နိုင်ငံခြားရောက်ရှိနေသူ ဝယ်ယူသည့် မြန်မာနိုင်ငံရှိမြေအား တရားဝင်ဥပဒေနှင့်အညီ မည်သို့ဝယ်ယူနိုင်မည်နည်း
နိုင်ငံခြားရောက်ရှိနေသူ ဝယ်ယူသည့် မြန်မာနိုင်ငံရှိမြေအား တရားဝင်ဥပဒေနှင့်အညီ မည်သို့ဝယ်ယူနိုင်မည်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2020 1:53 pm တွင် တင်ခဲ့သည်
984 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အိမ်ခြံမြေကို ဝယ်ယူရာတွင် ဝယ်ယူသူသည် နိုင်ငံခြားတွင် ရောက်ရှိနေမည် ပြန်လာရန်လည်း အခက်အခဲရှိနေမည်ဆိုလျှင် များသောအားဖြင့် မိဘများအမည်ဖြင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှစ်မများ အမည်ဖြင့်လည်းကောင်း ဝယ်ယူခြင်းများကို ဆောင်ရွက်ကျပါသည်။ မိဘအားကိုယ်စား ဝယ်ယူမည်ဆိုပါကလည်း နောင်တစ်ချိန်တွင် မောင်နှစ်မများမှ အမွေဆိုင်ပစ္စည်းဟုလည်းကောင်း၊ ညီအစ်ကို မောင်နှစ်မများအမည်ဖြင့် ကိုယ်စားဝယ်ယူမည်ဆိုပါကလည်း နောင်တစ်ချိန်တွင် ၎င်းဝယ်ယူထားသည်ဟု လည်းကောင်း စသည့်ဖြင့် အငြင်းပွားမှုများရှိလာနိုင်ပါသည်။
ထို့ကြောင့် နိုင်ငံခြားတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဝယ်ယူသည် မြေဝယ်ယူသည့်အခါ အောက်ပါနည်းလမ်း(၂)မျိုးဖြင့် တရားဝင်ဥပဒေနှင့်အညီ ဝယ်ယူခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။
ဘီနာမီ (အမည်ခံအမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း)
ဘီနာမီဆိုတာ အမည်ခံ၊ အမည်ငှားစနစ်လို့ခေါ်ပါတယ်။ ဝယ်ယူသူ တကယ်ပိုင်တာ မဟုတ်ဘူး။ ဒါက “ဘီနာမီ” စနစ်ရဲ့ အကျိုးသက်ရောက်မှုပေါ့။
ဘီနာမီစနစ်ဖြင့် ဝယ်ယူမည်ဆိုလျှင် ပိုင်ဆိုင်မှုစာရွက်စာတမ်းကို အမှန်တကယ် ဝယ်ယူသူက ထိန်းသိမ်းထားရမည်။ အမှန်တကယ်ဝယ်ယူသူက ဝယ်ယူထားသည့်ပစ္စည်းကို လက်ရောက်ရယူ ထားရန် အရေးကြီးပါသည်။ ယခုအချက်အလက်တွေနဲ့ ငြိစွန်းနေရင်တော့ “ဘီနာမီ” ဆိုတာ သေချာတာပေါ့။
အကယ်၍ ဝယ်ထားတဲ့ပစ္စည်းကို သူ့နာမည်နဲ့ဝယ်တယ်၊ သူက ဒီနေရာမှာလည်းနေတယ်၊ စာရွက်စာတမ်းလည်း လက်ဝယ်ပိုင်တယ်၊ သူက အရွယ်ရောက်ပြီး ဝယ်နိုင်တဲ့အရည်အချင်းလည်း ရှိတယ်ဆိုရင် “ဘီနာမီ” ဟုတ်မဟုတ် ဆိုတာ အငြင်းပွားစရာဖြစ်လာနိုင်သည်။
ဘီနာမီစနစ်ဖြင့် ဝယ်ယူမည်ဆိုလျှင် အမှန်တကယ် ငွေထုတ်ဝယ်ယူသူနှင့် ကိုယ်စားဝယ်ယူ သူတို့ အကြားတွင် ဘီနာမီစာချုပ်ချုပ်ဆိုထားရန် လိုအပ်မည်ဖြစ်ပါသည်။
မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာပေးအပ်ဝယ်ယူခြင်း
နိုင်ငံခြားတွင် ရောက်ရှိနေသော ဝယ်ယူသူမှ ၎င်းကိုယ်စားဝယ်ယူပေးမည့်သူအား ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးပြီး အဆိုပါကိုယ်စာလှယ်လွှဲစာဖြင့် တရားဝင်ဝယ်သူနိုင်မည်ဖြစ်ပါသည်။ နိုင်ငံခြားတွင် ရောက်ရှိနေသော ဝယ်ယူသူမှ ရောက်ရှိနေသည့်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံး၊ သံအရာရှိထံတွင် ကိုယ်စားဝယ်ယူမည့်သူအား တရားဝင်ကိုယ်စားလှယ်လွှဲစာဖြစ်သည့် အထွေထွေကိုယ်စားလှယ်လွှဲစာ ပြုလုပ်ဆောင်ရွက်ပြီး အဆိုပါ အထွေထွေကိုယ်စားလှယ်လွှဲစာအား မြန်မာနိုင်ငံသို့ ပေးပို့၍ အိမ်ခြံမြေဝယ်ယူသည့် အရောင်းအဝယ် စာချုပ်တွင် ကိုယ်စားဝယ်ယူသူသည် ကိုယ်စားလှယ်လွှဲစာအမှတ်(--------------)ဖြင့် ကိုယ်စားလက်မှတ် ရေးထိုး ဝယ်ယူခြင်းသည် ဝယ်ယူခြင်းကို တရားဝင်ဖြစ်စေမှာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
shwe-moe-kaung
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service