ရုရှားက Covid-19 ကာကွယ်ဆေးအလုံးရေ သန်း ၅၀ ဘရာဇီးသို့ သင်္ဘောတင်ပို့မည်

ရုရှားက Covid-19 ကာကွယ်ဆေးအလုံးရေ သန်း ၅၀ ဘရာဇီးသို့ သင်္ဘောတင်ပို့မည် - Property News in Myanmar from iMyanmarHouse.com
13 Sep 2020 11:56 am တွင် တင်ခဲ့သည်
6837 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယအများပြားဆုံး ကူးစက်ခံနေရသော ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးဖြစ်သော ရုရှားထုတ် Sputnik V ကာကွယ်ဆေးအလုံးရေ သန်း ၅၀ ကို လက်ခံရရှိတော့မည် ဖြစ်သည်။

“ကာကွယ်ဆေးတင်ပို့မှုကို နိုဝင်ဘာလထဲမှာ စတင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ထုတ်ပြန်သည်။ RDIF သည် ကာကွယ်ဆေးထုတ်လုပ်မှုအတွက် ရန်ပုံငွေ ထောက်ပံ့ထားသူ ဖြစ်သည်။

ရုရှားက ဘရာဇီးသို့ ကာကွယ်ဆေးတင်ပို့မည့် ယခုကိစ္စမှာ ဘရာဇီး အုပ်ချုပ်ရေးပိုင်းမှ နောက်ဆုံးအတည်ပြုချက် ရရှိရန် လိုအပ်နေသေးသည်။

လက်ရှိအခြေအနေတွင် ကာကွယ်ဆေးသန်းပေါင်းများစွာ သဘောတူညီချက်တွင် ဘရာဇီးမှ Bahia ပြည်နယ်တစ်ခုတည်းသာ သဘောတူထားသေးသော်လည်း နောက်ဆုံးတွင် တစ်နိုင်ငံလုံးအဆင့် သဘောတူညီချက်ရရှိလာမည်ဟု မျှော်လင့်ထားသည်။

ရုရှား၏ ကာကွယ်ဆေးသည် အဆင့် ၃ စမ်းသပ်မှုကို မပြုလုပ်ဘဲ ထုတ်လုပ်ခဲ့ခြင်းအပေါ် အနောက်နိုင်ငံများက ဝေဖန်ကြသည်။

ရုရှား၏ Covid-19 ကာကွယ်ဆေးသည် ကာကွယ်ဆေးထုတ်လုပ်မှုနယ်ပယ်တွင် ကာလကြာရှည်စိတ်ချယုံကြည်ခဲ့ကြသည့် နည်းလမ်းဖြစ်သော adenoviral vector များကို အသုံးပြုကာ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါနည်းလမ်း၏ ယုံကြည်စိတ်ချရမှုကို သုတေသနများ ကျယ်ပြန့်စွာပြုလုပ်ပြီး အတည်ပြုခဲ့ကြပြီးဖြစ်သည်။

လက်တင်အမေရိကဒေသသို့ ရုရှားထုတ် ကာကွယ်ဆေးပေါင်း သန်း ၁၀၀ နှင့်အထက် တင်ပို့သွားရန် RDIF က မျှော်မှန်းထားခဲ့သည်။

Sputnit V ကာကွယ်ဆေးကို ရုရှားမှ Gamaleya ကပ်ရောဂါနှင့်အဏုဇီဝ သုတေသန အင်စတီကျုနှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်တွင်ကား ရုရှားနိုင်ငံသည် ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့သည်။

ကမ္ဘာ့ပြည်သူများအတွက်မူ လာမည့် နှစ်သစ်ကူးကာလတွင် ရရှိနိုင်ရန် စီစဉ်ထားသည်။

လက်ရှိအားဖြင့် တတိယဆင့် စမ်းသပ်မှုကို ဆက်လက်ပြုလုပ်နေပြီး မိမိဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံမည့်သူ ၄၀၀၀၀ ကို ဆေး ၂ ကြိမ်စီ ထိုးပေးမည် ဖြစ်သည်။

Sputnit V ကာကွယ်ဆေး မှတ်ပုံတင်ကြောင်း ကြေညာပြီးနောက်ပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်းမှ ကာကွယ်ဆေး ၁ ဘီလီယံကျော် အမှာစာ လက်ခံရရှိထားကြောင်း RDIF က ထုတ်ပြန်သည်။

တောင်အမေရိကတိုက်၏ အကြီးမားဆုံးနိုင်ငံဖြစ်သော ဘရာဇီးသည် ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်နိုင်ငံများတွင် တစ်ခုဖြစ်လာနေသည်။

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၃၁၅၈၅၈ ဦးအထိရှိနေပြီး သေဆုံးသူ ၁၃၁၂၇၄ ဦး ရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Help on its way: Russia set to ship up to 50 MILLION doses of pioneering coronavirus vaccine Sputnik V to badly-hit Brazil (RT)

[Zawgyi]

ရုရွားက Covid-19 ကာကြယ္ေဆးအလံုးေရ သန္း ၅၀ ဘရာဇီးသို႔ သေဘၤာတင္ပို႔မည္

ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ ဒုတိယအမ်ားျပားဆံုး ကူးစက္ခံေနရေသာ ဘရာဇီးႏိုင္ငံသည္ ကမၻာ့ပထမဆံုး Covid-19 ကာကြယ္ေဆးျဖစ္ေသာ ရုရွားထုတ္ Sputnik V ကာကြယ္ေဆးအလံုးေရ သန္း ၅၀ ကို လက္ခံရရွိေတာ့မည္ ျဖစ္သည္။

“ကာကြယ္ေဆးတင္ပို႔မႈကို ႏိုဝင္ဘာလထဲမွာ စတင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္” ဟု ရုရွား တိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြအဖြဲ႔ (RDIF) က ထုတ္ျပန္သည္။ RDIF သည္ ကာကြယ္ေဆးထုတ္လုပ္မႈအတြက္ ရန္ပံုေငြ ေထာက္ပံ့ထားသူ ျဖစ္သည္။

ရုရွားက ဘရာဇီးသို႔ ကာကြယ္ေဆးတင္ပို႔မည့္ ယခုကိစၥမွာ ဘရာဇီး အုပ္ခ်ဳပ္ေရးပိုင္းမွ ေနာက္ဆံုးအတည္ျပဳခ်က္ ရရွိရန္ လိုအပ္ေနေသးသည္။

လက္ရွိအေျခအေနတြင္ ကာကြယ္ေဆးသန္းေပါင္းမ်ားစြာ သေဘာတူညီခ်က္တြင္ ဘရာဇီးမွ Bahia ျပည္နယ္တစ္ခုတည္းသာ သေဘာတူထားေသးေသာ္လည္း ေနာက္ဆံုးတြင္ တစ္ႏိုင္ငံလံုးအဆင့္ သေဘာတူညီခ်က္ရရွိလာမည္ဟု ေမွ်ာ္လင့္ထားသည္။

ရုရွား၏ ကာကြယ္ေဆးသည္ အဆင့္ ၃ စမ္းသပ္မႈကို မျပဳလုပ္ဘဲ ထုတ္လုပ္ခဲ့ျခင္းအေပၚ အေနာက္ႏိုင္ငံမ်ားက ေဝဖန္ၾကသည္။

ရုရွား၏ Covid-19 ကာကြယ္ေဆးသည္ ကာကြယ္ေဆးထုတ္လုပ္မႈနယ္ပယ္တြင္ ကာလၾကာရွည္စိတ္ခ်ယံုၾကည္ခဲ့ၾကသည့္ နည္းလမ္းျဖစ္ေသာ adenoviral vector မ်ားကို အသံုးျပဳကာ ထုတ္လုပ္ထားျခင္းျဖစ္သည္ဟုဆိုသည္။

အဆိုပါနည္းလမ္း၏ ယံုၾကည္စိတ္ခ်ရမႈကို သုေတသနမ်ား က်ယ္ျပန္႔စြာျပဳလုပ္ျပီး အတည္ျပဳခဲ့ၾကျပီးျဖစ္သည္။

လက္တင္အေမရိကေဒသသို႔ ရုရွားထုတ္ ကာကြယ္ေဆးေပါင္း သန္း ၁၀၀ ႏွင့္အထက္ တင္ပို႔သြားရန္ RDIF က ေမွ်ာ္မွန္းထားခဲ့သည္။

Sputnit V ကာကြယ္ေဆးကို ရုရွားမွ Gamaleya ကပ္ေရာဂါႏွင့္အဏုဇီဝ သုေတသန အင္စတီက်ဳႏွင့္ ရုရွားကာကြယ္ေရး ဝန္ၾကီးဌာနတို႔ ပူးေပါင္းကာ ထုတ္လုပ္ခဲ့ၾကျခင္းျဖစ္သည္။

ျပီးခဲ့ေသာ ၾသဂုတ္လ ၁၁ ရက္တြင္ကား ရုရွားႏိုင္ငံသည္ ကမၻာ့ပထမဆံုး Covid-19 ကာကြယ္ေဆးကို မွတ္ပံုတင္လိုက္ျပီျဖစ္ေၾကာင္း ရုရွားသမၼတ ဗလာဒီမာ ပူတင္က ေၾကညာခဲ့သည္။

ကမၻာ့ျပည္သူမ်ားအတြက္မူ လာမည့္ ႏွစ္သစ္ကူးကာလတြင္ ရရွိႏိုင္ရန္ စီစဥ္ထားသည္။

လက္ရွိအားျဖင့္ တတိယဆင့္ စမ္းသပ္မႈကို ဆက္လက္ျပဳလုပ္ေနျပီး မိမိဆႏၵအေလ်ာက္ ပါဝင္စမ္းသပ္ခံမည့္သူ ၄၀၀၀၀ ကို ေဆး ၂ ၾကိမ္စီ ထိုးေပးမည္ ျဖစ္သည္။

Sputnit V ကာကြယ္ေဆး မွတ္ပံုတင္ေၾကာင္း ေၾကညာျပီးေနာက္ပိုင္းမွစတင္ကာ ကမၻာတစ္ဝန္းမွ ကာကြယ္ေဆး ၁ ဘီလီယံေက်ာ္ အမွာစာ လက္ခံရရွိထားေၾကာင္း RDIF က ထုတ္ျပန္သည္။

ေတာင္အေမရိကတိုက္၏ အၾကီးမားဆံုးႏိုင္ငံျဖစ္ေသာ ဘရာဇီးသည္ ကိုရိုနာဗိုင္းရပ္စ္ ဗဟိုခ်က္ႏိုင္ငံမ်ားတြင္ တစ္ခုျဖစ္လာေနသည္။

ဘရာဇီးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၃၁၅၈၅၈ ဦးအထိရွိေနျပီး ေသဆံုးသူ ၁၃၁၂၇၄ ဦး ရွိျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Help on its way: Russia set to ship up to 50 MILLION doses of pioneering coronavirus vaccine Sputnik V to badly-hit Brazil (RT)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
bkk-projects
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service