ကုန်ကားယာဉ်မောင်းတွေကို Test kits နဲ့စစ်ဆေးခဈေးလျော့ပေးမယ် - Property News in Myanmar from iMyanmarHouse.com
581 Views

ကုန်ကားယာဉ်မောင်းတွေကို Test kits နဲ့စစ်ဆေးခဈေးလျော့ပေးမယ်

[Unicode]

ကုန်ကားယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို Test kits နဲ့စစ်ဆေးပေးမှုကိုမူလကတစ်ကြိမ်စစ်ဆေးရင်၂သောင်းကျပ်သတ်မှတ်ထားရာကနေ ၁သောင်းကျပ်နှုန်းလျော့ချပေးသွားဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလအတွင်းကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့်ဖွင့်လှစ်ရန်ခွင့်ပြုထားသည့်လုပ်ငန်းများစနစ်တကျလည်ပတ်နိုင်ရေးအစည်းဝေးမှာဆွေးနွေးခဲ့ကြတာပါ။

ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကိုထုတ်ပေးမယ့် COVID-19 ကင်းရှင်းကြောင်း Certificate သက်တမ်းကာလကို (၇၂)နာရီသတ်မှတ်ထားပြီးခရီးစဉ်အစကနေအဆုံး (၃)ကြိမ်စစ်ဆေးမှာပါ။

ယာဉ်တွေမူလအခြေစိုက်ရာအရပ်ကစတင် ထွက်ခွာချိန်မှာစစ်ဆေးခြင်း၊ခရီးလမ်းဆုံးဒေသရဲ့အဝင်မှာစစ်ဆေးခြင်းနဲ့ မူရင်းအရပ်ကိုပြန်လည်ဝင်ရောက်ရာအဝင်တွင်စစ်ဆေးခြင်းနဲ့သုံးကြိမ်စစ်ဆေးသွားမှာဖြစ်ပြီး လမ်းခုလတ်ကြားဒေသတွေမှာထပ်မံစစ်ဆေးတာတွေမပြုလုပ်ဖို့ဆွေးနွေးခဲ့ကြပါတယ်။

ကပ်ရောဂါကာလအတွင်းကုန်စည်စီးဆင်းမှုမပြတ်တောက်ဖို့အတွက် ကုန်ကားတွေကိုပြေးဆွဲခွင့်ပြုရာမှာယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေ Covid -19 ကူးစက်ခံထားရတာရှိမရှိကို ရန်ကုန်က MCC ခန်းမမှာစစ်ဆေးပေးနေတာပါ။

ကုန်ကားမောင်းမယ့်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဟာကျန်းမာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ Covid - 19 ကင်းရှင်းကြောင်းထောက်ခံချက်လိုအပ်တဲ့အတွက် စစ်ဆေးမှုကိုခံယူရတာလည်းဖြစ်ပါတယ်။

ဒီလိုစစ်ဆေးမှုခံယူပြီးရောဂါကင်းရှင်းမှသာ တိုင်းနဲ့ပြည်နယ်တွေကိုဖြတ်သန်းသွားလာခွင့်လည်းရမယ်လို့ သိရပါတယ်။

ဒီလိုစစ်ဆေးပြီးပိုးကင်းရှင်းကြောင်းထောက်ခံစာပါမှ ကုန်တွေတင်ဆောင်ပြီးရန်ကုန်တိုင်းကထွက်ခွင့်ရမှာဖြစ်တဲ့အတွက်လာရောက်အစစ်ဆေးခံတာလို့ ကုန်တင်ယာဉ်မောင်းအချို့ကပြောပါတယ်။

လက်ရှိမှာတော့ Test. Kit တွေနဲ့တိုင်းနဲ့ပြည်နယ်အသီးသီးကဝင်ပေါက်ထွက်ပေါက်တွေကိုစစ်ဆေးနေတာတွေရှိပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာကုန်ကားမောင်းသူနဲ့ယာဉ်နောက်လိုက်အချို့မှာ Covid-19 ရှိနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ပြည်နယ်နှင့်တိုင်းအသီးသီးကနေရန်ကုန်မြို့ရဲ့ အဓိကကုန်စိမ်းဈေးကိုတစ်ရက်ကားအစီးရေ ၄၀လောက်ပုံမှန်ဝင်ရောက်နေပြီးယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကိုမြို့အဝင်ထွက်တွေမှာ Rapid Test တွေနဲ့ကိုဗစ်ရောဂါစစ်ဆေးမှုတွေလုပ်နေတာကြောင့်အချိန်ကြန့်ကြာမှုတွေလည်းရှိနေတာပါ။

ကျန်းမာရေးစစ်ဆေးမှုတွေကြောင့် နောင်ချို၊ဂုတ်ထိပ်၊ရမည်းသင်းမြို့တွေမှာလမ်းကြောင်းပိတ်ဆို့မှုတွေရှိနေပြီး ရန်ကုန်အဝင်အင်းတကော်မှာလည်းပိတ်မိနေတဲ့ကုန်တင်ယာဉ်အချို့လည်းရှိသေးတယ်လို့ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူးဦးကျော်သူကပြောပါတယ်။

ရန်ကုန်မှာ ကုန်စည်အဝင်လျော့နည်းလာတာသိလိုအရောင်းအဝယ်ကလည်းအနည်းငယ်ပဲရှိတော့တယ်လို့ ဦးကျော်သူကပြောပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကုန္ကားယာဥ္ေမာင္းေတြကို Test kits နဲ႔စစ္ေဆးခေဈးေလ်ာ့ေပးမယ္

ကုန္ကားယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြကို Test kits နဲ႔စစ္ေဆးေပးမႈကိုမူလကတစ္ႀကိမ္စစ္ေဆးရင္၂ေသာင္းက်ပ္သတ္မွတ္ထားရာကေန ၁ေသာင္းက်ပ္ႏႈန္းေလ်ာ့ခ်ေပးသြားဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး (Stay at Home) ကာလအတြင္းကုန္စည္စီးဆင္းမႈေခ်ာေမြ႕ေစေရးႏွင့္ဖြင့္လွစ္ရန္ခြင့္ျပဳထားသည့္လုပ္ငန္းမ်ားစနစ္တက်လည္ပတ္ႏိုင္ေရးအစည္းေဝးမွာေဆြးေႏြးခဲ့ၾကတာပါ။

ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္ေတြကိုထုတ္ေပးမယ့္ COVID-19 ကင္း႐ွင္းေၾကာင္း Certificate သက္တမ္းကာလကို (၇၂)နာရီသတ္မွတ္ထားၿပီးခရီးစဥ္အစကေနအဆုံး (၃)ႀကိမ္စစ္ေဆးမွာပါ။

ယာဥ္ေတြမူလအေျခစိုက္ရာအရပ္ကစတင္ ထြက္ခြာခ်ိန္မွာစစ္ေဆးျခင္း၊ခရီးလမ္းဆုံးေဒသရဲ႕အဝင္မွာစစ္ေဆးျခင္းနဲ႔ မူရင္းအရပ္ကိုျပန္လည္ဝင္ေရာက္ရာအဝင္တြင္စစ္ေဆးျခင္းနဲ႔သုံးႀကိမ္စစ္ေဆးသြားမွာျဖစ္ၿပီး လမ္းခုလတ္ၾကားေဒသေတြမွာထပ္မံစစ္ေဆးတာေတြမျပဳလုပ္ဖို႔ေဆြးေႏြးခဲ့ၾကပါတယ္။

ကပ္ေရာဂါကာလအတြင္းကုန္စည္စီးဆင္းမႈမျပတ္ေတာက္ဖို႔အတြက္ ကုန္ကားေတြကိုေျပးဆြဲခြင့္ျပဳရာမွာယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြ Covid -19 ကူးစက္ခံထားရတာ႐ွိမ႐ွိကို ရန္ကုန္က MCC ခန္းမမွာစစ္ေဆးေပးေနတာပါ။

ကုန္ကားေမာင္းမယ့္ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြဟာက်န္းမာေရးဝန္ႀကီးဌာနကထုတ္ေပးတဲ့ Covid - 19 ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္လိုအပ္တဲ့အတြက္ စစ္ေဆးမႈကိုခံယူရတာလည္းျဖစ္ပါတယ္။

ဒီလိုစစ္ေဆးမႈခံယူၿပီးေရာဂါကင္း႐ွင္းမွသာ တိုင္းနဲ႔ျပည္နယ္ေတြကိုျဖတ္သန္းသြားလာခြင့္လည္းရမယ္လို႔ သိရပါတယ္။

ဒီလိုစစ္ေဆးၿပီးပိုးကင္း႐ွင္းေၾကာင္းေထာက္ခံစာပါမွ ကုန္ေတြတင္ေဆာင္ၿပီးရန္ကုန္တိုင္းကထြက္ခြင့္ရမွာျဖစ္တဲ့အတြက္လာေရာက္အစစ္ေဆးခံတာလို႔ ကုန္တင္ယာဥ္ေမာင္းအခ်ိဳ႕ကေျပာပါတယ္။

လက္႐ွိမွာေတာ့ Test. Kit ေတြနဲ႔တိုင္းနဲ႔ျပည္နယ္အသီးသီးကဝင္ေပါက္ထြက္ေပါက္ေတြကိုစစ္ေဆးေနတာေတြ႐ွိပါတယ္။

ဒီလိုစစ္ေဆးတဲ့အခါမွာကုန္ကားေမာင္းသူနဲ႔ယာဥ္ေနာက္လိုက္အခ်ိဳ႕မွာ Covid-19 ႐ွိေနေၾကာင္းစစ္ေဆးေတြ႕႐ွိခဲ့ပါတယ္။

ျပည္နယ္ႏွင့္တိုင္းအသီးသီးကေနရန္ကုန္ၿမိဳ႕ရဲ႕ အဓိကကုန္စိမ္းေဈးကိုတစ္ရက္ကားအစီးေရ ၄၀ေလာက္ပုံမွန္ဝင္ေရာက္ေနၿပီးယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြကိုၿမိဳ႕အဝင္ထြက္ေတြမွာ Rapid Test ေတြနဲ႔ကိုဗစ္ေရာဂါစစ္ေဆးမႈေတြလုပ္ေနတာေၾကာင့္အခ်ိန္ၾကန္႔ၾကာမႈေတြလည္း႐ွိေနတာပါ။

က်န္းမာေရးစစ္ေဆးမႈေတြေၾကာင့္ ေနာင္ခ်ိဳ၊ဂုတ္ထိပ္၊ရမည္းသင္းၿမိဳ႕ေတြမွာလမ္းေၾကာင္းပိတ္ဆို႔မႈေတြ႐ွိေနၿပီး ရန္ကုန္အဝင္အင္းတေကာ္မွာလည္းပိတ္မိေနတဲ့ကုန္တင္ယာဥ္အခ်ိဳ႕လည္း႐ွိေသးတယ္လို႔ဟင္းသီးဟင္း႐ြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းအတြင္းေရးမႉးဦးေက်ာ္သူကေျပာပါတယ္။

ရန္ကုန္မွာ ကုန္စည္အဝင္ေလ်ာ့နည္းလာတာသိလိုအေရာင္းအဝယ္ကလည္းအနည္းငယ္ပဲ႐ွိေတာ့တယ္လို႔ ဦးေက်ာ္သူကေျပာပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service