ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားများ

ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားများ - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 12:48 pm တွင် တင်ခဲ့သည်
1801 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လမ်းဆုံမီးပွိုင့်များ၊ ဘုရားစေတီများ၊ လူသွားလမ်းများနှင့် စားသောက်ဆိုင်အပြင်ဘက်တို့တွင် သူတောင်းစားများကို တွေ့ရချိန်၌ ကျွန်ုပ်တို့၏ စိတ်တွင် သနားကြင်နာစိတ်များပေါ်ပေါက်ကာ ၎င်းတို့အား ပိုမိုကောင်းမွန်သည့် ဘဝမျိုးရရှိစေလိုကြသည်။

အောက်တွင် ဖော်ပြမည့်အကြောင်းရပ်တို့ကား သင်၏စိတ်နေသဘောထားကို ပြောင်းလဲပေးလိုက်မည့် အကြောင်းအရာတို့ပင် ဖြစ်၏။

၎င်းတို့ကို တွေ့မြင်ရချိန်တွင် ဆာလောင်မွတ်သိပ်နေရာပေမည်ဟု သနားကာ ငွေအချို့ပေးကမ်းစွန့်ကြဲလိုက်ကြမည် ဖြစ်သည်။ သို့သော် သင်တို့မသိသည့်အချက်မှာ ထိုသူများသည် သင်ထက်ပင် ပိုမိုချမ်းသာနေနိုင်သည်ဟူသည့်အချက်ပင်။ တုန်လှုပ်အံ့သြသွားပါသလား။ မှန်ပါသည်..ဤအကြောင်းရပ်များကို ဖော်ထုတ်သိရှိလာခြင်းမှာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းပါသည်။

အောက်တွင် ဖော်ပြထားသည်တို့ကား တစ်ကမ္ဘာလုံးတွင် အချမ်းသာဆုံးသူတောင်းစားများ ဖြစ်ကြသည်။

အိန္ဒိယတွင်ဆိုလျှင် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်ရှင်သန်ရသူများစွာရှိနေပြီး တောင်းရမ်းခြင်းကို စနစ်တကျ လုပ်ကိုင်သူ များစွာရှိနေသည်။

မြို့တိုင်းတွင် တောင်းရမ်းသည့်ဂိုဏ်းများရှိပြီး တောင်းရမ်းသူအားလုံးကို ကွပ်ကဲသည့် ဂိုဏ်းခေါင်းဆောင်လည်းရှိသည်။

၁။ ဘာရတ် ဂျိန်း

ဘာရတ် ဂျိန်းသည် အိန္ဒိယနိုင်ငံမှ အသက် ၅၂ နှစ်အရွယ် သူတောင်းစားတစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ အချမ်းသာဆုံး သူတောင်းစားလည်း ဖြစ်သည်။

မွန်ဘိုင်းမြို့၊ Parel အရပ်တွင် သူတောင်းစားဘဝစတင်ခဲ့ခြင်းဖြစ်ပြီး သူ၏ သားသမီးများကိုလည်း သူတောင်းစားအဖြစ် သင်ကြားမှုများ ပြုလုပ်ပေးထားသည်။

ဘာရတ်သည် ရူပီးငွေ သိန်း ၇၀ ခန့် (မြန်မာကျပ်ငွေ သိန်း ၁၃၀၀ နီးပါး) တန်ကြေးရှိသော တိုက်ခန်း ၂ ခန်း ပိုင်ဆိုင်ထားပြီး ဖျော်ရည်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်လည်း ဖြစ်သည်။

အဆိုပါ ဆိုင်နေရာကို ငှားရမ်းခအဖြစ် လစဉ် ရူပီး ၁၀၀၀၀ ခန့် (မြန်မာကျပ်ငွေ ၁၈၀၀၀၀ ခန့်) ဝင်ငွေရှိသည်။

တောင်းရမ်းမှု တစ်ခုတည်းမှ လစဉ်ရရှိငွေမှာပင် ရူပီး ၇၅၀၀၀ ခန့် (မြန်မာကျပ်ငွေ ၁၃ သိန်းကျော်) ရှိသည်ဟု ဆိုသည်။ ဘာရတ်သည် သူ၏ တိုက်ခန်းတွင် ဖခင်၊ ဇနီး၊ အစ်ကို၊ သား ၂ ဦးနှင့်အတူ နေထိုင်လျက်ရှိပြီး သားနှစ်ဦးမှာ အထက်တန်းပညာရေး ပြီးဆုံးခဲ့ကြပြီ ဖြစ်သည်။

၂။ ကရစ်ရှ်နာ ကုမာရ ဂီတီ

ကရစ်ရှ်နာ ကုမာရ ဂီတီကို မွန်ဘိုင်းမြို့၊ ချာနီလမ်းအနီး CP Tank လမ်းပေါ်တွင် တောင်းရမ်းနေသည်ကို နေ့စဉ်တွေ့နိုင်သည်။

မွန်ဘိုင်းမြို့၊ နာလာ ဆိုပရာအရပ်တွင် တိုက်ခန်း ၁ ခန်း ပိုင်ဆိုင်ထားပြီး အစ်ကိုဖြစ်သူနှင့်အတူနေထိုင်သည်။ ကရစ်ရှ်နာ၏ အစ်ကိုက ငွေကြေးစီမံခန့်ခွဲမှုများပြုလုပ်ပေးရာ သူ၏ဘဏ္ဍာထိန်း စာရင်းကိုင်ဟုလည်း ဆိုနိုင်သည်။ ကရစ်ရှ်နာ၏ နေ့စဉ် တောင်းရမ်းရရှိသော ပျှမ်းမျှဝင်ငွေမှာ ရူပီး ၂၀၀၀ (မြန်မာကျပ်ငွေ ၃၆၀၀၀ခန့်) ဖြစ်သည်။

၃။ ဆမ်ဘာဂျီ ကာလေ (Sambhaji Kale)

အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်ရှိ မြို့ပေါင်းများစွာတွင် နေအိမ်များ ပိုင်ဆိုင်ထားသည်။ တောင်းရမ်းခြင်းသည် ဆမ်ဘာဂျီ၏ မိသားစုလုပ်ငန်း ဖြစ်၏။ ဆမ်ဘာဂျီတို့ မိသားစုဝင် ၄ ဦးလုံးသည် မွမ်ဘိုင်းမြို့၊ ခါးရ်အရပ်တွင် တောင်းရမ်းလေ့ရှိပြီး နေ့စဉ် ရူပီး ၁၀၀၀ (မြန်မာကျပ်ငွေ ၁၈၀၀၀ ) ခန့် ရရှိသည်။

ဆမ်ဘာဂျီသည် သူတောင်းစားတစ်ဦးမျှကား မဟုတ်။ နိုင်ငံတကာ ကုမ္ပဏီပေါင်းများစွာတွင် ရင်းနှီးမြှုပ်နှံထားသူလည်း ဖြစ်ပြီး သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။

မွမ်ဘိုင်းမြို့ မြောက်ပိုင်း ဗီရာအရပ်တွင် တိုက်ခန်း ၁ ခန်း၊ မဟာရပ်ရှ်တရာပြည်နယ် အနောက်တောင်ပိုင်း ဆိုလာပူရမြို့တွင် နေအိမ် ၂ လုံးနှင့် မြေကွက်တစ်ခု ပိုင်ဆိုင်ထားသည်။

အထက်ပါ သူတောင်းစားတို့၏ ပိုင်ဆိုင်မှုများကို ကြည့်ပြီး မိဘများသည် ကလေးငယ်များ၏ အနာဂတ်အလုပ်အကိုင်အဖြစ် တောင်းရမ်းခြင်းကို ရွေးချယ်ပေးလာနိုင်ဖွယ်မရှိဟု မည်သူသိနိုင်ပါမည်နည်း။

၄။ ဆာရ်ဗာတီးယား ဒေဝီ (Sarvatia Devi)

ဆာရ်ဗာတီးယား ဒေဝီသည် အိန္ဒိယမှ သူတောင်းစား အမျိုးသမီးကြီးဖြစ်ပြီး ဘီဟာပြည်နယ်၊ ဂင်္ဂါမြစ်ကမ်း၏ တောင်ဘက် ပတ္တနာမြို့၊ Ashok Cinemas ရုပ်ရှင်ရုံအနီးရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်သည်။

ဆာရ်ဗာတီးယားသည် နှစ်စဉ် အာမခံကြေး ရူပီး ၃၆၀၀၀ (ြ မန်မာကျပ်ငွေ ၆၅၀၀၀၀) ပေးသွင်းနေသူ ဖြစ်သည်။

အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး အိန္ဒိယ သူတောင်းစားလောကတွင် နာမည်ကြီးသူတစ်ဦးလည်း ဖြစ်သည်။ ဆာရ်ဗာတီးယား တောင်းရမ်းနေသည့် နယ်သို့ အခြားမည်သည့်သူတောင်းစားမှ နယ်မကျော်ဝံ့။

သူတောင်းစားလောကတွင် ကျင်လည်ခဲ့သည်မှာ ၃၅ နှစ်ကျော်ခဲ့ပြီ။ သူ၏ ဘဏ်စာရင်းတွင် များပြားလှသောငွေများ စုဆောင်းထားရှိရာ သာမန်လူများ တစ်သက်တာ စုဆောင်းထားသည်ထက် ပိုမို များပြားနိုင်သည်။

ဆာရ်ဗာတီးယား ဒေဝီသည် ကမ္ဘာလှည့်ခရီးသည်တစ်ဦးလည်း ဖြစ်၏။ အိန္ဒိယနိုင်ငံသာမက နိုင်ငံပြင်ပ ကမ္ဘာလှည့်ခရီးသည်များ သွားလာလည်ပတ်လေ့ရှိသည့်နေရာများသို့ မကြာခဏ သွားရောက်လေ့ရှိသည်။

ထိုသို့ သွားရောက်ရာတွင် စုဆောင်းထားငွေများဖြင့် သွားရောက်ခြင်းကား မဟုတ်ချေ။

ရထားတစ်စင်းပေါ်သို့ လက်မှတ်မပါဘဲ တက်ရောက်ကာ စတင်တောင်းရမ်းတော့သည်။ သူမ သွားရောက်လိုသည့်နေရာအထိ တောင်းရမ်းသွား၏။

၅။ အီရှာ

အီရှာသည် ဆော်ဒီ အာရေးဗီးယားနိုင်ငံမှ သူတောင်းစား အဘွားအိုဖြစ်သည်။ အသက် ၁၀၀ အရွယ်ရှိသော မျက်မမြင်အဘွားအိုသည် သူတောင်းစားဘဝတွင် နှစ်ပေါင်း ၅၀ ကျော် ကျင်လည်ခဲ့သူ ဖြစ်၏။

၂၀၁၄ ခုနှစ်အတွင်း သူ၏ နေအိမ်တွင် ရုတ်တရက် သေဆုံးသွားချိန်၌ တစ်နိုင်ငံလုံး အံ့သြမင်သက်သွားကြသည်။

သေဆုံးခဲ့မှုအပေါ် အံ့သြခြင်းမဟုတ်။ သူမ ထားရစ်ခဲ့သည့် ပိုင်ဆိုင်မှုများကို အံ့သြကြခြင်း ဖြစ်သည်။ သူမ၏ တိုက်ခန်း၊ ရွှေဒင်္ဂါးပြားများ၊ တန်ဖိုးကြီး ရတနာများ အစရှိသည်တို့ ပိုင်ဆိုင်နေသည်ကို တွေ့ရသည်။ သူမ၏ တိုက်ခန်းမှာ ကန်ဒေါ်လာ ၁၀၆၆၅၈၀ တန်ကြေးရှိသည်ဟု ဆိုသည်။

၆။ ဘာဂျူး ချန်ဒရာ အာဇက် (Burju Chandra Azad)

မွမ်ဘိုင်းမြို့တွင် တောင်းရမ်းစားသောက်သူတစ်ဦးဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် မွမ်ဘိုင်းရဲတပ်ဖွဲ့က မွမ်ဘိုင်းမြို့အရှေ့ပိုင်း၊ ဂိုဗန်ဒီအရပ်ရှိ သူ၏တဲအိမ်အတွင်း ဘဏ်အပ်ငွေ ရူပီး ၈ သိန်းကျော် (၈ ဒသမ ၇၇ သိန်း) (မြန်မာကျပ်ငွေအားဖြင့် သိန်း ၁၆၀ ကျော်) နှင့် ငွေသား ရူပီး ၁၅၀၀၀၀ (မြန်မာကျပ်ငွေအားဖြင့် ၂၇ သိန်းခွဲ) ရှာဖွေတွေ့ရှိခဲ့သည်။

ဘာဂျူးသည် ရထားလမ်းကို ဖြတ်ကူးနေစဉ် ရထားတိုက်ခံရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့အကြီးအကဲ ဗာရှီ ဂျီအာရ်ပီက ပြောကြားရာတွင် ဘာဂျူးသည် တစ်ဦးတည်းနေထိုင်ပြီး သူ့အကြောင်းကို အိမ်နီးချင်းများ မသိကြကြောင်း ၊ သူ၏ နေအိမ်တွင်းရှိ စာရွက်စာတမ်းများတွင် တွေ့ရှိချက်အရ သူ၏မိသားစုမှာ အိန္ဒိယမြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် နေထိုင်သည်ကို သိရပြီး ၎င်း၏ သားဖြစ်သူထံ ဆက်သွယ်ထားကြောင်း ပြောကြားခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Richest Beggars Of The World That Will Change Your Perception Towards Your Profession (buzzhawker, financialexpress, storypick, icytales)

 

[Zawgyi]

ကမၻာ့အခ်မ္းသာဆံုး သူေတာင္းစားမ်ား

လမ္းဆံုမီးပိြဳင့္မ်ား၊ ဘုရားေစတီမ်ား၊ လူသြားလမ္းမ်ားႏွင့္ စားေသာက္ဆိုင္အျပင္ဘက္တို႔တြင္ သူေတာင္းစားမ်ားကို ေတြ႔ရခ်ိန္၌ ကၽြႏု္ပ္တို႔၏ စိတ္တြင္ သနားၾကင္နာစိတ္မ်ားေပၚေပါက္ကာ ၎တို႔အား ပိုမိုေကာင္းမြန္သည့္ ဘဝမ်ဳိးရရွိေစလိုၾကသည္။

ေအာက္တြင္ ေဖာ္ျပမည့္အေၾကာင္းရပ္တို႔ကား သင္၏စိတ္ေနသေဘာထားကို ေျပာင္းလဲေပးလိုက္မည့္ အေၾကာင္းအရာတို႔ပင္ ျဖစ္၏။

၎တို႔ကို ေတြ႔ျမင္ရခ်ိန္တြင္ ဆာေလာင္မြတ္သိပ္ေနရာေပမည္ဟု သနားကာ ေငြအခ်ဳိ ႔ေပးကမ္းစြန္႔ၾကဲလိုက္ၾကမည္ ျဖစ္သည္။ သို႔ေသာ္ သင္တို႔မသိသည့္အခ်က္မွာ ထိုသူမ်ားသည္ သင္ထက္ပင္ ပိုမိုခ်မ္းသာေနႏိုင္သည္ဟူသည့္အခ်က္ပင္။ တုန္လႈပ္အံ့ၾသသြားပါသလား။ မွန္ပါသည္..ဤအေၾကာင္းရပ္မ်ားကို ေဖာ္ထုတ္သိရွိလာျခင္းမွာ အလြန္ပင္ အံ့အားသင့္ဖြယ္ေကာင္းပါသည္။

ေအာက္တြင္ ေဖာ္ျပထားသည္တို႔ကား တစ္ကမၻာလံုးတြင္ အခ်မ္းသာဆံုးသူေတာင္းစားမ်ား ျဖစ္ၾကသည္။

အိႏိၵယတြင္ဆိုလွ်င္ ဆင္းရဲမြဲေတမႈမ်ဥ္းေအာက္တြင္ ေနထိုင္ရွင္သန္ရသူမ်ားစြာရွိေနျပီး ေတာင္းရမ္းျခင္းကို စနစ္တက် လုပ္ကိုင္သူ မ်ားစြာရွိေနသည္။

ျမိဳ႕တိုင္းတြင္ ေတာင္းရမ္းသည့္ဂိုဏ္းမ်ားရွိျပီး ေတာင္းရမ္းသူအားလံုးကို ကြပ္ကဲသည့္ ဂိုဏ္းေခါင္းေဆာင္လည္းရွိသည္။

၁။ ဘာရတ္ ဂ်ိန္း

ဘာရတ္ ဂ်ိန္းသည္ အိႏိၵယႏိုင္ငံမွ အသက္ ၅၂ ႏွစ္အရြယ္ သူေတာင္းစားတစ္ဦးျဖစ္ျပီး တစ္ကမၻာလံုးအတိုင္းအတာအရ အခ်မ္းသာဆံုး သူေတာင္းစားလည္း ျဖစ္သည္။

မြန္ဘိုင္းျမိဳ႕၊ Parel အရပ္တြင္ သူေတာင္းစားဘဝစတင္ခဲ့ျခင္းျဖစ္ျပီး သူ၏ သားသမီးမ်ားကိုလည္း သူေတာင္းစားအျဖစ္ သင္ၾကားမႈမ်ား ျပဳလုပ္ေပးထားသည္။

ဘာရတ္သည္ ရူပီးေငြ သိန္း ၇၀ ခန္႔ (ျမန္မာက်ပ္ေငြ သိန္း ၁၃၀၀ နီးပါး) တန္ေၾကးရွိေသာ တိုက္ခန္း ၂ ခန္း ပိုင္ဆိုင္ထားျပီး ေဖ်ာ္ရည္ဆိုင္တစ္ဆိုင္၏ ပိုင္ရွင္လည္း ျဖစ္သည္။

အဆိုပါ ဆိုင္ေနရာကို ငွားရမ္းခအျဖစ္ လစဥ္ ရူပီး ၁၀၀၀၀ ခန္႔ (ျမန္မာက်ပ္ေငြ ၁၈၀၀၀၀ ခန္႔) ဝင္ေငြရွိသည္။

ေတာင္းရမ္းမႈ တစ္ခုတည္းမွ လစဥ္ရရွိေငြမွာပင္ ရူပီး ၇၅၀၀၀ ခန္႔ (ျမန္မာက်ပ္ေငြ ၁၃ သိန္းေက်ာ္) ရွိသည္ဟု ဆိုသည္။ ဘာရတ္သည္ သူ၏ တိုက္ခန္းတြင္ ဖခင္၊ ဇနီး၊ အစ္ကို၊ သား ၂ ဦးႏွင့္အတူ ေနထိုင္လ်က္ရွိျပီး သားႏွစ္ဦးမွာ အထက္တန္းပညာေရး ျပီးဆံုးခဲ့ၾကျပီ ျဖစ္သည္။

၂။ ကရစ္ရွ္နာ ကုမာရ ဂီတီ

ကရစ္ရွ္နာ ကုမာရ ဂီတီကို မြန္ဘိုင္းျမိဳ႕၊ ခ်ာနီလမ္းအနီး CP Tank လမ္းေပၚတြင္ ေတာင္းရမ္းေနသည္ကို ေန႔စဥ္ေတြ႔ႏိုင္သည္။

မြန္ဘိုင္းျမိဳ႕၊ နာလာ ဆိုပရာအရပ္တြင္ တိုက္ခန္း ၁ ခန္း ပိုင္ဆိုင္ထားျပီး အစ္ကိုျဖစ္သူႏွင့္အတူေနထုိင္သည္။ ကရစ္ရွ္နာ၏ အစ္ကိုက ေငြေၾကးစီမံခန္႔ခြဲမႈမ်ားျပဳလုပ္ေပးရာ သူ၏ဘ႑ာထိန္း စာရင္းကိုင္ဟုလည္း ဆိုႏိုင္သည္။ ကရစ္ရွ္နာ၏ ေန႔စဥ္ ေတာင္းရမ္းရရွိေသာ ပွ်မ္းမွ်ဝင္ေငြမွာ ရူပီး ၂၀၀၀ (ျမန္မာက်ပ္ေငြ ၃၆၀၀၀ခန္႔) ျဖစ္သည္။

၃။ ဆမ္ဘာဂ်ီ ကာေလ (Sambhaji Kale)

အိႏိၵယႏိုင္ငံ၊ မဟာရပ္ရွ္တရာျပည္နယ္ရွိ ျမိဳ႕ေပါင္းမ်ားစြာတြင္ ေနအိမ္မ်ား ပိုင္ဆိုင္ထားသည္။ေတာင္းရမ္းျခင္းသည္ ဆမ္ဘာဂ်ီ၏ မိသားစုလုပ္ငန္း ျဖစ္၏။ ဆမ္ဘာဂ်ီတို႔ မိသားစုဝင္ ၄ ဦးလံုးသည္ မြမ္ဘိုင္းျမိဳ႕၊ ခါးရ္အရပ္တြင္ ေတာင္းရမ္းေလ့ရွိျပီး ေန႔စဥ္ ရူပီး ၁၀၀၀ (ျမန္မာက်ပ္ေငြ ၁၈၀၀၀ ) ခန္႔ ရရွိသည္။

ဆမ္ဘာဂ်ီသည္ သူေတာင္းစားတစ္ဦးမွ်ကား မဟုတ္။ ႏိုင္ငံတကာ ကုမၸဏီေပါင္းမ်ားစြာတြင္ ရင္းႏွီးျမွဳပ္ႏွံထားသူလည္း ျဖစ္ျပီး သိန္းေပါင္းမ်ားစြာ ရင္းႏွီးျမွဳပ္ႏွံထားသည္။

မြမ္ဘိုင္းျမိဳ႕ ေျမာက္ပိုင္း ဗီရာအရပ္တြင္ တိုက္ခန္း ၁ ခန္း၊ မဟာရပ္ရွ္တရာျပည္နယ္ အေနာက္ေတာင္ပိုင္း ဆိုလာပူရျမိဳ႕တြင္ ေနအိမ္ ၂ လံုးႏွင့္ ေျမကြက္တစ္ခု ပိုင္ဆိုင္ထားသည္။

အထက္ပါ သူေတာင္းစားတို႔၏ ပိုင္ဆိုင္မႈမ်ားကို ၾကည့္ျပီး မိဘမ်ားသည္ ကေလးငယ္မ်ား၏ အနာဂတ္အလုပ္အကိုင္အျဖစ္ ေတာင္းရမ္းျခင္းကို ေရြးခ်ယ္ေပးလာႏိုင္ဖြယ္မရွိဟု မည္သူသိႏိုင္ပါမည္နည္း။

၄။ ဆာရ္ဗာတီးယား ေဒဝီ (Sarvatia Devi)

ဆာရ္ဗာတီးယား ေဒဝီသည္ အိႏိၵယမွ သူေတာင္းစား အမ်ဳိးသမီးၾကီးျဖစ္ျပီး ဘီဟာျပည္နယ္၊ ဂဂၤ ါျမစ္ကမ္း၏ ေတာင္ဘက္ ပတၱနာျမိဳ႕၊ Ashok Cinemas ရုပ္ရွင္ရံုအနီးရွိ တိုက္ခန္းတစ္ခန္းတြင္ ေနထုိင္သည္။

ဆာရ္ဗာတီးယားသည္ ႏွစ္စဥ္ အာမခံေၾကး ရူပီး ၃၆၀၀၀ (ျ မန္မာက်ပ္ေငြ ၆၅၀၀၀၀) ေပးသြင္းေနသူ ျဖစ္သည္။

အသက္ ၅၀ ေက်ာ္အရြယ္ရွိျပီျဖစ္ျပီး အိႏိၵယ သူေတာင္းစားေလာကတြင္ နာမည္ၾကီးသူတစ္ဦးလည္း ျဖစ္သည္။ ဆာရ္ဗာတီးယား ေတာင္းရမ္းေနသည့္ နယ္သို႔ အျခားမည္သည့္သူေတာင္းစားမွ နယ္မေက်ာ္ဝံ့။

သူေတာင္းစားေလာကတြင္ က်င္လည္ခဲ့သည္မွာ ၃၅ ႏွစ္ေက်ာ္ခဲ့ျပီ။ သူ၏ ဘဏ္စာရင္းတြင္ မ်ားျပားလွေသာေငြမ်ား စုေဆာင္းထားရွိရာ သာမန္လူမ်ား တစ္သက္တာ စုေဆာင္းထားသည္ထက္ ပိုမို မ်ားျပားႏိုင္သည္။

ဆာရ္ဗာတီးယား ေဒဝီသည္ ကမၻာလွည့္ခရီးသည္တစ္ဦးလည္း ျဖစ္၏။ အိႏိၵယႏိုင္ငံသာမက ႏိုင္ငံျပင္ပ ကမၻာလွည့္ခရီးသည္မ်ား သြားလာလည္ပတ္ေလ့ရွိသည့္ေနရာမ်ားသို႔ မၾကာခဏ သြားေရာက္ေလ့ရွိသည္။

ထိုသို႔ သြားေရာက္ရာတြင္ စုေဆာင္းထားေငြမ်ားျဖင့္ သြားေရာက္ျခင္းကား မဟုတ္ေခ်။

ရထားတစ္စင္းေပၚသို႔ လက္မွတ္မပါဘဲ တက္ေရာက္ကာ စတင္ေတာင္းရမ္းေတာ့သည္။ သူမ သြားေရာက္လိုသည့္ေနရာအထိ ေတာင္းရမ္းသြား၏။

၅။ အီရွာ

အီရွာသည္ ေဆာ္ဒီ အာေရးဗီးယားႏိုင္ငံမွ သူေတာင္းစား အဘြားအိုျဖစ္သည္။ အသက္ ၁၀၀ အရြယ္ရွိေသာ မ်က္မျမင္အဘြားအိုသည္ သူေတာင္းစားဘဝတြင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ က်င္လည္ခဲ့သူ ျဖစ္၏။

၂၀၁၄ ခုႏွစ္အတြင္း သူ၏ ေနအိမ္တြင္ ရုတ္တရက္ ေသဆံုးသြားခ်ိန္၌ တစ္ႏိုင္ငံလံုး အံ့ၾသမင္သက္သြားၾကသည္။

ေသဆံုးခဲ့မႈအေပၚ အံ့ၾသျခင္းမဟုတ္။ သူမ ထားရစ္ခဲ့သည့္ ပိုင္ဆိုင္မႈမ်ားကို အံ့ၾသၾကျခင္း ျဖစ္သည္။ သူမ၏ တိုက္ခန္း၊ ေရႊဒဂၤ ါးျပားမ်ား၊ တန္ဖုိးၾကီး ရတနာမ်ား အစရွိသည္တို႔ ပိုင္ဆိုင္ေနသည္ကို ေတြ႔ရသည္။ သူမ၏ တိုက္ခန္းမွာ ကန္ေဒၚလာ ၁၀၆၆၅၈၀ တန္ေၾကးရွိသည္ဟု ဆိုသည္။

၆။ ဘာဂ်ဴး ခ်န္ဒရာ အာဇက္ (Burju Chandra Azad)

မြမ္ဘိုင္းျမိဳ႕တြင္ ေတာင္းရမ္းစားေသာက္သူတစ္ဦးျဖစ္သည္။ ၎ကြယ္လြန္ခ်ိန္တြင္ မြမ္ဘိုင္းရဲတပ္ဖြဲ႔က မြမ္ဘိုင္းျမိဳ႕အေရွ႕ပိုင္း၊ ဂိုဗန္ဒီအရပ္ရွိ သူ၏တဲအိမ္အတြင္း ဘဏ္အပ္ေငြ ရူပီး ၈ သိန္းေက်ာ္ (၈ ဒသမ ၇၇ သိန္း) (ျမန္မာက်ပ္ေငြအားျဖင့္ သိန္း ၁၆၀ ေက်ာ္) ႏွင့္ ေငြသား ရူပီး ၁၅၀၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၂၇ သိန္းခြဲ) ရွာေဖြေတြ႔ရွိခဲ့သည္။

ဘာဂ်ဴးသည္ ရထားလမ္းကို ျဖတ္ကူးေနစဥ္ ရထားတိုက္ခံရကာ ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

ရဲတပ္ဖြဲ႔အၾကီးအကဲ ဗာရွီ ဂ်ီအာရ္ပီက ေျပာၾကားရာတြင္ ဘာဂ်ဴးသည္ တစ္ဦးတည္းေနထိုင္ျပီး သူ႔အေၾကာင္းကို အိမ္နီးခ်င္းမ်ား မသိၾကေၾကာင္း ၊ သူ၏ ေနအိမ္တြင္းရွိ စာရြက္စာတမ္းမ်ားတြင္ ေတြ႔ရွိခ်က္အရ သူ၏မိသားစုမွာ အိႏိၵယေျမာက္ပိုင္း ရာဂ်က္စ္သန္ျပည္နယ္တြင္ ေနထုိင္သည္ကို သိရျပီး ၎၏ သားျဖစ္သူထံ ဆက္သြယ္ထားေၾကာင္း ေျပာၾကားခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Richest Beggars Of The World That Will Change Your Perception Towards Your Profession (buzzhawker, financialexpress, storypick, icytales)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
shwe-moe-kaung
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service