လယ်ယာမြေများကို မှတ်ပုံတင် “ရောင်း/ဝယ် ” ပြီး “အမည်ပြောင်း”လို့ ရပြီ

လယ်ယာမြေများကို မှတ်ပုံတင် “ရောင်း/ဝယ် ” ပြီး “အမည်ပြောင်း”လို့ ရပြီ - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2020 11:05 am တွင် တင်ခဲ့သည်
1558 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

လယ်ယာမြေနှင့် ပတ်သက်၍ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်း ကိစ္စများကိုဆောင်ရွက်လိုကြသော တောင်သူလယ်သမားများနှင့် ဝယ်/ရောင်းသမားများအတွက် (၁.၆.၂၀၁၉) ရက်နေ့မှစ၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညွှန်ကြားချက် အမှတ် (၃/၂၀၁၉) ကိုထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။

ထိုညွှန်ကြားချက်အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား တာဝန်ပေးအပ်ခဲ့ပါသည်။ ထိုအတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ရပ်ကွက်/ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သို့ဆက်လက်တာဝန်ပေးခဲ့ပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မှ လယ်ယာမြေတစ်ဧကပေါက်ဈေးနှုန်းနှင့် တံဆိပ်ခေါင်းခွန်တို့ကို သတ်မှတ်ပေးပါသည်။ ယင်းသတ်မှတ်ချက်အတိုင်း လယ်မြေအရောင်းအဝယ်ပြုလုပ်မည့်သူများသည်။ ရှေ့ဦးစွာ ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုကြရပါသည်။ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) အတွင်း မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါသည်။ ဆက်လက်၍ ၎င်းရုံးတွင်ပင် အမည်ပြောင်းလျှောက်ထားရပါသည်။

ယင်းသို့ အမည်ပြောင်းလျှောက်ထားပုံအဆင့်ဆင့်ကို ဆက်လက်ဖော်ပြလိုက်ပါသည်။

ရောင်းချ/ ပေါင်နှံ/ ငှါးရမ်း /လဲလှယ်/ပေးကမ်းနိုင်ခြင်းတာဝန် မြို့နယ်လယ်/စီသို့ပေး

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ခေတ်ကာလနှင့်အညီ အသစ်ပြင်ဆင်ပြဌါန်းနိုင်ရေးအတွက် လွှတ်တော်တွင်ဆွေးနွေးလျက်ရှိသည်ဟု သိရပါသည်။ ထိုလယ်ယာမြေဥပဒေအား အသစ်ပြင်ဆင်ပြဌါန်းခြင်းမပြုနိုင်သေးမီကာလတွင် တည်ဆဲဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပ်ိုင်ခွင့်ရရှိသူများအနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ-၉ ပါ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်းပေါင်နှံခြင်း၊ ငှါးရမ်းခြင်း လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်းတို့ကိုဆောင်ရွက်ခွင့်ပြုရန် လိုအပ်နေပါသည်။

ထိုအတူ လယ်ယာမြေဥပဒေပုဒ်မ-၁၈ အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေတန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားဖြစ်စေရန်အတွက် သင့်လျော်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းသွားမည်ဖြစ်သည်ဟု သိရသည်။

ထိုကြောင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အားခန့်အပ်တာဝန်ပေးခဲ့ပါသည်။

မြို့နယ်မှ ရပ်ကွက်/ကျေးရွာသို့ထပ်မံတာဝန်ပေး

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်လည်း လယ်ယာမြေတည်ရှိရာ ရပ်ကွက်/‌ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြလာသော လယ်ယာမြေများ၏ တစ်ဧကပေါက်ဈေးနှုန်းထားအား စိစစ်ဆောင်ရွက်ရန်ညွန်ကြားထားပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိသူက လုပ်ပိုင်ခွင့်ကို ရောင်းချခြင်းလဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှါးရမ်းခြင်းတို့ကို ဆောင်ရွက်ကြသည့်အခါတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုထားသော လယ်ယာမြေများ၏ တစ်ဧကပေါက်ဈေးနှုန်းထားများအရ ထိုက်သင့်သော တံဆိပ်ခေါင်းခွန်ထမ်းဆောင်စေပြီး လယ်ယာမြေနည်ဥပဒေ ၂၄ (က) ၊ ၄၇ (ခ)၊ ၄၈ (ဂ) တို့နှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုခြင်းကို (၁.၆.၂၀၁၉) ရက်နေ့မှစ၍ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ချုပ်ဆိုထားသော စာချုပ်ကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း (၁၂၀)အတွင်း သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် လယ်ယာမြေနည်းဥပဒေ ၂၄(ခ) ၊ ၄၇ (ဃ) ၊ ၄၈ (ဂ) တို့နှင့်အညီမှတ်ပုံတင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်လယ်ယာမြေနည်းဥပဒေ အပိုဒ် ၂၄ (ခ) အရ၊ သက်ဆိုင်ရာမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရမည်။ ထိုအတူ လယ်ယာမြေနည်းဥပဒေ ၄၉ အရဆောင်ရွက်ပြီးပါက နည်းဥပဒေ ၂၅ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအဖြစ် အမည်ပြောင်းလဲပေးရန် လျှောက်လွှာပုံစံ (ပုံစံ-၉) ဖြင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လယ္ယာေျမမ်ားကို မွတ္ပံုတင္ “ေရာင္း/ဝယ္ ” ျပီး “အမည္ေျပာင္း”လို႕ ရျပီ

လယ္ယာေျမနွင့္ ပတ္သက္၍ေရာင္းခ်ျခင္း၊ ေပါင္နွံျခင္း၊ ေပးကမ္းျခင္း၊ ငွါးရမ္းျခင္း၊ လဲလွယ္ျခင္း ကိစၥမ်ားကိုေဆာင္ရြက္လိုၾကေသာ ေတာင္သူလယ္သမားမ်ားနွင့္ ဝယ္/ေရာင္းသမားမ်ားအတြက္ (၁.၆.၂၀၁၉) ရက္ေန႕မွစ၍ ဗဟိုလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မွ ညႊန္ၾကားခ်က္ အမွတ္ (၃/၂၀၁၉) ကိုထုတ္ျပန္လုိက္ျပီျဖစ္ပါသည္။

ထိုညႊန္ၾကားခ်က္အရ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕သည္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕အား တာဝန္ေပးအပ္ခဲ့ပါသည္။ ထိုအတူ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မွ ရပ္ကြက္/ ေက်းရြာလယ္ယာေျမ စီမံခန္႕ခြဲမႈအဖြဲ႕ သို႕ဆက္လက္တာဝန္ေပးခဲ့ပါသည္။

ယင္းသို႕ ေဆာင္ရြက္ရာတြင္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ မွ လယ္ယာေျမတစ္ဧကေပါက္ေဈးႏႈန္းနွင့္ တံဆိပ္ေခါင္းခြန္တို႕ကို သတ္မွတ္ေပးပါသည္။ ယင္းသတ္မွတ္ခ်က္အတိုင္း လယ္ေျမအေရာင္းအဝယ္ျပဳလုပ္မည့္သူမ်ားသည္။ ေရွ႕ဦးစြာ ရပ္ကြက္/ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႔ခြဲမႈေရွ႕ေမွာက္တြင္ စာခ်ဳပ္ခ်ဳပ္ဆိုၾကရပါသည္။ စာခ်ဳပ္ခ်ဳပ္ဆိုျပီး ရက္ေပါင္း (၁၂၀) အတြင္း ျမိဳ႕နယ္ဦးစီးဌာနရုံးတြင္ မွတ္ပံုတင္ရပါသည္။ ဆက္လက္၍ ၄င္းရုံးတြင္ပင္ အမည္ေျပာင္းေလွ်ာက္ထားရပါသည္။

ယင္းသို႕ အမည္ေျပာင္းေလွ်ာက္ထားပံုအဆင့္ဆင့္ကို ဆက္လက္ေဖာ္ျပလိုက္ပါသည္။

ေရာင္းခ်/ ေပါင္နွံ/ ငွါးရမ္း /လဲလွယ္/ေပးကမ္းႏိုင္ျခင္းတာဝန္ ျမိဳ႕နယ္လယ္/စီသို႕ေပး

၂၀၁၂ ခုနွစ္ လယ္ယာေျမဥပေဒကို ေခတ္ကာလနွင့္အညီ အသစ္ျပင္ဆင္ျပဌါန္းႏိုင္ေရးအတြက္ လႊတ္ေတာ္တြင္ေဆြးေႏြးလ်က္ရွိသည္ဟု သိရပါသည္။ ထိုလယ္ယာေျမဥပေဒအား အသစ္ျပင္ဆင္ျပဌါန္းျခင္းမျပဳႏိုင္ေသးမီကာလတြင္ တည္ဆဲဥပေဒနွင့္အညီ လယ္ယာေျမလုပ္ပို္င္ခြင့္ရရွိသူမ်ားအေနျဖင့္ လယ္ယာေျမဥပေဒပုဒ္မ-၉ ပါ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္းေပါင္နွံျခင္း၊ ငွါးရမ္းျခင္း လဲလွယ္ျခင္းနွင့္ေပးကမ္းျခင္းတို႕ကိုေဆာင္ရြက္ခြင့္ျပဳရန္ လိုအပ္ေနပါသည္။

ထိုအတူ လယ္ယာေျမဥပေဒပုဒ္မ-၁၈ အရ ဗဟိုလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕အေနျဖင့္ လယ္ယာေျမတန္ဖိုးကို ေဒသႏၱရအေျခအေနအရ ဆီေလ်ာ္ေသာႏႈန္းထားျဖစ္ေစရန္အတြက္ သင့္ေလ်ာ္ေသာ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕အား လုပ္ပိုင္ခြင့္အပ္နွင္းသြားမည္ျဖစ္သည္ဟု သိရသည္။

ထိုေၾကာင့္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ အားခန္႕အပ္တာဝန္ေပးခဲ့ပါသည္။

ျမိဳ႕နယ္မွ ရပ္ကြက္/ေက်းရြာသို႕ထပ္မံတာဝန္ေပး

ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕အေနျဖင့္လည္း လယ္ယာေျမတည္ရွိရာ ရပ္ကြက္/‌ေက်းရြာအုပ္စု လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕က အဆိုျပဳတင္ျပလာေသာ လယ္ယာေျမမ်ား၏ တစ္ဧကေပါက္ေဈးႏႈန္းထားအား စိစစ္ေဆာင္ရြက္ရန္ညြန္ၾကားထားပါသည္။

သို႕ျဖစ္ပါ၍ သက္ဆိုင္ရာ ရပ္ကြက္/ ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သည္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ရရွိသူက လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္းလဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္နွံျခင္းနွင့္ ငွါးရမ္းျခင္းတို႕ကို ေဆာင္ရြက္ၾကသည့္အခါတြင္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မွ စိစစ္အတည္ျပဳထားေသာ လယ္ယာေျမမ်ား၏ တစ္ဧကေပါက္ေဈးႏႈန္းထားမ်ားအရ ထိုက္သင့္ေသာ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ေစျပီး လယ္ယာေျမနည္ဥပေဒ ၂၄ (က) ၊ ၄၇ (ခ)၊ ၄၈ (ဂ) တို႕နွင့္အညီ ရပ္ကြက္/ေက်းရြာအုပ္စုလယ္ယာေျမစီမံခန္႕ခြဲမႈ အဖြဲ႕ ေရွ႕ေမွာက္တြင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို (၁.၆.၂၀၁၉) ရက္ေန႕မွစ၍ ေဆာင္ရြက္ႏိုင္ျပီျဖစ္သည္။ ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ကို စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေန႕မွ ရက္ေပါင္း (၁၂၀)အတြင္း သက္ဆိုင္ရာျမိဳ႕နယ္ဦးစီးဌာနရုံးတြင္ လယ္ယာေျမနည္းဥပေဒ ၂၄(ခ) ၊ ၄၇ (ဃ) ၊ ၄၈ (ဂ) တို႕နွင့္အညီမွတ္ပံုတင္ေဆာင္ရြက္ေပးျခင္းျဖစ္သည္။

၂၀၁၂ ခုနွစ္လယ္ယာေျမနည္းဥပေဒ အပိုဒ္ ၂၄ (ခ) အရ၊ သက္ဆိုင္ရာျမိဳ႕နယ္၊ လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနရုံးတြင္ မွတ္ပံုတင္ျခင္းလုပ္ငန္းကို ေဆာင္ရြက္ၾကရမည္။ ထိုအတူ လယ္ယာေျမနည္းဥပေဒ ၄၉ အရေဆာင္ရြက္ျပီးပါက နည္းဥပေဒ ၂၅ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူအျဖစ္ အမည္ေျပာင္းလဲေပးရန္ ေလွ်ာက္လႊာပံုစံ (ပံုစံ-၉) ျဖင့္ တင္ျပေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service