ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2020 1:40 pm တြင္ တင္ခဲ့သည္
13862 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဗဟုသုတ | Posted by စည္သူေအာင္ (iMyanmarHouse.com)

[Unicode]

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင် ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူးရင်းသီးဟာ အစားမတတ်ရင်ဘေး ဖြစ်တတ်ပါတယ်။ ဒူးရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူးရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှား နိုင်ငံတို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်း ပြောလို့ ရပါတယ်။ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူးရင်းသီးအစားမတတ်တာကြောင့် အသက် ဆုံးရှုံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါ ကမာ္ဘလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူးရင်းသီးကိုကြိုက်နှစ်သက်တာကြောင့် အများကြီး စားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူးရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက်ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရ သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူးရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။

 

ထို့အပြင် ဒူးရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာနှင့် လိုင်ချီးသီးများ ဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ? ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူးရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြော များ ရုတ်တရက် ပေါက်ခြင်းနှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။

၂။ အပူများတဲ့ခန္ဒာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင် ရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

 

၃။ ဒူးရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူးရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ဝမ်းအေးစေရေန် သောက်သုံး ပေးသင့်ပါတယ်။

၄။ ဒူးရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများနှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ်မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

၆။ ဒူးရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူးရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲ

၇။ ဒူးရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။

၈။ ဒူးရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။ ဒူးရင်းသီးအတွင်း အာဟာရဓာတ်အလွန် ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူးရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒူးရင်းသီး ကြိုက်နှစ်သက်ကြသော သူများအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျ်ိုးငှာ တင်ဆက်ပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မူရင်းရေးသားသူ

 

[Zawgyi]

ဒူးရင္းသီး ႀကဳိက္သူမ်ား သတိျပဳစရာ

အသြားမေတာ္တစ္လွမ္း အစားမေတာ္တစ္လုုတ္’ ဆုိတဲ့စကားပုံဟာ အစားအေသာက္ စားသံုုးရာမွာ အခန္႔မသင့္ရင္ ဒုုကၡေရာက္တတ္တာကိုုေဖာ္ျပေနတာပဲျဖစ္ပါတယ္။ အခုုအခ်ိန္မွာ ရာသီစာျဖစ္တဲ့ ဒူးရင္းသီးဟာ အစားမတတ္ရင္ေဘး ျဖစ္တတ္ပါတယ္။ ဒူးရင္းသီးဆုိတာက အသီးတကာတိုု႕ရဲ႕ဘုုရင္လိုု႔တင္စားရေလာက္ေအာင္ အနံ႔အရသာ ျပည့္စံုုရုုံမွ်မက အားအင္ျဖစ္ေစႏိုုင္ေသာ သစ္သီးတစ္မိ်ဳးလည္းျဖစ္ပါတယ္။ ဒူးရင္းသီးဟာ ျမန္မာႏိုုင္ငံတြင္သာမက ထိုုင္းႏိုုင္ငံ၊မေလးရွား ႏိုုင္ငံတိုု႔မွေနၿပီးအမ်ားဆံုုးထြက္ရွိကာ လူႀကိဳက္မ်ားေသာ သစ္သီးလည္းျဖစ္ပါတယ္။

ဒူးရင္းသီးဟာ စားတတ္ရင္အားအင္ျဖစ္ထြန္းသလိုု မစားတတ္ရင္ ေျမြထက္ေတာင္ အဆိပ္ျပင္းတဲ့ အသီးလိုု႔လည္း ေျပာလိုု႔ ရပါတယ္။ ထိုုင္းႏိုုင္ငံသိုု႔ အလည္အပတ္သြားေရာက္ေသာ ႏိုုင္ငံျခားသားတစ္ဦး ဒူးရင္းသီးအစားမတတ္တာေၾကာင့္ အသက္ ဆံုုးရႈံးသြားရေသာ ျဖစ္ရပ္တစ္ခုုလည္းျဖစ္ပြားခဲ့ပါတယ္။

အဆိုုပါ ကမာၻလွည့္ ခရီးသည္ဟာ အသက္ ၂၉ ႏွစ္သာရွိေသးၿပီး ဒူးရင္းသီးကိုုႀကိဳက္ႏွစ္သက္တာေၾကာင့္ အမ်ားႀကီး စားသံုုးခဲ့ကာ ႏြားႏိုု႔ ႏွင့္ ေကာ္ဖီကိုုလည္း ေသာက္သံုုးခဲ့ေသာေၾကာင့္ အသက္ဆံုုးရွဳံးခဲ့ရပါတယ္။ ဘာေၾကာင့္လည္းဆိုုေတာ့ ဒူးရင္းသီးႏွင့္ ႏြားႏိုု႔ေပါင္းစပ္လိုုက္ပါကေသြးေပါင္ခ်ိန္အလြန္တက္သြားၿပီး ေရွာ့ခ္ျဖစ္ကာေသဆံုုးရျခင္းျဖစ္တယ္လိုု႔ ေဆးစစ္ခ်က္မ်ားအရ သိရပါတယ္။ ဒါေၾကာင့္ ထိုုင္းႏိုုင္ငံမွာ ဒူးရင္းသီးကိုု စားသံုုးၿပီး ၈-နာရီအတြင္း ႏိုု႔ထြက္အစားအေသာက္မ်ားကိုု မစားသံုုးဖိုု႔ တိုုက္တြန္းထားပါတယ္။

ထိုု႔အျပင္ ဒူးရင္းသီးႏွင့္အတူ တြဲဖက္မစားသင့္တဲ့ အစားအေသာက္မ်ားကေတာ့ အရက္၊ ကိုုကာကိုုလာႏွင့္ လိုုင္ခ်ီးသီးမ်ား ျဖစ္ၿပီး စားသံုုးမိပါက အသက္အႏၱရာယ္ျဖစ္ေစႏိုုင္တယ္လုုိ႔ ဆိုုပါတယ္။ ဘာေၾကာင့္ဒီလိုုျဖစ္ရတာလဲ? ဗဟုသုတရေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ဒူးရင္းသီးႏွင့္အရက္တြဲဖက္မစားသံုုးသင့္ပါဘူး။ ဘာလိုု႔လည္းဆိုုေတာ့ ႏွစ္ခုုစလံုုး အပူစာေတြျဖစ္တာေၾကာင့္ သာမန္လူမ်ားသာမက ေသြးတိုုးႏွင့္ ဆီးခ်ိဳရွိသူမ်ားဆိုုရင္ ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္း၊ နွလံုုးေသြးေၾကာေပါက္ျခင္း၊ ေသြးေၾကာ မ်ား ရုုတ္တရက္ ေပါက္ျခင္းနွင့္ ေလျဖတ္ႏိုုင္ျခင္းတုုိ႔ေၾကာင့္ တြဲဖက္စားသံုုးျခင္း မျပဳဖိုု႔တိုုက္တြန္း လိုုပါတယ္။

၂။ အပူမ်ားတဲ့ခႏၵာကိုုယ္အဖြဲ႔အစည္းရွိသူမ်ား၊ လည္ေခ်ာင္းနာေခ်ာင္းဆိုုးသူမ်ား၊ ဖ်ားနာသူမ်ား၊ ေလျပြန္ေရာင္ ေရာဂါရွိသူမ်ားအေနျဖင့္ ဒူးရင္းသီးစားသံုုးပါက ေရာဂါ အေျခအေန ပိုုမိုုဆိုုးရြားတတ္တာေၾကာင့္ မစားသံုုးသင့္ပါဘူး။

၃။ ဒူးရင္းသီးစားသံုုးျခင္းဟာ အပူမ်ားတတ္ျခင္းေၾကာင့္ ဒူးရင္းသီးစားၿပီးပါက ပဲစိမ္းသာကူက်ဴိကိုု ၀မ္းေအးေစေရန္ ေသာက္သံုုး ေပးသင့္ပါတယ္။

၄။ ဒူးရင္းသီးမွာ အပူဓာတ္ႏွင့္ သၾကားဓာတ္ႀကြယ္၀စြာပါ၀င္တာမိုု႔ အ၀လြန္ေရာဂါရွိသူမ်ားႏွင့္ ကိုုယ္အေလးခ်ိန္မ်ားသူမ်ား စားသံုုးရန္မသင့္ပါဘူး။

၅။ ပိုုတက္စီယမ္ဓာတ္အလြန္ျမင့္မားစြာပါ၀င္တာေၾကာင့္ နာတာရွည္ ေက်ာက္ကပ္မေကာင္းသူမ်ား ႏွင့္ ႏွလံုုးေရာဂါရွိသူမ်ားအတြက္ မသင့္ေလ်ာ္ပါဘူး။

၆။ ဒူးရင္းသီးကိုုတစ္ႀကိမ္စားတိုုင္း အမ်ားအျပားမစားသံုုးသင့္သည့္အျပင္ ဒူးရင္းသီးအနံ႔မွာ အရက္န႔ံထြက္ေနၿပီဆိုုရင္လည္း စားသံုုးဖိုု႔မသင့္ေတာ့ပါဘူး။

၇။ ဒူးရင္းသီးထိပ္ပြင့္ေနရင္ အၾကာႀကီးထားရန္မသင့္သည့္အျပင္ အနံ႔လည္း ေျပာင္းလဲေတာ့မွာျဖစ္တာေၾကာင့္ မ၀ယ္ယူသင့္ပါဘူး။

၈။ ဒူးရင္းသီး စားသံုုးၿပီးခ်ိန္မွာ ေရအေျမာက္အမ်ားေသာက္သံုုးေပးသင့္ပါတယ္။ ဒူးရင္းသီးအတြင္း အာဟာရဓာတ္အလြန္ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ အေျမာက္အမ်ား စားသံုုးျခင္းဟာ ခႏၶာကိုုယ္ကိုုဒုုကၡျဖစ္ေစရုုံသာမက ၀မ္းခ်ဳပ္ႏိုုင္တာေၾကာင့္ ထိန္းသိမ္း စားသံုုးသင့္ပါတယ္။ ဒူးရင္းသီးအေျမာက္အမ်ားစားသံုုးမိပါက မင္းကြတ္သီးစားသံုုးေပး ျခင္းျဖင့္ အပူဓာတ္ကို ေလ်ာ့ခ်ေပးႏိုုင္ပါတယ္။

ဒါေၾကာင့္ ဒုူးရင္းသီး ႀကိဳက္ႏွစ္သက္ၾကေသာ သူမ်ားအေနနဲ႔ ဆင္ျခင္စားေသာက္ႏိုုင္ဖုိ႔ အႏၱရာယ္ကင္းေစျခင္းအက်္ိဳးငွာ တင္ဆက္ေပးလိုုက္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: မူရင္းေရးသားသူ

ေနာက္ဆံုးရ အိမ္ၿခံေျမ ဗဟုသုတမ်ား

အိမ်အောက်ထပ်၌ ဘုရားခန်း ထားသင့် မထားသင့်
အိမ်အောက်ထပ်၌ ဘုရားခန်း ထားသင့် မထားသင့်
အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ
အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ
ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း
ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ခွင့်ရှိသလားဆိုလျှင်
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ခွင့်ရှိသလားဆိုလျှင်
မချက်မပြုတ်ခင်မှာ ကြက်ဥကို ဘာကြောင့် ရေမသန့်စင်သင့်လဲဆိုတာ
မချက်မပြုတ်ခင်မှာ ကြက်ဥကို ဘာကြောင့် ရေမသန့်စင်သင့်လဲဆိုတာ
အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ
အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ
ကျန်းမာရေးနှင့်အလှအပအတွက် ပန်းသီးစိမ်း၏ အံ့ဖွယ်အကျိုးကျေးဇူး (၅) ခု
ကျန်းမာရေးနှင့်အလှအပအတွက် ပန်းသီးစိမ်း၏ အံ့ဖွယ်အကျိုးကျေးဇူး (၅) ခု
တစ်ယောက်တည်း အိမ်မှာနေတဲ့အခါ လုံခြုံမှုရှိစေဖို့
တစ်ယောက်တည်း အိမ်မှာနေတဲ့အခါ လုံခြုံမှုရှိစေဖို့
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း (၃)နည်း
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း (၃)နည်း
လူတစ်က်ို စိတ်တစ်မျိုး ဂရန်မြေရောင်းသူ အမျိုးမျိုး
လူတစ်က်ို စိတ်တစ်မျိုး ဂရန်မြေရောင်းသူ အမျိုးမျိုး

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)