ယာယီရပ်နားရသည့် အလုပ်သမားများအတွက် လစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံကြေးပေးမည်

ယာယီရပ်နားရသည့် အလုပ်သမားများအတွက် လစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
25 Sep 2020 12:29 pm တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Stay at Home ကြေညာခံထားရသည့် ရန်ကုန်တိုင်းဒေသကြီးမှ ယာယီရပ်နားထားရသည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ လူမှုဖူလုံကြေးထည့်ဝင်ထားသည့် အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ထောက်ပံ့ပေးမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယာယီပိတ်သိမ်းရန်နှင့် Stay at Home နေထိုင်၍ နေအိမ်၌သာအလုပ်လုပ်ကိုင်ရန် အမိန့်ညွန်ကြားချက်ထုတ်ပြန်ထားသည့် လူမှုဖူလုံရေးစနစ်နှင့်အကျူံးဝင်သော စက်ရုံ၊အလုပ်ရုံနှင့်အလုပ်ဌာနများအား အကျိုးခံစားခွင့်ထောက်ပံ့ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

အစိုးရထုတ်ပြန်ကြေညာထားသည့် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ အနေဖြင့် ဇွန်လအထိ လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းထားပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိ အလုပ်လုပ်ကိုင်ဆဲ ဖြစ်ပါက အဆိုပါ ခံစားခွင့်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့်အလုပ်သမားများနှင့်မိသားစုများအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်ဖြစ်ပြီး ယင်းလုပ်ငန်းများမှ အလုပ်ရှင်(သို့မဟုတ်)အလုပ်ရှင်ကိုယ်စားလှယ်က စက်တင်ဘာ ၂၄ရက်က စ၍ လျှောက်ထားနိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

“အလုပ်ရှင်တွေကလည်း ရပ်နားထားတဲ့ရက်တွေမှာအလုပ်သမားကိုလစာထောက်ပံ့ငွေပေးလို့ရပါတယ်။ အလုပ်သမားကို အကျိုးတူပါတနာအဖြစ် သဘောထားပြီးထောက်ပံ့ပေးမယ်ဆိုရင်တော့အလုပ်သမားတွေအတွက် ပိုပြီးဖူလုံစေနိုင်ပါတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအကျိူးခံစားခွင့်တွင် လူမှုဖူလုံရေးအာမခံထည့်ဝင်ထားသည့် အလုပ်သမားများသာအကျုံးဝင်ပြီး ဖူလုံစနစ်တွင် ပါဝင်ခြင်းမရှိသေးသည့် အလုပ်သမားများအတွက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးထည့် ဝင်ထားခြင်းမရှိသည့် အလုပ်သမားများအတွက်နိုင်ငံတော်မှ ထောက်ပံ့ရန်စီစဉ်ထားသည်ဟု ပြောကြားထားသည်။ သို့သော် ယင်းအလုပ်သမားများအတွက် မည်ကဲ့သို့ထောက်ပံ့မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ကိုဗစ်ကူးစက်မှု အရှိန်အဟုန်နှင့် မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တခုလုံး (ကိုကိုးကျွန်း မပါ)အား အိမ်တွင်သာနေရန်(Stay at Home) ညွှန်ကြားချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၆၀၀ ကျော်ရှိပြီး အထည်ချုပ်လုပ်သား ၆ သိန်းနီးပါး ရှိသည့်အနက် ၈၀ ရာခိုင် နှုန်း အထက်မှာ ရန်ကုန်မြို့တွင် ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ယာယီရပ္နားရသည့္ အလုပ္သမားမ်ားအတြက္ လစာ၏ ၄၀ ရာခိုင္ႏႈန္းကို လူမႈဖူလုံေၾကးေပးမည္

Stay at Home ေၾကညာခံထားရသည့္ ရန္ကုန္တိုင္းေဒသႀကီးမွ ယာယီရပ္နားထားရသည့္ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ားမွ လူမႈဖူလုံေၾကးထည့္ဝင္ထားသည့္ အလုပ္သမားမ်ားကို လစာ၏ ၄၀ ရာခိုင္ႏႈန္း အက်ိဳးခံစားခြင့္ေထာက္ပံ့ေပးမည္ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာနက ေၾကညာသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ယာယီပိတ္သိမ္းရန္ႏွင့္ Stay at Home ေနထိုင္၍ ေနအိမ္၌သာအလုပ္လုပ္ကိုင္ရန္ အမိန္႔ၫြန္ၾကားခ်က္ထုတ္ျပန္ထားသည့္ လူမႈဖူလုံေရးစနစ္ႏွင့္အက်ံဴးဝင္ေသာ စက္႐ုံ၊အလုပ္႐ုံႏွင့္အလုပ္ဌာနမ်ားအား အက်ိဳးခံစားခြင့္ေထာက္ပံ့ေပးရန္ စီစဥ္ထားျခင္းျဖစ္သည္။

အစိုးရထုတ္ျပန္ေၾကညာထားသည့္ Stay at Home အစီအစဥ္တြင္ အက်ံဳးဝင္ေသာ ပုဂၢလိကပိုင္စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းဌာနမ်ား႐ွိ အလုပ္သမားမ်ား အေနျဖင့္ ဇြန္လအထိ လူမႈဖူလုံေရး အာမခံေၾကး ေပးသြင္းထားၿပီး စက္တင္ဘာလ ၂၃ ရက္ေန႔အထိ အလုပ္လုပ္ကိုင္ဆဲ ျဖစ္ပါက အဆိုပါ ခံစားခြင့္ကို ရ႐ွိမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနၾကသည့္အလုပ္သမားမ်ားႏွင့္မိသားစုမ်ားအတြက္ ေငြေၾကးေထာက္ပံ့မႈအစီအစဥ္ျဖစ္ၿပီး ယင္းလုပ္ငန္းမ်ားမွ အလုပ္႐ွင္(သို႔မဟုတ္)အလုပ္႐ွင္ကိုယ္စားလွယ္က စက္တင္ဘာ ၂၄ရက္က စ၍ ေလွ်ာက္ထားႏိုင္ေၾကာင္း ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

“အလုပ္႐ွင္ေတြကလည္း ရပ္နားထားတဲ့ရက္ေတြမွာအလုပ္သမားကိုလစာေထာက္ပံ့ေငြေပးလို႔ရပါတယ္။ အလုပ္သမားကို အက်ိဳးတူပါတနာအျဖစ္ သေဘာထားၿပီးေထာက္ပံ့ေပးမယ္ဆိုရင္ေတာ့အလုပ္သမားေတြအတြက္ ပိုၿပီးဖူလုံေစႏိုင္ပါတယ္”ဟု အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွတာဝန္႐ွိသူတစ္ဦးက ေျပာသည္။

လက္႐ွိအက်ိဴးခံစားခြင့္တြင္ လူမႈဖူလုံေရးအာမခံထည့္ဝင္ထားသည့္ အလုပ္သမားမ်ားသာအက်ံဳးဝင္ၿပီး ဖူလုံစနစ္တြင္ ပါဝင္ျခင္းမ႐ွိေသးသည့္ အလုပ္သမားမ်ားအတြက္ကိုမူ ထည့္သြင္းေဖာ္ျပထားျခင္းမ႐ွိေပ။

အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးက လူမႈဖူလုံေရးထည့္ ဝင္ထားျခင္းမ႐ွိသည့္ အလုပ္သမားမ်ားအတြက္ႏိုင္ငံေတာ္မွ ေထာက္ပံ့ရန္စီစဥ္ထားသည္ဟု ေျပာၾကားထားသည္။ သို႔ေသာ္ ယင္းအလုပ္သမားမ်ားအတြက္ မည္ကဲ့သို႔ေထာက္ပံ့မည္ကို ႐ွင္း႐ွင္းလင္းလင္းမသိရေသးေပ။

ကိုဗစ္ကူးစက္မႈ အ႐ွိန္အဟုန္ႏွင့္ ျမင့္တက္လာသည့္အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ စက္တင္ဘာလ ၂၀ ရက္ ညပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး တခုလုံး (ကိုကိုးကြၽန္း မပါ)အား အိမ္တြင္သာေနရန္(Stay at Home) ၫႊန္ၾကားခ်က္ တရပ္ကို ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္ စက္႐ုံေပါင္း ၆၀၀ ေက်ာ္႐ွိၿပီး အထည္ခ်ဳပ္လုပ္သား ၆ သိန္းနီးပါး ႐ွိသည့္အနက္ ၈၀ ရာခိုင္ ႏႈန္း အထက္မွာ ရန္ကုန္ၿမိဳ႕တြင္ ႐ွိေနျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အထည္ခ်ဳပ္ လုပ္ငန္း႐ွင္မ်ားအသင္းမွ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service