဖို႔ က်င့္ဝတ္နဲ႔ စမ္းသပ္မႈဆိုင္ရာ လုပ္ထံုးလုပ္နည္းေတြကို တင္းက်ပ္စြာ လိုက္နာရတာ ျဖစ္တဲ့အတြက္ေၾကာင့္ ဆက္လက္စမ္းသပ္ေနတဲ့ ေအာက္စ္ဖို႔ဒ္ရဲ ႔ ကာကြယ္ေဆးစမ္းသပ္မႈက အျဖစ္အပ်က္တစ္ခုခ်င္းအေပၚမွာ မွတ္ခ်က္ေပးခ်င္း မျပဳႏိုင္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အတည္ျပဳေပးႏိုင္တာကေတာ့ လိုအပ္တဲ့ သံုးသပ္မႈေတြ လုပ္ေဆာင္ျပီး ျဖစ္တယ္လို႔ အတည္ျပဳႏိုင္ပါတယ္” ဟု ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus vaccine volunteer in Brazil's AstraZeneca trial dies -- but authorities say trial to continue (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service