အိမ်မှာ ဖုန်တက်နေတဲ့ စမတ်ဖုန်းဟောင်းတွေကို ဘယ်လို အသုံးချမလဲ?

အိမ်မှာ ဖုန်တက်နေတဲ့ စမတ်ဖုန်းဟောင်းတွေကို ဘယ်လို အသုံးချမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
25 Aug 2020 1:09 pm တွင် တင်ခဲ့သည်
1781 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိမ်မှာ စမတ်ဖုန်း ဟောင်း၊ Tablet ဟောင်းမရှိသူ ခပ်ရှားရှားရယ်။ အတော်များများသည် လုံးဝပျက်သွားလို့ မဟုတ်ဘဲ မော်ဒယ် ဟောင်းသွားသောကြောင့် မကိုင်ချင်တော့သဖြင့်သာ ပစ်ထားခံရပြီး ချောင်ကြားမှာ ဖုန်တက်ကာ လမ်းဆုံးနေရသည်။ စမတ်ဖုန်းဟောင်း၊ Tablet ဟောင်းတွေကို ချောင်ကြားက ဆွဲထုတ်ပြီး ဖုန်ခါလိုက်ပါ။ သူတို့ကို ကောင်းကောင်း အသုံးချလို့ရနိုင်မည့် နေရာတွေကို အောက်မှာ အကြံပြုဖော်ပြပါမည်။

၁။ ebook ဖတ်စက်အဖြစ် သုံးနိုင်သည်။

မော်ဒယ် ဟောင်းသွားလို့လေးတိလေးကန် အလုပ်လုပ်နေသဖြင့် ချောင်ထိုးခံထားရသော ဖုန်းများ၊ Tablet များသည် ebook ဖတ်စက်များအဖြစ်တော့ ကောင်းကောင်း အသုံးဝင်လိမ့်မည်။ စာဖတ်ဖို့အတွက်က ဖုန်းတွေ၊ Tablet တွေကို အလုပ်များများ ခိုင်းဖို့မလို။ ဖန်သားပြင်မှာ စာလုံးတွေ ပေါ်နေရုံ၊ စာမျက်နှာလှန်လို့ ရရုံလောက်နဲ့တင် လုံလောက်သည်။ ebook ဖတ်နိုင်သည့် Kindle၊ Kobo စသည့် Application များစွာရှိသည်။ ဖုန်းဟောင်း၊ Tablet ဟောင်းတွေကို ဝိုင်ဖိုင်ဖြင့် အင်တာနက် ချိတ်ပေးထား လိုက်ဦးမည် ဆိုပါက ကိုယ်ဖတ်ထားသည့် စာမျက်နှာများကို မိမိ အမြဲကိုင်နေသည့်ဖုန်း သစ်၊ Tablet သစ်များထဲမှ အလားတူ Application များမှာလည်း တစ်သားတည်း ဆက်ဖတ်သွားနိုင်မည်။

၂။ ဒီဂျစ်တယ် ရေဒီယို။

ဖုန်းဟောင်း၊ Tablet ဟောင်းများသည် FM ရေဒီယိုအဖြစ် ကောင်းကောင်း အသုံးဝင်သည်။ စားပွဲထောင့်တွင် အမြဲထားပြီး FM ရေဒီယို နားဆင်နိုင်သည်။ ဝိုင်ဖိုင်ချိတ်ပြီး အင်တာနက် ရေဒီယို အက်ပလီကေးရှင်းများ Download လုပ်ထားဦးမည်ဆိုပါက အင်တာနက်ရေဒီယိုကိုပါ နားဆင်နိုင်သေးသည်။ TuneIn Radio ကဲ့သို့ အင်တာနက် ရေဒီယို application များသည် မိမိစိတ်ကြိုက် ရေဒီယိုလိုင်းများ နားဆင်ဖို့ အကောင်းဆုံး အဖော်မွန်များ ဖြစ်သည်။

၃။ အိမ် လုံခြုံရေး ကင်မရာ။

ဖုန်းဟောင်း၊ Tablet ဟောင်းများကို ချောင်ကြိုချောင်ကြားတွင် ဖုန်တက်ခံပြီး သိမ်းထားမည့် အစား အိမ်ထဲတစ်နေရာရာတွင် တပ်ဆင်ကာ လုံခြုံရေး ကင်မရာအဖြစ် အသုံးချလိုက်ပါ။ ပလပ်ပေါက်တွင် ပလပ်ထိုးပြီး အမြဲဖွင့်ထားနိုင်သည်။ အိမ်မှ ဝိုင်ဖိုင်ဖြင့် ချိတ်ထားဦးမည်ဆိုပါက ကိုယ်အပြင်သွားလျှင်ပင် ကိုယ့်စမတ်ဖုန်းမှ အိမ်က စမတ်ဖုန်းဟောင်းဆီချိတ်ပြီး အိမ်ထဲမြင်ကွင်းများကို ကြည့်နိုင်မည်။ Perch ကဲ့သို့ လုံခြုံရေး ကင်မရာ application များလည်း ရှိနေသည်။ အခြား နှစ်သက်ရာ လုံခြုံရေးကင်မရာ application များလည်း ဖုန်းဟောင်းထဲ Download ဆွဲထည့်ထားနိုင်သည်။

၄။ စာစီစာရိုက်ဖို့။

ဖုန်းမှာ၊ Tablet မှာ စာစီ စာရိုက်တာမျိုးက ပရိုဆက်ဆာ စွမ်း ရည် များများစားစား မလို။ မော်ဒယ်ဟောင်းသွားသည့် ပစ္စည်းများမှာပါ ပေါ့ပေါ့ပါးပါး လုပ်နိုင်သည်။ ဖုန်းဟောင်း၊ Tablet ဟောင်းထဲမှာ Microsoft Word, iA Writer စသည့် application များ ထည့်ထားပြီး bluetooth keyboard ဖြင့် ချိတ်ကာ ပျော်ပျော်ကြီး စာရိုက်နိုင်သည်။ ရိုက်ပြီးလျှင် ဝိုင်ဖိုင် ချိတ်ကာ မိမိ ဖုန်းသစ်ဆီ ပို့လိုက် နိုင်သည်။ ထိုနည်းဖြင့် ဖုန်းသစ်၊ Tablet သစ်များ မလိုအပ်ဘဲ ဖွင့်သုံးကာ ဘက်ထရီ ကုန်ရမည့် ကိစ္စ ဖြေရှင်းလိုက်နိုင်မည်။

၅။ သီချင်းနားထောင်ဖို့။

ဖုန်း၊ Tablet တွေနဲ့ သီချင်းနားမထောင်သူဆိုတာ ခပ်ရှားရှားရယ်။ ကိုယ်ကိုင်နေသည့် ဖုန်းသစ်၊ Tablet သစ်တွေထဲ သီချင်းတွေ၊ ဗီဒီယိုတွေ ထည့်ထားပြီး Memory အပြည့်ခံ၊ အလေးခံနေမည့် အစား ဖုန်းဟောင်း၊ Tablet ဟောင်းတွေထဲ ထည့်ထားပြီး သီချင်းနားထောင်ဖို့ အသုံးချလိုက်ပါလေ။ Bluetooth စပီကာများဖြင့် ချိတ်ဆက်ပြီး အခန်းထဲတွင် သီချင်းနားထောင်လို့ ရသေးသည်။ အိပ်ရာဘေးမှာထားပြီး နားကြပ်ဖြင့်လည်း နားထောင်နိုင်သေးသည်။ ကားထဲတွင် သပ်သပ်ထားပြီး သီချင်းဖွင့်စက် အဖြစ်လည်း အသုံးချနိုင်သေးသည်။

၆။ အထိုင်ဆက်သွယ်ရေးဖုန်း။

ကောင်းနေသေးသော ဖုန်း ဟောင်း၊ Tablet ဟောင်းတွေ အိမ်မှာ ဒီအတိုင်းထားမည့် အစား အထိုင်ဖုန်းအဖြစ် အသုံးချလိုက်ပါ။ Tablet ဟောင်းကို ဧည့်ခန်းထောင့် စားပွဲပေါ် တင်ထားပြီး အဝေးကမိဘ ဘိုးဘွားတွေဆီ အင်တာနက်ကနေ ဗီဒီယိုဖုန်းခေါ်ဖို့ သုံးပါ။ မိသားစုလိုက် ဧည့်ခန်းစားပွဲမှာ ထိုင်ပြီး အဝေးက မိဘ ဘိုးဘွားတွေနဲ့ မျက်နှာချင်းဆိုင် စကား ပြောကာ အလွမ်းဖြေနိုင်ကြသည်။ ဖုန်းဟောင်းကိုလည်း Skype, FaceTime စသည့် application များသွင်းထားပြီး ဧည့်ခန်းထဲထား ထားလျှင် အိမ်ကနေ မိတ်ဆွေများဆီ ဖုန်းခေါ်သည့်အခါ ထိုဖုန်းသုံး ခြင်းဖြင့် မိမိသုံးနေကျဖုန်း ဘက်ထရီကုန်၊ ဖုန်းခကုန် သက်သာမည်။

၇။ စကန်နာ။

စမတ်ဖုန်း၊ Tablet ကင်မရာနည်းပညာများ ကောင်းမွန်လာမှုကြောင့် အရည်အသွေးမြင့် ဓာတ်ပုံများပါ ရိုက်နိုင်လာနေရာ ဖုန်းဟောင်း၊ Tablet ဟောင်းများ၏ ကင်မရာများကို Scanner များအဖြစ်လည်း ကောင်းကောင်း အသုံးချနိုင်သည်။ တကယ့် Scanner များကဲ့သို့ အရည်အသွေးမြင့် ပုံရိပ်များ မဖမ်းယူနိုင်သည့်တိုင် စာရွက်စာတမ်းများကို PDF ဖိုင်အဖြစ်သို့ ပြောင်းကာ လုပ်ငန်းခွင်မှာ ကောင်းကောင်းသုံးနိုင်နေပြီ။ CamScanner , Evernote Scannable စသည့် အပလီကေးရှင်းများ ဖုန်းဟောင်း၊ Tablet ဟောင်းတွေထဲ ထည့်ထားလိုက် ရုံဖြင့်ကင်မရာကို Scanner တစ်လုံးအလား အသုံးချနိုင်ပြီ။

၈။ မိုးလေဝသသတင်း။

ဖုန်းဟောင်း၊ Tablet ဟောင်းတွေထဲ Dark Sky, WeatherBug, AccuWeather စသည့် application များထည့်ထားပြီး အိမ်က ဝိုင်ဖိုင်နဲ့ ချိတ်ထားလိုက်ပါ။ မိုးလေဝသ ဖန်သားပြင်အဖြစ် ကောင်းကောင်း အသုံးဝင်မည်။ ဧည့်ခန်းနံရံဖြစ်ဖြစ်၊ အိပ်ခန်းပြတင်းဘောင်မှာဖြစ်ဖြစ် တင်ထားလိုက်လျှင် မနက် အပြင်မထွက်ခင် တစ်နေ့တာ မိုးလေဝသ ခန့်မှန်းချက်များ ကြည့်နိုင်သည်။ ထီးယူသင့်ကယူ၊ အင်္ကျီထူထူ ဝတ်သင့်က ဝတ်၊ ခပ်ပါးပါး ဝတ်သင့်က ဝတ်သွားနိုင်မည်။

၉။ နှိုးစက်နာရီ။

ဖန်သားပြင် အလင်းရောင် တောက်သော ဖုန်း၊ Tablet များကို ညမှောင်မှောင် အိပ်ရာထဲ သုံးနေခြင်းသည် မျက်လုံး ထိခိုက်သလို၊ အိပ်ရေးလည်း ပျက်စေနိုင်သည်။ ကိုယ်သုံးနေကျဖုန်းကို အံဆွဲထဲ ထည့်ထားလိုက်ပါ။ မနက် နှိုးစက်ပေးဖို့ ဖုန်းဟောင်း၊ Tablet ဟောင်းတွေကို အသုံးချလိုက်ပါ။ Android, IOS ဖုန်းများတွင်ပါသည့် မူရင်းနာရီ application များချည်း သုံးနေရတာ ပျင်းလာလျှင်လည်း Wake, Timely စသည့် နှိုးစက် application များ သုံးနိုင်သည်။

၁၀။ ရီမုတ်ကွန်ထရိုး။

ယခုနောက်ပေါ် smart TV များသည် ဖုန်းဖြင့်ချိတ်ဆက် အလုပ်လုပ်နိုင်သည်။ ဖုန်းကို ရီမုတ်ကွန်ထရိုးအဖြစ်သုံးပြီး smart TV များကိုထိန်းချုပ်နိုင်သည်။ ဖုန်းထဲသို့ သက်ဆိုင်ရာ ရီမုတ် ကွန်ထရိုး application ထည့်ထားရုံ။ ထိုတာဝန်ကို ဖုန်းဟောင်းထံ လွှဲပေးလိုက်ပါ။ ဖုန်းဟောင်းထဲ application သွင်းပြီး ဧည့်ခန်း စားပွဲပေါ်တင်ထားလိုက်ပါ။

၁၁။ ဒီဂျစ်တယ် ဓာတ်ပုံ ဘောင်။

စမတ်ဖုန်းဟောင်း၊ Tablet ဟောင်းများကို စားပွဲပေါ် မှာဖြစ်ဖြစ်၊ နံရံမှာ ကပ်ပြီးပဲဖြစ်ဖြစ် ပလပ်အမြဲထိုးထားကာ ဒီဂျစ်တယ် ဓာတ်ပုံဘောင်အဖြစ် အသုံးချနိုင်သေးသည်။ ဖုန်း၊ Tablet များတွင် မူရင်းပါသည့် Gallery အက်ပလီကေးရှင်းကို သုံးနိုင်သလို၊ ဒီဂျစ်တယ် ဓာတ်ပုံအလှချိတ်နိုင်အောင် ဖန်တီးပေးထားသော Dayframe, Picmatic စသည့် application များကို အသုံးပြုနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဟိန်းထက် (internetjournal )

 

[Zawgyi]

အိမ္မွာ ဖုန္တက္ေနတဲ့ စမတ္ဖုန္းေဟာင္းေတြကို ဘယ္လို အသုံးခ်မလဲ?

အိမ္မွာ စမတ္ဖုန္း ေဟာင္း၊ Tablet ေဟာင္းမရွိသူ ခပ္ရွားရွားရယ္။ အေတာ္မ်ားမ်ားသည္ လံုးဝပ်က္သြားလို႔ မဟုတ္ဘဲ ေမာ္ဒယ္ ေဟာင္းသြားေသာေၾကာင့္ မကိုင္ခ်င္ေတာ့သျဖင္႔သာ ပစ္ထားခံရၿပီး ေခ်ာင္ၾကားမွာ ဖုန္တက္ကာ လမ္းဆံုးေနရသည္။ စမတ္ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြကို ေခ်ာင္ၾကားက ဆြဲထုတ္ၿပီး ဖုန္ခါလိုက္ပါ။ သူတို႔ကို ေကာင္းေကာင္း အသံုးခ်လို႔ရႏိုင္မည့္ ေနရာေတြကို ေအာက္မွာ အႀကံျပဳေဖာ္ျပပါမည္။

၁။ ebook ဖတ္စက္အျဖစ္ သံုးႏိုင္သည္။

ေမာ္ဒယ္ ေဟာင္းသြားလို႔ေလးတိေလးကန္ အလုပ္လုပ္ေနသျဖင္႔ ေခ်ာင္ထိုးခံထားရေသာ ဖုန္းမ်ား၊ Tablet မ်ားသည္ ebook ဖတ္စက္မ်ားအျဖစ္ေတာ႔ ေကာင္းေကာင္း အသံုးဝင္လိမ့္မည္။ စာဖတ္ဖို႔အတြက္က ဖုန္းေတြ၊ Tablet ေတြကို အလုပ္မ်ားမ်ား ခိုင္းဖို႔မလို။ ဖန္သားျပင္မွာ စာလံုးေတြ ေပၚေန႐ံု၊ စာမ်က္ႏွာလွန္လို႔ ရ႐ံုေလာက္နဲ႔တင္ လံုေလာက္သည္။ ebook ဖတ္ႏုိင္သည့္ Kindle၊ Kobo စသည့္ Application မ်ားစြာရွိသည္။ ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြကို ဝိုင္ဖိုင္ျဖင့္ အင္တာနက္ ခ်ိတ္ေပးထား လိုက္ဦးမည္ ဆိုပါက ကိုယ္ဖတ္ထားသည့္ စာမ်က္ႏွာမ်ားကို မိမိ အၿမဲကိုင္ေနသည့္ဖုန္း သစ္၊ Tablet သစ္မ်ားထဲမွ အလားတူ Application မ်ားမွာလည္း တစ္သားတည္း ဆက္ဖတ္သြားႏုိင္မည္။

၂။ ဒီဂ်စ္တယ္ ေရဒီယို။

ဖုန္းေဟာင္း၊ Tablet ေဟာင္းမ်ားသည္ FM ေရဒီယိုအျဖစ္ ေကာင္းေကာင္း အသံုးဝင္သည္။ စားပြဲေထာင့္တြင္ အၿမဲထားၿပီး FM ေရဒီယို နားဆင္ႏုိင္သည္။ ဝိုင္ဖိုင္ခ်ိတ္ၿပီး အင္တာနက္ ေရဒီယို အက္ပလီေကးရွင္းမ်ား Download လုပ္ထားဦးမည္ဆိုပါက အင္တာနက္ေရဒီယိုကိုပါ နားဆင္ႏုိင္ေသးသည္။ TuneIn Radio ကဲ့သို႔ အင္တာနက္ ေရဒီယို application မ်ားသည္ မိမိစိတ္ႀကိဳက္ ေရဒီယိုလိုင္းမ်ား နားဆင္ဖို႔ အေကာင္းဆံုး အေဖာ္မြန္မ်ား ျဖစ္သည္။

၃။ အိမ္ လံုၿခံဳေရး ကင္မရာ။

ဖုန္းေဟာင္း၊ Tablet ေဟာင္းမ်ားကို ေခ်ာင္ႀကိဳေခ်ာင္ၾကားတြင္ ဖုန္တက္ခံၿပီး သိမ္းထားမည့္ အစား အိမ္ထဲတစ္ေနရာရာတြင္ တပ္ဆင္ကာ လံုၿခံဳေရး ကင္မရာအျဖစ္ အသံုးခ်လိုက္ပါ။ ပလပ္ေပါက္တြင္ ပလပ္ထိုးၿပီး အၿမဲဖြင့္ထားႏိုင္သည္။ အိမ္မွ ဝိုင္ဖိုင္ျဖင့္ ခ်ိတ္ထားဦးမည္ဆိုပါက ကိုယ္အျပင္သြားလွ်င္ပင္ ကိုယ့္စမတ္ဖုန္းမွ အိမ္က စမတ္ဖုန္းေဟာင္းဆီခ်ိတ္ၿပီး အိမ္ထဲျမင္ကြင္းမ်ားကို ၾကည့္ႏိုင္မည္။ Perch ကဲ့သို႔ လံုၿခံဳေရး ကင္မရာ application မ်ားလည္း ရွိေနသည္။ အျခား ႏွစ္သက္ရာ လံုၿခံဳေရးကင္မရာ application မ်ားလည္း ဖုန္းေဟာင္းထဲ Download ဆြဲထည့္ထားႏုိင္သည္။

၄။ စာစီစာ႐ိုက္ဖို႔။

ဖုန္းမွာ၊ Tablet မွာ စာစီ စာ႐ိုက္တာမ်ဳိးက ပ႐ိုဆက္ဆာ စြမ္း ရည္ မ်ားမ်ားစားစား မလို။ ေမာ္ဒယ္ေဟာင္းသြားသည့္ ပစၥည္းမ်ားမွာပါ ေပါ႔ေပါ႔ပါးပါး လုပ္ႏိုင္သည္။ ဖုန္းေဟာင္း၊ Tablet ေဟာင္းထဲမွာ Microsoft Word, iA Writer စသည့္ application မ်ား ထည့္ထားၿပီး bluetooth keyboard ျဖင့္ ခ်ိတ္ကာ ေပ်ာ္ေပ်ာ္ႀကီး စာ႐ိုက္ႏုိင္သည္။ ႐ိုက္ၿပီးလွ်င္ ဝိုင္ဖိုင္ ခ်ိတ္ကာ မိမိ ဖုန္းသစ္ဆီ ပို႔လိုက္ ႏိုင္သည္။ ထိုနည္းျဖင့္ ဖုန္းသစ္၊ Tablet သစ္မ်ား မလိုအပ္ဘဲ ဖြင့္သံုးကာ ဘက္ထရီ ကုန္ရမည့္ ကိစၥ ေျဖရွင္းလိုက္ႏုိင္မည္။

၅။ သီခ်င္းနားေထာင္ဖို႔။

ဖုန္း၊ Tablet ေတြနဲ႔ သီခ်င္းနားမေထာင္သူဆိုတာ ခပ္ရွားရွားရယ္။ ကိုယ္ကိုင္ေနသည့္ ဖုန္းသစ္၊ Tablet သစ္ေတြထဲ သီခ်င္းေတြ၊ ဗီဒီယိုေတြ ထည့္ထားၿပီး Memory အျပည့္ခံ၊ အေလးခံေနမည့္ အစား ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြထဲ ထည့္ထားၿပီး သီခ်င္းနားေထာင္ဖို႔ အသံုးခ်လိုက္ပါေလ။ Bluetooth စပီကာမ်ားျဖင့္ ခ်ိတ္ဆက္ၿပီး အခန္းထဲတြင္ သီခ်င္းနားေထာင္လို႔ ရေသးသည္။ အိပ္ရာေဘးမွာထားၿပီး နားၾကပ္ျဖင့္လည္း နားေထာင္ႏိုင္ေသးသည္။ ကားထဲတြင္ သပ္သပ္ထားၿပီး သီခ်င္းဖြင္႔စက္ အျဖစ္လည္း အသံုးခ်ႏုိင္ေသးသည္။

၆။ အထိုင္ဆက္သြယ္ေရးဖုန္း။

ေကာင္းေနေသးေသာ ဖုန္း ေဟာင္း၊ Tablet ေဟာင္းေတြ အိမ္မွာ ဒီအတိုင္းထားမည့္ အစား အထိုင္ဖုန္းအျဖစ္ အသံုးခ်လိုက္ပါ။ Tablet ေဟာင္းကို ဧည့္ခန္းေထာင့္ စားပြဲေပၚ တင္ထားၿပီး အေဝးကမိဘ ဘိုးဘြားေတြဆီ အင္တာနက္ကေန ဗီဒီယိုဖုန္းေခၚဖို႔ သံုးပါ။ မိသားစုလိုက္ ဧည့္ခန္းစားပြဲမွာ ထိုင္ၿပီး အေဝးက မိဘ ဘိုးဘြားေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ စကား ေျပာကာ အလြမ္းေျဖႏိုင္ၾကသည္။ ဖုန္းေဟာင္းကိုလည္း Skype, FaceTime စသည့္ application မ်ားသြင္းထားၿပီး ဧည့္ခန္းထဲထား ထားလွ်င္ အိမ္ကေန မိတ္ေဆြမ်ားဆီ ဖုန္းေခၚသည့္အခါ ထိုဖုန္းသံုး ျခင္းျဖင့္ မိမိသံုးေနက်ဖုန္း ဘက္ထရီကုန္၊ ဖုန္းခကုန္ သက္သာမည္။

၇။ စကန္နာ။

စမတ္ဖုန္း၊ Tablet ကင္မရာနည္းပညာမ်ား ေကာင္းမြန္လာမႈေၾကာင့္ အရည္အေသြးျမင့္ ဓာတ္ပံုမ်ားပါ ႐ိုက္ႏုိင္လာေနရာ ဖုန္းေဟာင္း၊ Tablet ေဟာင္းမ်ား၏ ကင္မရာမ်ားကို Scanner မ်ားအျဖစ္လည္း ေကာင္းေကာင္း အသံုးခ်ႏုိင္သည္။ တကယ့္ Scanner မ်ားကဲ႔သို႔ အရည္အေသြးျမင္႔ ပံုရိပ္မ်ား မဖမ္းယူႏုိင္သည့္တိုင္ စာရြက္စာတမ္းမ်ားကို PDF ဖိုင္အျဖစ္သို႔ ေျပာင္းကာ လုပ္ငန္းခြင္မွာ ေကာင္းေကာင္းသံုးႏုိင္ေနၿပီ။ CamScanner , Evernote Scannable စသည့္ အပလီေကးရွင္းမ်ား ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြထဲ ထည့္ထားလိုက္ ႐ံုျဖင့္ကင္မရာကို Scanner တစ္လံုးအလား အသံုးခ်ႏုိင္ၿပီ။

၈။ မိုးေလဝသသတင္း။

ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြထဲ Dark Sky, WeatherBug, AccuWeather စသည့္ application မ်ားထည့္ထားၿပီး အိမ္က ဝိုင္ဖိုင္နဲ႔ ခ်ိတ္ထားလိုက္ပါ။ မိုးေလဝသ ဖန္သားျပင္အျဖစ္ ေကာင္းေကာင္း အသံုးဝင္မည္။ ဧည့္ခန္းနံရံျဖစ္ျဖစ္၊ အိပ္ခန္းျပတင္းေဘာင္မွာျဖစ္ျဖစ္ တင္ထားလိုက္လွ်င္ မနက္ အျပင္မထြက္ခင္ တစ္ေန႔တာ မိုးေလဝသ ခန္႔မွန္းခ်က္မ်ား ၾကည့္ႏိုင္သည္။ ထီးယူသင့္ကယူ၊ အက်ႌထူထူ ဝတ္သင့္က ဝတ္၊ ခပ္ပါးပါး ဝတ္သင့္က ဝတ္သြားႏိုင္မည္။

၉။ ႏိႈးစက္နာရီ။

ဖန္သားျပင္ အလင္းေရာင္ ေတာက္ေသာ ဖုန္း၊ Tablet မ်ားကို ညေမွာင္ေမွာင္ အိပ္ရာထဲ သံုးေနျခင္းသည္ မ်က္လံုး ထိခိုက္သလို၊ အိပ္ေရးလည္း ပ်က္ေစႏိုင္သည္။ ကိုယ္သံုးေနက်ဖုန္းကို အံဆြဲထဲ ထည့္ထားလိုက္ပါ။ မနက္ ႏိႈးစက္ေပးဖို႔ ဖုန္းေဟာင္း၊ Tablet ေဟာင္းေတြကို အသံုးခ်လိုက္ပါ။ Android, IOS ဖုန္းမ်ားတြင္ပါသည့္ မူရင္းနာရီ application မ်ားခ်ည္း သံုးေနရတာ ပ်င္းလာလွ်င္လည္း Wake, Timely စသည့္ ႏိႈးစက္ application မ်ား သံုးႏိုင္သည္။

၁၀။ ရီမုတ္ကြန္ထ႐ိုး။

ယခုေနာက္ေပၚ smart TV မ်ားသည္ ဖုန္းျဖင့္ခ်ိတ္ဆက္ အလုပ္လုပ္ႏုိင္သည္။ ဖုန္းကို ရီမုတ္ကြန္ထ႐ိုးအျဖစ္သံုးၿပီး smart TV မ်ားကိုထိန္းခ်ဳပ္ႏုိင္သည္။ ဖုန္းထဲသို႔ သက္ဆိုင္ရာ ရီမုတ္ ကြန္ထ႐ိုး application ထည့္ထား႐ံု။ ထိုတာဝန္ကို ဖုန္းေဟာင္းထံ လႊဲေပးလိုက္ပါ။ ဖုန္းေဟာင္းထဲ application သြင္းၿပီး ဧည့္ခန္း စားပြဲေပၚတင္ထားလိုက္ပါ။

၁၁။ ဒီဂ်စ္တယ္ ဓာတ္ပံု ေဘာင္။

စမတ္ဖုန္းေဟာင္း၊ Tablet ေဟာင္းမ်ားကို စားပြဲေပၚ မွာျဖစ္ျဖစ္၊ နံရံမွာ ကပ္ၿပီးပဲျဖစ္ျဖစ္ ပလပ္အၿမဲထိုးထားကာ ဒီဂ်စ္တယ္ ဓာတ္ပံုေဘာင္အျဖစ္ အသံံုးခ်ႏုိင္ေသးသည္။ ဖုန္း၊ Tablet မ်ားတြင္ မူရင္းပါသည့္ Gallery အက္ပလီေကးရွင္းကို သံုးႏုိင္သလို၊ ဒီဂ်စ္တယ္ ဓာတ္ပံုအလွခ်ိတ္ႏုိင္ေအာင္ ဖန္တီးေပးထားေသာ Dayframe, Picmatic စသည့္ application မ်ားကို အသံုးျပဳႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဟိန္းထက္ (internetjournal )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service