အာရှမှ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်စ် ကုသဆေးများ

အာရှမှ ထူးဆန်းသော ကိုရိုနာဗိုင်းရပ်စ် ကုသဆေးများ - Property News in Myanmar from iMyanmarHouse.com
14 Aug 2020 12:55 pm တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည် ဝူဟန်မြို့တွင် COVID-19 ကူးစက်ပျံ့ပွားမှု ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ၆ လကျော် ကြာမြင့်ပြီးချိန်တိုင် ကမ္ဘာ့နိုင်ငံများမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ကုသဆေးများ ထုတ်လုပ်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေကြပြီး အချို့မှာ လာမည့်နှစ်တွင် ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်နေကြသည်။

လူတို့သည် ပုံမှန်ရှင်သန်နေထိုင်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက်များ ကုန်ဆုံးလာချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး၊ ကုသရေးတို့နှင့် စပ်လျဉ်းသည့် ဆန်းကြယ်သော နည်းလမ်းများလည်း ကမ္ဘာတစ်ဝန်းတွင် အများအပြား ပေါ်ပေါက်လာသည်။

ယင်းတို့အနက် အထင်ရှားဆုံးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူနာများကို ပိုးသတ်ဆေးရည်များ ထိုးသွင်းပေးနည်းလမ်းမှာ ရောဂါကို ကုသနိုင်ဖွယ်ရာရှိကြောင်း ပြောကြားချက် ဖြစ်သည်။

ထရမ့်နည်းတူ အာရှတွင်လည်း ထူးဆန်းသော ကုသ၊ ကာကွယ်ရေးနည်းလမ်းများ ထုတ်ပြောလာသည့် နိုင်ငံရေးသမားများ၊ ထိပ်တန်းအရာရှိများနှင့် အခြားလူပုဂ္ဂိုလ်များ ရှိနေသည်။

အောက်ဖော်ပြပါတို့မှာ ပြီးခဲ့သော လအနည်းငယ်အတွင်း အာရှတွင် ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ထူးဆန်းသည့်နည်းလမ်းများ အကြံြ့ပုခဲ့မှုများ ဖြစ်သည်။

၁ (က)။ အိန္ဒိယ

နည်းလမ်း- နွားကျင်ငယ်ရေ

အကြံပြုသူ- အာဏာရ BJP ပါတီဝင်များ

အာဏာရ BJP ပါတီ (Bharatiya Janata Party) မှ ပါတီဝင်တစ်ဦးဖြစ်ပြီး အနောက်ဘင်ဂေါပြည်နယ် ပါတီယူနစ်ဥက္ကဌ ဒီလစ် ဂို့ရှ်က နွားကျင်ငယ်ရေကို သောက်ခြင်းအားဖြင့် COVID-19 အတွက် ကိုယ်ခံအားစနစ် မြှင့်တင်ပေးနိုင်ကြောင်း ပြီးခဲ့သောလအတွင်း အကြံပြုခဲ့သည်။

“အရက်သောက်နေတဲ့သူတွေအနေနဲ့ နွားတစ်ကောင်ရဲ့တန်ဖိုးကို ဘယ်လိုနားလည်မလဲ” ဟု ဂို့ရှ်က ပြောကြားခဲ့ကြောင်း The Hindu သတင်းစာတွင် ဖော်ပြသည်။

ထိုသို့ပြောသည်မှာ ဂို့ရှ်က ပထမဆုံးကား မဟုတ်။

သူ၏ ပါတီဝင်တစ်ဦးပင်ဖြစ်သူ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှ ဆူမန် ဟာရီ ပရိယာဆိုသူကလည်း နွားကျင်ငယ်ရေနှင့် နောက်ချေး (နွားချေး) တို့သည် ကိုရိုနာဗိုင်းရပ်စ်ကို ကုသပေးနိုင်ကြောင်း မတ်လအတွင်းက ပြောကြားခဲ့ဖူးသည်။

ဟိန္ဒူဘာသာဝင်များစွာက နွားကို အလေးအမြတ်ပြုအပ်သည့် တိရ စ္ဆာန်များအဖြစ် ရှုမြင်ကြသည်။

နွားတို့ကို ကိုးကွယ်မှုများရှိကြသည့်အပြင် အချို့က နွားကျင်ငယ်ရေကို ဆေးဘက်ဝင်သည်ဟု ယုံကြည်ကာ သောက်သုံးမှုများလည်း ရှိကြသည်။

ဟိန္ဒူအုပ်စုတစ်ခုက ပြီးခဲ့သော မတ်လအတွင်း နယူးဒေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နွားကျင်ငယ်ရေသောက်ပွဲ တစ်ခုကိုပင် ကမကထပြု ကျင်းပခဲ့သည်။

နွားကျင်ငယ်ရေသည် COVID 19 ကို ကုသနိုင်ကြောင်း သိပ္ပံနည်းကျ အထောက်အထားကား မရှိသေးချေ။

၁ (ခ) အာယုဗ္ဗေဒ ဆေး

အကြံပြုထောက်ခံသူ- ယောဂ ဂုရုကြီး ရမ်ဒက်ဗ်

အိန္ဒိယ ယောဂဂုရုကြီး ရမ်ဒက်ဗ် တည်ထောင်ထားသော ဘယဆေးကုမ္ပဏီ ပါတန်ဇလီ (Patanjali) က ၎င်းတို့သည် Covid-19 ကုသနိုင်သည့် ဆေးကို တွေ့ရှိခဲ့ပြီဟု ဇွန်လကုန်ပိုင်းတွင် ကြေညာခဲ့ကာ အာယုဗ္ဗေဒ ဆေး (အိန္ဒိယတိုင်းရင်းဆေး) တစ်မျိုးကို ထုတ်လုပ်ရောင်းချမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဆေးကို ထုတ်လုပ်မှုလုပ်ငန်းစဉ်သည် စိန်ခေါ်မှုများစွာရှိသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ထိုဆေးသည် Covid 19 ကို ကာကွယ်ရုံမျှမက ကုသနိုင်စွမ်းလည်းရှိကြောင်း ရမ်ဒက်ဗ်က ပြောကြားသည်။ ရမ်ဒက်ဗ်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကို အမာခံ ထောက်ခံအားပေးသူတစ်ဦးလည်း ဖြစ်သည်။

အာယုဗ္ဗေဒ ဆေးများကို ကွပ်ကဲသည့် ဝန်ကြီးဌာနက ပါတန်ဇလီက ထုတ်လုပ်ရောင်းချသော ဆေးနှင့် စပ်လျဉ်းပြီး ဆေးတွင် ပါဝင်သည့် ပစ္စည်း၊ စမ်းသပ်မှုရလဒ်များဆိုင်ရာ အချက်အလက်များ တင်ပြရန် ညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် အဆိုပါဆေးကို Covid 19 ကုသဆေးအဖြစ်မဟုတ်ဘဲ ကိုယ်ခံအားမြှင့်တင်ပေးသည့်ဆေးအဖြစ်သာ ရောင်းချခွင့်ပြုခဲ့သည်။

သို့သော် ရမ်ဒက်ဗ်၏ဆေးကို အိန္ဒိယတွင် ဝယ်ယူလိုသူ အလွန်များပြားနေခဲ့သည်။

“နေ့စဉ်နေ့တိုင်း ဒီဆေးကို ဝယ်လိုအား တစ်သန်းလောက်ရှိနေပေမယ့် ကျွန်တော်တို့အနေနဲ့ ၁၀၀၀၀၀ လောက်ပဲ ထုတ်လုပ်ရောင်းချနိုင် စွမ်းရှိပါတယ်။ လက်ရှိ ရောင်းဈေး ရူပီး ၅၀၀ ထက်ဈေးတင်ပြီး ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၇) လောက်နဲ့ ရောင်းရင်တောင် ရောင်းအားကောင်းနေဦးမှာ ဖြစ်ပါတယ်” ဟု ရမ်ဒက်ဗ်က ပြောကြားသည်။

(၂) အင်ဒိုနီးရှား

နည်းလမ်း- ယူကလစ် လည်ဆွဲ

အကြံပြုတင်ပြသူ- စိုက်ပျိုးရေးဝန်ကြီး

အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးကလည်း ဇူလိုင်လအစောပိုင်းတွင် Covid 19 ကုသရေးနှင့် စပ်လျဉ်းပြီး အံ့အားသင့်ဖွယ် အကြံပြုချက်တစ်ခု ထုတ်ဖော်ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီးက ပြောကြားရာတွင် ၎င်းတို့၏ ကျန်းမာရေး သုတေသနနှင့်ဖွံ့ဖြိုးရေးအေဂျင်စီသည် ဗိုင်းရပ်စ်တိုက်ဖျက်နိုင်သည့် ယူကလစ်အခြေပြု လည်ဆွဲတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွင်းတွင် အလုံးအရင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီး ရှာရူးလ် ယာဆင် လင်ပိုက ပြောကြားရာတွင် ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ ယူကလစ်မျိုးစိတ်ပေါင်း ၇၀၀ ကို စမ်းသပ်ခဲ့ရာတွင် တစ်ခုသောမျိုးစိတ်သည် ကိုရိုနာဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ လည်ဆွဲကို ၁၅ မိနစ် ဝတ်ဆင်ထားရုံဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ၄၂ ရာခိုင်နှုန်း သုတ်သင်နိုင်ကြောင်း ပြောကြားသည်။

နောက်ပိုင်းတွင်ကား ပြည်သူများနှင့် ကျန်းမာရေးကျွမ်းကျင်ပညာရှင်တို့၏ သံသယများကြောင့် ရက်အနည်းငယ်အကြာတွင် ဝန်ကြီးဌာနက ၎င်း၏ခြေလှမ်းကို ပြန်လည်ရုပ်သိမ်းသွားပြီး လည်ဆွဲသည် အသက်ရှူခက်ခြင်းကဲ့သို့ လက္ခဏာများကို ကုသပေးနိုင်ကြောင်း၊ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ခြင်းမဟုတ်ဘဲ ရနံ့ကုထုံးသဘောမျိုး အသုံးပြုနိုင်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

သို့သော် ကျန်းမာရေးဝန်ကြီး တီရာဝမ် အေဂပ်စ် ပူထရန်တိုကမူ အဆိုပါထုတ်ကုန်အပေါ် ကာကွယ်ပြောကြားခဲ့သည်။ ပြည်တွင်း သတင်းမီဒီယာတို့ကို ပူထရန်တိုက ပြောကြားရာတွင် လည်ဆွဲကို ဝတ်ဆင်သူတို့သည် ယုံကြည်စိတ်ချမှု ခံစားရမည်ဖြစ်ကြောင်း၊ အဆိုပါစိတ်အခြေအနေက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားသည်။

(၃) ဖိလစ်ပိုင်

နည်းလမ်း- ဓာတ်ဆီ

အကြံပြုတင်ပြသူ- ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး

“ခင်ဗျားတို့မှာ အရက်ပျံ မရှိဘူးဆိုရင် ဓာတ်ဆီဆိုင်ကိုပဲ သွားလိုက်ပါ။ ပြီးရင် ဓာတ်ဆီတချို့ဝယ်လိုက်ပါ။ ကျုပ်..နောက်ပြောင်နေတာလို့ ခင်ဗျားတို့က ထင်ကြလိမ့်မယ်။ နောက်နေတာ မဟုတ်ပါဘူး” ဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ဇူလိုင်လ ၃၁ ရက်တွင် ထုတ်လွှင့်ခဲ့သော ရုပ်မြင်သံကြား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် Covid 19 လူနာအများဆုံးနိုင်ငံ ဖြစ်နေသည်။

ဒူတာတေးက mask များကို အရက်ပျံ မရှိလျှင် ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ထဲတွင်နှစ်ကာ ပိုးသတ်နိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူတာတေး၏ ပြောကြားချက်ပေါ်ပေါက်အပြီး ဖိလစ်ပိုင်ကျန်းမာရေးဌာနက သမ္မတ၏ ပြောကြားချက်မှာ ပြက်လုံးသဖွယ် ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ အဝတ် mask များကို လျှော်ဖွယ်၍သာ အသုံးပြုသင့်ကြောင်း၊ surgical နှင့် N95 mask များကို အသုံးပြုပြီးလျှင် စွန့်ပစ်ရမည်ဖြစ်ကြောင်း ပြည်သူများကို သတိပေးခဲ့သည်။

(၄) မလေးရှား

နည်းလမ်း- ရေနွေး

အကြံပြုတင်ပြသူ- ကျန်းမာရေးဝန်ကြီး

ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီး ရက်သတ္တပတ်အကြာတွင် မလေးရှားကျန်းမာရေးဝန်ကြီး အဒမ် ဘာဘာက ပြောကြားခဲ့ရာ၌ ရေနွေးသောက်ခြင်းသည် လူတို့၏ကိုယ်ခန္ဓာအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ်ကို သုတ်သင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက ပြောကြားရာတွင် ရေနွေးသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ချပစ်ကာ အစာအိမ်ဆီသို့ ရောက်ရှိသွားစေမည်ဖြစ်ကြောင်း၊ အစာအိမ်ထဲသို့ ရောက်လျှင် အစာချေအက်ဆစ်တို့က ဗိုင်းရပ်စ်ကို ချေမှုန်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အပူဒဏ်ကို မခံနိုင်ကြောင်း၊ ထို့ကြောင့် အစာအိမ်ထဲရောက်လျှင် သေဆုံးသွားမည်ဖြစ်ကြောင်းလည်း အဒမ်ဘာဘာက ပြောကြားသည်။

အဒမ်ဘာဘာ၏ ပြောကြားချက်သည် ပြည်သူများအတွင်း ဂယက်ရိုက်ခဲ့ပြီး လူမှုကွန်ရက်တွင်လည်း ကျန်းမာရေးကျွမ်းကျင်ပညာရှင် တို့၏ ဝေဖန်ထောက်ပြမှုများဖြင့် အုတ်အော်သောင်းတင်းဖြစ်ခဲ့ကြကာ ယခင်ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ လီဘွန်ချေး အပါအဝင် ပညာရှင်များက မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။

(၅) ထိုင်း

နည်းလမ်း- ထိုင်းရိုးရာတိုင်းရင်းဆေး

အကြံပြုတင်ပြသူ- ကျောက်ဖယား Abhaibhubejhr ဆေးရုံ

ထိုင်းနိုင်ငံ၏ ထိပ်တန်း တိုင်းရင်းဆေးရုံဖြစ်သော ကျောက်ဖယား Abhaibhubejhr ဆေးရုံက ဇန်နဝါရီလ ၊ ၂၈ ရက်တွင် ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် andrographis paniculata တိုင်းရင်းဆေးကို သောက်သုံးရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

အဆိုပါဆေးသည် အအေးမိရောဂါကာကွယ်ရန် ထုတ်လုပ်သည့် ဆေးတစ်မျိုးဖြစ်သည်။

ကျောက်ဖယားတိုင်းရင်းဆေးရုံက ဖော်ပြရာတွင် အဆိုပါဆေးသည် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကြောင်း၊ လူ့ကိုယ်ထဲတွင် စစ်သည်တစ်ဦးအသွင်လုပ်ဆောင်ပြီး ကူးစက်ရောဂါများမှ အကာအကွယ်ပေးကာ ဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်ခြင်းကိုလည်း လျှော့ချပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အဆိုပါဆေးရုံက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်မှာ ၎င်းတို့၏ထုတ်ပြန်ချက်သည် အသိအမြင်လွဲမှားစေကာ လမ်းလွဲကို ရောက်စေခဲ့ကြောင်း ဝန်ခံခဲ့သည်။

“ဒီအပင်ဟာ လူသားတွေကို ဝူဟန်ရောဂါကနေ ကာကွယ်၊ ကုသပေးနိုင်တယ်ဆိုတဲ့ သုတေသနအထောက်အထား မရှိသေးပါဘူး” ဟု အဆိုပါဆေးရုံ၏ Empirical Evidence Centre အကြီးအကဲ Pakakrong Kwankao က ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အရာရှိတစ်ဦးကလည်း အဆိုပါထိုင်း တိုင်းရင်းဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သည့် သက်သေအထောက်အထားမရှိကြောင်း ပြောကြားသည်။

ပို့စ်တင်ခဲ့သည့် ဆေးရုံကမူ အဆိုပါပို့စ်ကို ပြန်လည်ဖြုတ်ချခြင်း မရှိသေးချေ။

လက်ရှိတွင် အဆိုပါဆေးက Covid 19 ကို ကုသနိုင်စွမ်းရှိ၊ မရှိ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်နေသည်။

(၆) စင်္ကာပူ

နည်းလမ်း- တရုတ်ရိုးရာတိုင်းရင်းဆေး

အကြံပြုတင်ပြသူ- တရုတ်ရိုးရာတိုင်းရင်းဆေး (TCM) ဆေးဆရာများ

စင်္ကာပူတွင် Covid 19 ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားချိန်ကတည်းက ဂျင်ဆင်းနီနှင့် စပီရူလိုင်းနားတို့ကဲ့သို့ တရုတ်ရိုးရာ တိုင်းရင်းဆေးများကို တရုတ်တိုင်းရင်းဆေးဆရာတို့က ကိုရိုနာဗိုင်းရပ်စ်အတွက် ကောင်းမွန်ကြောင်း ထောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်ပြည်မကြီးတွင်လည်း Covid 19 လူနာများအား အပျော့စား အဆုပ်ရောင်ဝေဒနာများ ပျောက်ကင်းစေရန် တရုတ်တိုင်းရင်းဆေးများ ပေးလေ့ရှိခဲ့သည်။

သို့သော် စင်္ကာပူ ကျန်းမာရေးသိပ္ပံ အာဏာပိုင်အဖွဲ့က ထုတ်ပြန်ရာတွင် တရုတ်တိုင်းရင်းဆေး၊ ဘယဆေးနှင့် မည်သည့် ကျန်းမာရေး ဖြည့်စွက်အာဟာရဆေးမဆို Covid 19 ကာကွယ်၊ ကုသရေးအတွက် ကိုယ်ခံအားကို မြှင့်တင်နိုင်သည်ဟူသော အထောက်အထား မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cow urine and gasoline: Asia's curious COVID cure claims (Nikkei Asian Review)

 

[Zawgyi]

အာရွမွ ထူးဆန္းေသာ ကိုရိုနာဗိုင္းရပ္စ္ ကုသေဆးမ်ား

တရုတ္ျပည္ ဝူဟန္ျမိဳ႕တြင္ COVID-19 ကူးစက္ပ်ံ႕ပြားမႈ ပထမဆံုးေတြ႔ရွိခဲ့ျပီးေနာက္ ၆ လေက်ာ္ ၾကာျမင့္ျပီးခ်ိန္တိုင္ ကမၻာ့ႏိုင္ငံမ်ားမွာ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ရုန္းကန္ေနရဆဲ ျဖစ္သည္။

တကၠသိုလ္မ်ား၊ သုေတသနအဖြဲ႔အစည္းမ်ားႏွင့္ ေဆးဝါးကုမၸဏီမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးႏွင့္ ကုသေဆးမ်ား ထုတ္လုပ္ႏိုင္ရန္ အားသြန္ခြန္စိုက္ၾကိဳးပမ္းေနၾကျပီး အခ်ဳိ႕မွာ လာမည့္ႏွစ္တြင္ ထုတ္လုပ္ႏိုင္ရန္အတြက္ စီစဥ္ေနၾကသည္။

လူတို႔သည္ ပံုမွန္ရွင္သန္ေနထုိင္မႈ အေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္ ေမွ်ာ္လင့္ခ်က္မ်ား ကုန္ဆံုးလာခ်ိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရး၊ ကုသေရးတို႔ႏွင့္ စပ္လ်ဥ္းသည့္ ဆန္းၾကယ္ေသာ နည္းလမ္းမ်ားလည္း ကမၻာတစ္ဝန္းတြင္ အမ်ားအျပား ေပၚေပါက္လာသည္။

ယင္းတို႔အနက္ အထင္ရွားဆံုးမွာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လူနာမ်ားကို ပိုးသတ္ေဆးရည္မ်ား ထိုးသြင္းေပးနည္းလမ္းမွာ ေရာဂါကို ကုသႏိုင္ဖြယ္ရာရွိေၾကာင္း ေျပာၾကားခ်က္ ျဖစ္သည္။

ထရမ့္နည္းတူ အာရွတြင္လည္း ထူးဆန္းေသာ ကုသ၊ ကာကြယ္ေရးနည္းလမ္းမ်ား ထုတ္ေျပာလာသည့္ ႏိုင္ငံေရးသမားမ်ား၊ ထိပ္တန္းအရာရွိမ်ားႏွင့္ အျခားလူပုဂၢိဳလ္မ်ား ရွိေနသည္။

ေအာက္ေဖာ္ျပပါတို႔မွာ ျပီးခဲ့ေသာ လအနည္းငယ္အတြင္း အာရွတြင္ ကိုရိုနာဗိုင္းရပ္စ္ ကုသေရးအတြက္ ထူးဆန္းသည့္နည္းလမ္းမ်ား အၾကံျ႔ပဳခဲ့မႈမ်ား ျဖစ္သည္။

၁ (က)။ အိႏိၵယ

နည္းလမ္း- ႏြားက်င္ငယ္ေရ

အၾကံျပဳသူ- အာဏာရ BJP ပါတီဝင္မ်ား

အာဏာရ BJP ပါတီ (Bharatiya Janata Party) မွ ပါတီဝင္တစ္ဦးျဖစ္ျပီး အေနာက္ဘင္ေဂါျပည္နယ္ ပါတီယူနစ္ဥကၠဌ ဒီလစ္ ဂို႔ရွ္က ႏြားက်င္ငယ္ေရကို ေသာက္ျခင္းအားျဖင့္ COVID-19 အတြက္ ကိုယ္ခံအားစနစ္ ျမွင့္တင္ေပးႏိုင္ေၾကာင္း ျပီးခဲ့ေသာလအတြင္း အၾကံျပဳခဲ့သည္။

“အရက္ေသာက္ေနတဲ့သူေတြအေနနဲ႔ ႏြားတစ္ေကာင္ရဲ႕တန္ဖုိးကို ဘယ္လိုနားလည္မလဲ” ဟု ဂို႔ရွ္က ေျပာၾကားခဲ့ေၾကာင္း The Hindu သတင္းစာတြင္ ေဖာ္ျပသည္။

ထိုသို႔ေျပာသည္မွာ ဂို႔ရွ္က ပထမဆံုးကား မဟုတ္။

သူ၏ ပါတီဝင္တစ္ဦးပင္ျဖစ္သူ အိႏိၵယအေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္မွ ဆူမန္ ဟာရီ ပရိယာဆိုသူကလည္း ႏြားက်င္ငယ္ေရႏွင့္ ေနာက္ေခ်း (ႏြားေခ်း) တို႔သည္ ကိုရိုနာဗိုင္းရပ္စ္ကို ကုသေပးႏိုင္ေၾကာင္း မတ္လအတြင္းက ေျပာၾကားခဲ့ဖူးသည္။

ဟိႏၵဴဘာသာဝင္မ်ားစြာက ႏြားကို အေလးအျမတ္ျပဳအပ္သည့္ တိရ စၦာန္မ်ားအျဖစ္ ရႈျမင္ၾကသည္။

ႏြားတို႔ကို ကိုးကြယ္မႈမ်ားရွိၾကသည့္အျပင္ အခ်ဳိ႕က ႏြားက်င္ငယ္ေရကို ေဆးဘက္ဝင္သည္ဟု ယံုၾကည္ကာ ေသာက္သံုးမႈမ်ားလည္း ရွိၾကသည္။

ဟိႏၵဴအုပ္စုတစ္ခုက ျပီးခဲ့ေသာ မတ္လအတြင္း နယူးေဒလီျမဳိ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ႏြားက်င္ငယ္ေရေသာက္ပြဲ တစ္ခုကိုပင္ ကမကထျပဳ က်င္းပခဲ့သည္။

ႏြားက်င္ငယ္ေရသည္ COVID 19 ကို ကုသႏိုင္ေၾကာင္း သိပၸံနည္းက် အေထာက္အထားကား မရွိေသးေခ်။

၁ (ခ) အာယုေဗၺဒ ေဆး

အၾကံျပဳေထာက္ခံသူ- ေယာဂ ဂုရုၾကီး ရမ္ဒက္ဗ္

အိႏိၵယ ေယာဂဂုရုၾကီး ရမ္ဒက္ဗ္ တည္ေထာင္ထားေသာ ဘယေဆးကုမၸဏီ ပါတန္ဇလီ (Patanjali) က ၎တို႔သည္ Covid-19 ကုသႏိုင္သည့္ ေဆးကို ေတြ႔ရွိခဲ့ျပီဟု ဇြန္လကုန္ပိုင္းတြင္ ေၾကညာခဲ့ကာ အာယုေဗၺဒ ေဆး (အိႏိၵယတိုင္းရင္းေဆး) တစ္မ်ဳိးကို ထုတ္လုပ္ေရာင္းခ်မႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါေဆးကို ထုတ္လုပ္မႈလုပ္ငန္းစဥ္သည္ စိန္ေခၚမႈမ်ားစြာရွိသည့္လုပ္ငန္းစဥ္ျဖစ္ေၾကာင္း၊ ထိုေဆးသည္ Covid 19 ကို ကာကြယ္ရံုမွ်မက ကုသႏိုင္စြမ္းလည္းရွိေၾကာင္း ရမ္ဒက္ဗ္က ေျပာၾကားသည္။ ရမ္ဒက္ဗ္သည္ အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီကို အမာခံ ေထာက္ခံအားေပးသူတစ္ဦးလည္း ျဖစ္သည္။

အာယုေဗၺဒ ေဆးမ်ားကို ကြပ္ကဲသည့္ ဝန္ၾကီးဌာနက ပါတန္ဇလီက ထုတ္လုပ္ေရာင္းခ်ေသာ ေဆးႏွင့္ စပ္လ်ဥ္းျပီး ေဆးတြင္ ပါဝင္သည့္ ပစၥည္း၊ စမ္းသပ္မႈရလဒ္မ်ားဆိုင္ရာ အခ်က္အလက္မ်ား တင္ျပရန္ ညႊန္ၾကားခဲ့သည္။ ေနာက္ဆံုးတြင္ အဆိုပါေဆးကို Covid 19 ကုသေဆးအျဖစ္မဟုတ္ဘဲ ကိုယ္ခံအားျမွင့္တင္ေပးသည့္ေဆးအျဖစ္သာ ေရာင္းခ်ခြင့္ျပဳခဲ့သည္။

သို႔ေသာ္ ရမ္ဒက္ဗ္၏ေဆးကို အိႏိၵယတြင္ ဝယ္ယူလိုသူ အလြန္မ်ားျပားေနခဲ့သည္။

“ေန႔စဥ္ေန႔တိုင္း ဒီေဆးကို ဝယ္လိုအား တစ္သန္းေလာက္ရွိေနေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔ ၁၀၀၀၀၀ ေလာက္ပဲ ထုတ္လုပ္ေရာင္းခ်ႏိုင္ စြမ္းရွိပါတယ္။ လက္ရွိ ေရာင္းေစ်း ရူပီး ၅၀၀ ထက္ေစ်းတင္ျပီး ရူပီး ၅၀၀၀ (ကန္ေဒၚလာ ၆၇) ေလာက္နဲ႔ ေရာင္းရင္ေတာင္ ေရာင္းအားေကာင္းေနဦးမွာ ျဖစ္ပါတယ္” ဟု ရမ္ဒက္ဗ္က ေျပာၾကားသည္။

(၂) အင္ဒိုနီးရွား

နည္းလမ္း- ယူကလစ္ လည္ဆြဲ

အၾကံျပဳတင္ျပသူ- စိုက္ပ်ဳိးေရးဝန္ၾကီး

အင္ဒိုနီးရွားစိုက္ပ်ဳိးေရးဝန္ၾကီးကလည္း ဇူလိုင္လအေစာပိုင္းတြင္ Covid 19 ကုသေရးႏွင့္ စပ္လ်ဥ္းျပီး အံ့အားသင့္ဖြယ္ အၾကံျပဳခ်က္တစ္ခု ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

စိုက္ပ်ဳိးေရးဝန္ၾကီးက ေျပာၾကားရာတြင္ ၎တို႔၏ က်န္းမာေရး သုေတသနႏွင့္ဖြံ႔ျဖိဳးေရးေအဂ်င္စီသည္ ဗိုင္းရပ္စ္တိုက္ဖ်က္ႏိုင္သည့္ ယူကလစ္အေျချပဳ လည္ဆြဲတစ္မ်ဳိးကို တီထြင္ႏိုင္ခဲ့ေၾကာင္း၊ ၾသဂုတ္လအတြင္းတြင္ အလံုးအရင္း ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

စိုက္ပ်ဳိးေရးဝန္ၾကီး ရွာရူးလ္ ယာဆင္ လင္ပိုက ေျပာၾကားရာတြင္ ဓာတ္ခြဲခန္းစမ္းသပ္ခ်က္မ်ားအရ ယူကလစ္မ်ဳိးစိတ္ေပါင္း ၇၀၀ ကို စမ္းသပ္ခဲ့ရာတြင္ တစ္ခုေသာမ်ဳိးစိတ္သည္ ကိုရိုနာဗိုင္းရပ္စ္ကို သတ္ျဖတ္ႏိုင္စြမ္းရွိသည္ကို ေတြ႔ရွိခဲ့ရေၾကာင္း၊ လည္ဆြဲကို ၁၅ မိနစ္ ဝတ္ဆင္ထားရံုျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကို ၄၂ ရာခိုင္ႏႈန္း သုတ္သင္ႏိုင္ေၾကာင္း ေျပာၾကားသည္။

ေနာက္ပိုင္းတြင္ကား ျပည္သူမ်ားႏွင့္ က်န္းမာေရးကၽြမ္းက်င္ပညာရွင္တို႔၏ သံသယမ်ားေၾကာင့္ ရက္အနည္းငယ္အၾကာတြင္ ဝန္ၾကီးဌာနက ၎၏ေျခလွမ္းကို ျပန္လည္ရုပ္သိမ္းသြားျပီး လည္ဆြဲသည္ အသက္ရွဴခက္ျခင္းကဲ့သို႔ လကၡဏာမ်ားကို ကုသေပးႏိုင္ေၾကာင္း၊ ဗိုင္းရပ္စ္ကို တိုက္ဖ်က္ႏိုင္ျခင္းမဟုတ္ဘဲ ရနံ႔ကုထံုးသေဘာမ်ဳိး အသံုးျပဳႏိုင္ေၾကာင္း ျပန္လည္ထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ က်န္းမာေရးဝန္ၾကီး တီရာဝမ္ ေအဂပ္စ္ ပူထရန္တိုကမူ အဆိုပါထုတ္ကုန္အေပၚ ကာကြယ္ေျပာၾကားခဲ့သည္။ ျပည္တြင္း သတင္းမီဒီယာတို႔ကို ပူထရန္တိုက ေျပာၾကားရာတြင္ လည္ဆြဲကို ဝတ္ဆင္သူတို႔သည္ ယံုၾကည္စိတ္ခ်မႈ ခံစားရမည္ျဖစ္ေၾကာင္း၊ အဆိုပါစိတ္အေျခအေနက ကိုယ္ခံအားကို ျမွင့္တင္ေပးႏိုင္ေၾကာင္း ေျပာၾကားသည္။

(၃) ဖိလစ္ပိုင္

နည္းလမ္း- ဓာတ္ဆီ

အၾကံျပဳတင္ျပသူ- ဖိလစ္ပိုင္သမၼတ ရိုဒရီဂို ဒူတာေတး

“ခင္ဗ်ားတို႔မွာ အရက္ပ်ံ မရွိဘူးဆိုရင္ ဓာတ္ဆီဆိုင္ကိုပဲ သြားလိုက္ပါ။ ျပီးရင္ ဓာတ္ဆီတခ်ဳိ ႔ဝယ္လိုက္ပါ။ က်ဳပ္..ေနာက္ေျပာင္ေနတာလို႔ ခင္ဗ်ားတို႔က ထင္ၾကလိမ့္မယ္။ ေနာက္ေနတာ မဟုတ္ပါဘူး” ဟု ဖိလစ္ပိုင္ သမၼတ ဒူတာေတးက ဇူလိုင္လ ၃၁ ရက္တြင္ ထုတ္လႊင့္ခဲ့ေသာ ရုပ္ျမင္သံၾကား မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ဖိလစ္ပိုင္သည္ အေရွ ႔ေတာင္အာရွတြင္ Covid 19 လူနာအမ်ားဆံုးႏိုင္ငံ ျဖစ္ေနသည္။

ဒူတာေတးက mask မ်ားကို အရက္ပ်ံ မရွိလွ်င္ ဓာတ္ဆီ (သို႔မဟုတ္) ဒီဇယ္ထဲတြင္ႏွစ္ကာ ပိုးသတ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ဒူတာေတး၏ ေျပာၾကားခ်က္ေပၚေပါက္အျပီး ဖိလစ္ပိုင္က်န္းမာေရးဌာနက သမၼတ၏ ေျပာၾကားခ်က္မွာ ျပက္လံုးသဖြယ္ ေျပာၾကားခဲ့ျခင္းသာျဖစ္ေၾကာင္း၊ အဝတ္ mask မ်ားကို ေလွ်ာ္ဖြယ္၍သာ အသံုးျပဳသင့္ေၾကာင္း၊ surgical ႏွင့္ N95 mask မ်ားကို အသံုးျပဳျပီးလွ်င္ စြန္႔ပစ္ရမည္ျဖစ္ေၾကာင္း ျပည္သူမ်ားကို သတိေပးခဲ့သည္။

(၄) မေလးရွား

နည္းလမ္း- ေရေႏြး

အၾကံျပဳတင္ျပသူ- က်န္းမာေရးဝန္ၾကီး

ဝန္ၾကီးအျဖစ္ ခန္႔အပ္ျခင္းခံရျပီး ရက္သတၱပတ္အၾကာတြင္ မေလးရွားက်န္းမာေရးဝန္ၾကီး အဒမ္ ဘာဘာက ေျပာၾကားခဲ့ရာ၌ ေရေႏြးေသာက္ျခင္းသည္ လူတို႔၏ကိုယ္ခႏၶာအတြင္းရွိ ကိုရိုနာဗိုင္းရပ္စ္ကို သုတ္သင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

ဝန္ၾကီးက ေျပာၾကားရာတြင္ ေရေႏြးသည္ ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ခ်ပစ္ကာ အစာအိမ္ဆီသို႔ ေရာက္ရွိသြားေစမည္ျဖစ္ေၾကာင္း၊ အစာအိမ္ထဲသို႔ ေရာက္လွ်င္ အစာေခ်အက္ဆစ္တို႔က ဗိုင္းရပ္စ္ကို ေခ်မႈန္းမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ အပူဒဏ္ကို မခံႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ အစာအိမ္ထဲေရာက္လွ်င္ ေသဆံုးသြားမည္ျဖစ္ေၾကာင္းလည္း အဒမ္ဘာဘာက ေျပာၾကားသည္။

အဒမ္ဘာဘာ၏ ေျပာၾကားခ်က္သည္ ျပည္သူမ်ားအတြင္း ဂယက္ရိုက္ခဲ့ျပီး လူမႈကြန္ရက္တြင္လည္း က်န္းမာေရးကၽြမ္းက်င္ပညာရွင္ တို႔၏ ေဝဖန္ေထာက္ျပမႈမ်ားျဖင့္ အုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့ၾကကာ ယခင္က်န္းမာေရးဝန္ၾကီးေဟာင္း ေဒါက္တာ လီဘြန္ေခ်း အပါအဝင္ ပညာရွင္မ်ားက ေမးခြန္းထုတ္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

(၅) ထိုင္း

နည္းလမ္း- ထိုင္းရိုးရာတိုင္းရင္းေဆး

အၾကံျပဳတင္ျပသူ- ေက်ာက္ဖယား Abhaibhubejhr ေဆးရံု

ထိုင္းႏိုင္ငံ၏ ထိပ္တန္း တိုင္းရင္းေဆးရံုျဖစ္ေသာ ေက်ာက္ဖယား Abhaibhubejhr ေဆးရံုက ဇန္နဝါရီလ ၊ ၂၈ ရက္တြင္ ၎တို႔၏ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွတဆင့္ andrographis paniculata တိုင္းရင္းေဆးကို ေသာက္သံုးရန္ ျပည္သူမ်ားအား တိုက္တြန္းခဲ့သည္။

အဆိုပါေဆးသည္ အေအးမိေရာဂါကာကြယ္ရန္ ထုတ္လုပ္သည့္ ေဆးတစ္မ်ဳိးျဖစ္သည္။

ေက်ာက္ဖယားတိုင္းရင္းေဆးရံုက ေဖာ္ျပရာတြင္ အဆိုပါေဆးသည္ ကိုယ္ခံအားကို ျမွင့္တင္ေပးႏိုင္ေၾကာင္း၊ လူ႔ကိုယ္ထဲတြင္ စစ္သည္တစ္ဦးအသြင္လုပ္ေဆာင္ျပီး ကူးစက္ေရာဂါမ်ားမွ အကာအကြယ္ေပးကာ ဗိုင္းရပ္စ္ကူးစက္မႈ ျပင္းထန္ျခင္းကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေဖာ္ျပခဲ့သည္။

သို႔ေသာ္ အဆိုပါေဆးရံုက ေနာက္ပိုင္းတြင္ ဝန္ခံခဲ့သည္မွာ ၎တို႔၏ထုတ္ျပန္ခ်က္သည္ အသိအျမင္လြဲမွားေစကာ လမ္းလြဲကို ေရာက္ေစခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

“ဒီအပင္ဟာ လူသားေတြကို ဝူဟန္ေရာဂါကေန ကာကြယ္၊ ကုသေပးႏိုင္တယ္ဆိုတဲ့ သုေတသနအေထာက္အထား မရွိေသးပါဘူး” ဟု အဆိုပါေဆးရံု၏ Empirical Evidence Centre အၾကီးအကဲ Pakakrong Kwankao က ေျပာၾကားသည္။

ကမၻာ့က်န္းမာေရးအဖြ႔ဲၾကီးမွ အရာရွိတစ္ဦးကလည္း အဆိုပါထိုင္း တိုင္းရင္းေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ကို ကုသႏိုင္သည့္ သက္ေသအေထာက္အထားမရွိေၾကာင္း ေျပာၾကားသည္။

ပို႔စ္တင္ခဲ့သည့္ ေဆးရံုကမူ အဆုိပါပို႔စ္ကို ျပန္လည္ျဖဳတ္ခ်ျခင္း မရွိေသးေခ်။

လက္ရွိတြင္ အဆိုပါေဆးက Covid 19 ကို ကုသႏိုင္စြမ္းရွိ၊ မရွိ ထိုင္းအစိုးရက စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္။

(၆) စကၤာပူ

နည္းလမ္း- တရုတ္ရိုးရာတိုင္းရင္းေဆး

အၾကံျပဳတင္ျပသူ- တရုတ္ရိုးရာတိုင္းရင္းေဆး (TCM) ေဆးဆရာမ်ား

စကၤာပူတြင္ Covid 19 ေရာဂါကူးစက္မႈမ်ား စတင္ျဖစ္ပြားခ်ိန္ကတည္းက ဂ်င္ဆင္းနီႏွင့္ စပီရူလိုင္းနားတို႔ကဲ့သို႔ တရုတ္ရိုးရာ တိုင္းရင္းေဆးမ်ားကို တရုတ္တိုင္းရင္းေဆးဆရာတို႔က ကိုရိုနာဗိုင္းရပ္စ္အတြက္ ေကာင္းမြန္ေၾကာင္း ေထာက္ခံမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

တရုတ္ျပည္မၾကီးတြင္လည္း Covid 19 လူနာမ်ားအား အေပ်ာ့စား အဆုပ္ေရာင္ေဝဒနာမ်ား ေပ်ာက္ကင္းေစရန္ တရုတ္တိုင္းရင္းေဆးမ်ား ေပးေလ့ရွိခဲ့သည္။

သို႔ေသာ္ စကၤာပူ က်န္းမာေရးသိပံၸ အာဏာပိုင္အဖြဲ႔က ထုတ္ျပန္ရာတြင္ တရုတ္တိုင္းရင္းေဆး၊ ဘယေဆးႏွင့္ မည္သည့္ က်န္းမာေရး ျဖည့္စြက္အာဟာရေဆးမဆို Covid 19 ကာကြယ္၊ ကုသေရးအတြက္ ကိုယ္ခံအားကို ျမွင့္တင္ႏိုင္သည္ဟူေသာ အေထာက္အထား မရွိေသးေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cow urine and gasoline: Asia's curious COVID cure claims (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service