အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင်

အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2020 2:43 pm တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

''ကျွန်တော်က တိုက်ခန်းမှာနေပါတယ်။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင်အခန်းက မြေရှင်နေတယ်။ မြေရှင်က သူနေတဲ့ အခန်းနဲ့အတူ မြေပါရောင်းချင်တယ်လို့ ပြောပါတယ်။ ဝယ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်ဆို တာ သိချင်လို့ပါ ဆရာ''ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

''အဲဒီအဆောက်အအုံမှာ တိုက်ခန်း ဘယ်နှခန်းရှိပါသလဲ''

''အိမ်ဟောင်းဆိုတော့ အုတ်ညှပ်နှစ်ထပ်တိုက်ဖြစ်ပြီး မြေညီထပ်နှစ်ခန်းနဲ့ အပေါ်ထပ်နှစ်ခန်း စုစုပေါင်းလေးခန်း ရှိပါတယ်''

''အောက်ထပ်က လူတွေက အိမ်ငှားတွေလား၊ အပျောက်နဲ့ဝယ်ထားတဲ့ သူတွေပဲလား''

''ဟုတ်ကဲ့ အောက်ထပ်နှစ်ခန်းကလည်း အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ သူတွေဆရာ။ ဒါပေမယ့် မြေရှင် ကိုတော့ အိမ်လခပေးရတယ်''

''မြေကို ဝယ်မယ်ဆိုတော့ မြေက ဘယ်လိုမြေအမျိုးအစားလဲ''

''ဂရန်မြေလို့ ပြောပါတယ်''

''ဂရန်အမည်ပေါက်က ရှိသေးလား၊ သူကိုယ်တိုင်ရောင်းမှာလား''

''အမည်ပေါက် အဘွားကြီးကတော့ ရှိသေးတယ်။ နေမကောင်းတော့ မထနိုင်တော့ဘူး။ အားလုံးရောင်းပြီး အမွေခွဲတဲ့ သဘောပေါ့ ဆရာ''

''သားသမီးတွေက များလား။ အရောင်းအဝယ်လုပ်ရင်းကိုင်ရင်းနဲ့ အဘွားကြီး ကွယ်လွန်သွားရင် အမွေ ခွဲဝေတာ မတည့်ဘဲ ဖြစ်တတ်တယ်''

''တိုက်ခန်းကို ဝယ်လိုက်လို့ လက်ရောက်ယူလိုက်ရင် လွယ်တယ်ဆရာ။ မြေကိစ္စကတော့ ငွေကထပ် လိုက်ရ မလိုဖြစ်နေတယ်''

''ဒါတော့ ဟုတ်တယ်။ လောလောဆယ်မှာတော့ မြေကို ဝယ်လိုက်ရုံနဲ့ အခွင့်အရေးအမြတ်တော့ ချက်ချင်းရမှာ မဟုတ်ဘူး''

''သူငယ်ချင်းတစ်ယောက် ပြောတာကတော့ အခုကာလမှာ ခြောက်ထပ်အထိ တိုက်ခန်းတွေ ဆောက်ခွင့်ရ တယ်။ ၁၂ ခန်းထွက်လာမယ်။ ရှစ်ခန်းပိုရမယ်။ ကန်ထရိုက်နဲ့ညှိပြီး ဆောက်ရင်တော့ အကျိုးအမြတ်ရနိုင် တယ်လို့ ပြောတာပဲ ဆရာ''

''စိတ်ကူးနဲ့ တွက်ချက်လိုက်ရင်တော့လည်း ၁၂ ခန်းကို ကန်ထရိုက်တစ်ဝက်၊ ကိုယ်ကတစ်ဝက်စီယူမယ် ဆိုရင် ခြောက်ခန်းစီရမယ်။ လက်ရှိလေးခန်း နှုတ်လိုက်ရင် နှစ်ခန်းကျန်မယ်။ ကန်ထရိုက်က ခြောက်ခန်းထဲမှ လျှော့ယူရင် တစ်ခန်းနှစ်ခန်းပိုထွက်လာမယ်။ ဒါဆိုရင် သုံးခန်းအနည်းဆုံးရပြီး ပြန်ရောင်းနိုင်တယ်။ ဒီလို တွက်ရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရင်းနှီးရမှာနဲ့ ပြန်ရမယ့် ငွေကိုတော့ သေချာချင့်ချိန်ဖို့ လိုတယ်''

''ဟုတ်ကဲ့ ဆရာ။ အဲဒါကြောင့် ဘယ်လို အဆင့်ဆင့်ဆောင်ရွက်ရမှာကို သိချင်လို့ပါ။ အဲဒီလိုမြေသက်သက်ပဲ ဝယ်တာမျိုးရှိသလား''

''မောင်ရင်က တိုက်ခန်းလက်ဝယ်ရှိသေးတယ်။ ပြီးတော့ ဝယ်လိုက်ရင် တိုက်ခန်းတစ်ခန်းထပ်ပြီး လက် ရှိဖြစ်လာမယ်ဆိုတော့ ပစ္စည်းလက်ဝယ်ရရှိထားတယ်။ အချို့က အိမ်ငှား တွေနေတဲ့ တိုက်ခန်းကို ဖြိုပြီးဆောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကိုပဲ သက်သက်ဝယ်တာမျိုးရှိတတ်တယ်။ အချို့လည်း အိမ်ငှားရှိတဲ့ အိမ်နဲ့မြေ ကို ဝယ်တယ်။ နောက်မှ အိမ်ငှားကို တရားစွဲ နှင်ချတာမျိုးလည်း ရှိကြတယ်။ စီးပွားရေးသမားတွေကတော့ တွက်ခြေကိုက်မယ်ထင်ရင် စွန့်စားဆောင်ရွက်တတ်ကြတယ်''

''တိုက်ခန်းဝယ်တာတော့ အခွန်မဆောင်ပဲနေရင်ဖြစ်တယ် မဟုတ်လား၊ ကျွန်တော်သိတာတော့ တိုက်ခန်းဝယ် တာ ဘယ်သူမှ အခွန်ဆောင်တာတော့ မတွေ့ဘူး ဆရာ''

''မြေကတော့ တရားဝင်ဆောင်ရွက်မယ်ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်မှတ်ပုံတင်စာ ချုပ် ချုပ်ဆိုဖို့လိုတယ်။ ဒါမှ ကိုယ်က တရားဝင်မြေပိုင်ဆိုင်ခွင့်ရှိလာပြီး ကျန်တဲ့ အောက်ထပ်က အိမ်ငှားတွေအ ပေါ်မှာ အိမ်ရှင် မြေရှင်အဖြစ် ပြန်လည်ဆက်စပ်မှုရှိကာ အိမ် လခကောက်ခံလို့ ရမှာဖြစ်တယ်''

''မြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ဝယ်ခွန်ဆောင်ရမှာပေါ့''

''ဟုတ်ပါတယ်။ သက်ဆိုင်ရာ အခွန်အရာရှိကို မြေချည်းသက်သက် ဝယ်တယ်ဆိုတာကို ရှင်းပြဖို့လိုတယ်''

''ဒါမှမဟုတ်ရင် အဆောက်အအုံတစ်ခုလုံးဝယ်ဆိုတာမျိုးဖြစ်လာနိုင်တာပေါ့နော်''

''မှန်ပါတယ်။ အဲဒီအချက်ကို သေချာအောင်အမြတ်ခွန်အရာရှိနဲ့ ဆွေးနွေးဖို့လိုပါတယ်''

''ဟုတ်ကဲ့ ဆရာ။ မြေတန်ဖိုး သတ်မှတ်ချက်ကတော့ သက်ဆိုင်ရာ တန်ဖိုးဖြတ်အခွန်အရာရှိတွေကပဲ သတ်မှတ် ပေးတာလား''

''ဟုတ်တယ်။ သက်ဆိုင်ရာ အခွန်အရာရှိတွေက ကွင်းဆင်းစစ်ဆေးပြီး လမ်းအခြေအနေမြေကွက် နေရာပေါ် မူတည်ပြီး သက်ဆိုင်ရာက သတ်မှတ်ကြေညာထားတဲ့ မြေကွက်စံနှုန်းပေါ် မှာ မူတည်ဆုံးဖြတ်မှာ ဖြစ်ပါတယ်''

''မြေကွက်စံနှုန်းဆိုတာက ဘယ်လိုလဲ ဆရာ''

''ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသတ်မှတ်ထားတဲ့ အိမ်မြေစံနှုန်း တွေကို နှစ်အလိုက်ကြေညာထားတာရှိတယ်။ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွေမှာကပ်ထားတယ်။ အဲဒီနှုန်း ထားတွေနဲ့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်တန်ဖိုးဖြတ်တာ ဖြစ်တယ်''

''အဲဒီမြေတန်ဖိုးဖြတ်အပေါ် မှာ အခွန်ဆောင်ရမှာပေါ့နော်''

ဟုတ်ပါတယ်။ မြေအိမ်တန်ဖိုး သိန်းတစ်ထောင်ထက်ကျော်ရင်တော့ ဝယ်ခွန်အနေနဲ့ ဝင်ငွေရလမ်း မဖော် ပြနိုင်ရင် ၃ဝ ရာခိုင်နှုန်းထိ ချမှတ် ကောက်ခံနိုင်ပါတယ်။

''ကျွန်တော်က နိုင်ငံခြားသင်္ဘောလိုက်နေတော့ အခွန်ပြနိုင်တာတော့ရှိတယ် ဆရာ''

''ဝင်ငွေခွန်ဆောင်ထားတာရှိရင်တော့ နုတ်ပေးနိုင်တာပေါ့။ သက်သာတာပေါ့လေ''

''အဲဒါပြီးရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာ ရေး ကော်မတီမြေယာဌာနမှာ မြေကွက်ရောင်းရန်ဆိုပြီး မြေပုံမြေရာဇဝင်ကူးယူရပါတယ်။ အဲဒါရယ် အခွန် ဆောင်ထားတဲ့ ပြေစာရယ်ပူးတွဲတင်ပြပြီး အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်''

''မှတ်ပုံတင်ခပေးရသေးတယ်လို့ ပြောသံကြားဖူးတယ် ဟုတ်ပါသလား''

''ဟုတ်ပါတယ်။ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ခအဖြစ် တန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ ပြီးရင် ရက်နှစ်ပတ်ခန့်အကြာမှာ စာချုပ် မူရင်းထုတ်ပေးပါတယ်''

''မြေကွက်အမည်ပြောင်းဖို့ ရှိမှာပေါ့နော်''

''မှန်ပါတယ်။ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ရရင်တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာ ဌာနမှာ မြေကွက်ပိုင်ရှင် အမည်ပေါက်လျှောက်ထားရပါတယ်''

''အဆင့်တွေအတော်များတယ် ဆရာ။ လောလောဆယ်တိုက်ခန်းပဲ ဝယ်ထားပြီး လက်ရောက်ယူထားရင် ဖြစ်တယ် မဟုတ်လား''

''ဖြစ်ပါတယ်။ ဒါပေမယ့် မြေပါ ဝယ်မယ် စိတ်ကူးရင်တော့ မြေကွက်အမည်ပေါက် အဘွားကြီးသက်ရှိ ထင်ရှား ရှိချိန်မှာ လုပ်တာအဆင်ပြေတယ်။ ငွေလည်း လိုအပ်နေတယ်ဆိုတော့ ဈေးသက်သာနိုင်တာပေါ့။ သူကွယ်လွန် သွားမှ သားသမီးတွေ အမွေဆက်ခံခွင့်လျှောက်တာနဲ့ အမွေခွဲဝေ ငွေမညီညွတ်လို့ အဆင်မပြေဖြစ်တတ်တယ်။ ဒါကြောင့် မြေကိုပါ မြေကွက်အမည်ပေါက် ဝယ်မယ်လို့ စိတ်ကူးရင်တော့ သက်ရှိထင်ရှားရှိနေစဉ်မှာ ဝယ်ပါလို့ တိုက်တွန်းချင်တယ်'' ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အေပ်ာက္စနစ္ႏွင့္ ၀ယ္ထားသည့္ တုိက္ခန္းမ်ားရွိေသာ ေျမကို ၀ယ္မည္ဆုိလွ်င္

''ကြၽန္ေတာ္က တိုက္ခန္းမွာေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာခ်င္းဆိုင္အခန္းက ေျမ႐ွင္ေနတယ္။ ေျမ႐ွင္ကသူေနတဲ့ အခန္းနဲ႔အတူ ေျမပါေရာင္းခ်င္တယ္လို႔ ေျပာပါတယ္။ ဝယ္မယ္ဆိုရင္ ဘယ္လိုေဆာင္႐ြက္ရမယ္ဆိုတာ သိခ်င္လို႔ပါ ဆရာ''ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္။

''အဲဒီအေဆာက္အအုံမွာ တိုက္ခန္း ဘယ္ႏွခန္း႐ွိပါသလဲ''

''အိမ္ေဟာင္းဆိုေတာ့ အုတ္ညႇပ္ႏွစ္ထပ္တိုက္ျဖစ္ၿပီး ေျမညီထပ္ႏွစ္ခန္းနဲ႔ အေပၚထပ္ႏွစ္ခန္း စုစုေပါင္းေလးခန္း ႐ွိပါတယ္''

''ေအာက္ထပ္က လူေတြက အိမ္ငွားေတြလား၊ အေပ်ာက္နဲ႔ဝယ္ထားတဲ့ သူေတြပဲလား''

''ဟုတ္ကဲ့ ေအာက္ထပ္ႏွစ္ခန္းကလည္း အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့ သူေတြဆရာ။ ဒါေပမယ့္ ေျမ႐ွင္ ကိုေတာ့ အိမ္လခေပးရတယ္''

''ေျမကို ဝယ္မယ္ဆိုေတာ့ ေျမက ဘယ္လိုေျမအမ်ိဳးအစားလဲ''

''ဂရန္ေျမလို႔ ေျပာပါတယ္''

''ဂရန္အမည္ေပါက္က ႐ွိေသးလား၊ သူကိုယ္တိုင္ေရာင္းမွာလား''

''အမည္ေပါက္ အဘြားႀကီးကေတာ့ ႐ွိေသးတယ္။ ေနမေကာင္းေတာ့ မထႏိုင္ေတာ့ဘူး။ အားလုံးေရာင္းၿပီး အေမြခြဲတဲ့ သေဘာေပါ့ ဆရာ''

''သားသမီးေတြက မ်ားလား။ အေရာင္းအဝယ္လုပ္ရင္းကိုင္ရင္းနဲ႔ အဘြားႀကီး ကြယ္လြန္သြားရင္ အေမြ ခြဲေဝတာမတည့္ဘဲ ျဖစ္တတ္တယ္''

''တိုက္ခန္းကို ဝယ္လိုက္လို႔ လက္ေရာက္ယူလိုက္ရင္ လြယ္တယ္ဆရာ။ ေျမကိစၥကေတာ့ ေငြကထပ္ လိုက္ရမလိုျဖစ္ေနတယ္''

''ဒါေတာ့ ဟုတ္တယ္။ ေလာေလာဆယ္မွာေတာ့ ေျမကိုဝယ္လိုက္႐ုံနဲ႔ အခြင့္အေရးအျမတ္ေတာ့ ခ်က္ခ်င္းရမွာမဟုတ္ဘူး''

''သူငယ္ခ်င္းတစ္ေယာက္ ေျပာတာကေတာ့ အခုကာလမွာ ေျခာက္ထပ္အထိ တိုက္ခန္းေတြ ေဆာက္ခြင့္ရ တယ္။ ၁၂ ခန္းထြက္လာမယ္။ ႐ွစ္ခန္းပိုရမယ္။ ကန္ထ႐ိုက္နဲ႔ညႇိၿပီး ေဆာက္ရင္ေတာ့ အက်ိဳးအျမတ္ရႏိုင္တယ္လို႔ ေျပာတာပဲဆရာ''

''စိတ္ကူးနဲ႔ တြက္ခ်က္လိုက္ရင္ေတာ့လည္း ၁၂ ခန္းကို ကန္ထ႐ိုက္တစ္ဝက္၊ ကိုယ္ကတစ္ဝက္စီယူမယ္ဆိုရင္ ေျခာက္ခန္းစီရမယ္။ လက္႐ွိေလးခန္း ႏႈတ္လိုက္ရင္ ႏွစ္ခန္းက်န္မယ္။ ကန္ထ႐ိုက္က ေျခာက္ခန္းထဲမွ ေလွ်ာ့ယူရင္ တစ္ခန္းႏွစ္ခန္းပိုထြက္လာမယ္။ ဒါဆိုရင္ သုံးခန္းအနည္းဆုံးရၿပီး ျပန္ေရာင္းႏိုင္တယ္။ ဒီလို တြက္ရင္ေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ရင္းႏွီးရမွာနဲ႔ ျပန္ရမယ့္ ေငြကိုေတာ့ ေသခ်ာခ်င့္ခ်ိန္ဖို႔ လိုတယ္''

''ဟုတ္ကဲ့ ဆရာ။ အဲဒါေၾကာင့္ ဘယ္လိုအဆင့္ဆင့္ေဆာင္႐ြက္ရမွာကို သိခ်င္လို႔ပါ။ အဲဒီလိုေျမသက္သက္ပဲ ဝယ္တာမ်ိဳး႐ွိသလား''

''ေမာင္ရင္က တိုက္ခန္းလက္ဝယ္႐ွိေသးတယ္။ ၿပီးေတာ့ ဝယ္လိုက္ရင္ တိုက္ခန္းတစ္ခန္းထပ္ၿပီး လက္ ႐ွိျဖစ္လာမယ္ဆိုေတာ့ ပစၥည္းလက္ဝယ္ရ႐ွိထားတယ္။ အခ်ိဳ႕က အိမ္ငွား ေတြေနတဲ့ တိုက္ခန္းကို ၿဖိဳၿပီးေဆာက္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေျမကိုပဲ သက္သက္ဝယ္တာမ်ိဳး႐ွိတတ္တယ္။ အခ်ိဳ႕လည္း အိမ္ငွား႐ွိတဲ့ အိမ္နဲ႔ေျမကို ဝယ္တယ္။ ေနာက္မွ အိမ္ငွားကို တရားစြဲ ႏွင္ခ်တာမ်ိဳးလည္း႐ွိၾကတယ္။ စီးပြားေရးသမားေတြကေတာ့ တြက္ေျခကိုက္မယ္ထင္ရင္ စြန္႔စားေဆာင္႐ြက္တတ္ၾကတယ္''

''တိုက္ခန္းဝယ္တာေတာ့ အခြန္မေဆာင္ပဲေနရင္ျဖစ္တယ္ မဟုတ္လား၊ ကြၽန္ေတာ္သိတာေတာ့ တိုက္ခန္းဝယ္တာ ဘယ္သူမွ အခြန္ေဆာင္တာေတာ့ မေတြ႕ဘူး ဆရာ''

''ေျမကေတာ့ တရားဝင္ေဆာင္႐ြက္မယ္ဆိုရင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္မွတ္ပုံတင္စာ ခ်ဳပ္ခ်ဳပ္ဆိုဖို႔လိုတယ္။ ဒါမွ ကိုယ္ကတရားဝင္ေျမပိုင္ဆိုင္ခြင့္႐ွိလာၿပီး က်န္တဲ့ ေအာက္ထပ္က အိမ္ငွားေတြအေပၚမွာ အိမ္႐ွင္ ေျမ႐ွင္အျဖစ္ ျပန္လည္ဆက္စပ္မႈ႐ွိကာ အိမ္လခေကာက္ခံလို႔ရမွာျဖစ္တယ္''

''ေျမကြက္ကို ဝယ္မယ္ဆိုရင္ေတာ့ ဝယ္ခြန္ေဆာင္ရမွာေပါ့''

''ဟုတ္ပါတယ္။ သက္ဆိုင္ရာ အခြန္အရာ႐ွိကို ေျမခ်ည္းသက္သက္ ဝယ္တယ္ဆိုတာကို ႐ွင္းျပဖို႔လိုတယ္''

''ဒါမွမဟုတ္ရင္ အေဆာက္အအုံတစ္ခုလုံးဝယ္ဆိုတာမ်ိဳးျဖစ္လာႏိုင္တာေပါ့ေနာ္''

''မွန္ပါတယ္။ အဲဒီအခ်က္ကို ေသခ်ာေအာင္အျမတ္ခြန္အရာ႐ွိနဲ႔ ေဆြးေႏြးဖို႔လိုပါတယ္''

''ဟုတ္ကဲ့ ဆရာ။ ေျမတန္ဖိုး သတ္မွတ္ခ်က္ကေတာ့ သက္ဆိုင္ရာတန္ဖိုးျဖတ္အခြန္အရာ႐ွိေတြကပဲ သတ္မွတ္ေပးတာလား''

''ဟုတ္တယ္။ သက္ဆိုင္ရာ အခြန္အရာ႐ွိေတြက ကြင္းဆင္းစစ္ေဆးၿပီး လမ္းအေျခအေနေျမကြက္ ေနရာေပၚမူတည္ၿပီး သက္ဆိုင္ရာကသတ္မွတ္ေၾကညာထားတဲ့ ေျမကြက္စံႏႈန္းေပၚ မွာ မူတည္ဆုံးျဖတ္မွာ ျဖစ္ပါတယ္''

''ေျမကြက္စံႏႈန္းဆိုတာက ဘယ္လိုလဲဆရာ''

''ဘ႑ာေရးဝန္ႀကီးဌာနကေနၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ ညႇိႏိႈင္းသတ္မွတ္ထားတဲ့ အိမ္ေျမစံႏႈန္း ေတြကို ႏွစ္အလိုက္ေၾကညာထားတာ႐ွိတယ္။ သက္ဆိုင္ရာအခြန္ ဦးစီးဌာန႐ုံးေတြမွာကပ္ထားတယ္။ အဲဒီႏႈန္းထားေတြနဲ႔ တန္ဖိုးျဖတ္အဖြဲ႕က သတ္မွတ္တန္ဖိုးျဖတ္တာ ျဖစ္တယ္''

''အဲဒီေျမတန္ဖိုးျဖတ္အေပၚမွာ အခြန္ေဆာင္ရမွာေပါ့ေနာ္''

ဟုတ္ပါတယ္။ ေျမအိမ္တန္ဖိုး သိန္းတစ္ေထာင္ထက္ေက်ာ္ရင္ေတာ့ ဝယ္ခြန္အေနနဲ႔ ဝင္ေငြရလမ္း မေဖာ္ ျပႏိုင္ရင္ ၃ဝ ရာခိုင္ႏႈန္းထိခ်မွတ္ ေကာက္ခံႏိုင္ပါတယ္။

''ကြၽန္ေတာ္က ႏိုင္ငံျခားသေဘၤာလိုက္ေနေတာ့ အခြန္ျပႏိုင္တာေတာ့႐ွိတယ္ ဆရာ''

''ဝင္ေငြခြန္ေဆာင္ထားတာ႐ွိရင္ေတာ့ ႏုတ္ေပးႏိုင္တာေပါ့။ သက္သာတာေပါ့ေလ''

''အဲဒါၿပီးရင္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံံးမွာ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုရမွာ ျဖစ္ပါတယ္။ စာခ်ဳပ္ စာတမ္း မွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုမယ္ဆိုရင္ ပထမဦးဆုံး သက္ဆိုင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေျမယာဌာနမွာ ေျမကြက္ေရာင္းရန္ဆိုၿပီး ေျမပုံေျမရာဇဝင္ကူးယူရပါတယ္။ အဲဒါရယ္ အခြန္ ေဆာင္ထားတဲ့ ေျပစာရယ္ပူးတြဲတင္ျပၿပီး အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆိုရမွာ ျဖစ္ပါတယ္''

''မွတ္ပုံတင္ခေပးရေသးတယ္လို႔ ေျပာသံၾကားဖူးတယ္ ဟုတ္ပါသလား''

''ဟုတ္ပါတယ္။ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ခအျဖစ္ တန္ဖိုး၏ ဝ.၅ ရာခိုင္ႏႈန္း ေပးသြင္းရပါတယ္။ ၿပီးရင္ ရက္ႏွစ္ပတ္ခန္႔အၾကာမွာ စာခ်ဳပ္မူရင္းထုတ္ေပးပါတယ္''

''ေျမကြက္အမည္ေျပာင္းဖို႔ ႐ွိမွာေပါ့ေနာ္''

''မွန္ပါတယ္။ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ရရင္ေတာ့ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ေျမယာ ဌာနမွာ ေျမကြက္ပိုင္႐ွင္ အမည္ေပါက္ေလွ်ာက္ထားရပါတယ္''

''အဆင့္ေတြအေတာ္မ်ားတယ္ ဆရာ။ ေလာေလာဆယ္တိုက္ခန္းပဲ ဝယ္ထားၿပီး လက္ေရာက္ယူထားရင္ ျဖစ္တယ္ မဟုတ္လား''

''ျဖစ္ပါတယ္။ ဒါေပမယ့္ ေျမပါ ဝယ္မယ္ စိတ္ကူးရင္ေတာ့ ေျမကြက္အမည္ေပါက္ အဘြားႀကီးသက္႐ွိ ထင္႐ွား ႐ွိခ်ိန္မွာ လုပ္တာအဆင္ေျပတယ္။ ေငြလည္း လိုအပ္ေနတယ္ဆိုေတာ့ ေဈးသက္သာႏိုင္တာေပါ့။ သူကြယ္လြန္ သြားမွ သားသမီးေတြ အေမြဆက္ခံခြင့္ေလွ်ာက္တာနဲ႔ အေမြခြဲေဝ ေငြမညီၫြတ္လို႔ အဆင္မေျပျဖစ္တတ္တယ္။ ဒါေၾကာင့္ ေျမကိုပါ ေျမကြက္အမည္ေပါက္ ဝယ္မယ္လု႔ိ စိတ္ကူးရင္ေတာ့ သက္႐ွိထင္႐ွား႐ွိေနစဥ္မွာ ဝယ္ပါလို႔ တိုက္တြန္းခ်င္တယ္'' ဟု အၾကံျပဳေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service