ကန်ထရိုက်တိုက်/တိုက်ခန်းနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင်

ကန်ထရိုက်တိုက်/တိုက်ခန်းနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2020 3:00 pm တွင် တင်ခဲ့သည်
1064 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

သင်ဟာ မြေရှင်တစ်ဦးလား။ သင့်မြေကွက်မှာ ကန်ထရိုက်တိုက် အကျိုးတူ ပူးပေါင်းဆောက်လုပ်ချင် လို့ ကန်ထရိုက် ရှာနေပြီလား၊ ဒါဆို ရင် ဒါတွေသိဖို့ လိုပါမယ်။

သင့်မြေကွက်ဟာ ဂရန်အမည်ပေါက် (အမည်ပေါက်သူ သက်ရှိ ထင်ရှား) ဖြစ်မယ်ဆိုရင် အကောင်း ဆုံးပေါ့။ မြို့တော်စည်ပင်မှာ အချိန်ကာလ မကြာမြင့်စေရဘဲ ဆောက်လုပ်ခွင့် အမြန်ဆုံး ရပါလိမ့်မယ်။ ဂရန် အမှန်၊ သတ်မှတ်ချက်တွေ ကိုက်ညီရင် အများဆုံး ၄၅ ရက်အတွင်းမှာ ဆောက်လုပ်ခွင့် ကျရပါစေ့မယ်လို့ မြို့တော်စည်ပင်က အာမခံထားတယ်။ သင့်မြေကွက်ပေါ် မူတည်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အထပ် အမြင့် ရပါလိမ့်မယ်။ တစ်ခုပဲရှိမယ်။ ကန့်သတ်ထားတဲ့ဇုန် (ဥပမာ ရွှေတိဂုံစေတီအနီး) များထဲမှာဆိုရင်တော့ ဇုန်အလိုက်သတ်မှတ်ထားတဲ့ အမြင့်ပဲ ရလိမ့်မယ်။

ဂရန်အမည်ပေါက် မဟုတ်ဘဲ အရပ်စာချုပ်နဲ့ဝယ်ယူထားတဲ့မြေကွက်ဆိုရင်တော့ ရွေးချယ်ရမယ့်လမ်း ကြောင်းနှစ်ခုရှိတယ်။ တစ်ခုကဂရန်ကို အမည်ပေါက် ပြန်လျှောက်ပြီးမှ ဆက်လုပ်ဖို့။ နောက်တစ်ခုကတော့ အရပ်စာချုပ်နဲ့ပဲ လျှောက်ထားပြီးဆက်လုပ်ဖို့။ ဂရန်အမည်ပေါက်ရပြီဆိုရင်တော့ အပေါ်စာပိုဒ်ကလိုပဲပေါ့။ အရပ်စာချုပ်နဲ့ လျှောက်ထားရင်တော့ စည်ပင်မှာအချိန်နည်းနည်းပိုပေးရပါလိမ့်မယ်။ စည်ပင်က ပထမဆုံး သင့်ရဲ့မြေကွက်ရာဇဝင်ကို မြို့ပြစီမံကိန်းနှင့် မြေယာဌာနမှာ မေးမြန်းပါလိမ့်မယ်။ အဲဒီဌာနက စိစစ်ပြီး သင့်မြေကွက်ဟာ အစိုးရမြေစာရင်းမပေါက်ဘူး၊ နိုင်ငံခြားသားပိုင်မြေ စာရင်းမပေါက်ဘူးဆိုရင် တိုင်းရင်းသား ပိုင် မြေကွက်စာရင်းပေါက် ဖြစ်နေသည့်တိုင်ခွင့်ပြုနိုင်ကြောင်း စည်ပင်ကို အကြောင်းပြန်ပါလိမ့်မယ်။ အချိန်ကတော့ သုံးပတ်လောက်ကြာနိုင်တယ်။ ပြီးရင် စည်ပင်ကသတင်းစာမှာ ထည့်ပြီးတော့ ကန့်ကွက်ရန်ရှိမရှိ စိစစ်ပါဦးမယ်။ ကန့်ကွက်သူရှိရင်တော့ လိုအပ်သလို ဆက်လက်စိစစ်ပြီးမှ အတည်ပြုပါလိမ့်မယ်။ ပြီးတော့မှ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်ဆောင်ရွက်မှာဆိုတော့ ကန့်ကွက်သူမရှိရင်တောင် စုစုပေါင်းကာလ အနည်းဆုံးနှစ်လခွဲလောက်ကြာမှ ဆောက်လုပ်ခွင့် ကျလာနိုင်ပါမယ်။ ကန့်ကွက်သူရှိရင်တော့ ပိုကြာမှာပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ အရပ်စာချုပ်နဲ့ဆိုရင် သုံးထပ်အထိပဲ ဆောက်လုပ်ခွင့်ပြုပါလိမ့်မယ်။

အရပ်စာချုပ်အရ သင်ပိုင်ဆိုင်သော်လည်း သင့်မြေကွက်ဟာ မြေရာဇဝင်မှာ နိုင်ငံခြားသားပိုင် စာရင်း ပေါက်နေခဲ့ရင်တော့ စည်ပင်က ပြည်ထဲရေးဌာနမှာရှိတဲ့ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ကန့်သတ်သော အဖွဲ့ထံ ဆက်လက်တင်ပြပါလိမ့်မယ်။ အဲဒီအဖွဲ့က စိစစ်ပြီး ခွင့်ပြုနိုင်မယ့် အနေအထား အချက်အလက်များ တွေ့ရင် ခွင့်ပြုနိုင်ကြောင်းအကြောင်းပြန်ပါလိမ့်မယ်။ အဲဒီတော့မှ စည်ပင်က အပေါ်က လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆက်လုပ်သွားပါလိမ့်မယ်။ အချိန်ကတော့ လိုအပ်သလောက် ကြာနိုင်ပါတယ်။

မြေရှင်များ……ကန်ထရိုက်ကို ရွေးချယ်တဲ့နေရာမှာတော့ သတိထားပါ။ အနည်းဆုံး သင် နှစ်မျိုးနှစ်စား တွေ့လိမ့်မယ်။ တရားဝင်လိုင်စင်ကိုင်ဆောင်ထားတဲ့ ကန်ထရိုက်တာ/ကုမ္ပဏီများနဲ့ တရားဝင်လိုင်စင်ကိုင်မ ထားတဲ့ (အငှားလိုင်စင်နဲ့လို့ပြောတတ်တဲ့) လိုင်စင်မဲ့ ကန်ထရိုက်တာတွေ ဖြစ်ပါတယ်။ သင့်ရဲ့ လိုလားချက် တွေနဲ့ ညှိနှိုင်းယူတဲ့အခါမှာ တစ်ခါတစ်ရံ အလိုက်လျောနိုင်ဆုံးသူတွေက လိုင်စင်မဲ့ ကန်ထရိုက်တာတွေဖြစ် နေတတ်ပါတယ်။ သူတို့တွေအကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ ပြဿနာဖြစ်တတ်တာ များတဲ့လိုင်စင်မဲ့ ကန်ထရိုက်တာတွေနဲ့ဆောက်မိလို့ တစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင် စည်ပင်ကတော့ လိုင်စင်မဲ့ကန်ထရိုက်တာတွေနဲ့ ပတ်သက်လို့ ဘာအာမခံချက်မှ ပေးမထားပါဘူး။ တရားဝင်လိုင်စင် ကိုင်ဆောင်ထားတဲ့ ကန်ထရိုက်များ၊ ကုမ္ပဏီများကတော့ ပြဿနာ နည်းပါတယ်။ စည်ပင်အနေနဲ့ ကိုင်တွယ် ဖြေရှင်းပေးနိုင်တယ်။ဒီတော့ ကန်ထရိုက်ရွေးရင်ဒီအချက်တွေနဲ့စဉ်းစားပြီး ရွေးချယ်သင့်တယ်လို့ တိုက်တွန်းလိုပါတယ်။

မြေရှင်တွေအနေနဲ့ လက်ရှိအချိန်မှာ ဖြစ်နေတဲ့ ပြဿနာတချို့ကို သိထားသင့်ပါတယ်။ ခေတ်အခါအရ ဆင်ခြေဖုံးမြို့နယ်တွေမှာ ကန်ထရိုက်တိုက်တွေ အလျှိုအလျှိုပေါ်လာတယ်။ တချို့ကအဆင်ပြေပြေနဲ့ တိုက်ခန်းပေါ် တက်နေနိုင်ကြပြီ။ ဒါပေမယ့် တချို့ကတော့ ပြဿနာ ကိုယ်စီနဲ့ပါ။ ဆောက်ခွင့်မကျသေးဘဲဆောက်လို့ဒဏ်ကြေးဆောင်ရတာနဲ့၊ ခွင့်ပြုတာထက် အမြင့်၊ အထပ်တွေ ပိုဆောက်မိလို့ ဒဏ်ကြေးဆောင်ရတာနဲ့၊လုပ်ငန်းစဉ်အတိုင်းမလုပ်လို့ လူနေထိုင်ခွင့် မကျလာတာနဲ့ အမျိုးမျိုးသော ပြဿနာတက်နေတဲ့ အဆောက်အအုံပေါင်း ၁,၂ဝဝ ကျော်တောင် ရှိနေပါတယ်။ ဒါကြောင့်ပြဿနာကင်းကင်း၊ စိတ်ချမ်းချမ်း သာသာ စီးပွားရေးလုပ်မယ်ဆိုရင်တော့ လုပ်ငန်းစဉ်တွေအဆင့်လိုက် လုပ်မယ့်ကန်ထရိုက်၊ သတ်မှတ်ချက်တွေ လိုက်နာမယ့်ကန်ထရိုက်တွေနဲ့သာ ညှိနှိုင်းပူးပေါင်းသင့်ပါတယ်။

သင်ဟာ ကန်ထရိုက်တိုက်ခန်း ဝယ်ယူနေထိုင် သို့မဟုတ် ဝယ်ယူ မြှုပ်နှံဖို့ စဉ်းစားနေသူလား…..။ ဒါဆို ရင်တော့ အထက်က အချက်လေးတွေ သိထားပြီး ခေါင်းမရှုပ်ရစေဖို့စည်းမျဉ်းကိုက်ညီပြီးတရားဝင်လူနေထိုင်ခွင့် ရရှိထားတဲ့ တိုက်ခန်းလေးတွေသာ ရွေးချယ်ပါ။ ဈေးကြိုက်တယ်ဆိုပြီး အလျင်အမြန် ဆုံးဖြတ်ချက်ချမိရင်တော့ ကံဆိုးရင် ရင်မောရပါလိမ့်မယ်။ ကြိုပွိုင့်ဝယ်မယ်ဆိုရင် ဆောက်မယ့်ကန်ထရိုက်တာ၊ မြေရှင်တို့ကို သေသေချာချာ စိစစ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

သင်ဟာ လိုင်စင်မဲ့ ကန်ထရိုက်တာလား ။ လိုင်စင်အမြန်ဆုံးလျှောက်ထားသင့်ပါပြီ။ အခုလက်ရှိအချိန်မှာ ဥပဒေတွေအရ လိုင်စင်မဲ့ ကန်ထရိုက်တွေကို တိုက်ရိုက် မထိခိုက်သေးပေမယ့် မြို့တော်စည်ပင်က နောင်ဆိုရင်လိုင်စင်မဲ့ ကန်ထရိုက်တာတွေကိုပါအရေးယူနိုင်မယ့် ဥပဒေတွေ ရေးဆွဲအတည်ပြုပြီးဖြစ်နေပါပြီ။ နည်းဥပဒေတွေ ရေးဆွဲနေဆဲဖြစ်ပြီး အဲဒါအတည်ပြုပြီးသွားရင် မြေရှင်နဲ့ ပါဝင်ပတ်သက်သူများအားလုံး (ကန်ထရိုက်အစ ပန်းရန် အလယ် လက်သမားအဆုံး)အကုန်လုံးကို အရေးယူတော့မယ်လို့ ပြောနေပါပြီ။ ဒါကြောင့် လုပ်သင့်တာလေးတွေ လုပ်ပြီး၊ မလုပ်သင့်တာလေးတွေ မလုပ်ရင် အကောင်း ဆုံးပါ။

သင်ဟာ တရားဝင်လိုင်စင် ကိုင်ဆောင်ထားတဲ့ ကန်ထရိုက်တာ သို့မဟုတ် ကုမ္ပဏီလား။ ဒါဆိုရင် စည်ပင်က စစ်ဆေးခွင့်ပြုထားတဲ့ အတိုင်းအတာ၊ ပစ္စည်းအမျိုးအစား၊ အချိုးအစားများအတိုင်းဆောက်ပါ။ သင်ဆောက်လုပ်တဲ့ အဆောက်အအုံမှာကြီးမားတဲ့ ချွတ်ယွင်းချက်တွေ ဖြစ်ပေါ်တွေ့ရှိလာခဲ့မယ်ဆိုရင်မြို့တော် စည်ပင်က သင့်ရဲ့လိုင်စင်ကိုပိတ်သိမ်းသည်အထိ အရေးယူနိုင်ပါတယ်။ အဲဒီလိုအရေးယူခဲ့မှုတွေလည်းရှိပါ တယ်။

ဘယ်သူပဲဖြစ်ဖြစ် ကန်ထရိုက်တိုက်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှု ရှိလာနိုင်စရာ အခြေအနေမျိုး ရှိနေရင်တော့ အောက်ပါ ဗဟုသုတလေးတွေ သိထားဖို့လိုပါမယ်။ အကြမ်းဖျင်းအားဖြင့် အဆောက်အအုံရဲ့အမြင့်ကို မြေကွက်မျက်နှာစာ လမ်းအကျယ်ရဲ့ နှစ်ဆအထိ၊ ဆောက်လုပ်မယ့် အဆောက်အအုံမျက်နှာစာရဲ့သုံးဆအထိ ခွင့်ပြုနိုင်ပါမယ်။ ယနေ့ခေတ်အခါအရ မြေကွက် အကျယ် ၂,၅ဝဝ စတုရန်းပေနဲ့အထက်ဆိုရင်တော့ ကားပါကင်နေရာလိုပါမယ် (လက်ရှိအချိန်အတွက် ဒီသတ် မှတ်ချက်က မဖြစ်မနေလိုက်နာရမယ့် သတ်မှတ်ချက်ပါ)။ အဆောက်အအုံ အမြင့် ၆၂ ပေကျော်ရင်တော့ ဓာတ်လှေကားထည့်ပေးရပါမယ်။

အဆောက်အအုံရဲ့နံ ဘေးဘက်မှာ တစ်ပေစီ ချန်ရပါမယ်။ အနောက်ဘက် မှာ လမ်းကြား/မီးတားလမ်းရှိရင် တစ်ပေ ချန်ရမှာဖြစ်ပြီး အဲဒါတွေမရှိရင် ခြောက်ပေချန်ရပါမယ်။

လုပ်ငန်းစဉ် အဆင့်ဆင့်တွေကို ပွဲစားမလို တိုက်ရိုက်လာရောက် တင်ပြနိုင်ပြီး မြေရှင်ဘက်က မြေမှန်၊ ဂရန်မှန်ပြီး ကန်ထရိုက်ဘက်က တင်ပြအဆောက်အအုံ ပုံစံမှန်၊ တင်ပြတွက်ချက်မှုတွေ မှန်မယ်ဆိုရင် ဆောက်လုပ်ခွင့်ဟာ စည်ပင်မှာ ၄၅ ရက်ထက်ပိုမကြာပါဘူး။ ပုံစံ/ တွက်ချက်မှုတွေနဲ့ပတ်သက်လို့ လိုအပ်တာတွေရှိမယ်ဆိုရင် စည်ပင်က ခေါ်ယူပြင်ဆင်စေတဲ့အခါ ကျွမ်းကျင်သူများ ကိုယ်တိုင် သွားရောက် ဆွေးနွေးသင့်ပါတယ်။ မကျွမ်းကျင်သူတွေ သွားမိမယ်ဆိုရင်တော့ ဆိုလိုရင်းတွေ မမိရင် အခေါက်ခေါက်အခါခါ ထပ်သွားရပြီး အချိန်တွေ အလဟသကုန်ပါတယ်။

အားလုံးမှန်ပြီး စနစ်တကျ တင်ပြဆောင်ရွက်ရင် စစ်ဆေးခအနေနဲ့ တစ်စတုရန်းပေကို ၃၆ ကျပ်နှုန်း သာ ကျသင့်မှာပါ။ ဒါပေမယ့် ခွင့်ပြုမိန့်မကျမီ ကြိုဆောက်မိမယ်ဆိုရင်တော့ တစ်စတုရန်းပေကို ကျပ် ၂,၅ဝဝ နှုန်း (၄ဝ x ၆ဝ) အကွက်ဆိုရင် သိန်း ၆ဝ ခန့်)ဒဏ်ကြေး၊ ခွင့်ပြုအမြင့်/အထပ်ထက် ကျော်လွန် ဆောက်မိရင်တော့တစ်စတုရန်းပေကို ကျပ် ၁၅,ဝဝဝ နှုန်း (၄ဝ x ၆ဝ) အကွက်ဆိုရင် သိန်း ၃၆ဝ ခန့်) ဒဏ်ကြေးဆောင်ရပါလိမ့်မယ်။ လိုအပ်ရင် ပြန်လည်ဖြိုဖျက်စေတာတွေလည်း ရှိပါမယ်။ ဒဏ်ကြေးဆောင်ပြီး နောက် အဆောက်အအုံကို လူနေထိုင်ခွင့်ပြုခဲ့မယ်ဆိုရင်တောင်အဆောက်အအုံရဲ့ကြံ့ခိုင်မှုကို တာဝန်မယူနိုင် တဲ့ စည်းတံဆိပ်အနီရောင်ဖြင့်သာ လူနေထိုင်ခွင့် ပြုမှာဖြစ်ပါတယ်။

ခြံစည်းရိုး ခတ်ချင်တယ်ဆိုရင် တော့ အဲဒီမြေကွက်ဟာ ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။ ဒီတော့ အခြေခံအားဖြင့် ဒီအချက်ကလေးတွေကိုသိထားမယ်၊ အသုံးချမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ အချိန်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆုံးရှုံးမှုမဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချနိုင်ပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : ပီတိဖေ

 

[Zawgyi]

ကန္ထ႐ိုက္တိုက္/တိုက္ခန္းနဲ႔ ပတ္သက္လုိ႔ ရင္းႏွီးျမႇဳပ္ႏွံေတာ့မယ္ဆိုရင္

သင္ဟာ ေျမရွင္တစ္ဦးလားး။ သင့္ေျမကြက္မွာ ကန္ထ႐ိုက္တိုက္ အက်ဳိးတူ ပူးေပါင္းေဆာက္လုပ္ခ်င္ လို႔ ကန္ထ႐ုိက္ ရွာေနၿပီလား၊ ဒါဆို ရင္ ဒါေတြသိဖို႔ လိုပါမယ္။

သင့္ေျမကြက္ဟာ ဂရန္အမည္ေပါက္ (အမည္ေပါက္သူ သက္ရွိ ထင္ရွား) ျဖစ္မယ္ဆိုရင္ အေကာင္း ဆံုးေပါ့။ ၿမိဳ႕ေတာ္စည္ပင္မွာ အခ်ိန္ကာလ မၾကာျမင့္ေစရဘဲ ေဆာက္လုပ္ခြင့္ အျမန္ဆံုး ရပါလိမ့္မယ္။ ဂရန္ အမွန္၊ သတ္မွတ္ခ်က္ေတြ ကိုက္ညီရင္ အမ်ားဆံုး ၄၅ ရက္အတြင္းမွာ ေဆာက္လုပ္ခြင့္ က်ရပါေစ့မယ္လို႔ ၿမိဳ႕ေတာ္စည္ပင္က အာမခံထားတယ္။ သင့္ေျမကြက္ေပၚ မူတည္ၿပီး သတ္မွတ္ခ်က္နဲ႔ကိုက္ညီတဲ့ အထပ္ အျမင့္ ရပါလိမ့္မယ္။ တစ္ခုပဲရွိမယ္။ ကန္႔သတ္ထားတဲ့ဇုန္ (ဥပမာ ေရႊတိဂံုေစတီအနီး) မ်ားထဲမွာဆိုရင္ေတာ့ ဇုန္အလိုက္သတ္မွတ္ထားတဲ့ အျမင့္ပဲဲ ရလိမ့္မယ္။

ဂရန္အမည္ေပါက္ မဟုတ္ဘဲ အရပ္စာခ်ဳပ္နဲ႔ဝယ္ယူထားတဲ့ေျမကြက္ဆိုရင္ေတာ့ ေရြးခ်ယ္ရမယ့္လမ္း ေၾကာင္းႏွစ္ခုရွိတယ္။ တစ္ခုကဂရန္ကို အမည္ေပါက္ ျပန္ေလွ်ာက္ၿပီးမွ ဆက္လုပ္ဖို႔။ ေနာက္တစ္ခုကေတာ့ အရပ္စာခ်ဳပ္နဲ႔ပဲ ေလွ်ာက္ထားၿပီးဆက္လုပ္ဖို႔။ ဂရန္အမည္ေပါက္ရၿပီဆိုရင္ေတာ့ အေပၚစာပိုဒ္ကလိုပဲေပါ့။ အရပ္စာခ်ဳပ္နဲ႔ ေလွ်ာက္ထားရင္ေတာ့ စည္ပင္မွာအခ်ိန္နည္းနည္းပိုေပးရပါလိမ့္မယ္။ စည္ပင္က ပထမဆံုး သင့္ရဲ႕ေျမကြက္ရာဇဝင္ကို ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမယာဌာနမွာ ေမးျမန္းပါလိမ့္မယ္။ အဲဒီဌာနက စိစစ္ၿပီး သင့္ေျမကြက္ဟာ အစိုးရေျမစာရင္းမေပါက္ဘူး၊ ႏိုင္ငံျခားသားပိုင္ေျမ စာရင္းမေပါက္ဘူးဆိုရင္ တိုင္းရင္းသား ပိုင္ ေျမကြက္စာရင္းေပါက္ ျဖစ္ေနသည့္တိုင္ခြင့္ျပဳႏိုင္ေၾကာင္း စည္ပင္ကို အေၾကာင္းျပန္ပါလိမ့္မယ္။ အခ်ိန္ကေတာ့ သံုးပတ္ေလာက္ၾကာႏိုင္တယ္။ ၿပီးရင္ စည္ပင္ကသတင္းစာမွာ ထည့္ၿပီးေတာ့ ကန္႔ကြက္ရန္ရွိမရွိ စိစစ္ပါဦးမယ္။ ကန္႔ကြက္သူရွိရင္ေတာ့ လိုအပ္သလို ဆက္လက္စိစစ္ၿပီးမွ အတည္ျပဳပါလိမ့္မယ္။ ၿပီးေတာ့မွ လုပ္ထံုးလုပ္နည္းေတြနဲ႔အညီ ဆက္ေဆာင္ရြက္မွာဆိုေတာ့ ကန္႔ကြက္သူမရွိရင္ေတာင္ စုစုေပါင္းကာလ အနည္းဆံုးႏွစ္လခြဲေလာက္ၾကာမွ ေဆာက္လုပ္ခြင့္ က်လာႏိုင္ပါမယ္။ ကန္႔ကြက္သူရွိရင္ေတာ့ ပိုၾကာမွာေပါ့။ အၾကမ္းဖ်င္းအားျဖင့္ေတာ့ အရပ္စာခ်ဳပ္နဲ႔ဆိုရင္ သံုးထပ္အထိပဲ ေဆာက္လုပ္ခြင့္ျပဳပါလိမ့္မယ္။

အရပ္စာခ်ဳပ္အရ သင္ပုိင္ဆိုင္ေသာ္လည္း သင့္ေျမကြက္ဟာ ေျမရာဇဝင္မွာ ႏိုင္ငံျခားသားပိုင္ စာရင္း ေပါက္ေနခဲ့ရင္ေတာ့ စည္ပင္က ျပည္ထဲေရးဌာနမွာရွိတဲ့ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား ကန္႔သတ္ေသာ အဖြဲ႕ထံ ဆက္လက္တင္ျပပါလိမ့္မယ္။ အဲဒီအဖြဲ႕က စိစစ္ၿပီး ခြင့္ျပဳႏိုင္မယ့္ အေနအထား အခ်က္အလက္မ်ား ေတြ႕ရင္ ခြင့္ျပဳႏိုင္ေၾကာင္းအေၾကာင္းျပန္ပါလိမ့္မယ္။ အဲဒီေတာ့မွ စည္ပင္က အေပၚက လုပ္ထံုးလုပ္နည္းေတြ အတိုင္း ဆက္လုပ္သြားပါလိမ့္မယ္။ အခ်ိန္ကေတာ့ လိုအပ္သေလာက္ ၾကာႏိုင္ပါတယ္။

ေျမရွင္မ်ား……ကန္ထ႐ိုက္ကို ေရြးခ်ယ္တဲ့ေနရာမွာေတာ့ သတိထားပါ။ အနည္းဆံုး သင္ ႏွစ္မ်ဳိးႏွစ္စား ေတြ႕လိမ့္မယ္။ တရားဝင္လိုင္စင္ကိုင္ေဆာင္ထားတဲ့ ကန္ထ႐ိုက္တာ/ကုမၸဏီမ်ားနဲ႔ တရားဝင္လိုင္စင္ကိုင္မ ထားတဲ့ (အငွားလိုင္စင္နဲ႔လို႔ေျပာတတ္တဲ့) လိုင္စင္မဲ့ ကန္ထ႐ိုက္တာေတြ ျဖစ္ပါတယ္။ သင့္ရဲ႕ လိုလားခ်က္ ေတြနဲ႔ ညႇိႏိႈင္းယူတဲ့အခါမွာ တစ္ခါတစ္ရံ အလိုက္ေလ်ာႏိုင္ဆံုးသူေတြက လိုင္စင္မဲ့ ကန္ထ႐ိုက္တာေတြျဖစ္ ေနတတ္ပါတယ္။ သူတို႔ေတြအေၾကာင္းကို သိထားဖို႔ လိုအပ္ပါတယ္။ ျပႆနာျဖစ္တတ္တာ မ်ားတဲ့လိုင္စင္မဲ့ ကန္ထ႐ိုက္တာေတြနဲ႔ေဆာက္မိလို႔ တစ္စံုတစ္ရာျဖစ္ခဲ့မယ္ဆိုရင္ စည္ပင္ကေတာ့ လိုင္စင္မဲ့ကန္ထ႐ိုက္တာေတြနဲ႔ ပတ္သက္လို႔ ဘာအာမခံခ်က္မွ ေပးမထားပါဘူး။ တရားဝင္လိုင္စင္ ကိုင္ေဆာင္ထားတဲ့ ကန္ထ႐ိုက္မ်ား၊ ကုမၸဏီမ်ားကေတာ့ ျပႆနာ နည္းပါတယ္။ စည္ပင္အေနနဲ႔ ကိုင္တြယ္ ေျဖရွင္းေပးႏိုင္တယ္။ဒီေတာ့ ကန္ထ႐ိုက္ေရြးရင္ဒီအခ်က္ေတြနဲ႔စဥ္းစားၿပီး ေရြးခ်ယ္သင့္တယ္လို႔ တိုက္တြန္းလိုပါတယ္။

ေျမရွင္ေတြအေနနဲ႔ လက္ရွိအခ်ိန္မွာ ျဖစ္ေနတဲ့ ျပႆနာတခ်ဳိ႕ကို သိထားသင့္ပါတယ္။ ေခတ္အခါအရ ဆင္ေျခဖံုးၿမိဳ႕နယ္ေတြမွာ ကန္ထ႐ိုက္တိုက္ေတြ အလွ်ဳိအလွ်ဳိေပၚလာတယ္။ တခ်ဳိ႕ကအဆင္ေျပေျပနဲ႔ တိုက္ခန္းေပၚ တက္ေနႏိုင္ၾကၿပီ။ ဒါေပမယ့္ တခ်ဳိ႕ကေတာ့ ျပႆနာ ကိုယ္စီနဲ႔ပါ။ ေဆာက္ခြင့္မက်ေသးဘဲေဆာက္လို႔ဒဏ္ေၾကးေဆာင္ရတာနဲ႔၊ ခြင့္ျပဳတာထက္ အျမင့္၊ အထပ္ေတြ ပိုေဆာက္မိလို႔ ဒဏ္ေၾကးေဆာင္ရတာနဲ႔၊လုပ္ငန္းစဥ္အတိုင္းမလုပ္လို႔ လူေနထိုင္ခြင့္ မက်လာတာနဲ႔ အမ်ဳိးမ်ဳိးေသာ ျပႆနာတက္ေနတဲ့ အေဆာက္အအံုေပါင္း ၁,၂ဝဝ ေက်ာ္ေတာင္ ရွိေနပါတယ္။ ဒါေၾကာင့္ျပႆနာကင္းကင္း၊ စိတ္ခ်မ္းခ်မ္း သာသာ စီးပြားေရးလုပ္မယ္ဆိုရင္ေတာ့ လုပ္ငန္းစဥ္ေတြအဆင့္လိုက္ လုပ္မယ့္ကန္ထ႐ိုက္၊ သတ္မွတ္ခ်က္ေတြ လုိက္နာမယ့္ကန္ထ႐ိုက္ေတြနဲ႔သာ ညႇိႏိႈင္းပူးေပါင္းသင့္ပါတယ္။

သင္ဟာ ကန္ထ႐ိုက္တိုက္ခန္း ဝယ္ယူေနထိုင္ သို႔မဟုတ္ ဝယ္ယူ ျမႇဳပ္ႏွံဖို႔ စဥ္းစားေနသူလား…..။ ဒါဆို ရင္ေတာ့ အထက္က အခ်က္ေလးေတြ သိထားၿပီး ေခါင္းမ႐ႈပ္ရေစဖို႔စည္းမ်ဥ္းကိုက္ညီၿပီးတရားဝင္လူေနထိုင္ခြင့္ ရရွိထားတဲ့ တိုက္ခန္းေလးေတြသာ ေရြးခ်ယ္ပါ။ ေစ်းႀကိဳက္တယ္ဆိုၿပီး အလ်င္အျမန္ ဆံုးျဖတ္ခ်က္ခ်မိရင္ေတာ့ ကံဆိုးရင္ ရင္ေမာရပါလိမ့္မယ္။ ႀကိဳပိြဳင့္ဝယ္မယ္ဆိုရင္ ေဆာက္မယ့္ကန္ထ႐ိုက္တာ၊ ေျမရွင္တို႔ကို ေသေသခ်ာခ်ာ စိစစ္ၿပီးမွ ဆံုးျဖတ္သင့္ပါတယ္။

သင္ဟာ လိုင္စင္မဲ့ ကန္ထ႐ိုက္တာလား ။ လိုင္စင္အျမန္ဆံုးေလွ်ာက္ထားသင့္ပါၿပီ။ အခုလက္ရွိအခ်ိန္မွာ ဥပေဒေတြအရ လုိင္စင္မဲ့ ကန္ထ႐ိုက္ေတြကို တိုက္႐ိုက္ မထိခိုက္ေသးေပမယ့္ ၿမိဳ႕ေတာ္စည္ပင္က ေနာင္ဆိုရင္လိုင္စင္မဲ့ ကန္ထ႐ိုက္တာေတြကိုပါအေရးယူႏိုင္မယ့္ ဥပေဒေတြ ေရးဆြဲအတည္ျပဳၿပီးျဖစ္ေနပါၿပီ။ နည္းဥပေဒေတြ ေရးဆြဲေနဆဲျဖစ္ၿပီး အဲဒါအတည္ျပဳၿပီးသြားရင္ ေျမရွင္နဲ႔ ပါဝင္ပတ္သက္သူမ်ားအားလံုး (ကန္ထ႐ိုက္အစ ပန္းရန္ အလယ္ လက္သမားအဆံုး)အကုန္လံုးကို အေရးယူေတာ့မယ္လို႔ ေျပာေနပါၿပီ။ ဒါေၾကာင့္ လုပ္သင့္တာေလးေတြ လုပ္ၿပီး၊ မလုပ္သင့္တာေလးေတြ မလုပ္ရင္ အေကာင္း ဆံုးပါ။

သင္ဟာ တရားဝင္လိုင္စင္ ကိုင္ေဆာင္ထားတဲ့ ကန္ထ႐ိုက္တာ သို႔မဟုတ္ ကုမၸဏီလား။ ဒါဆိုရင္ စည္ပင္က စစ္ေဆးခြင့္ျပဳထားတဲ့ အတိုင္းအတာ၊ ပစၥည္းအမ်ဳိးအစား၊ အခ်ဳိးအစားမ်ားအတိုင္းေဆာက္ပါ။ သင္ေဆာက္လုပ္တဲ့ အေဆာက္အအံုမွာႀကီးမားတဲ့ ခြၽတ္ယြင္းခ်က္ေတြ ျဖစ္ေပၚေတြ႕ရွိလာခဲ့မယ္ဆိုရင္ၿမိဳ႕ေတာ္ စည္ပင္က သင့္ရဲ႕လိုင္စင္ကိုပိတ္သိမ္းသည္အထိ အေရးယူႏိုင္ပါတယ္။ အဲဒီလိုအေရးယူခဲ့မႈေတြလည္းရွိပါ တယ္။

ဘယ္သူပဲျဖစ္ျဖစ္ ကန္ထ႐ိုက္တိုက္နဲ႔ တစ္နည္းတစ္ဖံု ပတ္သက္မႈ ရွိလာႏိုင္စရာ အေျခအေနမ်ဳိး ရွိေနရင္ေတာ့ ေအာက္ပါ ဗဟုသုတေလးေတြ သိထားဖို႔လိုပါမယ္။ အၾကမ္းဖ်င္းအားျဖင့္ အေဆာက္အအံုရဲ႕အျမင့္ကို ေျမကြက္မ်က္ႏွာစာ လမ္းအက်ယ္ရဲ႕ ႏွစ္ဆအထိ၊ ေဆာက္လုပ္မယ့္ အေဆာက္အအံုမ်က္ႏွာစာရဲ႕သံုးဆအထိ ခြင့္ျပဳႏိုင္ပါမယ္။ ယေန႔ေခတ္အခါအရ ေျမကြက္ အက်ယ္ ၂,၅ဝဝ စတုရန္းေပနဲ႔အထက္ဆိုရင္ေတာ့ ကားပါကင္ေနရာလိုပါမယ္ (လက္ရွိအခ်ိန္အတြက္ ဒီသတ္ မွတ္ခ်က္က မျဖစ္မေနလိုက္နာရမယ့္ သတ္မွတ္ခ်က္ပါ)။ အေဆာက္အအံု အျမင့္ ၆၂ ေပေက်ာ္ရင္ေတာ့ ဓာတ္ေလွကားထည့္ေပးရပါမယ္။

အေဆာက္အအံုရဲ႕နံ ေဘးဘက္မွာ တစ္ေပစီ ခ်န္ရပါမယ္။ အေနာက္ဘက္ မွာ လမ္းၾကား/မီးတားလမ္းရွိရင္ တစ္ေပ ခ်န္ရမွာျဖစ္ၿပီး အဲဒါေတြမရွိရင္ ေျခာက္ေပခ်န္ရပါမယ္။

လုပ္ငန္းစဥ္ အဆင့္ဆင့္ေတြကို ပြဲစားမလို တိုက္႐ိုက္လာေရာက္ တင္ျပႏိုင္ၿပီး ေျမရွင္ဘက္က ေျမမွန္၊ ဂရန္မွန္ၿပီး ကန္ထ႐ိုက္ဘက္က တင္ျပအေဆာက္အအံု ပံုစံမွန္၊ တင္ျပတြက္ခ်က္မႈေတြ မွန္မယ္ဆိုရင္ ေဆာက္လုပ္ခြင့္ဟာ စည္ပင္မွာ ၄၅ ရက္ထက္ပိုမၾကာပါဘူး။ ပံုစံ/ တြက္ခ်က္မႈေတြနဲ႔ပတ္သက္လို႔ လိုအပ္တာေတြရွိမယ္ဆိုရင္ စည္ပင္က ေခၚယူျပင္ဆင္ေစတဲ့အခါ ကြၽမ္းက်င္သူမ်ား ကိုယ္တိုင္ သြားေရာက္ ေဆြးေႏြးသင့္ပါတယ္။ မကြၽမ္းက်င္သူေတြ သြားမိမယ္ဆိုရင္ေတာ့ ဆိုလိုရင္းေတြ မမိရင္ အေခါက္ေခါက္အခါခါ ထပ္သြားရၿပီး အခ်ိန္ေတြ အလဟသကုုန္ပါတယ္။

အားလံုးမွန္ၿပီး စနစ္တက် တင္ျပေဆာင္ရြက္ရင္ စစ္ေဆးခအေနနဲ႔ တစ္စတုရန္းေပကို ၃၆ က်ပ္ႏႈန္း သာ က်သင့္မွာပါ။ ဒါေပမယ့္ ခြင့္ျပဳမိန္႔မက်မီ ႀကိဳေဆာက္မိမယ္ဆိုရင္ေတာ့ တစ္စတုရန္းေပကို က်ပ္ ၂,၅ဝဝ ႏႈန္း (၄ဝ x ၆ဝ) အကြက္ဆိုရင္ သိန္း ၆ဝ ခန္႔)ဒဏ္ေၾကး၊ ခြင့္ျပဳအျမင့္/အထပ္ထက္ ေက်ာ္လြန္ ေဆာက္မိရင္ေတာ့တစ္စတုရန္းေပကို က်ပ္ ၁၅,ဝဝဝ ႏႈန္း (၄ဝ x ၆ဝ) အကြက္ဆိုရင္ သိန္း ၃၆ဝ ခန္႔) ဒဏ္ေၾကးေဆာင္ရပါလိမ့္မယ္။ လိုအပ္ရင္ ျပန္လည္ၿဖိဳဖ်က္ေစတာေတြလည္း ရွိပါမယ္။ ဒဏ္ေၾကးေဆာင္ၿပီး ေနာက္ အေဆာက္အအံုကို လူေနထိုင္ခြင့္ျပဳခဲ့မယ္ဆိုရင္ေတာင္အေဆာက္အအံုရဲ႕ၾကံ့ခိုင္မႈကို တာဝန္မယူႏိုင္ တဲ့ စည္းတံဆိပ္အနီေရာင္ျဖင့္သာ လူေနထိုင္ခြင့္ ျပဳမွာျဖစ္ပါတယ္။

ျခံစည္း႐ိုး ခတ္ခ်င္တယ္ဆိုရင္ ေတာ့ အဲဒီေျမကြက္ဟာ ဂရန္အမည္ေပါက္ျဖစ္ရပါမယ္။ ဒီေတာ့ အေျခခံအားျဖင့္ ဒီအခ်က္ကေလးေတြကိုသိထားမယ္၊ အသံုးခ်မယ္ဆိုရင္ မိတ္ေဆြတို႔ရဲ႕ အခ်ိန္ေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆံုး႐ံႈးမႈမျဖစ္ေစဘဲ အက်ဳိးရွိရွိ အသံုးခ်ႏိုင္ပါလိမ့္မယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : ပီတိေဖ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service