ဒေါ်နယ်ထရမ့် ကိုဗစ်ကူးစက်ခံရသည့်သတင်းထွက်ပေါ်ပြီးနောက် ကမ္ဘာ့စတော့ရှယ်ယာများနှင့် ရေနံဈေးများကျဆင်းကာ ရွှေဈေးထိုးတက်
ဒေါ်နယ်ထရမ့် ကိုဗစ်ကူးစက်ခံရသည့်သတင်းထွက်ပေါ်ပြီးနောက် ကမ္ဘာ့စတော့ရှယ်ယာများနှင့် ရေနံဈေးများကျဆင်းကာ ရွှေဈေးထိုးတက် - Property News in Myanmar from iMyanmarHouse.com
3 Oct 2020 1:12 pm တွင် တင်ခဲ့သည်
2406 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့်ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တွစ်တာတွင် ရေးသားဖော်ပြလိုက်ပြီးနောက် ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်များနှင့် ရေနံဈေးတို့ ပြုတ်ကျသွားခဲ့ကာ ရွှေဈေးမှာ ထောင်တက်သွားသည်။
အမေရိကန်ထိပ်တန်း ကုမ္ပဏီ ၅၀၀ ၏ စတော့ဈေးကွက် S& P 500 ၊ Dow Jones နှင့် Nasdaq 100 စတော့ဈေးကွက်တို့တွင် ၂ ရာခိုင်နှုန်းခန့် ဈေးနှုန်းများ ကျဆင်းသွားပြီး Wall Street တွင် ဈေးကွက်ဖွင့်လျှင် ဈေးနှုန်းများ ဆက်လက်ထိုးကျမည့် လက္ခဏာရှိနေသည်။
အာရှ-ပစိဖိတ်ဒေသတွင်လည်း စွန့်စားမှုရှိနေသည့် ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူတို့က အလုံးအရင်း ပြန်လည်ရောင်းထုတ်မှုများ ရှိနေသောကြောင့် ဈေးနှုန်းများ ပြုတ်ကျနေရာ အမေရိကန်ဒေါ်လာဈေးပင် ပါဝင်သည်။
ရင်းနှီးမြှုပ်နှံသူများသည် ရွှေဘက်သို့ ဦးလှည့်လာကြသည်။
ဂျပန်မှ Nikkei ရှယ်ယာဈေးကွက်တွင်လည်း ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဆစ်ဒနီရှိ S& P/ ASX 200 ရှယ်ယာဈေးကွက်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်နီးပါး ဈေးနှုန်းများ ကျဆင်းသွားသည်။
ယခုရက်သတ္တပတ်အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် ဟုပ်ဟစ်ခ်စ်နှင့် အနီးကပ်ရှိနေခဲ့ခြင်းကြောင့် သမ္မတ ထရမ့်နှင့် သမ္မတကတော် မီလာနီယာတို့ ကူးစက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
Rabobank မှ မဟာဗျူဟာပညာရှင်တစ်ဦးက ပြောကြားရာတွင် ယခုအချိန်တွင် အလိုလိုလုပ်တတ်ကြသည်မှာ ပထမဦးဆုံးအားဖြင့် အမေရိကန်ဒေါ်လာကို ရောင်းထုတ်လာကြခြင်းဖြစ်ကြောင်း၊ ယခုပြောကြားနေချိန်တွင် စတော့ဈေးကွက်တို့၏ အခြေအနေမှာ ကျဆင်းနေကြောင်း ပြောကြားသည်။
ရွှေဈေးသည် မူလက တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၈၉၅ ဒသမ ၂ ရှိခဲ့ရာမှ ထရမ့်၏ ပေါ့စတစ်သတင်း ထွက်ပေါ်လာအပြီးတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၉၀၉ သို့ ထိုးတက်သွားသည်။
ပထဝီနိုင်ငံရေးတွင် ထိရှလွယ်မှုအရှိဆုံး ကုန်စည်များတွင် တစ်ခုအပါအဝင်ဖြစ်သော ရေနံဈေးမှာ ၄ ရာခိုင်နှုန်း နီးပါး ပြုတ်ကျသွားသည်။
ဥရောပ၏ Brent crude ဈေးကွက်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရေနံတစ်စည်လျှင် ကန်ဒေါ်လာ ၃၉ ဒသမ ၅၉ သို့ ကျဆင်းသွားပြီး မြောက်အမေရိကတိုက် WTI ဈေးကွက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းကာ တစ်စည်လျှင် ကန်ဒေါ်လာ ၃၇ ဒသမ ၄၁ သို့ ကျဆင်းသွားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Global shares and oil hammered after Trump tests positive for COVID-19, sparking safe-haven rush (Business Insider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
mya-villa
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service