ခန္တီးရတနာမှော်တွင် ကျောက်မျက်ရတနာလုပ်ကွက်အသစ်များ ချထားပေးမည်ဟု တိုင်းအစိုးရဆို

ခန္တီးရတနာမှော်တွင် ကျောက်မျက်ရတနာလုပ်ကွက်အသစ်များ ချထားပေးမည်ဟု တိုင်းအစိုးရဆို - Property News in Myanmar from iMyanmarHouse.com
13 Aug 2020 11:43 am တွင် တင်ခဲ့သည်
1237 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ခန္တီးရတနာမှော်ရှိ နန့်စလင်းချောင်းဖျားမှော်တွင် ကျောက်မျက်ရတနာလုပ်ကွက်အသစ်များကို ဒေသခံများအတွက် လက်လုပ်လက်စားလုပ်ကွက်များအဖြစ် ချထားပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။

ကျောက်မျက်ရတနာတိုးမြှင့်ထုတ်လုပ်ရေး၊ ဒေသခံများအလုပ်အကိုင်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် လုပ်ကွက်အသစ်များကို ချထားပေးခြင်းဖြစ်သည်ဟု တိုင်းအစိုးရကဆိုသည်။

“ပြဿနာဖြစ်နေတဲ့ ရေမဆေးလုပ်သားတွေကို အလုပ်အကိုင်ပေးချင်လို့ လုပ်တာပါ။”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးဝန်ကြီး ဦးလားလ်ထောင်ထန်းက ပြောသည်။

ယခုချထားမေးမည့် လုပ်ကွက်များသည် ဧက ၃၀၀ကျော်ချထားပေးမည်ဖြစ်ပြီး ယခင်သက်တမ်း ကုန်လုပ်ကွက်များလည်းပါဝင်မည်ဟု ဝန်ကြီးကပြောသည်။ ယခုလုပ်ကွက်ချထားပေးမှုသည် တတိယအကြိမ်ဖြစ်သည်ဟုဆိုသည်။

လက်လုပ်လက်စားလုပ်ကွက်တစ်ကွက်လျှင် တစ်ဧကဖြစ်ပြီး သက်တမ်းကို တစ်နှစ်ခွင့်ပြုသွားမည်ဟု တိုင်းအစိုးရဆိုထားသည်။

လုပ်ကွက်များလျောက်ထားရာတွင် ဩဂုတ် ၁၇ ရက်မှ စက်တင်လာ ၁၆ ရက်အထိ ခန္တီးမြို့ပြည်သူ ဝန်ဆောင်မှုရုံးတွင်လျှောက်လွှာများထုတ်ယူနိုင်သည်ဟု တိုင်းအစိုးရကဆိုသည်။ လျှောက်လွှာများကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂၃ ရက် အတွင်း ပြန်လည်တင်ပြရမည်ဟုဆိုသည်။ အောက်တိုဘာ ၈ ရက်တွင် တင်ဒါဖွင့်လှစ်သွားမည်ဟုဆိုသည်။

လျှောက်လွှာတင်သွင်းသူများသည် တစ်ယောက်လျှင် ၃ ကွက်အများဆုံးတင်ပြနိုင်ပြီး လုပ်ကွက်တစ်ကွက်ကို ကျပ်ငါးသိန်းကို အခြေခံဈေးနှုန်းသတ်မှတ်ထားသည်ဟုတိုင်းအစိုးရက ဆိုသည်။

ထိုလုက်ကွက်များကို အကြီးစား၊ အလတ်စား၊ အသေးစားလုပ်ကိုင်လျောက်ထားသည့် ကုမ္ပဏီများ၏ မန်းနေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာများလျောက်ထားခွင့်မပြုဟုတိုင်းအစိုးရဆိုသည်။

ခန္တီးရတနာမြေအတွင်း ရေ မဆေးကျောက်ရှာလုပ်သားများ အတွက် လုပ်ကွက် ၃,၀၀၀ ခန့်ကို မိသားစုတစ်စုလျှင် လုပ်ကွက်တစ်ကွက်စီကို ၂၀၁၈ တွင် စတင်ချပေးခဲ့သည်။

ခန္တီး ရတနာမြေအတွင်း ကုမ္ပဏီနှင့် ရေမဆေးလုပ်သား များအကြား ပဋိပက္ခဖြစ်ပွားပြီး လူသေဆုံးရှိခဲ့၍ ယင်းကဲ့သို့ ထပ်မံမဖြစ်စေရေး တိုင်းအစိုးရက သီးခြားလုပ်ကွက်များ ချပေးခြင်းဖြစ်သည်။

ခန္တီးမြို့နယ် မကျန်ခ ကျောက်မျက်ရတနာမြေရှိ Myanmar Imperial Jade ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေ သူများ ဝင်ရောက်ရှာဖွေရာမှ ၂၀၁၇ ဇွန်လ ၁၇ ရက်က လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

ယင်းပဋိပက္ခ နောက်ပိုင်း ဒေသတွင်း လုပ်ကိုင်နေသည့် ကုမ္ပဏီများကို တိုင်းအစိုးရက ယာယီပိတ်သိမ်းပြီး ရေမဆေးလုပ်သားများအား ကျောက်ရှာခွင့် မပေးတော့သဖြင့် လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခဲ့သည်။

ခန္တီးရတနာမြေအတွင်း လာရောက်လုပ်ကိုင်နေသည့် ရေ မဆေးလုပ်သား ၂၀,၀၀၀ ကျော် ခန့်ရှိကြောင်း ရေမဆေးလုပ်သား အရေး ကူညီနေသူများက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ခႏၲီးရတနာေမွာ္တြင္ ေက်ာက္မ်က္ရတနာလုပ္ကြက္အသစ္မ်ား ခ်ထားေပးမည္ဟု တိုင္းအစိုးရဆို

ခႏၲီးရတနာေမွာ္႐ွိ နန္႔စလင္းေခ်ာင္းဖ်ားေမွာ္တြင္ ေက်ာက္မ်က္ရတနာလုပ္ကြက္အသစ္မ်ားကို ေဒသခံမ်ားအတြက္ လက္လုပ္လက္စားလုပ္ကြက္မ်ားအျဖစ္ ခ်ထားေပးမည္ျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က ဩဂုတ္ ၁၂ ရက္တြင္ ထုတ္ျပန္သည္။

ေက်ာက္မ်က္ရတနာတိုးျမႇင့္ထုတ္လုပ္ေရး၊ ေဒသခံမ်ားအလုပ္အကိုင္ရ႐ွိေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရးတို႔အတြက္ လုပ္ကြက္အသစ္မ်ားကို ခ်ထားေပးျခင္းျဖစ္သည္ဟု တိုင္းအစိုးရကဆိုသည္။

“ျပႆနာျဖစ္ေနတဲ့ ေရမေဆးလုပ္သားေတြကို အလုပ္အကိုင္ေပးခ်င္လို႔ လုပ္တာပါ။”ဟု စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ခ်င္းတိုင္းရင္းသားေရးဝန္ႀကီး ဦးလားလ္ေထာင္ထန္းက ေျပာသည္။

ယခုခ်ထားေမးမည့္ လုပ္ကြက္မ်ားသည္ ဧက ၃၀၀ေက်ာ္ခ်ထားေပးမည္ျဖစ္ၿပီး ယခင္သက္တမ္း ကုန္လုပ္ကြက္မ်ားလည္းပါဝင္မည္ဟု ဝန္ႀကီးကေျပာသည္။ ယခုလုပ္ကြက္ခ်ထားေပးမႈသည္ တတိယအႀကိမ္ျဖစ္သည္ဟုဆိုသည္။

လက္လုပ္လက္စားလုပ္ကြက္တစ္ကြက္လွ်င္ တစ္ဧကျဖစ္ၿပီး သက္တမ္းကို တစ္ႏွစ္ခြင့္ျပဳသြားမည္ဟု တိုင္းအစိုးရဆိုထားသည္။

လုပ္ကြက္မ်ားေလ်ာက္ထားရာတြင္ ဩဂုတ္ ၁၇ ရက္မွ စက္တင္လာ ၁၆ ရက္အထိ ခႏၲီးၿမိဳ႕ျပည္သူ ဝန္ေဆာင္မႈ႐ုံးတြင္ေလွ်ာက္လႊာမ်ားထုတ္ယူႏိုင္သည္ဟု တိုင္းအစိုးရကဆိုသည္။ ေလွ်ာက္လႊာမ်ားကို ဩဂုတ္ ၂၄ ရက္မွ စက္တင္ဘာ ၂၃ ရက္ အတြင္း ျပန္လည္တင္ျပရမည္ဟုဆိုသည္။ ေအာက္တိုဘာ ၈ ရက္တြင္ တင္ဒါဖြင့္လွစ္သြားမည္ဟုဆိုသည္။

ေလွ်ာက္လႊာတင္သြင္းသူမ်ားသည္ တစ္ေယာက္လွ်င္ ၃ ကြက္အမ်ားဆုံးတင္ျပႏိုင္ၿပီး လုပ္ကြက္တစ္ကြက္ကို က်ပ္ငါးသိန္းကို အေျခခံေဈးႏႈန္းသတ္မွတ္ထားသည္ဟုတိုင္းအစိုးရက ဆိုသည္။

ထိုလုက္ကြက္မ်ားကို အႀကီးစား၊ အလတ္စား၊ အေသးစားလုပ္ကိုင္ေလ်ာက္ထားသည့္ ကုမၸဏီမ်ား၏ မန္းေနဂ်င္းဒါ႐ိုက္တာႏွင့္ ဒါ႐ိုက္တာမ်ားေလ်ာက္ထားခြင့္မျပဳဟုတိုင္းအစိုးရဆိုသည္။

ခႏၲီးရတနာေျမအတြင္း ေရ မေဆးေက်ာက္႐ွာလုပ္သားမ်ား အတြက္ လုပ္ကြက္ ၃,၀၀၀ ခန္႔ကို မိသားစုတစ္စုလွ်င္ လုပ္ကြက္တစ္ကြက္စီကို ၂၀၁၈ တြင္ စတင္ခ်ေပးခဲ့သည္။

ခႏၲီး ရတနာေျမအတြင္း ကုမၸဏီႏွင့္ ေရမေဆးလုပ္သား မ်ားအၾကား ပဋိပကၡျဖစ္ပြားၿပီး လူေသဆုံး႐ွိခဲ့၍ ယင္းကဲ့သို႔ ထပ္မံမျဖစ္ေစေရး တိုင္းအစိုးရက သီးျခားလုပ္ကြက္မ်ား ခ်ေပးျခင္းျဖစ္သည္။ ခႏၲီးၿမိဳ႕နယ္ မက်န္ခ ေက်ာက္မ်က္ရတနာေျမ႐ွိ Myanmar Imperial Jade ကုမၸဏီလုပ္ကြက္အတြင္း ေရမေဆးေက်ာက္႐ွာေဖြ သူမ်ား ဝင္ေရာက္႐ွာေဖြရာမွ ၂၀၁၇ ဇြန္လ ၁၇ ရက္က လုံျခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားၿပီး လူေလးဦး ေသဆုံးကာ ခုနစ္ဦး ဒဏ္ရာရခဲ့သည္။

ယင္းပဋိပကၡ ေနာက္ပိုင္း ေဒသတြင္း လုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားကို တိုင္းအစိုးရက ယာယီပိတ္သိမ္းၿပီး ေရမေဆးလုပ္သားမ်ားအား ေက်ာက္႐ွာခြင့္ မေပးေတာ့သျဖင့္ လုပ္သားမ်ား အလုပ္လက္မဲ့ျဖစ္ခဲ့သည္။

ခႏၲီးရတနာေျမအတြင္း လာေရာက္လုပ္ကိုင္ေနသည့္ ေရ မေဆးလုပ္သား ၂၀,၀၀၀ ေက်ာ္ ခန္႔႐ွိေၾကာင္း ေရမေဆးလုပ္သား အေရး ကူညီေနသူမ်ားက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service