အိမ်ငှါးထားရှိသော အဆောက်အအုံအား ဝယ်မည်ဆိုလျှင်

အိမ်ငှါးထားရှိသော အဆောက်အအုံအား ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
15 Sep 2020 12:45 pm တွင် တင်ခဲ့သည်
751 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မိတ်ဆွေတစ်ဦးက အိမ် နှင့် မြေဝယ်ရန် အစီအစဉ်ရှိ ကြောင်း၊ ဝယ်မည့် အိမ်တွင် မူလအိမ်ရှင်ငှားထားသော အိမ်ငှားများ ရှိနေကြောင်း၊ အိမ်ငှားရမ်းခြင်း နှစ်ချုပ် သက်တမ်းမကုန်သေးသဖြင့် ဆက်လက်အငှားချထားလျှင် မည်သို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးလာပါသည်။

မှန်ပါသည်။ အိမ်မြေတိုက်ခန်းများ ဝယ်ယူရာတွင် အိမ်ငှားရှိ သော အဆောက်အအုံကို ဝယ်မိသဖြင့် အရောင်းအဝယ် ကိစ္စတွင် အိမ်ငှားများ ပါဝင်လာပေသည်။ အိမ်ငှားသက်တမ်းကုန်သော်လည်း ဆင်းမပေးဘဲ ဆက်လက် နေထိုင်သဖြင့် တရားစွဲဆိုရသည့် အခြေအနေမျိုးလည်းရှိတတ်သည်။ ထို့ကြောင့် ဝယ်ယူစဉ်က အဆောက်အအုံ တိုက်ခန်းသည် အခန်းလွတ်မဟုတ်ဘဲ အိမ်ငှားများ ရှိ နေပါက အဆိုပါ အိမ်ငှားများနှင့် ဝယ်ယူလိုက်သူတို့ အိမ်ရှင်အိမ် ငှား သီးခြား စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

အိမ်ရှင် အိမ်ငှားဆက်စပ်မှု

၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၂ (ဂ)တွင် အိမ်ရှင်ဆိုသည်မှာ မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ သူတစ်ပါး၏ ကိုယ်စားဖြစ်စေ၊ ဥပစာ တစ်ခုခုနှင့် စပ်လျဉ်း၍ ငှားရမ်းခရထိုက်ခွင့်ရှိသောသူကို ဆိုလိုသည်ဟု ဖော်ပြထားပေသည်။

ထို့တူ ယင်းအက်ဥပဒေ ပုဒ်မ ၂(ဆ)တွင် အိမ်ငှားဆိုသည်မှာ ဥပစာအတွက် မိမိကိုယ်တိုင် ဖြစ်စေ၊ အခြားသူမှ တစ်ဆင့်ဖြစ် စေ ငှားရမ်းခပေးရမည့် သူတစ်ဦး တစ်ယောက် ဆိုလိုသည်ဟု ဖော် ပြထားပါသည်။

ထို့ကြောင့် အဆောက်အဦးဝယ်စဉ်က ပါရှိလာသော မူလ အိမ်ငှားကို မိမိနှင့် အိမ်ရှင်အိမ်ငှား ဆက်စပ်မှုရှိစေရန် အိမ်ရှင်အိမ်ငှား စာချုပ်ထပ်မံချုပ်ဆိုပြီး ငှားရမ်းခများ ရယူထားရမည်ဖြစ်သည်။ သို့မှသာ အိမ်ရှင်အိမ်ငှား ဆက်စပ်မှုရှိလာမည်ဖြစ်သည်။

နှစ်ချုပ်ငှားရမ်းသည့် ကိစ္စရပ်များတွင် အဆောက်အအုံ ရောင်းချသူ မူလအိမ်ရှင်နှင့် ငှားရမ်းခြင်းသက်တမ်းကုန်ဆုံးပြီး ဆက်လက်နေထိုင်ပါက ဝယ်ယူသူပိုင်ရှင်နှင့် အိမ်ရှင်အိမ်ငှား ဆက်စပ်မှုမရှိဘဲ အဆောက်အအုံတွင် ကျူးကျော်နေထိုင်သူအဖြစ် ရောက်ရှိသွားပေသည်။

ပိုင်ရှင်ပြောင်းသွားခြင်း

အိမ်ငှားရှိသော အဆောက်အအုံကို ဝယ်လိုက်သဖြင့် မူလအဆောက်အအုံတွင်ရှိသော အိမ်ငှားမှာ အဆောက်အအုံဝယ်သူ၏ အိမ်ငှားအဖြစ် အလိုအလျောက်ရောက်ရှိသွားမည် မဟုတ်ပေ။ မိမိဝယ်ယူခြင်းသည်လည်း ဥပဒေနှင့်အညီ ဝယ်ယူခြင်း ဖြစ်ရပေမည်။ အိမ်ခြံမြေဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ နှင့်အညီ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ သို့မှသာ ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၅၄ အရ အဖိုးစားနားပေးအပ်ပြီး တရားဝင်လက်ရောက်ရယူ လွှဲ ပြောင်းပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

တရားရုံးချုပ်က ဆုံးဖြတ်ထုံးဖွဲ့ထားသည့် ”ဒေါ်တင်ရွှေနှင့် ဦးသောင်းညွန့် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၈၈” အမှုတွင် ဦးသောင်းညွန့်က အချင်းဖြစ်နေအိမ်တွင် ဒေါ်တင်ရွှေသည် အိမ်ငှားအဖြစ်နေထိုင်လျက်ရှိကြောင်း၊ ငှားရမ်းခများကို ၁၉ရဝ ခုနှစ်ထိသာ ပေးခဲ့ပြီး နောက်ပိုင်းပေးရန် ပျက်ကွက်ခဲ့ ကြောင်း၊ ဒေါ်တင်ရွှေ၏ ပေါ့လျော့ ပျက်ကွက်မှုကြောင့် အချင်းဖြစ် ဥပစာပျက်စီးလာခဲ့ကြောင်း၊ ဒေါ်တင်ရွှေနှင့်အတူ နေထိုင်သူ ဦးချစ်စိန်မှာ ညဉ့်နက်သန်းခေါင်ထိ အသံချဲ့စက်ဖွင့်သဖြင့် ရဲအက်ဥပဒေ ပုဒ်မ ၄၁ အရ မြို့နယ်တရားရုံးက ဦးချစ်စိန်အား ဒဏ်ငွေ ၇၅ ကျပ် တပ်ရိုက်ခဲ့ကြောင်း၊ ဥပစာမှ ဖယ်ရှားပေးရန် အကြောင်း ကြားစာပေး ပို့သော်လည်း ဖယ်ရှားမပေးသဖြင့် ဒေါ်တင်ရွှေအပေါ် အိမ်နှင်လိုမှု စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အဆိုပြု စွဲ ဆိုထားသည်။

မြို့နယ်တရားရုံးနှင့် တိုင်း တရားရုံးတို့မှ ဦးသောင်းညွန့်စွဲဆို သည့်အတိုင်း အနိုင်ဒီကရီချမှတ် ပေးခဲ့သဖြင့် ဒေါ်တင်ရွှေမှ တရား ရုံးချုပ်သို့ အယူခံဝင်လာခြင်း ဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ ယခုအမှုတွင် ဒေါ်တင်ရွှေ၏ အယူခံလွှာ၌ မိမိ သည် ဦးသောင်းညွန့်နှင့် အိမ်ရှင် အိမ်ငှားဆက်သွယ်မှု မရှိကြောင်း၊ မိမိ၏ အိမ်ရှင်မှာ ဦးလုံးတင်ဖြစ် ကြောင်း၊ မိမိထံမှ ဦးသောင်းညွန့် က အိမ်ငှားရမ်းခများ တောင်းခံ ဖူးခြင်း မရှိကြောင်း၊ ဦးလုံးတင်က ဦးသောင်းညွန့်အား ကတိစာချုပ် ဖြင့် အချင်းဖြစ်နေအိမ်ကို ရောင်းချသည်ဟု ဆိုသော်လည်း ယင်း စာချုပ်မှာ မှတ်ပုံတင်စာချုပ်မ ဟုတ်ကြောင်း တင်ပြထုချေထားသည်။

ယခုအမှုတွင် ဦးလုံးတင်က အချင်းဖြစ်နေအိမ်ကို ဦး သောင်းညွန့်သို့ သက်သေခံ စာချုပ်ဖြင့် ရောင်းချခဲ့သည်ဆိုသော်လည်း ထိုစာချုပ်မှာ မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၁၇ နှင့် ပစ္စည်း လွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် အလျောက်အရောင်းအဝယ်မှာ အထမမြောက်ချေ။ ထိုကြောင့် ဦးသောင်းညွန့်မှာ အိမ်ပိုင်ရှင်ဖြစ်မလာပေ။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁ဝ၉ တွင် အ ငှားချထားသူထံမှ လွှဲပြောင်းခံယူသူ၏ ပိုင်ရေးပိုင်ခွင့်နှင့် ပတ်သက်၍ အငှားချထားသူက လွှဲပြောင်း ပေးသည့် ပစ္စည်းကို ပိုင်ဆိုင်သမျှ၊ ပိုင်ရေးပိုင်ခွင့်အရပ်ရပ်အား လွှဲပြောင်းခံယူသူက ရရှိစေရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

ယခုအမှုတွင် ဦးသောင်းညွန့်မှာ အိမ်ပိုင်ရှင်မဖြစ်သော ကြောင့် ဒေါ်တင်ရွှေသည်လည်း ဦးသောင်းညွန့်၏ အိမ်ငှားဖြစ်လာသည်ဟု မဆိုနိုင်ပေ။ ဦးသောင်း ညွန့်ကလည်း ဒေါ်တင်ရွှေထံမှ ငှားရမ်းခများကို ကောက်ခံခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားသည်။ ထို့ကြောင့် ဦးသောင်းညွန့်မှာ ဒေါ်တင်ရွှေနှင့် အိမ်ရှင်အိမ်ငှား ဆက်သွယ်မှုရှိကြောင်း မပေါ်ပေါက်ဟု သုံးသပ်ပြီး ဦးသောင်းညွန့်စွဲဆိုသည့် အမှုကို ပလပ်ခဲ့ပေသည်။

သို့ဖြစ်၍ အိမ်ငှားရှိသော အိမ်နှင့် မြေကို ဝယ်ယူပါက တရားဝင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ပြုလုပ်ချုပ်ဆိုမှသာ အိမ်ငှား ချထားသူထံမှ ငှားရမ်းထားသည့် အခွင့်အရေးသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁ဝ၉ အရ ရရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက ဝယ်သူမှာ အိမ်ငှားအပေါ် စီမံခန့်ခွဲနိုင်သည့် အခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ် ပြီး ဝယ်ယူထားသည့် အဆောက်အအုံပင်ဆုံးရှုံးသွားနိုင်ကြောင်း ဗဟုသုတအဖြစ်ရေးသား လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

 

[Zawgyi]

အိမ္ငွါးထားရွိေသာ အေဆာက္အအံုအား ဝယ္မည္ဆိုလွ်င္

မိတ္ေဆြတစ္ဦးက အိမ္ ႏွင့္ ေျမဝယ္ရန္ အစီအစဥ္ရွိ ေၾကာင္း၊ ဝယ္မည့္ အိမ္တြင္ မူလအိမ္ရွင္ငွားထားေသာ အိမ္ငွားမ်ား ရွိေနေၾကာင္း၊ အိမ္ငွားရမ္းျခင္း ႏွစ္ခ်ဳပ္ သက္တမ္းမကုန္ေသးသျဖင့္ ဆက္လက္အငွားခ်ထားလွ်င္ မည္သို႔ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေဆြးေႏြးလာပါသည္။

မွန္ပါသည္။ အိမ္ေျမတိုက္ခန္းမ်ား ဝယ္ယူရာတြင္ အိမ္ငွားရွိေသာ အေဆာက္အအုံကို ဝယ္မိသျဖင့္ အေရာင္းအဝယ္ကိစၥတြင္ အိမ္ငွားမ်ား ပါဝင္လာေပသည္။ အိမ္ငွားသက္တမ္းကုန္ေသာ္လည္း ဆင္းမေပးဘဲ ဆက္လက္ ေနထိုင္သျဖင့္ တရားစြဲဆိုရသည့္ အေျခအေနမ်ိဳးလည္းရွိတတ္သည္။ ထို႔ေၾကာင့္ ဝယ္ယူစဥ္က အေဆာက္အအုံ တိုက္ခန္းသည္ အခန္းလြတ္မဟုတ္ဘဲ အိမ္ငွားမ်ားရွိေနပါက အဆိုပါ အိမ္ငွားမ်ားႏွင့္ ဝယ္ယူလိုက္သူတို႔ အိမ္ရွင္အိမ္ ငွား သီးျခား စာခ်ဳပ္ခ်ဳပ္ဆိုရမည္ ျဖစ္သည္။

အိမ္ရွင္ အိမ္ငွားဆက္စပ္မႈ

၁၉၆ဝ ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခ ႀကီးၾကပ္ေရး အက္ ဥပေဒပုဒ္မ ၂ (ဂ)တြင္ အိမ္ရွင္ဆိုသည္မွာ မိမိအတြက္ျဖစ္ေစ၊ သူတစ္ပါးအတြက္ျဖစ္ေစ၊ သူတစ္ပါး၏ ကိုယ္စားျဖစ္ေစ၊ ဥပစာ တစ္ခုခုႏွင့္ စပ္လ်ဥ္း၍ ငွားရမ္းခရထိုက္ခြင့္ရွိေသာသူကို ဆိုလိုသည္ဟု ေဖာ္ျပထားေပသည္။

ထို႔တူ ယင္းအက္ဥပေဒ ပုဒ္မ ၂(ဆ)တြင္ အိမ္ငွားဆိုသည္မွာ ဥပစာအတြက္ မိမိကိုယ္တိုင္ ျဖစ္ေစ၊ အျခားသူမွ တစ္ဆင့္ျဖစ္ ေစ ငွားရမ္းခေပးရမည့္ သူတစ္ဦး တစ္ေယာက္ ဆိုလိုသည္ဟု ေဖာ္ ျပထားပါသည္။

ထို႔ေၾကာင့္ အေဆာက္အဦးဝယ္စဥ္က ပါရွိလာေသာ မူလ အိမ္ငွွားကို မိမိႏွင့္ အိမ္ရွင္အိမ္ငွား ဆက္စပ္မႈရွိေစရန္ အိမ္ရွင္အိမ္ငွား စာခ်ဳပ္ထပ္မံခ်ဳပ္ဆိုၿပီး ငွားရမ္းခမ်ား ရယူထားရမည္ျဖစ္သည္။ သို႔မွသာ အိမ္ရွင္အိမ္ငွား ဆက္စပ္မႈရွိလာမည္ျဖစ္သည္။

ႏွစ္ခ်ဳပ္ငွားရမ္းသည့္ ကိစၥရပ္မ်ားတြင္ အေဆာက္အအုံ ေရာင္းခ်သူ မူလအိမ္ရွင္ႏွင့္ ငွားရမ္းျခင္းသက္တမ္းကုန္ဆုံးၿပီး ဆက္လက္ေနထိုင္ပါက ဝယ္ယူသူပိုင္ရွင္ႏွင့္ အိမ္ရွင္အိမ္ငွား ဆက္စပ္မႈမရွိဘဲ အေဆာက္အအုံတြင္ က်ဴးေက်ာ္ေနထိုင္သူအျဖစ္ ေရာက္ရွိသြားေပသည္။

ပိုင္ရွင္ေျပာင္းသြားျခင္း

အိမ္ငွားရွိေသာ အေဆာက္အအုံကို ဝယ္လိုက္သျဖင့္ မူလအေဆာက္အအုံတြင္ရွိေသာ အိမ္ငွားမွာ အေဆာက္အအုံဝယ္သူ၏ အိမ္ငွားအျဖစ္ အလိုအေလ်ာက္ေရာက္ရွိသြားမည္ မဟုတ္ေပ။ မိမိဝယ္ယူျခင္းသည္လည္း ဥပေဒႏွင့္အညီ ဝယ္ယူျခင္း ျဖစ္ရေပမည္။ အိမ္ၿခံေျမျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အက္ဥပေဒ ပုဒ္မ ၁၇ ႏွင့္အညီ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။ သို႔မွသာ ပစၥည္း လႊဲေျပာင္းျခင္း အက္ဥပေဒ ပုဒ္မ ၅၄ အရ အဖိုးစားနားေပးအပ္ၿပီး တရားဝင္လက္ေရာက္ရယူ လႊဲ ေျပာင္းပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။

တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထုံးဖြဲ႕ထားသည့္ ”ေဒၚတင္ေ႐ႊႏွင့္ ဦးေသာင္းၫြန႔္ ၁၉၈၃ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၈၈” အမႈတြင္ ဦးေသာင္းၫြန႔္က အခ်င္းျဖစ္ေနအိမ္တြင္ ေဒၚတင္ေ႐ႊသည္ အိမ္ငွားအျဖစ္ေနထိုင္လ်က္ရွိေၾကာင္း၊ ငွားရမ္းခမ်ားကို ၁၉ရဝ ခုႏွစ္ထိသာ ေပးခဲ့ၿပီး ေနာက္ပိုင္းေပးရန္ ပ်က္ကြက္ခဲ့ ေၾကာင္း၊ ေဒၚတင္ေ႐ႊ၏ ေပါ့ေလ်ာ့ ပ်က္ကြက္မႈေၾကာင့္ အခ်င္းျဖစ္ ဥပစာပ်က္စီးလာခဲ့ေၾကာင္း၊ ေဒၚတင္ေ႐ႊႏွင့္အတူ ေနထိုင္သူ ဦးခ်စ္စိန္မွာ ညဥ့္နက္သန္းေခါင္ထိ အသံခ်ဲ႕စက္ဖြင့္သျဖင့္ ရဲအက္ဥပေဒ ပုဒ္မ ၄၁ အရ ၿမိဳ႕နယ္တရား႐ုံးက ဦးခ်စ္စိန္အား ဒဏ္ေငြ ၇၅ က်ပ္ တပ္႐ိုက္ခဲ့ေၾကာင္း၊ ဥပစာမွ ဖယ္ရွားေပးရန္ အေၾကာင္း ၾကားစာေပး ပို႔ေသာ္လည္း ဖယ္ရွားမေပးသျဖင့္ ေဒၚတင္ေ႐ႊအေပၚ အိမ္ႏွင္လိုမႈ စြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း အဆိုျပဳ စြဲ ဆိုထားသည္။

ၿမိဳ႕နယ္တရား႐ုံးႏွင့္ တိုင္းတရား႐ုံးတို႔မွ ဦးေသာင္းၫြန႔္စြဲဆိုသည့္အတိုင္း အႏိုင္ဒီကရီခ်မွတ္ ေပးခဲ့သျဖင့္ ေဒၚတင္ေ႐ႊမွ တရား႐ုံးခ်ဳပ္သို႔ အယူခံဝင္လာျခင္း ျဖစ္သည္။

တရား႐ုံးခ်ဳပ္က သုံးသပ္ဆုံးျဖတ္သည္မွာ ယခုအမႈတြင္ ေဒၚတင္ေ႐ႊ၏ အယူခံလႊာ၌ မိမိ သည္ ဦးေသာင္းၫြန႔္ႏွင့္ အိမ္ရွင္ အိမ္ငွားဆက္သြယ္မႈ မရွိေၾကာင္း၊ မိမိ၏ အိမ္ရွင္မွာ ဦးလုံးတင္ျဖစ္ ေၾကာင္း၊ မိမိထံမွ ဦးေသာင္းၫြန႔္က အိမ္ငွားရမ္းခမ်ား ေတာင္းခံ ဖူးျခင္း မရွိေၾကာင္း၊ ဦးလုံးတင္က ဦးေသာင္းၫြန႔္အား ကတိစာခ်ဳပ္ ျဖင့္ အခ်င္းျဖစ္ေနအိမ္ကို ေရာင္းခ်သည္ဟု ဆိုေသာ္လည္း ယင္း စာခ်ဳပ္မွာမွတ္ပုံတင္စာခ်ဳပ္မဟုတ္ေၾကာင္း တင္ျပထုေခ်ထားသည္။

ယခုအမႈတြင္ ဦးလုံးတင္က အခ်င္းျဖစ္ေနအိမ္ကို ဦး ေသာင္းၫြန႔္သို႔ သက္ေသခံစာခ်ဳပ္ျဖင့္ ေရာင္းခ်ခဲ့သည္ဆိုေသာ္လည္း ထိုစာခ်ဳပ္မွာ မွတ္ပုံတင္ အက္ဥပေဒပုဒ္မ ၁၇ ႏွင့္ ပစၥည္း လႊဲေျပာင္းေရး အက္ဥပေဒ ပုဒ္မ ၅၄ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္ထားျခင္းမရွိသည့္ အေလ်ာက္အေရာင္းအဝယ္မွာ အထမေျမာက္ေခ်။ ထိုေၾကာင့္ ဦးေသာင္းၫြန႔္မွာ အိမ္ပိုင္ရွင္ျဖစ္မလာေပ။

ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒ ပုဒ္မ ၁ဝ၉ တြင္ အငွားခ်ထားသူထံမွ လႊဲေျပာင္းခံယူသူ၏ ပိုင္ေရးပိုင္ခြင့္ႏွင့္ ပတ္သက္၍ အငွားခ်ထားသူက လႊဲေျပာင္း ေပးသည့္ ပစၥည္းကို ပိုင္ဆိုင္သမွ်၊ ပိုင္ေရးပိုင္ခြင့္အရပ္ရပ္အား လႊဲေျပာင္းခံယူသူက ရရွိေစရမည္ျဖစ္သည္ဟု ျပ႒ာန္းထားသည္။

ယခုအမႈတြင္ ဦးေသာင္းၫြန႔္မွာ အိမ္ပိုင္ရွင္မျဖစ္ေသာ ေၾကာင့္ ေဒၚတင္ေ႐ႊသည္လည္း ဦးေသာင္းၫြန႔္၏ အိမ္ငွားျဖစ္လာသည္ဟု မဆိုႏိုင္ေပ။ ဦးေသာင္း ၫြန႔္ကလည္း ေဒၚတင္ေ႐ႊထံမွ ငွားရမ္းခမ်ားကို ေကာက္ခံခဲ့ျခင္း မရွိေၾကာင္း ထြက္ဆိုထားသည္။ ထို႔ေၾကာင့္ ဦးေသာင္းၫြန႔္မွာ ေဒၚတင္ေ႐ႊႏွင့္ အိမ္ရွင္အိမ္ငွား ဆက္သြယ္မႈရွိေၾကာင္း မေပၚေပါက္ဟု သုံးသပ္ၿပီး ဦးေသာင္းၫြန႔္စြဲဆိုသည့္ အမႈကို ပလပ္ခဲ့ေပသည္။

သို႔ျဖစ္၍ အိမ္ငွားရွိေသာ အိမ္ႏွင့္ေျမကိုဝယ္ယူပါက တရားဝင္မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆိုမွသာ အိမ္ငွားခ်ထားသူထံမွ ငွားရမ္းထားသည့္ အခြင့္အေရးသည္ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒ ပုဒ္မ ၁ဝ၉ အရ ရရွိမည္ျဖစ္သည္။ သို႔မဟုတ္ပါက ဝယ္သူမွာ အိမ္ငွားအေပၚ စီမံခန႔္ခြဲႏိုင္သည့္ အခြင့္အေရး ဆုံးရႈံးသြားမည္ျဖစ္ၿပီး ဝယ္ယူထားသည့္ အေဆာက္အအုံပင္ဆုံးရႈံးသြားႏိုင္ေၾကာင္း ဗဟုသုတအျဖစ္ေရးသား လိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service